etoneSeptember 11, 20101min00
ဒီပုံပြင်လေးက ဆရာမင်းခိုက်စိုးစံရဲ ပုုံ့ပြင်လေးပါ။ဖတ်စေချင်လို့ ဝေမျှပေးလိုက်ပါတယ်။ တစ်ခါတုန်းက မြို့လေးတစ်မြို့အစွန်က အိမ်လေးတစ်အိမ်မှာ အလွန်တော်တဲ့ သိပ္ပံပညာရှင်ကြီးသုံးဦး နေကြသတဲ့ဗျာ။အဲဒီသိပ္ပံပညာရှင်ကြီးတွေ နေတဲ့အိမ်မှာ မီးဖိုမရှိတဲ့အတွက် သူတို့ဟာ ထမင်းချက်မစားနိုင်ဘူးတဲ့။အဲတော့ မြို့ ဂုဏ်ဆောင်တဲ့ သူတို့တွေကို မြို့မိ ၊ မြို့ဖတွေ က ထမင်းပို့ပေးရတော့တာပေါ့။ပွင့်ပွင့်လင်းလင်းပြောရရင် တောင်းစားကြရတာပေါ့ဗျာ။အဲဒီလိုနဲ့ နေတာကြာလာတော့ မြို့မိ ၊ မြို့ဖတွေက သည်းမခံနိုင်တော့ဘဲ “ခင်ဗျားတို့ဟာ ခင်ဗျားတို့ ချက်စားပေတော့ဗျို့။ကျုပ်တို့တော့ မပို့ပေးနိုင်တော့ဘူး”…လို့ပြောကြသတဲ့။ အဲတော့လည်း ပညာရှင်ကြီးတွေက …. “ချက်တော့ စားချင်ပါတယ်ဗျာ။ကျုပ်တို့မှာ မီးဖိုမရှိလို့ပါ” “မီးဖိုမရှိလည်း ဝယ်ကြပေါ့ဗျာ။ဒါမှ မဟုတ်လည်း ခင်ဗျားတို့က သိပ္ပံပညာရှင်တွေပဲ။ကိုယ့်ဟာကိုယ်ဆောက်ကြပေါ့။” “အင်း…ဟုတ်တာတော့ ဟုတ်တယ်ဗျို့။သူများထမင်းစားရတာ သိပ်တော့ မကောင်းလှဘူး”…ဆိုပြီး အသိတရားဝင်လာကြကာ…သူတို့ ထမင်းချက်ဖို့ မီးဖိုတစ်ခုကို လုပ်ကြပါလေရောလားဗျာ။ သိပ္ပံပညာရှင်ကြီးတွေက သူတို့ရဲ့မီးဖို လုပ်ဖို့ လေးလေးနက်နက်စဉ်းစားကြသတဲ့။သူတို့ကိုယ်တိုင် […]


etoneSeptember 11, 20101min00
ကျွန်တော့်အိမ်ခန်းထဲ ကြွက်တစ်ကောင်ဝင်နေတယ်။ ကြွက်က ကြွက်သတ်ဆေးလည်း မစားသလို၊ ထောင်ချောက်နဲ့လည်း ဖမ်းမရဘူး။ ကြွက်က တော်တော်လည်တဲ့ကြွက်လို့ ထင်တယ်။ ညညဆိုလည်း သောင်းကျန်လိုက်တာ ကျွန်တော်ကောင်းကောင်း အိပ်မရဘူး။ ဒါနဲ့ ကြွက်ဖမ်းဖို့ ကြွက်ရဲ့လှုပ်ရှားသွားလာမှုတွေကို ကျွန်တော် လေ့လာရတော့တယ်။ ရက်အနည်းငယ်ကြာ လေ့လာပြီးနောက် ကြွက်ဟာ အိမ်ခန်းထဲကို ပြတင်းပေါက်ကတစ်ဆင့် ဝင်လာတယ်ဆိုတာကို ကျွန်တော်သတိထားမိလိုက်တယ်။ ပြတင်းပေါက်က ခြင်ဇကာကို ကိုက်ဖြတ်ပြီး မှောင်စပျိုးတာနဲ့ ကျွန်တော့်အခန်းထဲ သူဝင်လာတယ်။ မိုးလင်းတာနဲ့ သူပြန်ထွက်သွားတယ်။ မိတ်ဆွေတစ်ဦးကို ကျွန်တော့်အကြောင်းပြောပြတော့ သူကရယ်ပြီး “ဒါ လွယ်လွယ်လေးပါ.. ကြွက်ဖောက်ထားတဲ့အပေါက်ကို စက္ကူတစ်ချပ်နဲ့ ကပ်ထားလိုက်ရုံပဲ”လို့ အကြံပေးတယ်။ သူ့အပြောကို သိပ်ယုံကြည်ပုံမပေါက်တဲ့ ကျွန်တော့်ကိုကြည့်ပြီးသူက “တကယ်ပြောတာ စမ်းလုပ်ကြည့်လိုက်ပါ” လို့ပြောတယ်။ မိတ်ဆွေရဲ့အကြံအတိုင်း ကျွန်တော်လုပ်ကြည့်လိုက်တယ်။ ဒါပေမယ့် စိတ်ထဲမှာ သိပ်ဘဝင်မကျခဲ့ဘူး။ မှောင်စပျိုးတာနဲ့ […]


etoneSeptember 11, 20101min03
ဒီပုံပြင်လေးရဲ့ သင်ခန်းစာပေးတာကို အရမ်းသဘောကျမိတယ်။လောကမှာတခါတခါ ကိုယ်ကဖြစ်ချင်နေရဲ့သားနဲ့ ဖြစ်မလာလို့ကံမကောင်းဘူးဆိုပြီး စိတ်ညိုငြင်ရတာတွေဖြစ်ခဲ့ပေမယ့် ဒါကတချိန်မှာ ကိုယ့်အတွက် အကျိုးဖြစ်စေတာလက်တွေ့တွေအများြ ကီးပါ.. ……………………………………… တရံရောအခါက ဘုရင်ကြီးတစ်ပါးရှိသတဲ့။ ဟိုးရှေးရှေးတုန်းက ဗာရာဏသီပြည်ကြီးမှာ ဗြဟ္မာဒတ်မင်းကြီး အုပ်စိုးသတဲ့။ ကဲကဲ … ပုံပြင် ဆက်ကြဦးစို့။ ဘုရင်ကြီးရဲ့ ဘေးနားမှာသက်တော်စောင့်တွေ အများကြီး ရှိတဲ့ အထဲမှာမှ တစ်ယောက်ကို သူ့ရဲ့အပါးတော်မြဲ အနေနဲ့ ခန့်အပ်ထားသတဲ့။ သဘောက ဘုရင်ကြီးရဲ့ အနားမှာထပ်ကြပ်မကွာ အမြဲနေခွင့်ရသပေါ့ကွယ်။ ဘယ်သွားသွား၊ ဘယ်လာလာပေါ့။ သူဟာ ပညာလည်းရှိတယ်၊ ဘုရင်ကြီးကိုလည်း အကြံကောင်း ဉာဏ်ကောင်းတွေ ပေးတတ်တော့ ရှင်ဘုရင်က သဘောတော်ခွေ့တာပေါ့ကွယ်။ ဒါကြောင့်လည်း ဘယ်သွားသွား ခေါ်သွားသတဲ့။ တစ်နေ့တော့ ရှင်ဘုရင် မွေးထားတဲ့ ခွေးဟာ ဘုရင်ကြီးရဲ့ လက်ညိုးကို ကိုက်လိုက်သတဲ့။ နောက်နေ့တွေတော့ […]


etoneSeptember 11, 20101min02
တစ်ခါတလေ ကိုယ့်ရဲ့လူငယ်ဘဝ ဖြတ်သန်းမှုတွေကို ကျွန်မ လျှောက် စဉ်းစားကြည့်မိတယ်။ ကျွန်မ ခုနစ်နှစ်၊ ရှစ်နှစ် သမီးအရွယ် လောက်တုန်းကပေါ့။ အဘိုးရယ်၊ အဘွားရယ်၊ ကျွန်မရယ်၊ မြေးဘိုး မြေးဘွားသုံးယောက် စစ်ကိုင်း ဘက်က အမျိုးတွေဆီကို အလည်သွားကြတာ …။ ကျွန်မ’ဘဘ’ရဲ့တစ်ဝမ်းတည်းကွဲတဲ့ ညီအစ်ကို မောင်နှမတွေဆီကိုပေ့ါ။ ကျွန်မတို့ အင်းဝကူးတို့ဆိပ်၊ ငှက်ဆိပ် ကနေ ငှက်ကလေးနဲ့ ဒုဋ္ဌဝတီ၊ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးကိုဖြတ်ပြီး စစ်ကိုင်းဘက်ကိုသွား ရတာလေ။ ဟို့ိုရောက်တော့ အမျိုးတွေရဲ့အိမ်မှာစားကြသောက်ကြရင်း၊လူကြီးတွေ ကစကားစမြည်ပြောနေချိန်ကျွန်မတို့ကလေးတစ်သို့်ကဆော့ကြ၊ ကစား ကြရင်းနဲ့ အိပ်အတွင်းဘက်က စာအုပ်စင်တွေနားရောက်သွားကြတယ်။ ကျွန်မနဲ့ရွယ်တူ ဦးလေးဝမ်းကွဲတစ် ယောက်က စာအုပ်တွေကို ဆွဲချပြီး ဆော့တော့ ကျွန်မတို့လည်း စာအုပ်တွေကိုလျှောက်လှန်ကြည့်ကြတယ်။ အရုပ်ကြည့်တာလေ။ အဲဒီအချိန်က ကာတွန်းကို တအားမက်တဲ့အချိန်ဆိုတော့ ကိုယ်ဖတ်တတ်တဲ့ ကာတွန်းကိုရှာတာပေါ့။ […]


etoneSeptember 10, 20101min02
တစ်ညနေမှာ လင်မယားနှစ်ယောက် လမ်းခွဲပြတ်စဲကြဖို့ ဆွေးနွေးနေကြတယ်။ မိန်းမဖြစ်သူက နီရဲတဲ့မျက်လုံးတစ်စုံနဲ့ လင်ယောက်ျားကို တစ်ချက်ကြည့်ပြီး လမ်းခွဲရှင်းတမ်းတွေ ရေးနေခဲ့တယ်။ စာအုပ်စင် —- ကျွန်မဝယ်ထားတဲ့အရာ မှန်ဘောင် —- ကျွန်မဝယ်ထားတဲ့အရာ တိုင်ကပ်နာရီ —- ကျွန်မဝယ်ထားတဲ့အရာ ကုလားထိုင် —– ကျွန်မဝယ်ထားတဲ့အရာ အထပ်ကအရာအားလုံး ကျွန်မဝယ်ထားတဲ့အတွက် ကျွန်မယူဆောင်သွားပါမယ်။ မိန်းမရဲ့ရှင်းတမ်းကိုကြည့်ပြီး ယောက်ျားကလည်း စာရွက်တစ်ရွက်နဲ့ ရှင်းတမ်းတွေ ချရေးလိုက်တယ်။ စောင် —- အခမဲ့ အင်္ကျီစင် —– အခမဲ့ ဓာတ်ဗူး —– အခမဲ့ တယ်လီဖုန်း —– အခမဲ့ စာအိတ်နှစ်ရာ —- အခမဲ့ အကြိမ်ပေါင်းများစွာ ကြိုပို့ —- အခမဲ့ ဂရုစိုက်မှု၊ ကြင်နာမှု၊ စောင့်ကြိုမှု —– အခမဲ့ ရှော့ပင်းကြိုပို့—- အခမဲ့ အထက်က အရာအားလုံးဟာ အခမဲ့ဖြစ်တာကြောင့် တစ်ပါးတည်း ယူဆောင်နိုင်ပါတယ်။ နောက်ပြီး…… အင်္ကျီ၊ […]


လွန်ခဲ့တဲ့ (၁၅)နှစ်လောက်က အရှေ့တောင်အာရှရဲ့ အတိုးတက်ဆုံးနိုင်ငံတစ်ခု၏ မြို့တော်ကြီးအစွန်းအဖျားက တရုတ်သင်္ချိုင်းကုန်းမှာ တရားမဝင် နေထိုင်ပြီး အလုပ်လုပ်ကြတဲ့ မြန်မာနိုင်ငံမှ တိုင်းရင်းသား/အလုပ်သမားအုပ်စု တစ်အုပ်စု ရှိခဲ့ဖူးပါတယ်။ သူတို့က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတွေ ဆေးသုတ်တာတို့၊ မြက်ခင်းတွေ ပြုပြင်တာတို့၊ ပန်းပင်တွေ အလှအပ မွမ်းမံတာတို့ လုပ်ရပါတယ်။ တနေ့ကျတော့ အလုပ်သမားတစ်ယောက်က တရုတ်သင်္ချိုင်းရှိ အုတ်ဂူတစ်ခုရဲ့ အပေါ်မှာ ကလေး ကစားစရာပစ္စည်း ခပ်ကြီးကြီးတစ်ခုကို တွေ့ရလို့ အခန်းကို သယ်သွားပါတယ်။ နောက် သုံး … လေးရက် ကြာတော့ အုတ်ဂူနဲ့ ပက်သက်တဲ့ ကျန်ရစ်သူ တရုတ်မိသားစု ရောက်လာပြီး ကွယ်လွန်သွားတဲ့ သူတို့သားလေး အုတ်ဂူပေါ်မှာ အမှတ်တရ တင်ထားတဲ့ ကစားစရာ မော်တော်ကားလေး ပျောက်သွားကြောင်း တရုတ်သင်္ချိုင်း ကို ပြုပြင်ရေး […]


etoneSeptember 9, 20101min03
ကံဆိုတာဘာကိုခေါ်လည်းလို ့မပြောခင်မှာ ကံကို ၂ မျိုးခွဲခြားလို့ရပါတယ်။ ပထမတစ်မျိုးကတော့ ရှေးအတိတ်ဘဝက ကံ ၊ နောက်တစ်ခုကတော့ အခု လက်ရှိဖြစ်ပျက်နေသော ကံ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရပါတယ်။ ကံဆိုတာဟာ တစ်ကယ်တော့ အလုပ်ပါ။ ကိုယ်လုပ်သမျှသော အလုပ်အားလုံးဟာ ကံတွေပါပဲ။ ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရမယ်၊ မကောင်းတာလုပ်ရင် မကောင်းကျိုးကိုခံစားရမယ် ဆိုတဲ့ ကံ ကံ၏အကျိုးကို ယုံကြည်ခြင်း ဆိုတာ ဗုဒ္ဓဘာသာဝင်တွေအတွက်တော့ ရင်းနှီးပြီးသားဘုရားဟောတရားဖြစ်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေမှမဟုတ်ပါဘူး ဘယ်ဘာသာကိုမဆို မကောင်း တာကိုမလုပ်ဖို ့ကောင်းတာကိုလုပ်ဖို့လမ်းညွှန်ထားကြတာပါပဲ။ ဒီဘက်ခေတ်ထဲမှာ မကောင်းမှုလုပ်နေပြီးတော့ ဘာလို့ကြီးပွားချမ်းသာ နေလည်း လို ့မေးစရာရှိပါတယ်။ ဒီလိုပုံစံမျိုးမေးခွန်းအတွက်ကတော့ ဘုရားဟောသာဓကတစ်ခုနဲ ့ရှင်းလင်းပြောပြပါ့မယ်။ ဘုရားရှင်လက်ထက်မှာတုန်းက သူငယ်ချင်းကုန်သည်နှစ်ဦး တစ်ခြားမြို ့ရွာကို ကုန်ပစ္စည်းအရောင်းအဝယ်သွားကြတယ်။ တစ်ဦးက စိတ်ရင်းစေတ နာကောင်းနဲ့ လူတွေကိုကူညီတယ်၊ […]


etoneSeptember 9, 20101min00
အလွမ်း…. လူသားတိုင်း အချစ်ဆိုတဲ့အရသာကို မြည်းစမ်းဖူးသလို လွမ်းရတဲ့ဝေဒနာကိုလည်း ခံစားဖူးကြမှာပါ ။ ဘယ်သူမှ လွမ်းရတဲ့ ဝေဒနာကို မခံစားချင်ကြပါဘူး ။ ဒါပေမယ့်လည်း..တစ်ခါတစ်လေမှာ ကိုယ်ဖြစ်ချင်တာတွေ မဖြစ်ရတဲ့အခါ ၊ မိမိ ချစ်တဲ့သူနဲ့ လမ်းခွဲရတဲ့အခါ ၊ တစ်ယောက်နဲ့ တစ်ယောက် ခွဲခွာရတဲ့အခါ လွမ်းကြရပါတယ် ။ သူငယ်ချင်းတွေ ကျောင်းပြီးလို့ ခွဲခွာရတဲ့အခါ လွမ်းရတဲ့အလွမ်း နှင့် မိမိ ချစ်သောသူနဲ့ ခွဲခွာရတဲ့ အလွမ်း ခံစားရတာချင်းမတူညီပါဘူး…။ သူငယ်ချင်းများကို လွမ်းတဲ့အလွမ်းဆိုတာ သူငယ်ချင်းတွေနဲ့ အတူလျှောက်သွားခဲ့ဖူးတယ် ဆိုတဲ့အသိက ပျော်ရွှင်မှုတွေနဲ့ပဲ စပြီးတော့..နောင် ပြန်ဆုံတွေ့ရင်လည်း ဒီလိုမျိုး တစ်ခါပြန်သွားဖို့ စိတ်ကူးမိကြတဲ့အတွက် ကြည်နူးခြင်း နဲ့ အဆုံးသတ်ပါတယ် ။ ချစ်သူတွေ ခွဲခွာရတဲ့အကြောင်းအရင်းတွေထဲမှာ အများအားဖြင့် လုံးဝပြန်မတွေ့နိုင်လို့ ၊ […]


etoneSeptember 9, 20101min00
ဒီခေါင်းစဉ်လေးကို တင်ပြဖို့ စဉ်းစားထားတာ ကြာပါပြီ၊ ဘာဖြစ်လို့ တင်ပြချင်တာလဲ ဆိုတော့ ကမ္ဘာပေါ်မှာရှိသော လူသားအားလုံးရဲ့လိုအပ်ချက်ဟာ ဘာလဲဆိုတော့ လူတော် လူကောင်းဖြစ်ဖို့က အဓိက Main ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် လူတော်လူကောင်းဆိုတာ ဘယ်လိုအရာတွေနဲ့ပြည့်စုံတဲ့လူတွေကို ခေါ်တာလဲဆိုတာလည်း မသိတဲ့လူတွေကလည်း သိချင်ကြမှာဖြစ်သလို သိတဲ့လူတွေလည်း ထပ်ပြီးပြည့်စုံသလောက်ရှိအောင် မိမိသိသလောက် လေးကို အထောက်အထားလေးတွေနဲ့ တင်ပြပေးလိုက်ပါတယ်။ ဒီစာတွေကို ရေးတာဟာ မိမိကိုယ်တိုင် သိလို့ရေးတာမဟုတ်သလို ဆရာကြီးလုပ်ချင်လို့ ရေးတာလည်း မဟုတ်ဘူးဆိုတာတော့ စာဖတ်သူတို့ ယုံကြည်စေချင်ပါတယ်။ ဒီလူတော်လူကောင်း ခေါင်းစဉ်ကို ရေးသားရာ၌ မှားယွင်းမပြည့်စုံများ တွေ့ရှိခဲ့လျှင် “ကျရောက်မြူသွင်၊ အပြစ်မြင်က၊ တင်၍နှုတ်သာ၊ ကဲ့ရဲ့ပါနှင့်၊ လျင်စွာထောက်ကူ၊ ပြင်တော်မူရှင့်”ဟု အရှင်ပညာတိက္ခ ရေးသား ထားသည့်အတိုင်း အပြစ်မမြင်အမှန်ပြင်၍ သူတော်ကောင်းစိတ်ဖြင့် ဖတ်ရှုစေလိုပါသည်။ ကမ္ဘာပေါ်ရှိ […]


Team XSeptember 8, 20101min05
ကျွန်တော် ဒီခေါင်းစဉ်လိုမျိုးတွေကို ရေးချင်နေတာ ကြာပါပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်နေတာပါ။ ဒီတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲလျက်ရှိတဲ့ 200 ကျပ်တန် အထူးဘက်စ်ကားများ အကြောင်းကို တစေ့တစောင်းလေးဖြစ်ဖြစ် တီးမိခေါက်မိ လေး ဖြစ်ဖြစ် ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့နေ အလုပ်သမားလူတန်းစားအလွှာတွေဆိုတာ တစ်နေ့မိုးလင်းလာယင် အိပ်ယာထ ၊ မျက်နှာသစ် ၊ ရေချိုး ၊ သွားတိုက် ဆိုသလိုပဲ အခြေခံကျောင်းစာအုပ်ထဲကလို နေတဒူဝ လုပ်ပြီးတဲ့ နောက်မှာတော့ အလုပ်ခွင်ကို အပြေးအလွှား သွားရောက်ရန်အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်မှာ ရပ် ၊ ကိုယ်အလုပ်ခွင်ကို ရောက်မယ့် ကားကို ဗျိုင်းတွေ ငါးကို မျှော်နေသလို မျှော်နေကြရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ယနေ့စီပွားရေးဟာ ဈေးကွက်စီးပွားရေး ဖြစ်တာနဲ့ […]


etoneSeptember 8, 20101min04
ဘဝစိတ်ပျက်ကြေကွဲချိန်မှာ ပြုံးပါ လောကကြီးထဲမှာ ဖြစ်ပျက်နေသမျှကိစ္စအားလုံးက တစ်ခုကိုရရင် အခြားတစ်ခုကို ဆုံးရှုံးရတာချည်းပဲ။ အချစ်က လူကိုပျော်ရွှင်မှုတွေပေးသလို ဝမ်းနည်းကြေကွဲမှုကိုလည်း ပေးတယ်။ စည်းစိမ်ချမ်းသာခြင်းက လူကိုပျော်ရွှင်စေသလို စိတ်မချမ်းမြေ့မှုတွေကိုလည်း ပေးတယ်။ အောင်မြင်ခြင်းက လူကိုဝမ်းသာဂုဏ်ယူစေသလို ရှုံးနိမ့်ခြင်းက လူကိုဝမ်းနည်းစေတယ်။ မျှော်လင့်ထားတဲ့ အရာတစ်ခုခုကို ပိုင်ဆိုင်ရတာဟာ ပျော်ရွှင်ခြင်းတစ်မျိုးဖြစ်တယ်။ အလားတူ ဆုံးရှုံးသွားခဲ့ရင် ပျော်ရွှင်ခဲ့တဲ့အဆအတိုင်း ပြန်ခံစားရလိမ့်မယ်။ ဥပမာ- ရယူပိုင်ဆိုင်တုန်းက ၈မှတ် ပျော်ရွှင်ခဲ့ရင် ဆုံးရှုံးသွားတဲ့အချိန်မှာလည်း ၈မှတ် ဝမ်းနည်းကြေကွဲလိမ့်မယ်။ နောက်ဆုံးရတဲ့ကိန်းက အတူတူပဲဖြစ်တယ်။ လူတချို့က ပစ္စည်းဥစ္စာကို ရယူပိုင်ဆိုင်နိုင်ခဲ့ပေမယ့် ကျန်းမာရေး၊ မိသားစု သို့မဟုတ် အချစ်ရေးမှာ ဆုံးရှုံးသွားကြတယ်။ လူတချို့က စီးပွါးရေး၊ အောင်မြင်ရေးမှာ ၃မှတ်လျော့ခဲ့ပေမယ့် လူမှုရေး၊ ကျန်းမာရေးနဲ့ ကိုယ်ပိုင်လွတ်လပ်မှုမှာ ၃မှတ်တိုးလာခဲ့တယ်။ တချို့အရာတွေက မတရားဘူးလို့ထင်ရပေမယ့် သေချာချင့်ချိန်ကြည့်ရင် […]


saundSeptember 8, 20101min09
ကောလိပ်တခုတွင် ခင်မင်ခဲ့သော သူငယ်ချင်းက ပင်လယ်ကမ်းစပ်တနေရာ က နေဝင်ဆည်းဆာရှုခင်းအလှ ကို လိုက်ပြ ခဲ့ဖူးပါတယ်။ ဒီတခါ ကမ်းခြေ တနေရာက ဈေးဆိုင်တန်းများဘက် လိုက်ပြမယ် ဆိုလို ့ သူငယ်ချင်း စားဖို ့ဒါန်ပေါက်ပါ ချက်လာမယ်လို ့ပြောလိုက်ပါတယ်။ သူငယ်ချင်းက အလုပ်ပေးမယ် လုပ်မလားလို ့ မေးပါတယ်။ သူက ဂစ်တာတီးမယ် ကျမကို ကဖို ့ ပြောပြီး အလုပ် လုပ်ကြမယ် လို ့ပြောပါ တယ်။ ကျမက နောက်နေတယ် အထင်နဲ ့ ပြန်နောက်ပြောင် လိုက်ပါတယ်။ ခွက်တခု ယူလာမယ်။ ပြီးရင် ရပ်ကြည့်သူတွေဆီက အလျှူငွေ ကို မင်း လိုက်ကောက်လို  ့……. ဒီလိုနဲ ့ ဒါန်ပေါက်ကျက်တော့ […]


Good IdeaSeptember 8, 20101min017
ကျနော်တို့ ပြည်မြို့မှာ ကိုမောင်ကြီး ဆိုတဲ့ မိန်းမလျာတဦး (အခြောက်) ရှိတယ်။ သူက အလှပြင်တယ်။ မင်္ဂလာဆောင်တွေမှာ ပန်းအလှထိုးတယ်။ ပဒေသာကပွဲ ကတယ်။ ကျန်တဲ့အချိန် သူ့မိဘအလုပ်ဖြစ်တဲ့ ငါးပိ ငံပြာရည်ရောင်းတဲ့ အလုပ်ကို ကူတယ်။ များသောအားဖြင့်တော့ အလှပြင်ပါတယ်။ ကိုမောင်ကြီးက အလှပြင်ရင် စေတနာပါပါနဲ့ လုပ်ပေးလေ့ရှိတော့ ဘွဲ့ယူမယ့်လူတွေ မင်္ဂလာဆောင်မယ့်လူတွေက သူ့ဆီမှာပဲ အလှပြင်ချင်ကြတယ်။ ပြည်တက္ကသိုလ်မှာ ဘွဲ့နှင်းသဘင်ရှိတဲ့လဆိုရင် သူ့ဆီကို ဟိုင်းလတ်ကား ၄  ၊ ၅ စီးနဲ့ ဘွဲ့ယူမယ့် ကောင်မလေးတွေ လာပြီးအလှပြင်ကြတယ်။ ဒါကြောင့် ဝင်ငွေ တအားဖြောင့်တယ်။ ဒါပေမယ့် သူရတဲ့ငွေနဲ့ မိဘကို လုပ်ကျွေးတယ်။ အလှူအတန်း ရက်ရောတယ်။ မူလတက္ကသိုလ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ပိုက်ဆံမတတ်နိုင်တဲ့ ကလေးတွေကို စုပေါင်းရှင်ပြုပေးတဲ့အခါ သူက […]