Yin Nyine NwayAugust 29, 20101min01
ဒီစာလေးတွေကို ဖိုးဝမောင် ရဲ့ အေးချမ်းစေသော စကားလုံးလေးများ ဆောင်းပါးမှာကောက်နုတ်ထားခြင်းဖြစ်ပါတယ် ကျွှန်တော်တို့အားလုံးအတွက် တန်းဖိုးရှိတယ်လို့ ယူဆမိပါတယ် ညဏ်စွမ်းရည် ။ ။ နားလည် သဘောပေါက်နှိင်စွမ်းညဏ် မရှိသောသူကို ဘာတွေပြောပြော ဘယ်တော့မှထူးလာမှာ မဟုတ်ပါ ။ နားမလည် သူသဘောမပေါက်နှိင်ပါ။ သဘောမပေါက်လျှင် ဘယ်တော့မှ အကြံညဏ်သစ်ကို ပြောင်းဖို့လက်ခံမှာ မဟုတ်ပါ ။ အချိန်ကုန် ဒေါသထွက်ခြင်းသာ ကိုယ့်အတွက်ရလဒ်ဖြစ်သည်။ ဝေဖန်မူ ။ ။ သူများကို ဝေဖန်သုံးသပ်နေလျှင် မပြေလည်မူများ ပိုများလာမည်၊ ကိုယ့်ဖြစ်ရပ်များ ကိုယ့်ကိစ္စများကိုသာ အချိန်များများသုံးပြီး အမှားများကို ဝေဖန် စီစစ်သုံးသပ်ပါ ။ လမ်းမှန်ပေါ်ရောက်ရန် ကြိုးစားပါ။ သူများတွေနှင့်လည်း ပို၍ အဆင်ပြေလာမည်။ ။ မကျေနပ်မူဖြစ်တိုင်း ဒီလိုမြင်ပါ ။ ။ လူတယောက်ကို […]


Yin Nyine NwayAugust 29, 20101min00
တနေ့မှာ ဆရာက ဖန်ခွက်တစ်လုံးကို လက်မှာကိုင်ထားပြီး ‘ဒီဖန်ခွက်က ဘယ်လောက်လေးမယ်ထင်သလဲ’ လို့ ကျောင်းသားတွေကို မေးတယ်.. ၅ဝဂရမ်၊ ၁၀ဝ ဂရမ် အစရှိသဖြင့် အမျိုးမျိုးအဖြေတွေကို သူရတယ် .. ဆရာက ဆက်ပြောတယ် ..’ဒီဖန်ခွက်ရဲ့ တကယ့် အလေးချ်ိန်ကိုတော့ ဆရာမသိပါဘူး။ ဒါပေမဲ့ ဆရာမေးချင်တာ ဒီဖန်ခွက်ကို ဒီအတိုင်းပဲ ဆရာ ခဏလောက် ကိုင်ထားရင် ဘာဖြစ်မလဲ ဆိုတာပဲ ..’ “ဘာမှမဖြစ်ဘူး” လို့ ကျောင်းသူတစ်ယောက်ကဖြေတော့ “တော်တော်ကြာကြာကိုင်ထားရင်ရော” လို့ ဆရာက ဆက်မေးတယ် .. “လက်တွေညောင်းပြီး ထုံကျင်လာမယ်” လို့ ဖြေကြတယ် … ‘ကောင်းပြီ ..တနေကုန်ကိုင်ထားရင်ရောကွာ’ လို့ ဆရာမေးတော့ ရွှတ်နောက်နောက်ကျောင်းသားတစ်ယောက်က “မင်းလက်ကြီး ထုံကျင်လာမယ်၊ ပြီးတော့ လက်မောင်းကိုက်လာမယ် ၊ […]


introAugust 29, 20101min04
(အသက် ၁၈ နှစ်အောက် ကလေးသူငယ်များ… ရွံရှာတတ်သူများနှင့် မရယ်မော တတ်သူများ မဖတ်ရ) နေရာက စင်ကာပူမြို့လည်ခေါင်မှာ ဖွင့်ထားတဲ့ နာမည်ကျော် ဘဏ်တိုက်ကြီးတစ်ခု… အချိန်က ပုံမှန်ထက် မပိုတဲ့ အလုပ်ဖွင့်ရက် နံနက်ခင်း… အဲဒီအချိန်မှာ အသားဖြူဖြူ မျက်လုံးမှေးမှေး အရပ်ပုပုနဲ့ အမေအိုကြီး တယောက်ဟာ ပိုက်ဆံတွေ အပြည့်ထည့်ထားတဲ့ အိတ်ကြီးတစ်လုံးကို မနိုင့်တနိုင်သယ်ပြီး ဘဏ်ထဲကို ဝင်လာပါတယ်။ အဲဒီဘဏ်ရဲ့ မန်နေဂျာက မြန်မာနိုင်ငံမှာမွေး မြန်မာနိုင်ငံမှာ ကြီးပြီး မြန်မာနိုင်ငံမှာပဲ ပညာတွေသင်သွားတဲ့ မြန်မာလူမျိုးစစ်စစ် ကိုသာထွေး… ပြောရရင်… သူတပါးတိုင်းပြည်မှာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလိုရာထူး ရာခံတွေ ခံစားနေရတော့ သူ့ကိုသူ အဟုတ်မှတ် ဘဝင်မြင့်ပြီး ဘယ်သူ့ကိုမှ ထီမထင်တဲ့ ဘဏ်မန်နေဂျာကြီးပေါ့… ခုဏက အမျိုးသမီးက ဘဏ်ရဲ့အင်ဖော်မေးရှင်း ကောင်တာကိုသွားပြီး […]


AKSAugust 28, 20101min07
ကိုယ့်ကိုကိုယ် အရင်ပြင် တစ်ခါတုံးက အမျိုးသမီးတစ်ယောက်က သူ့သားလေးကို လက်ဆွဲပြီး ဂန္ဒီကြီး ဆီကို လာတယ်။ “ဂန္ဒီကြီး… ကျွန်မသားလေး က အချိုတွေ သိပ်စားတယ်။ ကျွန်မလဲပြောတာပဲ… မရဘူး။ ကလေးက စားမြဲ စားတာပဲ။ အဲဒါ ဂန္ဒီကြီး ဆုံးမပေးပါအုံး ဆိုပြီး လာပြောတယ်။ ဂန္ဒီကြီးက ပြုံးပြုံးရွှင်ရွှင်နဲ့ “နောက် တစ်လလောက် နေမှ ပြန်လာခဲ့” လို့ပြောလိုက်တယ်။ ဒီလိုနဲ့ တစ်လလောက်ကြာတော့ အဲဒီအမျိုးသမီး နဲ့ သူ ကလေး ပြန်ရောက်လာပြန်တယ်။ အဲဒီတော့မှ ဂန္ဒီကြီးက ကလေးကို ကြင်နာစွာနဲ့ကြည့်လိုက်ပြီ း “သားလေး… အချိုတွေ သိပ်မစားနဲ့” လို့ ရိုးရိုးလေးပဲပြောလိုက်တယ် ။ အဲဒီတော့ ကလေးလေး က ရွှန်းရွှန်းစားစား ပြန်ကြည့်ပြီး “ဟုတ်ကဲ့” […]


etoneAugust 26, 20101min05
ကြယ်တွေ ကြွေလိုက်တာနော်..” ကောင်လေးက ပက်လက်လှန်ကာ ကောင်းကင်ကြီးကို ကြည့်နေရင်း ပြောသည်။ “အင်း.. ကြယ်တွေ ကြွေတုန်း ဆုတောင်းရင် ပြည့်တယ်တဲ့” ဒူးကလေးပိုက်ကာ ထိုင်နေသော ကောင်မလေးက ပြောလိုက်သည်။ “နင်က ဘာဆုတောင်းမှာလဲ” ကောင်လေးကမေးလိုက်သည်။ “ငါလား ပိုက်ဆံတွေ အများကြီး လိုချင်တယ်။ ထီပေါက်ရင် ကောင်းမယ်နော်” “အင်း ဒါပဲလား” “ပြီးတော့ ငါလျှောက်ထားတဲ့ ကျောင်းကိုလည်း ရချင်တယ်။ စာတွေ အများကြီး ဆက်သင်ချင်တယ်” “ဒါပဲလား” “ဟင့်အင်း… ဒါဘယ်ကမလဲ။ ငါ့ဖေဖေနဲ့မေမေကို အသက်အရှည်ကြီး နေစေပြီး ငါက ကျေးဇူးဆပ်ချင်တယ်” “ဒါပဲလား” “ပြီးတော့ ကမ္ဘာအနှံ့ လျှောက်လည်ချင်တယ်။ နေရာတကာ ရောက်ဖူးချင်တယ်” “ဒါပဲလား” “မပြီးသေးဘူး။ ဖြစ်နိုင်ရင် ငါကလေ ဒီ့ထက် ပိုပြီး ချောချင်လှချင်သေးတယ်။ […]


etoneAugust 25, 20101min01
ဘဝ ဆိုတာ လေနဲ့ လှိုင်းတို့ သယ်ဆောင်ရာကို မျောချင်ရာ မျောနေတဲ့ ရေပြင်ပေါ်က ရွက်လှေမဟုတ်၊ တိကျတဲ့ ရည်မှန်းဦးတည်ချက် တစ်ခုတည်းကို အရှိန်ဟုန်နဲ့ ခုတ်မောင်းနေတဲ့ သံလမ်းပေါ်က ရထားတစ်စီး။ # ကျွန်ုပ်တို့ အတွက် အဓိက လိုအပ်ချက် နှစ်ခုရှိတယ်။ တစ်ခုက ခြေချစရာ သံလမ်းတစ်ခု၊ နောက်တစ်ခုက ခရီးအတွက် လိုအပ်တဲ့ လောင်စာ။ # တစ်ခါတစ်ရံမှာ သာယာစိုပြေတဲ့ တောအုပ်တွေကို ဖြတ်သန်းရသလို တစ်ခါတစ်ရံမှာ ခါးသီး ခြောက်သွေ့တဲ့ ကန္ဒာရတွေကိုလည်း ဖြစ်သန်းရမယ်။ ဒါပေမယ့် စိုပြေနေချိန်မို့ ခဏနားနေလို့ မရသလို၊ ခါးသီးနေချိန်တွေကို မြန်မြန်ကျော်လွန်လို့မရဘူး။ ကြုံတွေ့ရသမျှ ကောင်းခြင်း ဆိုးခြင်းတို့ကို သင်ခန်းစာယူရင်း နဲ့ နောက်ဆုံး ရည်မှန်းချက် မရောက်မချင်း မှန်မှန် ခုတ်မောင်းရမှာပဲ။ […]


cobraAugust 25, 20101min07
မန်မာပြည်မှာ မွေးပါသည်။ အသက်သာ ၃၅ နှစ် ကျော်လာပြီ၊ ကိုယ့်မြေ ကိုယ့်ရေကနေ ပြင်ပကမာ္ဘကို တခါမျှ ခြေတလှမ်း မချဘူးသေးပါ။ စိတ်ထဲက နိုင်ငံခြားရောက်ဖူးချင်နေတာ ကြာပါပြီ။ ဒါပေမယ့် နိုင်ငံခြားသွားရကိန်း ရှိလားလို့ ဗေဒင် တခါမျှ မမေးဘူးခဲ့ပါ။ ဟော … သွားရမယ်ဆိုတော့လည်း မခက်သလိုပါပဲလား။ ပတ်စ်ပို့က လက်ထဲရောက်လာပြီ။ သွားရမှာက အသားဖြူ၊ နှာတံရှည်ရှည် မျက်လုံးပြာတို့ရဲ့ဒေသ အနောက်တိုင်းတော့ မဟုတ်ပြီ။ နီးနီးနားနား အိမ်နီချင်း ထိုင်းနိုင်ငံကိုပါ။ နိုင်ငံရဲ့ထိပ်တန်းတက္ကသိုလ်ကြီးအဖြစ် ထိုင်းလူမျိုးများ အသိအမှတ်ပြုထားတဲ့ မြို့တော်ဘန်ကောက်က ချူလာလောင် ကွန် ဘုရင့်တက္ကသိုလ်ကြီးတွင် ပညာဆည်းပူးခွင့်ရရန် မျှော်လင့်ချက်ဖြင့် ဖွင့်ကာစ အာရှရဲ့ အကြီးဆုံး နိုင်ငံတကာ လေဆိပ်ကြီးဖြစ်တဲ့ သုဝဏ္ဏဘူမိ (ထိုင်းတွေက ပါဠိ အက္ခရာ အသံထွက်အတိုင်း […]


cobraAugust 25, 20101min05
သူခိုးမောင်မောင် တစ်ယောက် ခိုးရာပါ ပစ္စည်းတွေ ဖျောက်ဖျက်ဖို့ ပျောက်ချက် သားကောင်း နေရာကနေ ရုတ်တရက် ပေါ်ထွက်လာတော့ ကျုပ်မှာ ဆေးပေါ့လိပ်ပါ လွတ်ကျမတတ် လန့်ဖျပ်သွားရ ပါပေါ့ဗျား။ အယုတ္တ အနတ္တ လေပုပ်လေပွ မီဒီယာ လောကမှာ FTUB ပျောက်နေတာ ကြာခဲ့ပြီ မဟုတ်လား။ သို့သော် မြန်မာ့ ကျောက်မျက် ရတနာ လုပ်ငန်းမှာ ကတည်းက ခိုးလက်စလေး ရှိခဲ့ဖူးတဲ့ မောင်မောင်ရဲ့ အကြောင်း ကောင်းကောင်း သိပေလို့သာ ပျောက်တာကို နားလည် ပေးနိုင်ခဲ့တာဗျ။ တစ်နေရာ တစ်ချောင်ဝင် ခွင်တစ်ခွင် မိနေမှာ ပေါ့လေ ဆိုပြီးတော့ပေါ့။ မောင်မောင် တစ်ယောက် စပေါ် လာကတည်းက တစ်လွဲတွေနဲ့ စခဲ့တာကလည်း ဟာသပဲဗျို့။ လွဲဆို ဘယ်ကရ လာတဲ့ […]


cobraAugust 25, 20101min04
မနေ့ညက အဆောင်ရှေ့ က ခုံမှာ အေးအေးလူလူ နဲ့ စာ ဖတ်နေတုန်း……ဘေးနား ကို ကလေး တစ်ယောက် ရောက်လာတယ်…။ လူကောင်ကသေးတော့ ကလေးလေးလို ဖြစ်နေတာ ပါ….။ အသက်ကတော့  ၁၃ နှစ် ရှိပြီတဲ့…။ ကျနော့ ညီလေး အရွယ်ပေါ့…။ ကျနော့်ညီလေး က ၈ တန်းတက်နေရပြီ…။ ဒီ က လေးက ဘေး နား က  ရွှေညီကို လက်ဖက်ရည်ဆိုင်က စာပွဲထိုးကလေးပါ….။ ” အကိုကြီး …ဘာလုပ်နေတာလဲ ” မေးတော့ ကျနော် က…စာဖတ်နေတာညီလေး….ဆို ပြီး ပြန်ပြော ဖြစ်ပါတယ်…။ ဒီ ကလေး ကို ကျနော် ချစ်ပါတယ်…။ ဘာလို့လဲ ဆိုတော့ ကျနော့ ညီ […]


cobraAugust 25, 20101min00
စောင့်မယ် “ ရှင့်ကို ကျွန်မ မချစ်နိုင်ဘူး “ “ မင်းက မချစ်ပေမဲ့ ကိုယ်ကချစ်တယ်လေ … ကိုယ်ကဘောလုံးသမားပဲ အားကစား စိတ်ဓာတ်အပြည့်ရှိတယ် … သည်းခံနိုင်တယ် … ဇွဲကောင်းတယ် “ “ ရှင်းရှင်းပြောမယ်ရှင် .. ကျွန်မမှာ ချစ်သူရှိတယ် “ “ ကိုယ်ကလည်း ပွင့်ပွင့်လင်းလင်း ပြောရတော့မှာပေါ့ … ဘောသင်းထဲမှာ အရန်အဖြစ်နေခဲ့တာ (၃) နှစ်ရှိပါပြီကွာ “ ဖြစ်မှဖြစ်ရလေ တစ်ခါက သစ်ပင်ကိုင်းဖျားကနေ ပြုတ်ကျလာတဲ့ကြောင်ကို မြင်လိုက်ရတဲ့ ပိုင်ရှင်က “ အို .. သေတော့မှာပဲ … ကယ်ကြပါဦးရှင် “ ဆိုပြီး အကူအညီတောင်းလိုက်တယ် .. အဲဒီအချိန် အပြေးလေ့ကျင့်ရင်း ဖြတ်လာတုန်းဆုံမိတဲ့လူက “ […]


cobraAugust 25, 20101min01
မေမေ…..မေမေ…. မေမေ.. မေမေရေ သားက မေမေ့ ကလေးပါ။ ဪ .. မေမေကတော့ သားကိုဘယ်သိရှာမှာတုံး ။သားက အခုမှ သုံးပတ်ပဲရှိသေးတာကို ..။ စိတ်မပူပါနဲ. မေမေရယ် .. နောက်တော့ သားကိုမေမေ တွေ.လာမှာပါ ။ မေမေ့ကိုလေ သားအကြောင်းလေးကို သားကိုယ်တိုင် နဲနဲပြောပြချင်တယ် .. နားထောင်ပေးနော် မေမေ။ သားနာမည်က မိုးမိုးလို.ခေါ်တယ် မေမေရဲ.။ သားမှာလေ မျက်ခုံးလှလှလေးတွေရှိတယ်.. နက်မှောင်တဲ့ ဆံပင်ကောက်ကောက်လေးတွေ ှရှိတယ်။ အခုတော့ သားမှာမရှိသေးဘူးပေါ့ .. ဒါပေမယ့် သားမွေးလာရင် တော့ရှိလာမှာ မေမေရဲ. ။ သားမွေးလာရင်လေ .. သားက မေမေ့ရဲ. တစ်ဦးတည်းသော သားလေးဖြစ်လာမှာ ။ “ဒီသားအမိနှစ်ယောက် အကဲကိုပိုလွန်းတယ်” လို. မေမေနဲ. […]


etoneAugust 25, 20101min01
တစ်ခါတုန်းက ………….. စေတန်နတ်ဆိုးဟာ သူ့ရဲက အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ၏လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချရန်အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်သည်…။ နတ်ဆိုးသည် ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးများကပ်ကာ ရောင်းချဖို့ပြသထားသည်..။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တို့ဖြစ်သည်..။ သို့သော်..ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ ၊ ကိုင်တွယ်သူအတွက်လည်း အန ္တရာယ်ရှိပုံမရသည့် သပ်ပုံသဏ္ဌာန်ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၎င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင်ကြီးမားနေသည်..။ […]


cobraAugust 24, 20101min01
တစ်နေ့ထက်တစ်နေ့ တိုးတက်လာတဲ့ ကမာ္ဘကြီးမှာ နည်းပညာဆိုင်ရာ တိုးတက်မှုတွေနဲ့ အတူ အချက်အလက် စုဆောင်းထားရှိမှု ကလည်း တိကျခိုင်မာလာပါတယ်။ အဲဒါနဲ့ ပတ်သတ်တဲ့ ဟာသလေးတစ်ခုကို forward mail တစ်ခုရလို့ မြန်မာမှု ပြန်ပြုထားပါတယ်.. ၂၀၂ဝ မှာဖြစ်လာမယ့် ဝန်ဆောင်မှုကို သိချင်တယ်ဆိုရင် အော်ပရေတာ။ “ကျနော်တို့ ဆိုင်ကို ခေါ်ဆိုမှုအတွက် ကျေးဇူးတင်ပါတယ်။ ခင်ဗျားရဲ့ …” စားသုံးသူ။ “ဟဲလို…. ကျွန်တော် မှာစရာရှိ…” အော်ပရေတာ။ “ဆရာရဲ့ စွယ်စုံသုံးကဒ် နံပါတ်လေး သိခွင့် ရှိမလား ခင်ဗျာ..” စားသုံးသူူ။ “အဲဒါ..အာ. ခဏ.. ၈၈၉၈၃၆၄၈၅၀၃၇၂၆၂၉ ၂၃၇၂ -၄၈၈ -၄၂၇၂ …” အော်ပရေတာ။ “ဟုတ်ကဲ့ပါ ဦးတင်ရွှေ ခင်ဗျာ.. ဆရာ့ရဲ့ အိမ်လိပ်စာကတော့ ၂၃ […]