etoneAugust 18, 20101min00
ပထမ လက်သီး…။ <http://zaw357.multiply.com/journal/item/624> တစ်ခါက… Moshi Yono ဆိုတဲ့ ကောင်မလေး တစ်ယောက်ဟာ ကျောင်းပြီးလို့ လုပ်ငန်းခွင်ဝင်ပြီး နှစ်လလောက် ကြာတော့ သူ ထူးထူးခြားခြား လူတစ်ယောက်ကို သတိထားမိတယ်..။ အဲဒီလူက လက်ဝှေ့သမား…။ ယိုနို တို့ ကုမ္ပဏီက စိတ်ဝါတ်ကျနေသူများကို စိတ်ဓါတ်ပြန်လည် မြှင့်တင်ပေးရသော ကုမ္ပဏီ။ အလုပ်သမား ၊ အလုပ်ရှင် ၊ ကုမ္ပဏီပိုင်ရှင် ၊ သူဌေး ၊ နိုင်ငံရေးသမား အစရှိသဖြင့် လူမျိုးစုံတယ်.။ သူတို့တွေ တစ်ယောက်ပြီးတစ်ယောက် ကုမ္ပဏီက စိတ်ဓါတ်မြှင့်တင်ရေး လေ့ကျင့်ခန်းတွေကို လုပ်ပြီး အဆင်ပြေစွာ ထွက်သွားကြပြီ..။ လက်ဝှေ့သမား Hozumi Hasegawa (ဟိုဇုမိ ) <http://www.edwinvalero.net/wordpress/wp-content/uploads/2009/07/hasegawa.h.png> ကတော့..ကျန်နေစမြဲ..။ ဒီလိုနဲ့..ယိုနို လက်ဝှေ့သမား ဟိုဇုမိ […]


yarxarAugust 17, 20101min01
ဒီနေ့မနက် သူမျက်စိနှစ်လုံးပွင့်ကတည်းက စိတ်ထဲမှာလေးနေသည်။ စိတ်ထဲမှာ ညည်းစီစီ။ အင်းပေါ့.. ဒီနေ့ ခရီးထွက်ရမည်ပဲ။ စိတ်ထဲမှာ ခပ်မှိုင်းမှိုင်းအရောင်တွေက ကြီးစိုးနေသည်။ အိပ်ရာက ချက်ချင်းမထသေး။ အိပ်ရာဘေးက Laptop ဖြင့် သီချင်းတပုဒ်ကို ဖွင့်လိုက်သည်။ John Denver ရဲ့ Leaving on a Jet Plane သီချင်း။ သီချင်းသံကလေးက လွမ်းမောဖွယ် ညိမ့်ညိမ့်လေး နားထဲကို တိုးဝင်လာသည်။ All my bags are packed I’m ready to go I’m standin’ here outside your door I hate to wake you up to say […]


etoneAugust 17, 20101min02
ဒီနိုင်ငံက သက်ကြီးရွယ်အို”အနန္တဂိုဏ်းဝင် ကျေးဇူးရှင်”၊ “ကြီးသူကို ရိုသေ၊ ငယ်သူကို သနား၊ ရွယ်တူကို လေးစား” …စတဲ့ အဆုံးအမတွေနဲ ့ ကြီးပြင်းခဲ့ရသူ၊ လိုက်နာခဲ့ရသူ ကျွန်မလို မြန်မာလူမျိုး တယောက် အတွက် ဒိနိုင်ငံက သက်ကြီးရွယ်အိုတွေရဲ့ ဘဝကို တွေ ့တိုင်း၊ မြင်တိုင်း၊ ကြားတိုင်း ရင်ထဲမှာ နင့်နင့်သီးသီး ဆို ့ဆို ့နင့်နင့် ခံစားရမြဲ။ ဆင်းရဲချမ်းသာမှ ုတွေကြား ဘယ်အရာကများ လစ်ဟင်းပျောက်ကွယ်နေလဲလို ့ မဆုံးနိုင်မေးခွန်းတွေနဲ ့လုံးလည်လိုက်စမြဲ။ မြင်ကွင်း(၁) လူစည်ကားသော ဘူတာရုံတွေမှာ အဖိုးအိုကိုတွေ ့ရတတ်သည်။ အကျင်္ီဗလာ ဘောင်းဘီတိုနဲ ့ဘာဂျာကို အဆက်မပြတ်မှ ုတ် ဘောလုံးလေးကစားပြရင်း ထမင်းတလုတ်အတွက် ပိုက်ဆံရှာရသူ။ အသက် ခုနှစ်ဆယ်ကျော်လောက် အရွယ် ဘယ်လောက်ကျန်းမာသည် […]


Yin Nyine NwayAugust 15, 20101min05
ရိုးရိုးလေးပါ… တစ်ခါက ကုမ္ပဏီတစ်ခုမှာ အလုပ်လာလျှောက်သူတစ်ဦးဟာ ဝရန်တာမှာကျနေတဲ့ အမှိုက်တစ်စကို ကောက်ပြီး အမှိုက်ပုံးထဲ ထည့်ခဲ့တယ်။ ဒါကို အနားကဖြတ်သွားတဲ့ အရာရှိက တွေ့သွားပြီး သူ့ကို အလုပ်ခန့်လိုက်တယ်။ တစ်ခြားသူ သတိထားနှစ်သက်ဖို့ရာ လွယ်ပါတယ်။ ကောင်းတဲ့အကျင့်ကို မွေးမြူတတ်ဖို့ပဲ လိုတယ်။ (ဟုတ်တယ်..အဲဒီစိတ်ကလေး မွေးသင့်ပါတယ်) ကလေးတစ်ယောက်က အမေကို “မေမေ ဒီနေ့အရမ်းလှတာပဲ” လို့ပြောတော့ အမေက “ဘာဖြစ်လို့လဲ” လို့ ပြန်မေးခဲ့တယ်။ “မေမေ ဒီနေ့စိတ်မတိုလို့” လို့ ကလေးက ပြန်ဖြေခဲ့တယ်။ လှပဖို့ရာ လွယ်ပါတယ်။ စိတ်မတို၊ စိတ်မဆိုး၊ ဒေါသမထွက်ဖို့ပဲလိုတယ်။ (ကိုယ်.. လိုက်နာမှ ဖြစ်မယ်။ ထစ်ကနဲဆို ..စိတ်က ဆိုး စိတ်လိုက်မာန်ပါလုပ်မိလို့.. ) အမြဲတမ်း မီးတွေနဲ့ထိန်လင်းနေတဲ့ ဆိုင်တစ်ဆိုင်ရဲ့ သူဌေးကို လူတစ်ယောက်က […]


etoneAugust 14, 20101min08
တစ်နေ့မှာတော့ ကျွန်တော်ဟာ ရန်ကုန်မြို့ထဲကနေ အင်းစိန်ကို တက္ကစီကားလေး တစ်စီးငှားပြီး ပြန်လာခဲ့ ပါတယ်။ တက္ကစီကားသမားက စိတ်မရှည်တဲ့အတွက် လမ်းခုလတ်မှာ ကားတိုက်ဖို့ သုံးခါကြုံခဲ့ရပါတယ်။ သုံးခါစလုံး တစ်ဘက်ကားသမားတွေက မှားတာမဟုတ်ဘဲ ကျွန်တော်စီးလာတဲ့ ကားသမားကဘဲ ဒိုင်ခံ မှားတာ ဖြစ်ပါတယ်။ ပထမတစ်ခါကတော့ မီးပွိုင့် မီးနီခါနီးကို အတင်းလုဖြတ်ပြီး မောင်းတဲ့အတွက် တစ်ဖက်ကလာတဲ့ ကားနဲ့ ခေါင်းချင်းဆိုင် တိုက်မလို ဖြစ်သွားတာပါ။ ဒုတိယတစ်ခါကတော့ ကားလမ်း ပြင်နေတဲ့ လမ်းဘေးက မြူနီစီပယ် အလုပ်သမားတွေကို တိုက်မိမလို ဖြစ်သွားတာပါ။ တတိယနဲ့နောက်ဆုံးတစ်ခါကတော့ ရှေ့ကသွားနေတဲ့ ဆိုက္ကားကို တိုက်မိမလို ဖြစ်သွားတာပါ။ လီဗာကို တအားဖိနင်းလိုက်၊ ဘရိတ်ကို ဆောင့်နင်းလိုက်နဲ့ စိတ်မရှည်စွာ ဆဲဆိုကြိမ်းမောင်း မြည်တွန်တောက်တီးပြီး မောင်းနေတဲ့ ကားသမားရဲ့ကားကို စီးပြီး ကျွန်တော် […]


etoneAugust 13, 20101min00
အခြေခံလောကကြီးမှာ လူတော်တွေ များပါတယ်။ လူကောင်းတွေလည်း ရှိပါတယ်။ တော်လည်းတော်၊ ကောင်းလည်း ကောင်းတဲ့ လူတော် လူကောင်းကတော့ ရှားတယ်။ တချို့က သိပ်တော်သိပ်ချွန်တယ်။ ဒါပေမယ့် စိတ်ထား မကောင်းဘူး။ စိတ်ထား ယုတ်ညံ့သူ သိပ်တော်သိပ်ချွန်လေ ကြောက်စရာ ကောင်းလေပဲ။ဉာဏ်နီ ဉာဏ်နက်တွေ ကောက်ကျစ် စဉ်းလဲမှုတွေအလွန်များပြီး တစ်ဖက်သားကို နောက်ကျော ဓားနဲ့ထိုးဖို့ အတွက် လောက်ပဲချောင်းနေတတ်တယ်။ ဘယ်သူ သေသေ ငတေမာပြီးရော ဆိုတဲ့ စိတ်သဘောလည်း ရှိတတ်တယ်။ ဒီလူစားမျိုးက မိတ်ဆွေ ဆိုတာလည်း ထားလေ့ မရှိဘူး။ အကျိုးတူ ပူးပေါင်း ဆောင်ရွက်တဲ့ အပေါင်းအဖော် ဆိုတာမျိုးပဲ ရှိတယ်။ အကျိုးရှိနေတုန်း ပေါင်းမယ်။ အကျိုး မရှိတော့ဘူး ဆိုတာနဲ့ ခွာပစ်လိုက်မယ်ပဲ။ ဘယ်လို ကိစ္စမျိုးမဆို သူတို့က […]


etoneAugust 12, 20101min01
(၁) မိန်းမတစ်ယောက်ကို ချစ်မိတဲ့အခါ တခြား ဘယ်လို ခံစားချက်မျိုး ကို ပူးတွဲ ခံစားရလေ့ ရှိပါသလဲ။ အချစ်ရဲ့နောက်မှာ တခြားခံစားမှု တစ်ခုခုလည်း ပူးတွဲ ဖြစ်တည် လာတတ်သည်ဟု ကျွန်တော် ထင်သည်။ ဥပမာ လေးစားမှု၊ သနားကရုဏာ စသဖြင့်ပေါ့…။ ကျွန်တော် ကတော့ သူမကို ချစ်သည့် အချစ်နှင့်အတူ မနာလိုမှုကို ပါ ပူးတွဲခံစားရပြီး ကိုယ့်ကိုယ်ကိုလည်း သိမ်ငယ်စိတ်တွေ ဝင်ခဲ့ရသည်။ ကျွန်တော့်ကို အဲဒီလိုဖြစ်အောင်လုပ် သည့် တရားခံကတော့ သူမကိုယ်တိုင်ပဲ ဖြစ်သည်။ တကယ်ဆို သူမ သိပ်တော်နေ ဖို့ မကောင်းပါ။ မိန်းမဆိုတာ နည်းနည်းလေးတော့ ညံ့ဦးမှပေါ့။ ဒါမှလည်း ကျွန်တော်တို့ ယောက်ျားတွေမှာ ဖေးမခွင့်ရနိုင်သည်။ ကိုယ့်ထက် ညံ့သည့် မိန်းမတစ်ယောက်ကို ဖေးမကူညီ […]


လင်းဝေAugust 12, 20101min01
မြန်မာပြည်ကြီးမှာ ပိုက်ဆံလေးလက်ထဲရှိနေတဲ့သူတွေ အများစုက ဟိုဟာကောင်းတယ်ဆိုလိုက်လုပ် ဒီဟာကောင်းတယ်ဆိုလိုက်လုပ် လုပ်တတ်ကြလွန်းလို့ ပုံပြင်လေးကို တင်ပေးလိုက်တာပါ။ မြန်မာပြည်မှာ ပိုက်ဆံလေးလက်ထဲရှိနေသူတွေရဲ့ ၅ဝရာခိုင်နှုန်းလောက်က ပြည်သူ့ပိုက်ဆံတွေကို မတရားခိုးစားထားတဲ့ ကျွန်စုတ်တွေ သူခိုးတွေ ဆိုတော့ ဦးဏှောက်မရှိတာတော့ ပြောမနေပါနဲ့တော့။ ကဲ ပုံပြင်လေး ဖတ်ကြည့်ကြပါဦး။ တစ်ခါတုန်းက ရွာတစ်ရွာမှာ မိဘမဲ့နေတဲ့ ကောင်လေးတစ်ယောက်ရှိတယ်။သူကအရမ်းအပျင်းထူတဲ့အတွက် တစ်ရွာလုံးက သူ့ကိုငပျင်းဆိုတဲ့နာမည်ကိုပဲခေါ်ကြတယ်။ မိဘကလည်းမရှိလေတော့ အရမ်းဆင်းရဲတာပေါ့။ သူ့ကို ရွာသားတွေက သနားပြီး နွားကျောင်းတဲ့ အလုပ်ကိုခိုင်းသတဲ့။ နောက်ပြီး ပိန်ခြောက်နေတဲ့ နွားလေးတစ်ကောင်ကိုလည်း သူ့ကိုလက်ဆောင်ပေးသေးတယ်။ ဒီလိုနဲ့ ငပျင်းဟာ ရွာပြင်ထွက်ပြီး ရွာထဲကနွားတွေကို ကျောင်းပေးလိုက်တာ တဖြည်းဖြည်းနဲ့ ရွာသားတွေရဲ့နွားတွေကပိန်ခြောက်လာပြီး သူ့နွားပိန်လေးက ဝဖီးလာတယ်။ ဒါနဲ့ ရွာသားတွေကမကျေနပ်လို့ လိုက်ခြောင်းကြတော့ ငပျင်းဟာ စားကျက်ထဲရောက်တာနဲ့သူ့နွားကလွဲရင် ကျန်တဲ့နွားတွေကို သစ်ပင်ရိပ်မှာချည်ပြီး သူကအိပ်နေတယ်။ညနေရောက်မှ […]


khinmintatthuAugust 11, 20101min01
မူကြိုကျောင်းတစ်ကျောင်းမှာရှိ တဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကို ရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာ ပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာမူတည်နေတယ်။ နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။ ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ […]


JuemyitAugust 11, 20101min00
သူငယ်ချင်းတစ်ယောက်ရဲ့ FWD Mail လေးကို အားလုံးအတွက် ပြန်လည်မျှဝေလိုက်ခြင်းပါ။ ကလေးပုံပြင်စာအုပ်ထဲက ပုံပြင်တစ်ပုဒ်က ဒီလိုဆိုပါတယ်။ ဖျားနာနေတဲ့အဘွားကို သေမင်းလာခေါ်တော့မယ်ဆိုတော့ မြေးတွေကအဘွားကို သေမင်းလက်ထဲ မထည့်ရက်ဘဲ အချိန်ကိုဆွဲနိုင်သမျှ ဆွဲထားလိုက်တယ်။ ဒီသေမင်းက ကျွန်တော်တို့ထင်သလောက် ကြောက်စရာမကောင်းခဲ့ဘူး။ ဒီသေမင်းက ဖော်ရွေတယ်။ မြေးတွေကို သူက ပုံတစ်ပုဒ်ပြောပြပါတယ်။ “ရှေးရှေးတုန်းက ဝမ်းနည်းခြင်းနဲ့ငိုကြွေးခြင်း ဆိုတဲ့ညီအစ်ကိုနှစ်ယောက်နဲ့ ပျော်ရွှင်ခြင်းနဲ့ရယ်မောခြင်းဆိ ုတဲ့ ညီအစ်မနှစ်ယောက်ရှိခဲ့တယ်။ တစ်နေ့မှာ ညီအစ်ကိုနှစ်ယောက်နဲ့ ညီအစ်မနှစ်ယောက်တွေ့ဆုံပြီး ချစ်ကြိုက်ခဲ့ကြတယ်။ ချစ်ကြိုက်ပြီး မင်္ဂလာပွဲကျင်းပခဲ့တယ်။ ဝမ်းနည်းခြင်းက ပျော်ရွှင်ခြင်းနဲ့ လက်ထပ်ခဲ့တယ်။ ငိုကြွေးခြင်းက ရယ်မောခြင်းနဲ့ လက်ထပ်ခဲ့တယ်။ သူတို့ဟာ အိုမင်းတဲ့အထိ နေထိုင်ကြပြီး ဝမ်းနည်းခြင်းသေဆုံးတဲ့နေ့ ပျော်ရွှင်ခြင်းလဲလိုက်သေတယ်။ ငိုကြွေးခြင်းသေဆုံးတဲ့နေ့ ရယ်မောခြင်းလည်း လိုက်သေတယ်…” မြေးလေးတွေက သေမင်းရဲ့ပုံပြင်ကိုနားထောင်ပြီး ခံစားချက်တစ်မျိုးပြောင်းသွားခဲ့တယ်။ ဒါဟာ ကျွန်တော်တို့ပြောတဲ့ […]


etoneAugust 10, 20101min02
တစ်ခါက ဆိုင်တစ်ဆိုင်ရှေ့တွင် “ခွေးရောင်းရန် ရှိသည်” ဟုသော ဆိုင်းပုဒ်တစ်ခုကို ချိတ်ဆွဲထားသည်။ ကလေးငယ် တစ်ဦးက ဆိုင်ထဲသို့ ဝင်ပြီး ဆိုင်ပိုင်ရှင်အား မေးလေသည်။ “ခွေးတစ်ကောင် ဘယ်လောက်လဲ ခင်ဗျာ” “တစ်ကောင်ကို ဒေါ်လာ ၅ဝ ကနေ စရောင်းပါတယ်” ကောင်လေးမှာ ဘောင်းဘီအိတ်ထဲ လက်နိုက်ပြီး…”ကျွန်တော်မှာ ၃ရဒေါ်လာပဲ ရှိတယ်… ခွေးတွေကို ကျွန်တော် ကြည့်လို့ရမလား” ဟု ခွင့်တောင်းလေသည်။ ဆိုင်ပိုင်ရှင်က ရီပြီး လေတစ်ချက် ချွန်လိုက်သည်နှင့် ခွေးမကြီးတစ်ကောင်က ခွေးကလေး ငါးကောင်ကို ဦးဆောင်ပြီး ထွက်လာသည်။ ခွေးငယ်လေးများအနက် တစ်ကောင်မှာ နောက်ကောက် ကျန်နေခဲ့သည်။ ကလေးငယ်မှာ ထိုနောက်ကောက်ကျန်နေသော ခွေးကို သတိထားမိလိုက်သည်။ ထို့နောက် ဆိုင်ပိုင်ရှင်အား ” အဲဒီခွေးက ဘာဖြစ်တာလဲ” ဟုမေးလိုက်သည်။ ပိုင်ရှင်က […]


etoneAugust 10, 20101min00
ကျောင်းဖွင့်စနေ့၌ စာသင်ခန်းထဲတွင် “ဦးဆောင်မှု ဘာသာရပ်” ကို လာသင်ယူသည့် ကျောင်းသားများဖြင့် ပြည့်ကျပ်နေခဲ့သည်။ ဤကျောင်းသားများသည် နောင်၂နှစ်နေပြီးလျှင် စီးပွားရေးနယ်ထဲသို့ ဝင်ရောက်ကြမည့် MBA ကျောင်းသားများဖြစ်သည်။ ပထမဆုံးအချိန်မို့ ဆရာ၏ အလာကို တက်ကြွစွာ သူတို့စောင့်နေကြသည်။ ခဏအကြာတွင် ဧည့်သည်တော် နှစ်ဦးနှင့်အတူ ဆရာကဦးဆောင်ပြီး စာသင်ခန်းထဲသို့ ဝင်ရောက်လာသည်။ ဧည့်သည်တော် နှစ်ဦးအနက် တစ်ဦးမှာ မျက်နှာစိမ်းလူငယ် တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ စီးပွားရေး နယ်ပယ်တွင် လူသိများသော နာမည်ကြီး ပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။ အသက်အရွယ် ဆရာနှင့် မတိမ်းမယိမ်း ၆ဝ ခန့်ရှိမည်။ ရှေးဦးစွာ ဆရာက လူငယ်နှင့် မိတ်ဆက်ပေးသည်။ သူသည် ယခင်နှစ်က ဤကျောင်းမှ ကျောင်းပြီး သွားသော အဆင့်တစ်ရ MBA ကျောင်းသား တစ်ဦးဖြစ်ပြီး ကျန်တစ်ဦးမှာ […]


etoneAugust 10, 20101min00
– မိန်းမဖြစ်သူက မီးဖိုချောင်ထဲတွင် ကြော်လှော်ချက်ပြုတ်နေသည်။ ယောက်ျားဖြစ်သူက ဘေးမှနေ၍ မိန်းမဖြစ်သူအား ” ဖြေးဖြေးလုပ်…ဆားထည့်ဦး… ဆီများသွားပြီ… မီးပြင်းပြန်ပြီ..ငါးကို လှန်လိုက်…ဟော်…တူးပြန်ပြီ. …ဟာ…အိုး စောင်းသွားပြီ” စသည်ဖြင့် ဆရာလုပ်နေသည်။ “ရှင်တော်တော့…ကျွန်မထက် ရှင်ဟင်းချက်တတ်လို့လား” “မောင်ထက် ရှင်မက ဟင်းချက်ပိုတော်ပါတယ်… မောင် ကားမောင်းနေတဲ့ အချိန်မှာ ရှင်မလည်း မောင့်ဘေး ကနေ အဲလို တတွတ်တွတ် ရွတ်နေလို့ ကိုယ်ချင်းစာတတ်အောင် တမင်ပြောနေတာပါ” *သူ့နေရာမှာ ဝင်ခံစားကြည့်မယ်….သူ့ရှု့ထောင့်ကနေ ကြည့်မယ်ဆိုရင် တစ်ခြားလူကို ကိုယ်ချင်းစာ တတ်ဖို့ ဆိုတာ မခက်ပါဘူး။* – မတော်တဆ ယာဉ်တိုက်မှုတစ်ခုကြောင့် (၁၀)နှစ်သား ဂျပန်ကလေးငယ် တစ်ယောက် ဘယ်လက်တစ်ဖက် ဆုံးရှုံးသွားခဲ့ရသည်။ တစ်နေ့သော် သူသည် ဆရာတစ်ဦးထံ ဂျုဒိုပညာကို သင်ယူခဲ့သည်။ သူသည် ကြိုးစားစွာ […]