cobraAugust 24, 20101min06
မနေ့ညက အဆောင်ရှေ့ က ခုံမှာ အေးအေးလူလူ နဲ့ စာ ဖတ်နေတုန်း……ဘေးနား ကို ကလေး တစ်ယောက် ရောက်လာတယ်…။ လူကောင်ကသေးတော့ ကလေးလေးလို ဖြစ်နေတာ ပါ….။ အသက်ကတော့  ၁၃ နှစ် ရှိပြီတဲ့…။ ကျနော့ ညီလေး အရွယ်ပေါ့…။ ကျနော့်ညီလေး က ၈ တန်းတက်နေရပြီ…။ ဒီ က လေးက ဘေး နား က  ရွှေညီကို လက်ဖက်ရည်ဆိုင်က စာပွဲထိုးကလေးပါ….။ ” အကိုကြီး …ဘာလုပ်နေတာလဲ ” မေးတော့ ကျနော် က…စာဖတ်နေတာညီလေး….ဆို ပြီး ပြန်ပြော ဖြစ်ပါတယ်…။ ဒီ ကလေး ကို ကျနော် ချစ်ပါတယ်…။ ဘာလို့လဲ ဆိုတော့ ကျနော့ ညီ […]


etoneAugust 24, 20101min04
တစ်ခါက အာရပ်ကုန်သည် တစ်ဦးတွင် သန်မာလှပသော မြင်းတစ်ကောင်ရှိသည်။ ထိုမြင်းသည် တစ်နေ့အတွင်း မိုင်ပေါင်းများစွာ ခရီးတွင်နိုင်သောကြောင့် ကုန်သည်မှာ အလွန်မြတ်နိုးခဲ့သည်။ ကုလားအုတ်တစ်ကောင် ပိုင်ဆိုင်ထားသော ဒုတိယကုန်သည် တစ်ဦးက အပြေးသန်သော ထိုမြင်းကို မျက်စိကျခဲ့သည်။ တစ်နေ့တွင် သူသည် မြင်းပိုင်ရှင်အား ကုလားအုတ်နှင့်မြင်း လှဲလှယ်ရန် စကားကမ်းလှမ်းခဲ့သည်။ မြင်းပိုင်ရှင်က ငြင်းဆန်ခဲ့သည်။ ဤမြင်းအား ရှိသမျှ စည်းစိမ်နှင့် လှဲမည်ဟု တောင်းဆိုပြန်သည်။ မြင်းပိုင်ရှင်က ဤမြင်းသည် မိမိဘဝအတွက် အကောင်းဆုံး အဖော်မွန်၊ မိမိအသက်ရှင်နေသရွေ့ မြင်းအား ဘယ်အရာနှင့်မျှ မလှဲနိုင်ဟု ငြင်းဆိုပြန်သည်။ ကုလားအုတ်ပိုင်ရှင်က မြင်းအား အလွန်နှစ်သက်မိသဖြင့် မြင်းအား ပိုင်ဆိုင်နိုင်ရန် အမျိုးမျိုး အကြံထုတ် လေတော့သည်။ တစ်နေ့တွင် သူသည် အဝတ်အစား အစုတ်အပြတ်ကို ဝတ်ဆင်လျှက် မြင်းပိုင်ရှင်လာရာလမ်း […]


etoneAugust 24, 20102min05
ဪ….မလျှောက်ဖူးတဲ့လမ်း အကြောင်းကို ဘယ်လိုနည်းနဲ့ သိနိုင်ပါ့မလဲနော်။ မရင့်ကျက်သေးတဲ့အရွယ်မှာ အထူးသဖြင့် ဆယ်ကျော်သက်တွေအရွယ်မှာ အဲလို တွေးတောဖူးတတ်ကြပေတယ်။ ဘယ်လိုနည်းနဲ့ သိနိုင်မလဲလို့ ကိုယ့်ကိုကိုယ် ပြန်မေးမိတိုင်း ကိုယ်တိုင်လျှောက်ကြည့်လို့ ပြန်ဖြေလေ့ရှိခဲ့တယ်လေ။ တကယ်ပဲ ကိုယ့်ကိုကိုယ် ယုံကြည်လို့ အဲလိုမျိုး ပြန်ဖြေမိတာလား၊ ပိုမိုတိကျတဲ့ အကြောင်းရင်းကို သိချင်နေလို့လား။ လူကြီးသူမတွေရဲ့ စကားက နားထဲမဝင်၊ လက်ခံနိုင်ဖို့မကြိုးစား၊ အယုံအကြည်မရှိ၊ ကိုယ့်ကိုကိုယ်သာ ပဲ့ကိုင်ရှင်ဖြစ်ချင်နေခဲ့တာပေါ့။ ဆယ်ကျော်သက်ဆိုတော့ ပြောရမှာခက်သားပဲ။ သူတို့ကို စတင်မိတ်ဆက်သူကတော့ ဆေးလိပ်ပေါ့။ တခါတလေ အရက်၊ ဘီယာတွေက စတင်မိတ်ဆက်သူ ဖြစ်တတ်ပါတယ်။ ဒီလိုနဲ့ မူးယစ်ခြင်းကို ခံစားတတ်လာတာပေါ့ဗျာ။ ဆေးလိပ်၊ အရက်၊ ဘီယာ ဘာမှမသုံးဘဲ မူးယစ်ဆေးဝါးသုံးနေတဲ့သူတွေလည်း ရှိတတ်ပါတယ်။ မိတ်ဆွေအပေါင်းအသင်း ပတ်ဝန်းကျင်အပေါ်မှာ မူတည်ပါတယ်။ မူးယစ်စေတတ်တဲ့ ဆေးဝါးတစ်ခုခုသုံးစွဲနေသူ တစ်ယောက်ကို […]


etoneAugust 24, 201020min02
ငါး ဆိုတဲ့နာမည်ဟာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်လောက်က နာမည်ကြီး မူးယစ်ဆေးဝါးဖြစ်ခဲ့ပါတယ်။ နံပါတ်ဖိုးပြီးရင် နံပါတ်ငါးဆိုသလို အရမ်းအရေးပါခဲ့လို့ လူသုံးများခဲ့ပါတယ်။ ဖက်စီဒိုင်း ဖက်စီဒိုင်း စွဲနေပြီ မဟုတ်လား ဆိုတဲ့ သီချင်းတောင်ပေါ်ခဲ့သေးတယ်ဆိုတော့ ဘယ်လောက်နာမည်ကြီးခဲ့တယ်ဆိုတာ သိကြမှာပါ။ ချောင်းဆိုးပျောက်ဆေးရည်တစ်မျိုးပေါ့ (cough medicine or linctus when in syrup form is a medicinal drug used in an attempt to treat coughing and related conditions.) မူးယစ်ဆေးဝါးတစ်ခုအဖြစ်သတ်မှတ်လိုက်ပြီနောက် အရမ်းဈေးကြီးပေးဝယ်ခဲ့ရတော့ စီးပွါးပျက်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့ပါတယ်။ ရောင်းဝယ်ဖောက်ကားသူတွေ ကြီးပွားချမ်းသာလာခဲ့တဲ့ ဆေးရည်ပေါ့ဗျာ။ စင်္ကာပူတို့၊ မလေးရှားတို့၊ ထိုင်းတို့မှာ တချို့မြန်မာတွေ ရောင်းဝယ်ဖောက်ကားရင်း စီပွားဖြစ်ခဲ့ကြပါတယ်။ […]


cobraAugust 21, 20101min03
အာရုဏ်ဦးမှာ မူးသည့်ငါ ” ဇာတ်ကားအား ဆန့်ကျင်ရှုံ့ချနေသူများအား ကန့်ကွက်ဆန့်ကျင်မှုများအပေါ် အပြစ်တင်ဝေဖန်သူများအား ဆန့်ကျင်ကန့်ကွက်မှုအပေါ် ကန့်ကွက်တားဆီးနေသူများအား လေးနက်စွာရှုံ့ချထုတ်ပြန်ကြေငြာ ချက်များ စာရေးသူ ၏ အမှာစာ။ ။ ယနေ့ အင်တာနက်မှ နိုင်ငံရေး စာမျက်နှာများအား တစ်စိုက်မတ်မတ် မရပ်မနား အနီးကပ်လေ့လာနေသော မျက်စိမှုန်သူများ ၏ သုံးသပ်ချက်အရ အာရုဏ်ဦးမှာမူးသည့်ငါ ဆိုသော ဓါတ်ရှင်ဇာတ်ကားကြီးသည် အတိတ် ကိုမှားယွင်းစွာဖေါ်ပြထားသော ထီလက်မှတ်များ မကြာခဏ ရောင်းချလေ့ရှိသည့် ကိုမြင့်သိန်း၏ မယားညီအကို သိန်းဝင်း ၏ ခယ်မ နွဲ့နွဲ့ကြည် ၏ လင်ပါသား ကျော်ဆန်းဦး ကဲ့သို့ပင် လွန်စွာ မှ အမှီးအမောက်မတဲ့ အမြင်မတော်လှပေ။ ထို့ကြောင့် ထိုဇာတ်ကား နှင့် ပါတ်သက်ပြီး ပြည်တွင်းပြည်ပ မှ အီမိုအဖွဲ့များအကြား ခံပြင်း […]


cobraAugust 20, 20101min02
အခုရေးမဲ့ စာပိုဒ်လေးကတော့ တက္ကသိုလ်ဦးစိန်တင် ရေးသားပြုစုခဲ့တဲ့ ချင်းအမျိုးသား ဗိုလ်ကြီးတိုက်ချွန်း၏ ဘဝဇာတ်ကြောင်း၊ တနည်းအားဖြင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်းကို ရေးသားခဲ့ရာမှာ ဗိုလ်ကြီးတိုက်ချွန်းနှင့် ဗိုလ်ချုပ်အောင်ဆန်းတို့ အမှတ်တမဲ့ တွေ့ဆုံခန်းလေးကို တင်ပြမှာပါ။ အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း အကြောင်း အစအဆုံး ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာမှာ download ယူသွားကြပါ။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အောင်ဆန်းသူရိယဗိုလ်တိုက်ချွန်း တို့ အမှတ်တမဲ့ တွေ့ဆုံခန်းကိုပဲ တင်ပြပေးမှာဆိုတော့ ဘာများထူးခြားမှုရှိလို့လဲလို့ မေးစရာ ရှိပါတယ်။ ဟုတ်ကဲ့ ပြောရမယ်ဆိုရင်တော့ မနှိုင်းကောင်း၊ နှိုင်းကောင်းလို့ပဲ ပြောရမှာပေါ့။ အင်းလေ နှိုင်းရအောင်ကလဲ နံ့သာဆီနဲ့ အီးလိုကွာတာကိုးဗျ။ ကျနော် ဘာကြောင့် ဒီလောက် စကားခံနေတယ်ဆိုတာ အောက်ကစာတွေ ဖတ်ကြည့်လိုက်ရင် သဘောပေါက်သွားမှာပါ။ ကျန်တာတော့ စာဖတ်သူလဲ ငနုံ ငအမှ မဟုတ်တာ ဆိုတော့ ပြောမနေတော့ပါဘူးနော်….။ […]


etoneAugust 20, 20101min04
လူတိုင်းသည် ကိုယ့်ဘဝကို အောင်မြင်ဖို့ကြိုးစားနေကြတယ် ဒါပေမယ့်လူတိုင်းမအောင်မြင်ကြဘူး ဘာကြောင့်လဲဆိုတော့ ကိုယ့်ဘဝကို ကိုယ်အရင်သိအောင်မလုပ်ကြဘူး၊ ကိုယ့်နဲ့သင့်တော်တဲ့အလုပ်၊ ကိုယ်ရရှိတဲ့ဝင် ငွေကိုလည်း မချိန်တွယ်မစဉ်းစားတတ်ဘူး။ အောင်မြင်လိုလျင်အချက်(၄)ချက်ကို အရင်ကြည့်ရအောင် — (၁) စဉ်းစားပါ– ဘာကိုစဉ်းစားရမှာလဲ ? အခုငါဘယ်ဘဝရောက်နေတာလဲ ? အခုငါသုံးနေတဲ့ငွေဟာ ငါ့ဘဝနဲ့ကိုက်ရဲ့လား? ငါ့အလုပ်ဝင်ငွေနဲ့ကိုက်ရဲ့လား? ငါ့ဘဝနဲ့သင့်တော်ရဲ့လားဆိုတာကိုပေါ့၊ (၂) ကြိုးစားပါ — ကိုယ်လုပ်နေတဲ့အလုပ်ကို ပျော်သည်ဖြစ်စေ မပျော်သည်ဖြစ်စေ ကိုယ်လုပ်ရတဲ့အလုပ်ကို ကြိုးကြိုးစားစားလုပ်ရတယ်၊ ကိုယ်တတ်နိုင်သလောက်ပေါ့ ၊ ကိုယ်ကသူများဆီမှာလုပ်ရသည်ဖြစ်စေ ကိုယ်ပိုင်ဖြစ်စေ ကြိုးစားဖို့လိုအပ်တယ် အဓိကကတော့ သူများအလုပ်ဆိုရင်ပိုပြီးတော့အရေးကြီးတယ်၊ ( ကြိုးစားသူအတွက်အခွင့်ရေးဟာ မလွဲမသွေရောက်လာမဲ့ အရာပါပဲ ) (၃) ယုံကြည်အောင်နေပါ — ကိုယ်ကအလုပ်သမားဖြစ်ဖြစ် အလုပ်ရှင်ဖြစ်ဖြစ် ကိုယ့်ရဲ့အကြီးအကဲ ကိုယ့်လက်အောက်ငယ်သားတွေရဲ့ယုံကြည်မှုကို ရဖို့လိုအပ်တယ် အဓိက၊ကတော့ ကိုယ်စိတ်ကိုကိုယ်က ယုံကြည်နေဖို့လိုအပ်တယ် […]


etoneAugust 20, 20101min02
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ ၊ လို ့ရွတ်ဖတ် မေတ္တာပို ့လေ့ ရှိတယ် ။ သူများလှည့်စားတာတွေ မခံကြရအောင်လို ့ မေတ္တာပို ့နိုင်ကြပေမဲ့ ကိုယ့် ဦးနှောက်က ကိုယ့်ကိုယ်ကိုယ် ပြန်လှည့်စား နေကြတာ ကိုတော့ ဘယ်လိုမှ မေတ္တာပို ့လို ့ မရဘူး လို့ ထင်ပါတယ် ။ ဘယ်လိုများ အလှည့်စားခံနေရတာပါလည်း ။ မျက်စိ နဲ့ ဦးနှောက် ကို နောက်အောင် လုပ်ချင်ရင် ၊ အာရုံတွေ ထွေပြား လှည့်စား ချင်ရင် အပျင်းပြေလေး စမ်းကြည့်ကြရအောင်လား … Oxford University မှ စမ်းသပ်ချက်တခု အရ ၊ ခံစားနေရတဲ့ နာကျင်ခြင်းဝေဒနာ ကို […]


etoneAugust 20, 20101min00
သူတော်ကောင်း တစ်ယောက်ဟာ တစ်ရက်တော့ ယမမင်းနဲ့ သွားတွေ့ပါတယ်တဲ့။ ကျွန်တော် မေးစရာ ရှိလို့ပါ။ ငရဲပြည်နဲ့ နတ်ပြည်ဟာ ဘယ်လို ကွာလဲသိချင်ပါတယ် လို့ မေးတော့ ယမမင်းဟာ သူတော်ကောင်းကို တံခါး နှစ်ချပ်ဆီ ခေါ်သွားပါတယ်။ တံခါးတစ်ချပ်ကို ဆွဲဖွင့် ပြလိုက်တဲ့အခါ အထဲကို သူတော်ကောင်းက လှမ်းကြည့်လိုက်တော့ မြင်ကွင်းက ရိုးရိုး ရှင်းရှင်းလေးပါပဲ။ အခန်းရဲ့ အလယ် ခေါင်မှာ စားပွဲဝိုင်းကြီး တစ်လုံး ရှိပြီး စားပွဲဝိုင်းကြီးရဲ့ အလယ်မှာ စားကောင်းသောက်ဖွယ် အိုးကြီးတစ်အိုး အပြည့် ရှိနေပြီး အနံ့တွေက မွှေးကြိုင်လွန်းလို့ အနံ့ရသူတိုင်းကို သွားရည်ယိုစေတာမို့ သူတော်ကောင်း လဲ သွားရည် ယိုမိ ပါတယ်တဲ့။ ဒါပေမယ့် စားပွဲဝိုင်းမှာ မရွေ့တမ်း ဝိုင်းထိုင်နေ ကြရတဲ့ လူတွေဟာ […]


introAugust 19, 20101min02
တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။ တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် […]


cobraAugust 19, 20101min04
· နိုင်ငံတကာသတင်းဆိုသည်မှာ CCTV ကိုဆိုလိုခြင်းဖြစ်သည်။ · အခြားနိုင်ငံမှ မိမိထံလာပါက “ဂါဝရပြုတွေ့ဆုံ”ရန်လာခြင်းဖြစ် ပြီး ၊မိမိကသွားရသူဖြစပ် ါက “သာွ း ရောက်တွေ့ ဆုံ” ဟုသုံးစွဲရသည်။ · သတင်းကြော်ငြာနေစဉ် နောက်မှလူတစ်ယောက်စ နှစ်ယောက်စ မှအလုပ်ရှုပ်ဟန်ဆောင်ပြရသည်။ (ဥပမာ ကျောပေး၍တောင်ခြစ်မြောက်ခြစ်လုပ်နေရန်) · နိုင်ငံခြားဇာတ်လမ်းဆိုသည်မှာ “တရုတ်” သို့မဟုတ် “ကိုရီးယား” ဇာတ်လမ်းများကို ကိုဆိုလိုခြင်း ဖြစ်သည်။ · နိုင်ငံတော်အကြးီ အကဲများသည် “လိုအပ်သညမ် ျားကြိုဖည့်စွကမ် ှာကြား၍ပြန်လည်ထွကခ် ွာ” သာွ းသူ များသာဖြစ်ကြသည်။ · ပြည်သူလူထုဆိုသည်မှာ “အဖြူနှင့်အစိမ်း” သို့မဟုတ် “အဝါရောင်ဝမ်းဆက်” သို့မဟုတ် “အပြာ ရောင်ဝမ်းဆက်” များသာ ဝတ်ဆင်ကြသည်။ · မြန်မာနိုင်ငံတော်သည် ကြီးမားလွန်းသဖြင့် နေ့မအားညမနား […]


Yin Nyine NwayAugust 19, 20105min01
စကား ကျွန်မတို့တွေဟာ နေ့တစ်ဓူဝ စကားတွေပြောဆိုကြရတယ်..။ မိသားစုအချင်းချင်းပြောကြတယ်..။ မိတ်ဆွေတွေနဲ့ပြောကြတယ်..။ လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဘက်တွေနဲ့ အချင်းချင်းနဲ့ပြောကြတယ်..။ ချစ်သူခင်သူတွေနဲ့လည်းအပြန်အလှန်ပြောကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ….ရင်းနှီးခွင့်တွေရတယ်..သိလိုတာတွေသိခွင့်ရတယ်..။ မိတ်ဆွေတွေတိုးပွားကြရတယ်..။ ချစ်သူတွေလည်းဆုံတွေ့ခွင့်ရခဲ့ကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ….ငြင်းခုံခွင့်တွေရကြတယ်..။ အယူအဆတွေဖလှယ်ခွင့်ရတယ်..။ စကားတွေပြောရင်းနဲ့ဘဲ…အမုန်းတွေပွားရတယ်…။ အရင်းနှီးဆုံးမိတ်ဆွေတွေကနေ..အမုန်းဆုံးသူတွေလည်းဖြစ်ကြရတယ်..။ စကားတွေကတော့ပြောနေကြတာဘဲ… စကားတစ်ခွန်းကြောင့်ဘဲ… စိတ်ချမ်းမြေ့မှုတွေရရှိသွားတယ်.. စိတ်ဓာတ်ခွန်အားတွေလည်းတိုးလာရတယ်.. ထောင်မတ်သွားတဲ့ ဘဝတွေလည်းရှိခဲ့တယ်..။ လက်လွတ်စပယ်ပြောလိုက်တဲ့..စကားတခွန်းကြောင့်.. တဘက်သားထိခိုက်နစ်နာရတယ်.. ဘဝတွေပျက်ကြရတယ်..။ စကားတစ်ခွန်းကြောင့်ဘဲ..စစ်မက်တွေဖြစ်ပွားရတယ်..။ စကားတွေပြောကြရင်းနဲ့ဘဲ..ငြိမ်းချမ်းရေးတွေတည်ဆောက်ခွင့်ရကြတယ်..။ စကားတွေပြောရင်းနဲ့ဘဲ.. နှုုတ်ဖျားလေးဟလိုက်ယုံနဲ့… အူဘယ်နှစ်ခွေရှိတယ် ဆိုတာသိနိုင်သလို… လျှာအရိုးမရှိတိုင်း လျှောက်ပြောနေတယ်… စကား..စကားပြောဖန်များ..စကားထဲကဇာတိပြ နှုတ်တစ်ရာ စာတစ်လုံး..ဆိုတာတွေကလည်း.. စကားတွေပြောရင်းရလာတဲ့ စကားပုံတွေဘဲလေ…။ စကားတွေကို… အပျင်းပြေပြောနေသင့်လား..။ စကားဆိုတာ… လိုအပ်မှရောမပြောသင့်ဘူးလား..။ စကားတွေကို.. ချင့်ချိန်ပြီးမပြောသင့်ဘူးလား..။ စကားတစ်ခွန်းမပြောခင်..ပြောသင့်ရဲ့လား.. ပြောခွင့်ရှိရဲ့လား... ပြောဘို့ရောလိုလို့လား....ဆိုတာ..စဉ်းစားမိကြလား..။ ကိုယ်ပြောလိုက်တဲ့စကားတွေကြောင့်…. ရလာတဲ့ရလာဒ်တွေကိုရော..ခံယူဘို့အသင့်ဖြစ်ကြပြီလား..? ကိုယ်ပြောလိုက်တဲ့ စကားကိုရော..တာဝန်ယူရဲကြရဲ့လား..? အပြောနဲ့အလုပ်ရောညီကြရဲ့လား..? ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်းကြောင့် ရလာတဲ့ […]


Yin Nyine NwayAugust 18, 20101min04
တစ်ခါက ဆိုကရေးတီး၏ တပည့်တစ်ဦးသည် သူ့ထံသို့ ပြေးလာပြီး “ဆရာ ထင်မှတ်မထားတဲ့ သတင်းတစ်ခု ပြောပြချင်တယ်” ဟူ ပျာပျာသလဲပြောသည်။ ဆိုကရေးတီးက “ ခဏနေဦး….အခုပြောမယ့် စကားကို ဆန်ကာသုံးခုနဲ့ စစ်ပြီးပြီလား” ဆိုကရေးတီး၏ ဆိုလိုချက်ကို သဘောမပေါက်သော တပည့်မှာ ခေါင်းခါပြသည်။ ဆိုကရေးတီးက ဆက်၍ “တစ်ခြားလူကို မပြောခင် ဆန်ကာသုံးခုနဲ့ အရင်စစ်ရတယ်…ပထမ ဆန်ကာကို စစ်မှန်တဲ့ ဆန်ကာလို့ခေါ်တယ်။ ငါ့ကို ပြောမယ့် သတင်းက အမှန်လား” “မှန်မမှန် ကျွန်တော်လဲ မသိဘူး….လူတွေပြောတာ ကြားလိုက်လို့” “မှန်တယ် မမှန်ဘူးဆိုတာကို မသိရင် အဲဒီ သတင်းကို ဒုတိယဆန်ကာနဲ့ စစ်ကြည့်…. ငါ့ကိုပြောမယ့် သတင်းက အကောင်းလား” “မဟုတ်ဘူး” “ဒီလိုဆိုရင် တတိယဆန်ကာနဲ့ ပြန်စစ်ကြည့်… ငါ့ကို အရမ်းပြောပြချင်နေတဲ့ […]