မျှော်လင့်ခြင်းမီးအိမ်

etoneJuly 20, 20101min00

တစ်ခါက မျက်မမြင်ဆရာတပည့် နှစ်ဦးဟာ မယ်ဒလင်တီးပြီး အသက်မွေးဝမ်းကျောင်း ပြုခဲ့တယ်။ မျက်မမြင်သူငယ်က ဆရာကို မေးခွန်းတစ်ခု အမြဲမေးခဲ့တယ်။

“ဆရာ.. ကျွန်တော်ဘယ်တော့ အလင်းရမလဲ?”

“မယ်ဒလင်ကြိုး အချောင်း (၁ဝဝ) ပြတ်သွားတဲ့အချိန်မှာ အလင်းပြန်ရမယ်”

ဆရာ့စကားကို သေချာမှတ်ပြီး မျက်မမြင်သူငယ်ဟာ နေ့တိုင်းမယ်ဒလင်တီးပြီး ဝမ်းစာရှာခဲ့တယ်။ တစ်နေ့ပြီးတစ်နေ့၊ တစ်နှစ်ပြီးတစ်နှစ် ရက်မပြတ်တမ်း သူတီးခဲ့တယ်။ သူတီးလို့ မယ်ဒလင်ကြိုး အချောင်း(၁ဝဝ) ပြတ်တဲ့အချိန်မှာ မျက်မမြင်သူငယ်က အိုမင်းနေခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် သူအလင်းမရခဲ့ဘူး။ သူငိုခဲ့တယ်… မျက်နှာပေါ်မှာ အပြုံးနဲ့အငိုရောယှက်ပြီး သူငိုခဲ့တယ်။

မျက်မမြင်ဆရာက သူ့အတွက် မျှော်လင့်ခြင်းမီးအိမ်ကို ထွန်းညှိပြီး အလင်းပေးခဲ့တယ်ဆိုတာကို သူသဘောပေါက်လိုက်တယ်။ မျှော်လင့်ခြင်းမီးအိမ်ကြောင့် အမှောင်နက်နက်ထဲမှာ သူလမ်းမပျောက်ခဲ့ဘူး၊ မနာကျင်ခဲ့ဘူး။ ဆရာသာ မီးအိမ်ကိုမထွန်းညှိခဲ့ရင် အမှောင်က သူ့ကိုအစတည်းက ဝါးမြိုခဲ့ပြီ၊ အမှောင်ကြားမှာ သူလဲပြိုခဲ့ပြီဖြစ်တယ်။

အကောင်းဖက် (Positive) တွေးတောသူက နေရောင်နဲ့တူတယ်.. ရောက်တဲ့နေရာတိုင်း လင်းတယ်။ အဆိုးဖက် (Negative) တွေးတောသူက လရောင်နဲ့တူတယ်.. လပြည့်လကွယ် လင်းတာတောင် မတူခဲ့ဘူး။

မူရင်း.. http:// youthwant.com.tw

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Leave a Reply

Your email address will not be published.