ရွှေ မင်း သားSeptember 25, 20101min01
ကျနော်ဒီ နေရာ လေးကို နှစ်သက်နေပါပြီ။ ကျနော်က အရင်ကတည်းက စာဖတ်နည်းသူ တစ်ယောက်ပါ။ ဒီနေရာ လေးရောက်မှဘဲ post တွေ comments တွေ အသဲ အသန် လိုက်ဖတ်ဖြစ်ပါတယ်။ စာ လဲ မရေးတတ်ရေးတတ်နဲ့ ရေးပါသေးတယ်။ ဒီနေရာ လေးက ကျနော်ကို ပျော်ရွှင်စေပါတယ်။ ကျနော်ကတော့  စာဖတ် အားသန်တဲ့သူမဟုတ်ပါဘူး။ စာဖတ်လိုက် comments လေးပေးလိုက်နဲ့ ကျနော် ကျေနပ်နေပါတယ်။ ဒီနေရာလေးက ကျနော်အတွတ် ပေါ့ပေါ့ပါးပါး ရှိတယ်။ ကျနော် ဒီနေရာလေးကို စရောက်လာတာက ကျနော်မှ ရည်ရွယ်ချက်ရှိတယ်။ ကျနော်က စကားနည်းသူတစ်ယောက် မြန်မာစကားကို  မြန်မာတွေနားမလည်အောင် မြန်မာလိုပြောတတ်တဲ့သူပါ။ ဒါကြောင့် ကျနော် ကိုယ့်ကိုကိုပြင်ဖို့ ကျနော် စဉ်းစားတယ်။ စာဖတ်မယ်ပေါ့။ ဒါလဲ သိပ်အဆင်မပြေဘူးဗျ […]


Yin Nyine NwaySeptember 24, 20101min04
(၁) မဖြေချင်တဲ့ မေးခွန်းမျိုး အမေးခံရတဲ့အခါ မေးသူရဲ့မျက်လုံးကို စိုက်ကြည့်ပြီး ပြုံးပြပါ။ (၂) လမ်းလျှောက်ချိန် ကိုယ်ကိုတည့်တည့်မတ်မတ်ထားပါ။ စိတ်ရှုပ်ချိန် လမ်းမှာတွေ့တဲ့လူတွေကို နှုတ်မဆက်ချင်ရင် ခေါင်းညိတ်ပြုံးပြပါ။ (၃) သူငယ်ချင်းဆိုတဲ့ သတ်မှတ်ချက်က သင်အဆင်ပြေချိန် သူပျော်မယ်။ သင်အဆင်မပြေချိန် သင်နဲ့အတူ သူပူပန်မယ်။ ဒါကို သေချာမှတ်ထားပါ။ (၄) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ ပြင်ဆင်ပါ။ စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်သတိပေးပါ။ (၅) ကိုယ်လုပ်ဆောင်ရမယ့်အလုပ်ကို ရာနှုန်းပြည့်ကြိုးစားပြီး လုပ်ပါ။ (၆) ကိုယ့်ကိုယ် “သေးသေးလေး”(နှိမ့်ချ)လို့ လက်ခံပြီး မျက်စိထဲမှာတော့ “လောက အကြီးကြီး”ကို ထည့်သွင်းထားပါ။ (၇) လူတစ်ယောက်ကို တကယ်ချစ်ရင် သူ့ကိုလွတ်လပ်ခွင့်ပေး၊ သွားခွင့်ပေးပါ။ တကယ်လို့ သင့်ကိုသူတကယ်ချစ်ရင် သင့်ဆီသူပြန်လာလိမ့်မယ်။ […]


မမေလးSeptember 23, 20101min00
ဘုရားရှင် အနာထပိဏ် – သူဌေးအိမ် ဆွမ်းစားကြွတဲ့အခါ အနာထပိဏ် သူဌေးအိမ်တွင် ဆူညံသံကို ကြားရလို့  ‘ သူကြွယ် ၊ သင့်အိမ်မှာ တံငါသည်တွေ ငါးလုပ်တဲ့အခါ ဆူညံနေကြသလို လူတွေ ဘာ့ကြောင့် ဆူညံနေကြတာလဲ ‘ လို့ ဘုရားရှင်ကမေးတယ် ။ အဲဒီတော့ အနာထပိဏ် သူဌေးက  ” အရှင်ဘုရား ၊ သုဇာတာ – ဆိုတဲ့ အမျိုးသမီးကို ချမ်းသာကြွယ်ဝတဲ့အမျိုးမှ ချွေးမအဖြစ်ဆောင်ယူခဲ့ပါတယ် ။ အဲဒီအမျိုးသမီးဟာ ယောက္ခမတွေကိုလည်း မလေးစား ၊ လင်ကိုလည်း မလေးစား ၊ ဘုရား တရား သံဃာကိုလည်း လေးစားခြင်း မရှိပါ ၊ အဲဒါကြောင့် ဆူဆူညံညံ ဖြစ်နေတာပါ ” လို့ လျှောက်ထားတယ် […]


cobraSeptember 23, 20101min01
အမေရိကန်က Stellaဆု အမေရိကန်မှာ နှစ်စဉ်နှစ်တိုင်း Stellaဆုကို ချီးမြှင့်တယ်။ အချီးမြှင့်ခံရသူတွေက အဲဒီနှစ်ရဲ့အအောင်မြင်ဆုံးနဲ့ ကိုးရိုးကားယားအနိုင်ဆုံး အကျိုးဆောင်ကိုယ်စားလှယ်ရှေ့နေ၊ ဂျုရီလူကြီးအဖွဲ့တွေဖြစ်တယ်။ Stella Liebeck ကြောင့် Stellaဆုလို့ အမည်တွင်ခဲ့တာဖြစ်တယ်။ အသက်(၈၁)နှစ်ရှိတဲ့ Stella Liebeck ဟာ တစ်ခါက ကားမောင်းရင်း ကော်ဖီသောက်ခဲ့တယ်။ ကော်ဖီမတော်တဆဖိတ်ပြီး သူ့ပေါင်ကို အပူလောင်သွားခဲ့လို့ McDonalds’ ကုမ္ပဏီကိုတိုင်ခဲ့တာ လျော်ကြေးငွေ မီလီယံများစွာရခဲ့တယ်။ ၂၀၀၂ခုနှစ်မှာ ရွေးခဲ့တဲ့အမူတွေက း (၁) Austin, Texas Catherine Robertsonလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ပရိဘောကအရောင်းဆိုင်ကို တိုင်ခဲ့လို့ လျော်ကြေးငွေ ရသိန်း၈သောင်းရခဲ့တယ်။ အခင်းဖြစ်ပွားခဲ့ပုံက ပရိဘောကဆိုင်အတွင်း သူလှည့်လည်ကြည့်ရှုနေတုန်း ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ခြေထောက်နဲ့တိုက်မိပြီး သူလဲကျသွားခဲ့တယ်။ ဆိုင်ဝန်ထမ်းတွေက ဆိုင်ထဲမှာ ကလေးတွေဆော့ကစားတာကို မတားမြစ်ခဲ့လို့ဆိုတယ်။ အဲဒီကလေးက တခြားကလေးမဟုတ်ဘဲ […]


etoneSeptember 23, 20101min0
တကယ်လို့သာ ခင်ဗျားကိုယ်ခန္ဒာရဲ.အာရုံငါပါး အနက်ကတစ်ခုခုကို မလွဲမသွေဆုံးရှုံးရတော့မယ်ဆိုရင် ဘယ်အာရုံကိုဆုံးရှုံးဖို့ ခင်ဗျားရွေးချယ်မလဲ……… မမျှော်လင့်သော သူ့မေးခွန်းကြောင့် ကျွန်မနည်းနည်းကြောင်သွားပါသည်။ ကျွန်မ……ဟုတ်လား၊ ကျွန်မရွေးရမှာလား……… ………………..ဟုတ်တယ်၊ ခင်ဗျားရွေးစမ်းပါ၊ ဘယ်အာရုံကိုဆုံးရှုံးရတာ ခင်ဗျားအတွက် အသက်သာဆုံးဖြစ်မလဲ၊ နစ်နာမှုနည်းဆုံးဖြစ်မလဲ……….. မျက်စိကွယ်ရခြင်း၊ နားကန်းရခြင်း၊ နှာခေါင်း အနံ့ဆုံးရှုံးရခြင်း၊ လျှာ၏အရသာသိနိုင်စွမ်းဆုံးရှုံးခြင်း၊ ထိတွေ့မှု အပူအအေး၏အရသာကိုသိနိုင်စွမ်းဆုံးရှုံးခြင်း။ ………….တစ်ခုမှတော့မကောင်းဘူး……………… သူခါးသီးစွာပြုံးသည်။ ……သေချာတာပေါ့ဗျာ……………… ……….ကျွန်မထင်မြင်ချက်ကိုပြောရရင်တော့နှာခေါင်းရဲ့အနံ့ အာရုံဆုးံရှုံးရတာက အသက်သာဆုံးဖြစ်လိမ့်မယ်ထင်တယ်၊ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့လူသားတွေက နှာခေါင်းနဲ့ သိပ်အလုပ်မလုပ်ကြဘူးမဟုတ်လား…………………… ……………….ခင်ဗျားအသက်မရှုပဲနေနိုင်တယ်ဆိုရင်ပေါ့ ကျွန်မရယ်မိသည်။ ………………..ဒီလိုလေကျွန်မပြောချင်တာကကျွန်မတို့ အတွက်နှာခေါင်းကပေးတဲ့ အနံ့ အာရုံဟာသိပ်အရေးမကြီးဘူး…………………….. ဒူးရင်းသီး၏အနံ့ကိုမရ၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၏အနံ့ကိုမရ၊ ပိုတောင်ကောင်းသေးသည်။ စံပယ်ပန်း၏အနံ့ကိုမရ၊ အင်း…..ဒါတော့ နည်းနည်းထိခိုက်သောဆုံးရှုံးမှုဖြစ်သည်။ အငွေ့တထောင်းထောင်းထနေမည့်ကော်ဖီ၏ရနံ့ကိုမရ၊ ကိစ္စမရှိပါ။ ……………….ဟုတ်တယ်၊ ကျွန်တော်တို့အတွက်အနံ့ဟာအရေးမကြီးဘူး၊ ခင်ဗျားမျက်စိတွေသာကောင်းနေခဲ့မယ်ဆိုရင်ပင်လယ်ပြင်ကြီးကိုခင်ဗျားကြည့်နိုင်တယ်၊ ကောင်းကင်ကြီးကိုခင်ဗျားကြည့်နိုင်တယ်၊ တိမ်တွေဘယ်လိုရွေ့နေတယ်၊ ကြယ်တွေဘယ်လိုတောက်ပနေတယ်ဆိုတာခင်ဗျားမြင်ရမယ်၊ နှင်းဆီပန်းခင်းကြီးကိုခင်ဗျားမြင်ရမယ်၊ ဘယ်လောက်များအရသာရှိလိုက်မလဲ၊ […]


Mobile HouseSeptember 23, 20101min00
အော်ဂလီ စားသောက်ဆိုင်ထဲကို ဝင်လိုက်တော့ ဆယ်နာရီထိုးဖို့ ဆယ်မိနစ်လိုသေးတယ်။ စားပွဲထိုးကို သူ့နာမည်ပြောလိုက်ပြီး ကြိုမှာထားတဲ့ စားပွဲကို တန်းတန်းမတ်မတ်ပဲ သွားလိုက်တယ်။ မိုးရေထဲ လာရတာမို့လို့ သူ့ကုတ်အင်္ကျီက နည်းနည်းစိုနေပေတဲ့ အရမ်းကြီးတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်မနေတာတော်သေးတယ်။ သူ့အနေနဲ့ ဒီဆိုင်ကို ဆယ်နာရီအတိလောက် ရောက်လာအောင် ထွက်ခဲ့တာ။ ဘာကြောင့်လဲဆိုတော့ သူက ဒါမျိုး စောင့်ဆိုင်းရတာတွေကို သိပ်မုန်းတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ထုံးစံအတိုင်း ချိန်းထားရင် နောက်ကျတတ်တာကိုလည်း သူသိနေတယ်။ သူက ချိန်းထားပြီးသား စကားကျွံထားလို့သာ လာရတာ သိပ်တော့ လာချင်တာမဟုတ်ဘူး။ ခုလည်း သူက စောရောက်နေတော့ ဟိုအမျိုးသမီး မလာမချင်း ပျင်းပျင်းရိရိနဲ့ စောင့်ရဦးမယ်။ ဆယ်မိနစ်လုံးလုံး ဘယ်လိုအချိန်ဖြုန်းမလဲဆိုတာ သူတွေးရင်းနဲ့ ဆိုင်ထဲကို ဟိုဟိုဒီဒီ လျှောက်ကြည့်နေမိတယ်။ ဆိုင်ထဲမှာ လူက […]


Mobile HouseSeptember 22, 20101min00
လူကြီးဖတ်ဖို့ ကလေးပုံပြင် ဟိုး ရှေးရှေးတုန်းကပေါ့ကွယ်….. ရွာလေးတရွာမှာ မောင်ပိုဆိုတဲ့ အပိုတွေသိပ်လုပ်တတ်တဲ့ ခပ်ပိန်းပိန်း ငနဲလေးတစ်ကောင် ရှိသတဲ့ ကွယ်…. တစ်နေ့တော့ လယ်ထွန်သွားရင်း လယ်မထွန်ပဲ အပိုတွေလျှောက်လုပ်နေရင် တောအုပ်မှ ကျားတစ်ကောင်နဲ့ မိတ်ဆွေ ဖြစ်ကြသတဲ့…. တနေ့တော့ ကိုရွှေကျားက ကျား  –  “ သယ်ရင်း မင်းရွာကို ငါအလည်လိုက်ချင်တယ် ငါ့ကိုခေါ်ကွာ ” ထိုအခါမောင်ပိုလဲ ကုန်ဈေးနှုန်းအရ ကိုရွှေကျားကို လက်မခံနိုင်သောကြောင့် ပို  –  “ မလိုက်ပါနဲ့ကွာ လူစည်း ဘီလူစည်းဆိုတာရှိတယ်ကွ ” လိုခပ်တည်တည်ရွီးလိုက်သည်… ကျား  –  “ငါက ဗေလုဝ မှမဟုတ်ပဲ” ပို  –  “မင်း ဗေလုဝ ကိုသိတယ်ဟုတ်လား…” ကျား  –  “သိတာပေါ့..ရုပ်ရှင်ရုံက ကြွက်တွေငါကိုပြောပြတာ” […]


Mobile HouseSeptember 22, 20101min03
ယောက်ျားတွေ ဘာကြောင့်လိမ်ပြောကြ တာလဲ ?????? တနေ့ သောအခါ သစ်ခုတ်သမား တစ်ယောက် သည် မြစ်ကမ်းနဘေး ရှိ သစ်ပင်ကိုခုတ်ရင်း အရှိန်လွန်ကာ ပုဆိန် ရေထဲသို့ ပြုတ်ကျသွားလေသည်။ ပြန်ရှာမရတဲ့အဆုံး.. သစ်ခုတ်သမားလဲ ဝမ်းနည်းစွာ ငိုကြွေးလေ၏… ထိုအခါ မြစ်စောင့်နတ် ရုတ်တရက်ပေါ်လာပြီး.. မြစ်စောင့်နတ် –  ဘာကြောင့် များငိုနေရတာလဲ အသင်လူသား သစ်ခုတ်သမား – ကျွန်တော့် ပုဆိန် ရေထဲပြုတ်ကျသွားလို့ပါ.. ထိုပုဆိန်နဲ့ပဲ ကျွန်တော် သက်မွေးရတာပါ အရှင်.. အသစ်လဲမဝယ်နိုင်ပါဘူး… ဟုအမှန်အတိုင်းဖြေလိုက်တော့ မြစ်စောင့်နတ်လဲ ကိုယ်ရောင်ဖျောက်ပြီး .. ခဏအကြာ ရွှေပုဆိန် နဲ့ ပြန်ရောက်လာပြီး မြစ်စောင့်နတ် – ဒါသင့်ပုဆိန်လား သစ်ခုတ်သမား – မဟုတ်ပါဘူး ထိုအခါ မြစ်စောင့်နတ် လဲ […]


etoneSeptember 20, 20101min03
လူ့အဆင့်အတန်းကို မည်သို့တိုင်းတာမည်နည်း၊ မည်သည့်ပုံစံခွက်နဲ့ ခွဲခြားနိုင်မည်နည်း။ လူ့အဆင့်အတန်းကို လူတွေက သတ်မှတ်ခြင်းလား သို့တည်းမဟုတ် လူအဆင့်အတန်းကပဲ လူတွေကို ခွဲခြားနေခြင်းလား ဆန်းစစ်ရန်လိုအပ်ပေသည်။ များသောအားဖြင့်လူအများစုသည် ငွေကြေး ဥစ္စာပစ္စည်းကြွယ်ဝချမ်းသာမှု၊ ရာထူးဂုဏ်ရှိန် တန်ခိုးအာဏာ၊ ဆွေမျိုးအင်အား စသည်တို့နှင့် လူ့အဆင့်အတန်းကို တိုင်းတာလေ့ရှိကြပါသည်။ ပညာတတ် လူတန်းစားများသည် ပညာအရည်အချင်း ဘွဲ့ရာထူး တို့နှင့် တိုင်းတာလေ့ရှိကြပါသည်။ သတ်မှတ်ခြင်း၏ နောက်ကွယ်တွင်…. ချမ်းသာကြွယ်ဝမှုနဲ့ မိ်မိတို့ကိုယ်ကို မိမိတို့ အဆင့်အတန်းမြင့်သည်ဟုသတ်မှတ်လေ့ရှိသော လူချမ်းသာ လူ့ဘူဇွာ အများစုသည် များသောအားဖြင့် အလှူအတန်း ရက်ရက်ရောရောပြုလုပ်ခြင်းဖြင့် လူအများသိမြင်အောင် ကြွားလုံးထုတ်လေ့ရှိပါသည်။ အမှန်စင်စစ် လူအများ၏ နောက်ကွယ်တွင် လက်တဖက်က ပေးလှူပြီး တခြားလက်တဖက်က ပြန်လည်ခိုးယူ နှိုက်ယူ နေကြသည်မှာ ထိုသူတို့သတ်မှတ်ထားသော လူ့အဆင့်အတန်း ဖြစ်နိုင်ပေသည်။ ဆွေစဉ်မျိုးဆက် တန်ခိုးအာဏာ […]


cobraSeptember 13, 20101min01
မြန်မာ့ လေတပ် အတွက် ရှရှား မှ Mi-24 စစ်သုံး ရဟတ်ယာဉ် အစီး ၅ဝ နှင့် Mi-2 သယ်ပို့ ရဟတ်ယာဉ် ၁၂ စီး ဝယ်ယူ လိုက်ကြောင်း လေတပ် အသိုင်းအဝန်းမှ သိရသည်။ စစ်အစိုးရအနေဖြင့် တပ်မတော် (လေ) အတွက် Mi-24 အမျိုးအစား စစ်သုံး ရဟတ်ယာဉ်များ ဝယ်ယူခြင်းမှာ ယခုအကြိမ် သည် ပထမဆုံး ဖြစ်သည်။ Mi-24 တိုက်ခိုက်ရေး ရဟတ်ယာဉ် အစီး ၅ဝ နဲ့ Mi-2 ရဟတ်ယာဉ် တဒါဇင် ရှရှားကနေ ဝယ်လိုက်ပါတယ်။ မိတ္ထီလာ ပျံသန်း လေ့ကျင့်ရေး အခြေစိုက်စခန်းမှာ အခု အစိတ်အပိုင်းတွေ တပ်ဆင်နေပါပြီ”ဟု လေတပ်နှင့် နီးစပ်သူတဦးက ဧရာဝတီသို့ […]


cobraSeptember 13, 20101min01
ဖာဂူဆန်နှင့်အတူ 2.9.2010 နေ ့တွင် မန်ချက်စတာယူနိုက်တက်အသင်းမန်ေ နဂျာကြီး ဆာအဲလက်စ်ဖာဂူဆန်သည် အံ့အားသင့်ဖွယ်ကစားသမားခေါ်ယူမှုတစ်ခုကိုပြုလုပ်ခဲ ့သည်။ ထိုကစားသမားမှာ MNL မြန်မာနေရှင်နယ်လိဂ်မှ ကမော္ဘဇ ဘောလုံး အသင်း၏ တိုက်စစ်မှုးနှင့် အသင်းခေါင်းဆောင်ဖြစ်သူ(မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း) စိုးမြတ်မင်းဖြစ်သည်။ ဖာဂူဆန်သည် ပေါ်တူဂီတိုက်စစ်မှုး ဘီဘီကိုခေါ်ယူမှုအပြီးတွင် စိုးမြတ်မင်းအားထပ်မံပြီးခေါ်ယူခဲ ့ခြင်း ဖြစ်သည်။ အရှေ ့တောင်အာရှတွင်ရှိသော မန်ယူကင်းထောက်များမှတဆင့် စိုးမြတ်မင်း၏ ကစားပုံများကို videos မှတ်တမ်းများ ကြည့်ရှုပြီးခေါ်ယူခဲ့သည်ဟုသိရသည်။ ဆာအဲလက်ဖာဂူဆန်မှ စိုးမြတ်မင်းအားခေါ်ယူခြင်းနှင့်ပတ်သက်ပြီး ‘” သူ(စိုးမြတ်မင်း) ကစားတာကိုအပြင်မှာကျွန်တော်မမြင်ဖူးသေးပါဘူး..အရှေ ့တောင်အာရှမှာရှိတဲ ့ ကျွန်တော်တို ့ရဲ ့ ကင်းထောက်တွေက သူကစားတဲ ့ videos ဖိုင်တွေကို ကျွန်တော့်ဆီပို ့ပေးလို ့ကြည့်ရပါတယ်..အဲဒီထဲမှာသူဟာဘယ်လောက် တော်တယ်ဆိုတာ..သိသာပါတယ်..ဒါကြောင့်သူ ့ကိုမန်ယူအသင်းအတွက်ခေါ်ယူခဲ ့တာပါ..သူဟာမကြာခင်မှာပဲ..မန်ယူအသင်းနဲ ့ .အထိုင်ကျသွားမယ်လို […]


cobraSeptember 13, 20101min012
လက်ရှိ ဝင်ငွေထက် ငွေကြေးသုံးစွဲမှု များနေသည့် တက်သစ်စ မော်ဒယ်လ်ရွှေစင်ကို ပြည်တွင်းဂျာနယ် များနှင့် အနုပညာ အသိုင်းအဝန်းတွင် ဝေဖန် ပြောဆိုနေကြပြီး မည်သည့်ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင်နှင့် ငြိစွန်းနေသည်ကိုလည်း သိချင် နေကြသည်။ [image: shwe-sinn01]“ဟန်းဖုန်းက LV တံဆိပ် (Limited Edition) သိန်း ၃၆၀ ပေးရပါတယ်။ လက်ရှိမှာတော့ Branded တွေကို အကြိုက်များနေ တယ်။ Branded တွေကိုပဲ setလိုက် ဝယ်သုံး ဖြစ်တယ်။ ဈေးဝယ်ထွက်တဲ့အခါမှာလည်း ပြည်ပမှာ ဈေးဝယ်ဖြစ်တယ်။ ဈေးတခါဝယ်ရင် ဒေါ်လာ ၉ သောင်း နဲ့ ၁ သိန်းကြား သုံးဖြစ်ပါတယ်” ဟု မော်ဒယ်လ် ရွှေစင်က  ဩဂုတ်လ ၁၉ ရက်နေ့ထုတ် 7 day […]


kaiSeptember 12, 20101min01
ကျွန်တော် တရုတ်ဓါတ်အပ်စိုက်ခြင်းနှင့် အင်္ဂလိပ်စာ ကျူရှင်ပေးမှုတို့တွင် အောင်မြင်မှုရပြီး လူသိများလာ၏။ လူနာများ ရောဂါပျောက်နှုန်းများပြီး ကျူရှင်တွင်လည်း စာမေးပွဲကျသည် မရှိသည့်အတွက် နာမည်ရခြင်းဖြစ်သည်။ ဘဝတစ်ဆစ်ပြောင်းဖို့အချိန် ဖြစ်လာပြန်သည်။ ကျွန်တော်၏အစ်ကိုရင်း ဖြစ်သူ စာရေးဆရာ တက္ကသိုလ် ဘုန်းကြွယ်က ညီဖြစ်သူ ကျွန်တော့်ကို အရေးတကြီး အကူအညီ တောင်းလာသည်။ “ကိုးသင်္ချိုင်းမှ စိန်ခေါ်သံ” အခန်းဆက်သိုင်းဝတ္ထုရှည်ဖြင့် နာမည်တရှိန်ထိုးကြီးလာသော တက္ကသိုလ် ဘုန်းကြွယ်က ၁ဝ တန်း ဓါတုဗေဒ ကျူရှင်ဆရာက တစ်ဖက် ဝတ္ထု၏ (၁၁) အုပ်မြောက် ဇာတ်သိမ်း ထွက်ရှိရန် ရေးသားနေသည်က တကြောင်း၊ အမေရိကန်နိုင်ငံသို့ထွက်ခွာရန် ပတ်(စ်)ပို့နှင့် ဗီဇာ ကိစ္စလည်း ဆောင်ရွက် နေရသည့် အတွက် ဝတ္ထုဇာတ်သိမ်း တော်တော်နှင့် မထွက်နိုင်။ ပရိသတ်များကလဲ လည်တမော့မော့နှင့် စောင့်မျှော်နေကြပြီ။ […]