etoneSeptember 7, 20101min01
ကျမက တစ်ဦးတည်းသော သမီးပါ..။ကျမအမေက ငါးစိမ်းသည်လေ..။ ကျမရုပ်ရည်ကတော့ မင်းသမီးရှုံးလောက်တဲ့ ရုပ်ရည်လို့ ပြောရမယ်..။ ကျမကို အရမ်းချောလို့ဆိုပြီး ကျမနာမည်ကို ချောချောလို့ပေးထားတယ်.။ အမေ ဘယ်လိုပဲနာမည်ပေးပေးပါ.. ကျမက ငါးစိမ်းသည်သမီးပေါ့ရှင်..။ ကျမ အမေ့ကို မကျေနပ်ဘူး သိလား..။ စကားပြောတာပဲဖြစ်ဖြစ် ၊ ရန်ဖြစ်လို့ပဲဖြစ်ဖြစ် အမေ့ရဲ့ အော်ကြီးဟစ်ကျယ် လုပ်တတ်တဲ့ အကျင့်တွေကို ကျမ သိပ်မုန်းတာပဲ..။ အမေက သူသာငါးရောင်းတာ ကျမကို ဈေးထဲတောင် ပေးမလာဘူး..။ ကျမလည်း မသွားပါဘူး.. အပျိုအရွယ်ရောက်လာတော့ ပိုဆိုးတာပေါ့။ ကျမက စာမသင်ချင်ဘူးရှင့်..။ ကျမက လှတော့ အချိန်တန်ရင် သူဌေးတစ်ယောက်တော့ ရနိုင်တယ်လေ..။ အမေကလည်း ကျမကို စာကြိုးစားဖို့ သိပ်မပြောဘူးလေ..။ အရာရာ ကျမသဘောပါပဲ..။ ကျမရည်မှန်းထားတဲ့အတိုင်း ကျမ သူဌေးကတော် ဖြစ်ခဲ့ပါတယ်.။ […]


etoneSeptember 7, 20101min01
အဲ့ဒီနေ့က စာသင်ခန်းထဲမှာ လွတ်လပ်ရေးရနေကြတယ်။ ကျွန်တော်တို့ ကလေးတွေ အတန်းပိုင် ဆရာမ မလာလို့ ပွက်ပွက်ညံနေကြတာ။ ခုနတင် တစ်ဖက်ခန်းက ဆရာက လာဆူသွားပြီးပြီ။ ဆရာဆူလည်း တစ်ခဏသာပါဘဲ။ ဆူတုန်းသာ ငြိမ်ကျသွားတာ။ ပြီးတော့ ဆရာလည်းပြန်ထွက်သွားရော စာသင်ခန်းထဲ ပြန်ပြီး ဝုန်းဒိုင်းကျဲတော့တာပဲ။ နှစ်ကုန်ပိတ် ရက်ရှည်နီးလာတော့ အတန်းထဲမှာ စာတွေလည်း တော်တော်ပြီိးသလောက်ဆိုတော့ ဆရာမတွေကလဲ ကျွန်တော်တို့ကို တော်ယုံတော့ လွတ်လပ်ခွင့် ပေးထားကြတယ်။ ဒီလို အတန်းပိုင်ဆရာမခွင့်ယူတဲ့ ရက်မျိုးဆို ကျွန်တော်တို့ ကလေးတွေ သဘောခွေ့မှခွေ့ပေါ့။ အဲ့ဒီအချိန်မှာ ကျောက်သင်ပုန်းကို ကြိမ်နဲ့ တစ်ရွှမ်းရွှမ်းရိုက်လိုက်သံကြားလို့ ကျွန်တော်တို့ ကိုယ့်နေရာကို ကသောကမျော ပြန်ပြေးဝင်ထိုင်ကြတယ်။ ဆရာမတစ်ယောက် ..။ ကျွန်တော်တို့ တစ်ခါမှ မမြင်ဘူးသေးတဲ့ ဆရာမအသစ် တစ်ယောက် အတန်းထဲဝင်လာတယ်။ ဆရာမက […]


etoneSeptember 7, 20101min02
တစ်ခါက လယ်သမားတဦးနှင့် မုဆိုးတစ်ဦးသည် အိမ်နီးချင်းများ ဖြစ်ကြသည်။ လယ်သမားမှာ ဘဲများကို မွေးမြူထားပြီး မုဆိုးတွင် အမဲလိုက်ခွေးများ မွေးထားသည်။ ထိုအမဲလိုက် ခွေးများသည် မကြာခဏဆိုသလို လယ်သမား၏ ခြံထဲသို့ ကျူးကျော် ဝင်ရောက်ပြီး ဘဲများကို ကိုက်ဖြတ်စားသောက်သည်။ လယ်သမားက မုဆိုးအား ခွေးများကို လှောင်ထားပေးရန် အကြိမ်ကြိမ် တောင်းဆိုခဲ့သော်လည်း မုဆိုးမှာ ခွေးများကို သေချာထိန်းထားခြင်း မရှိခဲ့ပေ။ နောက်ဆုံး လယ်သမားမှာ သည်းမခံနိုင်သည့်အဆုံး ရွာသူကြီးအား ခွေးများကို အရေးယူပေးပါရန် သွားရောက် တောင်းဆိုခဲ့သည်။ လယ်သမား၏ တိုင်တန်းချက်ကို နားထောင်ပြီးနောက် ဉာဏ်ပညာရှိသော သူကြီးက. . “အဲဒီမုဆိုးကို ကျွန်တော် အရေးယူပေးလို့ရတယ်။ ခွေးတွေကိုလည်း လှောင်ထားဖို့ အမိန့်ပေးလို့လည်း ရတယ်။ ဒီလိုလုပ်လိုက်ရင် ခင်ဗျားမှာ မိတ်ဆွေကောင်း၊ အိမ်နီးချင်းကောင်း […]


etoneSeptember 7, 20101min03
လတိုင်းလတိုင်း(၁၄)ရက်နေ့ရဲ့ထူးခြားချက်များ လတိုင်းလတိုင်းရဲ့ (၁၄)ရက်နေ့မှာ ရှိတဲ့ထူးခြားချက်လေးတွေပါ။မသိသေးသော သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။လတိုင်းရဲ့ (၁၄)ရက်နေ့လေးတွေမှာ ကိုယ့်ချစ်သူကို ဘယ်လိုလက်ဆောင်ပေးရမလဲဆိုတာ သိရအောင်လို့ပါ။ ချစ်သူကိုလက်ဆောင်လေးတွေပေးရင်း ပျော်ရွင်နိုင်ကြစေဖို့ ရည်ရွယ်လိုက်ပါတယ် ။ 1. January 14th “Diary Day” နှစ်သစ်တစ်ခုရဲ့ အစပိုင်းလဖြစ်တဲ့ အတွက်အထိမ်းအမှတ်အနေနဲ့ အပြန်အလှန်ချစ်စာလေးတွေရေးဖို့ ဒိုင်ယာရီလက်ဆောင် ပေးသင့်ပါတယ်။ 2. February 14th “Valentine Day”ချေ ကိုယ်ချစ်တဲ့သူကို ချောကလက်လေးတွေနဲ့ နှင်းဆီပန်းလှလှလေးတွေ ပေးပို့လေ့ရှိပါတယ်။ချစ်သူများအတွက် ချစ်ဖို့ကောင်းတဲ့နေ့ရက်ကလေးပါ။”ချစ်သူများနေ့”လို့တင်စားခေါ်ဝေါ်တဲ့နေ့လေးတစ်နေ့ပေါ့။ 3. March 14th “White Day” ယောကျာ်းတွေက သူတို့ချစ်ရတဲ့ချစ်သူကို သကြားလုံး(သို့) နှစ်သက်ရာ လက်ဆောင်လေးတွေပေးကြတာပါ။ 4. April 14th ” Black Day” အနက်ရောင်နေ့လို့ခေါ်ပြီး ချစ်သူမရှိတဲ့တစ်ကိုယ်တည်းသမားတွေအတွက် နေ့လေးတစ်နေ့ပါ။စုံတွဲမရှိသူအချင်းချင်းအတူတူသွားပြီး တစ်ကိုယ်တည်းအထိမ်းအမှတ်ပြုလုပ်ကြပါတယ်။ထိုနေ့မှာအနက်ရောင်များကိုဝတ်ဆင်လေ့ရှိကြပါတယ်။ […]


etoneSeptember 7, 20101min00
ဖတ်ပြီးသားဆိုလည်းပြန်သာဖတ်တော့။၁ဝတန်းကျောင်းသားဘဝကိုပြန်တွေးရင်းပေါ့…. ရေးထားတဲ့ သူကို ချီးကျူးပါတယ်။ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗဒ္ဓဿ ဇေယျတု သဗ္ဗမင်္ဂလံ။ ဆိုက်ပရက်စ်ပြည့်ရှင်မင်းကြီး၏ သားတော် မင်းသားဖိုးစိန် စင်ကာပူပြည်သို့ သွားစေ။ စင်ကာပူပြည်က အပြန်၊ ဘီယာဆိုင်၌ နားနေစေ။ ၎င်း စင်ကာပူမြို့ မြောက်မျက်နှာက အိုင်တီ ယောက်ျား ထွက်ဆိုရန် စကားမှာ- ဪ- လူ့ဘုံခန်းဝါ၊ စင်ကာပူပြည်မှာ၊ ဝမ်းစာခဲခက်၊ နာစီ ဂိုးရင်း(မလေး ထမင်း)၊ ဂရင်းတီးနှင့် ဆန်တွင်းက နက်လွန်းလို့၊ အသက်ရှိစဉ်၊ မသေခင်ကို၊ စပါကတီ၊ ခပ်အီအီနှင့်၊ ဟော့ပေါ့အမည်၊ ရေလုံပြုပ်များကို၊ ဝမ်းတေဘယ်တမျှ ခပ်ဝဝ စားလိုက်ရလျှင်ဖြင့် အာဂပါးစပ်၊ လူဖြစ်ကျိုးနပ်လေငဲ့၊ မရပ်မနား၊ ကီးဘုတ်ကြားမှာ၊ ဝမ်းကျောင်းပါငြားကဘဲ၊ စားရသည့်နေ့၊ တလလုံးတွင်မှ သုံးဆယ်နှပ်လောက်ကယ်သာ တွေ့ရတယ်။ […]


Good IdeaSeptember 6, 20101min015
ရှင်းရှင်းပြောရမယ်ဆိုရင်တော့ လိင်တူချစ်သူဆိုတဲ့ကိစ္စတွေကို လက်ခံနိုင်စွမ်း ကျနော့်မှာ မရှိသေးဘူး။ ယောက်ျားလေးက မိန်းကလေးကို၊ မိန်းကလေးက ယောက်ျားလေးကို ချစ်လို့ရပါတယ်။ ချစ်ကြစမ်းပါ။ ကမ္ဘာပေါ်မှာ ယောက်ျားတွေ မိန်းမတွေ အများကြီး။ ရိုက်သတ်လို့တောင် မကုန်ဘူး။ ဘာကြောင့် ကျား ကျားချင်း၊ မ မချင်း ချစ်ချင်ကြသတုန်း။ အဲ့လို ချစ်လို့ရော ဘာတွေများ ကောင်းကျိုး ရှိလာမတုန်း။ စဉ်းစားကြည့်ကြပါ။ ကျနော်က အဲဒီလိုပြောတော့ “မင်းတို့က ချစ်မှ မချစ်ဘူးတာ ဘယ်ခံစားတတ်ပါ့မလဲ”လို့ ပြန်ဖြေပါလိမ့်မယ်။ ကျနော် လိင်တူချစ်သူနေရာက ဝင်စဉ်းစားကြည့်တယ်။  သူနဲ့ ကျနော်  ခန္ဒာကိုယ်တည်ဆောက်ပုံချင်း တူနေတာတွေ ၊ အိမ်ထောင်ရေးသုခ ခံစားတဲ့ကိစ္စတွေ အသာထားလိုက်ဦးဗျာ။ ဒီလောကကြီးမှာ ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုး အနာဂါတ်ကောင်းကျိုး သယ်ပိုးမယ့် ကိုယ့်မျိုးဆက် ရင်သွေးလေးတယောက်တောင် မချန်ခဲ့နိုင်တဲ့ […]


etoneSeptember 6, 20101min014
သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


Yin Nyine NwaySeptember 5, 20101min01
ရှမ်းလူမျိုးတို့သည် နတ်ကို မယုံကြည်ခြင်းမဟုတ်။ နတ်သမီး၊ နတ်သားတို့ အားအရှမ်းအခေါ် ခွန်ဖီ၊ နန်းဖီဟု ခေါ်သည်။ ဗမာများကဲ့သို့လို.. နတ်ဝင်သည် ၊ နတ်ကနား ၊ နတ်ပွဲပေး၍ နတ်မေးခြင်းများ မရှိပေ။ ၎င်းတို့ကိုလဲ ယုံကြည်ခြင်းမရှိပေ။ ကိုးမြို့ရှင် ဟုခေါ်သော “စဝ်မိုင်း”တော့ရှိပေသည်။ သို့သော် တစ်နှစ်တစ်ခါ ပူဇော်ခြင်းမှလွဲ၍ အခြားအချိန်များတွင် ပူဇော်ခြင်းမရှိပဲ နတ်ကွန်းတွင် လူသူကင်းမဲ့လေ့ရှိသည်။ ကားဝယ်လျှင် ရောင်းလျှင် အစဉ်ပြေစေရန် နတ်ပြခြင်း ရှမ်းလူမျိုးတို့တွင် မရှိပေ။ နတ်ကနားပေးခြင်း၊ နတ်ပွဲတင်ခြင်းများသည် ရှမ်းတို့ ၏အယူများမဟုတ်။ ဗမာလူမျိုးများကိုးကွယ်သော အချို့ရှမ်းအမည်ဖြင့် နတ်များကိုပင် ရှမ်းလူမျိုးများ ကိုးကွယ်ခြင်းမရှိကြပေ။ သို့သော် အိမ်များတွင် စင်တစင်တော့ရှိသည်။ “ဒေးဝရားဟော်၊ ဒေးဝရားဟိန်း” ဟုခေါ်သော ဟော်စောင့်နတ်၊ အိမ်စောင့်နတ် စင်ဖြစ်သည်။ ၎င်းစင်အား ကနှုတ်ပန်းများဖြင့် […]


zayyarchawSeptember 4, 20101min01
ပိတောက်ပင်ကြီးထက်မှာပိတောက်ဖူးဖူးတွေကလေတိုးတိုင်းတရှဲတရှဲမြည်နေကြသည်။ တစ်မိုးလောက်ရွာလိုက်လျှင်ပင်သည်ပိတောက်တို့သင်္ကြန်မတိုင်မီပွင့်ကြမည်သာ။ အတွေးတွေကတစ်စစီပြန့်လို့ကျဲလို့။ ပိတောက်တွေကသာမိုးမျှော်နေကြတာ ငုဝါတွေကတော့တစ်ပင်လုံးရွှေဝါရောင်လွှမ်းလို့။ “ပိတောက်နှင့်ငု ဘယ်ပန်းကိုမောင်ပိုချစ်လဲ“ “ပိတောက်လည်းအဝါ၊ငုလည်းအဝါ အရောင်ကတော့အတူတူပဲကွာနေတာကရနံ့။ ပိတောက်ရနံ့ကိုပိုချစ်တယ်၊ ဒါပေမဲ့ ငုတွေရဲ့ပွင့်ချိန်ရောက်ရင်မိုးရွာတာကိုမစောင့်ပဲခပ်ရဲရဲပွင့်တတ်တဲ့ သတ္တိကိုလည်းမောင်ကြိုက်တယ်“ “မောင်ကလည်းကဗျာဆန်တတ်နေရန်ကော“ “အချစ်ကတော့ဘယ်ပန်းမှမကြိုက်ဘူးမောင်“ ေဩာ်..သင်္ကြန်ရောက်လာလေအုံးတော့မည်..ဒီနှစ်မှာတော့ ပိတောက်နှင့်ငု ဘယ်ပန်းကိုပိုချစ်လဲလို့ မေးခဲ့ဘူးသူက နီးလျက်နှင့်ဝေး၊ချစ်လျက်နှင့်ပြေးခဲ့ပြီလေ…. အတိတ်ကပျော်စရာတွေကအခုတော့လွမ်းစရာတွေဖြစ်လို့နေပေါ့ နောက်ဖက်ဆီမှာသည်ပခုံးထက်ဆီသို့ကျလာလေသော လက်တစ်စုံကြောင့်အတွေးစတို့ဖြတ်လိုက်ရသည်။ “ဟာ ကိုဇော်…လာထိုင်ဗျာ“ “ပုံမှန်တစ်ခွက်ဟေ့“စားပွဲထိုးလေးဆီသို့လှမ်းမှာလိုက်သည်။ “ညီချောကိုအစ်ကိုတစ်ခုလောက်မေးချင်လို့ကွ“ “အချစ်ဆိုတာကိုဘယ်လိုနားလည်ထားသလဲ“ “ဟာ..ဘယ်သိပါ့မလဲဗျာ..ဒီမှာချစ်လို့မှမဝခင်အစိမ်းခြွေ ခြွေခံလိုက်ရတဲ့ပန်းတစ်ပွင့်လိုပဲ…“ “အေး..ဟုတ်တယ် တစ်ချို့အမျိုးသမီးတွေကအချစ်နှင့်ဦးနှောက်ကို ကောင်းကောင်းခွဲခြားတတ်တယ်ကွ အခုညီချောရဲ့မမကလဲ အဲဒီအထဲမှာပါတယ်“ သူ့တို့အခေါ်မမ ကျွန်တော်ကတော့အချစ် ဟုပင်ခေါ်ခဲ့သည်။ အချစ်နှင့်ပြတ်ပြီးနောက်လမ်းမှာမကြာခဏဆုံဖြစ်ကြသည်.. အချစ်ကတော့မောင့်ကိုအမြဲပြုံးပြနှုတ်ဆက်လေ့ရှိသည်။ မောင်ကသာနာကြည်းစွာဖြင့်ခပ်စိမ်းစိမ်းပြန်ကြည့်တတ်ခဲ့သည်။ အချစ်သည်သူ့ယုံကြည်ချက်တစ်ခုကြောင့် အတ္တကြီးစွာမောင့်ကိုထားခဲ့တာလား..ပါးပါးနပ်နပ်ထားခဲ့လေသလားမသိ။ အခုလောလောဆယ်မှာတော့.. အချစ်ကိုမောင်အရမ်းချစ်ပါသည်… ထို့အတူတမြေ့မြေ့လည်းနာကြည်းပါသည်။ “ညီချောဒီနှစ်သင်္ကြမတိုင်ခင်အစ်ကိုဇော်နယ်ဘက်ကိုခရီးထွက်မယ်.. ယဉ်ကျေးလိမာ္မသင်တန်း ပို့ချပေးမလို့ကွ..အားလုံးစီစဉ်ပြီးပြီအဲဒါညီချောလိုက်မလား.. စိတ်ပြေလက်ပျောက်ပေါ့ကွာဒီအချိန်မှာ အပြောင်းအလဲတစ်ခုခုတော့လုပ်သင့်နေပြီ.. ခံစားမှု့အလွမ်းတွေထဲမှနစ်မနေသင့်တော့ဘူး“ “ဘယ်တော့စထွက်မလဲ“ “သဘက်ခါ“ “ဒါပေမဲ့ကျွန်တော်က […]


Good IdeaSeptember 2, 201012min00
အချိန်ကား (၂၀၁၀) ခုနှစ်။ နေရာကား ယူကေနိုင်ငံ၊ တက္ကသိုလ်တခု၏ ဘွဲ့နှင်းသဘင်ခန်းမ။ ‘ထက်မျိုးနွယ်‘ အခမ်းအနားမှူး၏ အသံအဆုံးမှာ စင်မြင့်ပေါ်သို့ တလှမ်းချင်းလျှောက်သွားလိုက်မိသည်။ ရင်ခုန်လိုက်သည်ဖြစ်ခြင်း။ နှစ်ပေါင်းများစွာ ကြိုးစားခဲ့ရသည့် ရလာဒ်တခုကို ဒီနေ့ဒီအချိန်မှာ သူမ ရရှိခံစားလိုက်ရသည်။ မဟာသုတေသနဘွဲ့။ ဂုဏ်ထူးများစွာဖြင့် အောင်မြင်ခဲ့သည်မို့ ပါရဂူဘွဲ့ ဆက်တက်ရန် စကောလားရှစ်များလဲ ရရှိထားသည်။ သင်ကြားရေးလက်ထောက် (Teaching Assistant) အဖြစ် အမှုထမ်းရန် ပရော်ပဖက်ဆာထံမှ ကမ်းလှမ်းချက်ကလဲ ရရှိထားခဲ့သည်။ ဘယ်လိုပဲဖြစ်ဖြစ် တက္ကသိုလ်ပညာရေး အသိုင်းအဝိုင်း နယ်ပယ်ကို သူမ ခြေချနိုင်ခဲ့ပြီ။ မကြာမီ နှစ်အနည်းငယ်အတွင်းတွင်ပင် ပါရဂူဘွဲ့ဆွတ်ခူးနိုင်တော့မည်။ အတွေးတွေနဲ့အတူ သူမ၏ ခြေလှမ်းများက တက်ကြွနေခဲ့သည်။ အားမာန်ပါနေခဲ့သည်။ ‘ဖြောင်း၊ ဖြောင်း၊ ဖြောင်း‘ လက်ခုပ်သံများက ဆူညံစွာ ထွက်ပေါ်လာခဲ့သည်။ စင်မြင့်ပေါ်က […]


etoneSeptember 1, 20101min06
“ကိုယ်ကျင်.တရားနှင်.ပတ်သတ်လာလျ ှင် စာတွေ.ထက် လက်တွေ.သင်ခန်းစာများသာ အစွဲမြဲဆုံးဖြစ်သည်” (မတ်တွိုင်း) အဲသည်တုန်းက သူ.အသက် ၁၁နှစ်။ နယူးဟမ်.ပြည်နယ်ရှိ ရေကန်ကြီးတစ်ကန် အလယ်က ကျွန်းတစ်ကျွန်းပေါ်မှာ သူတို.မိသားစုပိုင် အိမ်ငယ်လေး ရှိသည်။သူက အခွင်.သာတိုင်း အဲသည်ကိုသွားကာ လှေဆိပ်မှာ ငါးမျှားလေ.ရှိသည်။ ငါးမျှားရာတွင် ဥပဒေစည်းကမ်းရှိသည်။ဥချသည်.ရာသီမှာ ငါးမမျှားရ။ အဲ.သည်နေ.ညနေစောင်း သူတို.သားအဖ ငါးမျှားကြတော. ဘတ်(စ်)ငါးကြီးတွေ မျှားခွင်.ပြုသည်.အချိန် မရောက်သေး။ထို.ကြောင်. ငါးစပ်စပ်တို. ငါးပြေမတို. မိအောင်သာတီကောင် အစာတပ်ပြီး သူတို. မျှားကြသည်။သို.သော် အဲ.သည်လိုမျှားကြရင်း အတော်ကြာတော. သူက ငါးမျှားချိတ်မှာ ငွေရောင်ငါးစာတုလေး တစ်ခု တပ်ကာ ခပ်ဝေးဝေးထိ ပစ်ပြိးငါးကြီးမျှားပုံကို စမ်းသပ်လေ.ကျင်.ကြည်.မိသည်။နေဝင်စမှာ ရေထဲ ငါးစာကျတော. ရောင်စုံ လှိုင်းဂယက်လေးတွေ ဖြာထွက်သွားသည်။ တစ်ဖြည်းဖြည်းနေဝင်ပြီးလထွက်လာသည်။လှိုင်းကလေးတွေက အနီ ၊ အဝါရောင်စုံမှ ဖိတ်ဖိတ်လက်သော […]


Minn ZinAugust 30, 20101min01
တစ်ကျောင်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း ဆိုသလိုပင် နေရာဒေသအလိုက် ကိုယ့်အမှတ်အသားနှင့်ကိုယ် ပေးထားသော နာမည်များရှိလေသည်။ ကျွန်တော်သည်နေ့စဉ်နှင့်အမျှ ဘတ်စ်ကားစီးကာ သွားလာနေရသောကြောင့် ဘတ်စကားပေါ်မှ ကြားသိရသမျှ သူတို့၏နာမည်ပေးပုံများကို တင်ပြလိုက်ရပေသည်။ ရန်ကုန်တွင် ဘတ်စ်ကားစီးနေသော်လည်း သတိမထားမိသောသူများ ရန်ကုန်သို့လာရန်ရှိသော အခြားသောမြို့များမှ သူငယ်ချင်းများအတွက်လည်း ဗဟုသုတရရန်အလို့ငှာတင် ပြပေးလိုက်ရပါတယ် ခင်ဗျာ။ သို့သော် ကျွန်တော်အများဆုံးသွားဖြစ်သော ရွှေပြည်သာ တစ်ကြောမှ လိုင်းကားများကိုသာ အဓိကရေးပေးသွားမှာပါ။ ကျွန်တော်ရန်ကုန်ကိုရောက်စက ၂၀၀ရ ခုနှစ်ပေါ့။ မှတ်မှတ်ရရ ရှိစေတဲ့ ပထမဆုံး ဘတ်စ်ကားကတော့ “ရွှေအင်းဝ” လို့ခေါ်တဲ့ ရွှေပြည်သာနဲ့ ဆူးလေ နဲ့ကိုအဓိကပြေးဆွဲပေးနေတဲ့ကားလိုင်းပါ။ ကျွန်တော်အများဆုံးသွားဖြစ်တာကလဲ ရွှေပြည်သာဖြစ်တဲ့အတွက် “ရွှေအင်းဝ” ဆိုတဲ့ကားဟာ ကျွန်တော့်အတွက်တော့ မိတ်ဆွေကောင်းတစ်ယောက်လိုပင်။ ရွှေပြည်သာသို့ပြေးဆွဲနေသော ၄၅ မထသကားများ ရှိသော်လည်း နှေးသည် ဟုဆိုကာ ရွှေအင်းဝ ကိုပဲအစဉ်တစိုက်စီးနင်းခဲ့လေသည်။ […]


Yin Nyine NwayAugust 29, 20101min00
< တစ်နေ့ ကျွန်မစာအုပ်အဟောင်းဆိုင်တန်းဘက်တွေလျှောက်မွှေရင်း Chinese Literature 1979ဆိုတဲ့စာမျက်နှာ၁၂၃ မျက်နှာပါတဲ့ စာအုပ်ဟောင်းလေးတစ်အုပ်ကို ရခဲ့တယ်။ ဒီစာအုပ်လေးထဲမှာ တရုပ်ပြည်ရဲ့ ထင်ရှားတဲ့ယဉ်ကျေးမှု၊ အနုပညာ၊ ထုံးတမ်းစဉ်လာ၊ ပုံပြင်၊ ဒဏာရီနဲ့ ဝတ္ထုတိုတွေ ပါဝင်နေတယ်။ အဲ့ဒီအထဲက ကျွန်မဘလော့ဂ်နဲ့ သင့်တော်မယ့် အကြောင်းအရာလေး၃ပုဒ်ကို Fabelsဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ရလိုက်တယ်။ အခုအောက်ဖော်ပြပါ ပို့စ်ကတော့ အဲ့ဒီ၃ပုဒ်ထဲက ပထမဦးဆုံးတစ်ပုဒ်ပါဘဲ။ ကျန်၂ပုဒ်ကိုလည်း အလျဉ်း သင့်သလို တင်ပေးသွားပါမယ်။> တခါတုန်းက တယူသန် နဲ့ မောက်မာတို့ ကမာ္ဘကြီးပေါ်မှာအတူရှိနေကြတယ်။ အတူရှိတယ်လို့ပြောရတာက သူတို့၂ယောက်ဟာ ခန္ဓာကိုယ် တစ်ကိုယ်ထဲမှာ နှစ်ယောက်ပါဝင်တည်ရှိနေလို့ပါဘဲ ။ ဒါပေမယ့် အဲ့လိုရှိနေတာကိုုတော့သူတို့၂ယောက်က လုံးဝမသိကြပါဘူး.။ သူတို့ ၂ယောက်က အခုလို ခန္ဓာကိုယ် တစ်ခုထဲမှာအတူရှိနေကြပေမယ့် သူတို့ကိုယ်သူတို့တော့ သီးသန့်စီ တည်ရှိနေတယ်လို့ထင်နေကြတာပါ။ […]