Good IdeaSeptember 28, 20101min00
(၅) အချိန်ကား- ၁၉၈၈ခု၊ အောက်တိုဘာလ နေရာကား- ရန်ကုန်မြို့ဆင်ခြေဖုံးရပ်ကွက်တနေရာ။ ‘အမေ။ ကျွန်တော် တောခိုတော့မယ်’ စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းပြီး ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို ဖြိုခွင်းပြီးကတည်းက သားဆီက ဒီလို စကားသံကြားရတော့မယ်ဆိုတာ သူမသိနေခဲ့သည်။ သားနဲ့ ချွေးမတို့ တိုးတိုးကြိတ်ကြိတ်စကားတွေ ပြောနေကြတာကိုလဲ ရိပ်မိသည်။ ရှစ်လေးလုံး အရေးတော်ပုံကြီး ထွက်ပေါ်လာချိန်မှာ သားက လုပ်သားကောလိပ် တက်နေဆဲ။ ရုံးတရုံးမှာ အောက်တန်းစာရေး ဝင်လုပ်ရင်း မိသားစုတာဝန်ကို ထမ်းနေပေမယ့် ပညာရေးကိုလဲ ဆက်ကြိုးစားနေသည့် လုပ်သားကျောင်းသား။ သားရဲ့ ပါရမီဖြည့်ဘက် ဇနီးသည်လေးကလဲ ယောက်ျားဖြစ်သူရဲ့ ပညာရေးကိုပါ အားပေးသည်။ စက်ချုပ်ရင်း မိသားစုရဲ့ ဝန်ကို တဘက်တလမ်းကနေ ဝိုင်းထမ်းပေးခဲ့သည်။ အရေးတော်ပုံကြီး ဖြစ်လာတော့ ယုံကြည်ချက်တူ၊ ခံစားချက်တူကြသည့် ပွင့်တူရွက်တူများဖြစ်သည်မို့ လင်မယားနှစ်ယောက်လုံး တက်တက်ကြွကြွ […]


etoneSeptember 28, 20101min00
ကိုယ့်အားကိုယ်ကိုး သင့်အားမည်သူမျှ အပေါ်အမြင့်သို့ ရောက်အောင်ကြိုးဖြင့် ဆွဲမတင်နိုင် ကြိုးကို ကြာကြာကိုင်ဆုပ်မထားနိုင်သောကြောင့်ပင် သင်ပြုတ်ကျမည်ဖြစ်သည်။ သို့သော် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၍ တက်လျှင်ကား အမြင့်တောင်ထိပ်သို ့ ရောက်အောင်ပင်သင်တက်နိုင်မည်ဖြစ်၏။ ကောင်းလည်းကိုယ်ဆိုးလည်းကိုယ် လူသည်မိမိကိုယ်ကို ကောင်းအောင်လည်းဖန်တီးနိုင်၏ ၊ ဆိုးအောင်လည်းဖန်တီးနိုင်၏ ၊ ကောင်းလိုတိုးတက်လိုလျှင် မိမိစဉ်းစားတွေးတောမှု လမ်းကြောင်းကို ကောင်းမည် ့ဘက် တိုးတက်မည့်ဘက ်သို ့ ဦးလှည့်ပေးရလိမ့်မည် ။မိမိကိုယ်ကိုမိမိ ဘဝစွမ်းရည်တိုးတက်ရေးအတွက် ထိန်းကျောင်းပဲ့ကိုင်သည့် ပါရဂူ အဖြစ်ခန့်အပ်နိုင်ပြီဆိုလျှင် တောက်လျှောက်တိုးတက်သွားမှာ သေချာသည် ။ ဖန်တီးသူမိမိ လောက၏မတူညီသော ကဏ္ဍအသီးသီးတွင် အောင်မြင်မှုရှိခဲ့သူတို ့ တူညီစွာလက်ခံ ယုံကြည်ထားကြသည့် အချက်တစ်ရပ်ရှိသည၊် ယင်းကားမိမိ၏ ကံကြမ္မာ အဆိုးအကောင်းကို မိမိသာဖန်တီးနိုင်သည် ဟူ၍ ဖြစ်ပါသည် ။ အလကားမရ သင့်အောင်မြင်မှု နှင့်စိတ်ချမ်းသာမှု […]


etoneSeptember 28, 20101min00
လောကကြီးမှာဗျာ လူတိုင်းကတော့ သှု ့ပြသနာနဲ ့သူပါပဲ။သို ့ပေမယ့် ပြသနာကိုရင်ဆိုင်ဖြေရှင်းတာခြင်း ကြတော့ တစ်ယောက်နဲ ့ တစ်ယောက်မတူကြပါဘူး ဆိုလိုတာကအမြင်ကိုပြောတာပါ။အမြင်ဆိုတာဘာကိုပြောတာလဲ။ ဟုပ်ကဲ့ လူဆိုတာက အမြင်အမျိုးမျိုးရှိကြတယ်လေ။ ကိုယ့်ဖက်ကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ ့ဖက်ကကြည့်ရင်လက်ဖဝါးဆိုတာ လူတိုင်းနားလည်ပြီးသားစကားတွေပါ။ဒီအပေါ်မှာ သူငယ်ချင်းတို ့အတွက်ပုံပြင်ကလေး တစ်ခုလောက်တင်ပြခြင်တာပါ။ ရွာတစ်ရွာရဲ့အလယ်မှာ ထည်ပင်ကြီးတစ်ပင်ရှိတယ်။အဲဒီထည်ပင်ကလည်းသီးလိုက်တာ ဆိုတာ ပြွှတ်ခဲနေတာပဲ။ရွာလယ်ဆိုတော့ ဘယ်အကောင်မှ လာမစားရဲတော့ သီးခြင်တိုင်းသီးနေလိုက်တဲ့ ထည်သီးတွေဗျာ။ ဒါတွေကမျက်စိကျတာက ရွာပြင်တောအုပ်က မျောက်အုပ်ပေါ့။သူတိုခဗျာ စားကလည်းစားခြင်ရွာလယ် ဆိုတော့အဖမ်းခံရမှာ လည်းကြောက်တော့ မြင်တာမြင်မကြင်ရတဲ့ ဘဝနဲ ့နေလာရင်း တစ်ရက်ကြတော့ မနေနိုင်လို ့မျောက်အား လုံးကတိုင်ပင်ပြီး မျောက်ခေါင်းဆောင်ဆီကို အပှုကပ်ကြတာပေါ့ နောက်ဆုံးတော့ မျောက်ခေါင်းဆောင်လည်းမနေသာ ဘူးလေ။ငယ်သားတွေကတောင်ဆိုတော့လည်း သူ ့ခဗျာအကြံ့ထုပ်ရတာပေါ့။ နောက်ဆုံးတော့ ဘာအကြံရသလဲဆိုရင် လူတွေအိပ်ပျော်တဲ့ အချိန်ကြမှ […]


Good IdeaSeptember 28, 201015min00
ကြယ်နီတပွင့် (၁) အချိန်ကား– (၂၀၀၇)ခုနှစ်၊ စက်တင်ဘာလ (၂၆) ရက်။ နေရာကား– ရန်ကုန်မြို့၊ ဆင်ခြေဖုံး ရပ်ကွက်တနေရာ။ ‘မြေးလေးကလဲ နောက်ကျလိုက်တာကွယ်။ ဘာများ ဖြစ်နေသလဲ မသိဘူး‘ မှောင်ရိပ်က သန်းနေပေမယ့် လက်ကျန် ဖယောင်းတိုင်တိုလေးကို မီးမညှိရဲ။ မြေးလေးပြန်လာပြီးမှ ထမင်းလက်ဆုံစားကြရမှာမို့ ဖယောင်းတိုင်တိုလေးကို မီးညှိလို့ မဖြစ်နိုင်။ မြေးအဖွားနှစ်ယောက်ထဲ ရှိနေတဲ့ဘဝမှာ မြေးလေးမျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီးမှ ထမင်းစားလို့ မြိန်ခဲ့ရတဲ့ အချိန်ကာလတွေက ကြာခဲ့ပါပကောလား။ ‘ဒီကလေးနှယ်နော်။ ဒုက္ခပါပဲ‘ ကျိုးတို့ကျဲတဲ ကြမ်းပြင်လေးပေါ်မှာ ခင်းထားတဲ့ ဖျာစုတ်လေးပေါ်မှာ လှဲချရင်း မြေးလေးအလာကို စောင့်မျှော်နေမိသည်။ အသက်ရှစ်ဆယ်အရွယ် ဇရာက ဖိစီးလာတာကြောင့်လား မသိ။ စိတ်က နည်းနည်း ပန်းလိုက်တာနဲ့ လူက မောပြီး နုံးချိနေတတ်သည်။ မြို့ထဲမှာ ဈေးသွားရောင်းသော […]


etoneSeptember 28, 20101min02
အဘွားအို နိုးလာတဲ့အချိန် နှလုံးခုန်သံက နှေးလိုက်မြန်လိုက်… သူ မောနေတယ်၊ အသက်ရှုမဝဖြစ်နေတယ်။ ဒီတစ်ရက် နှစ်ရက်အတွင်း သူသွားရတော့မယ်ဆိုတာ အဘွားအို သိနေတယ်။ အဘွားအိုအသက် ၇၆နှစ် ရှိပါပြီ။ နေကောင်းကျန်းမာတယ် ဆိုခဲ့ပေမယ့် အပူအအေး လွန်ကဲလာတဲ့ ဒီနှစ်ရာသီဒဏ်ကို သူတို့လိုလူအိုတွေ မခံနိုင်ခဲ့ကြဘူး။ ဒါကြောင့်သူကျန်းမာရေးလည်း နှစ်ကူးပြီးနောက်ပိုင်း တစ်နေ့ထက်တစ်နေ့ ဆိုးရွားလာခဲ့တယ်။ ဘေးဘီကို အဘွားအို လှည့်ကြည့်လိုက်တယ်။ ကုတင်ဘေး ကုလားထိုင်ပေါ်မှာထိုင်နေတဲ့ ၇၈နှစ် အဘိုးအိုကိုတွေ့တော့ စိတ်သက်သာရာ ရသွားတယ်။ နွေးထွေးတဲ့ နေရောင်ခြည်က ကောင်းကင်ပေါ်ကနေ ဖြာကျနေခဲ့တယ်။ အဘိုးအိုကိုငေးကြည့်ရင်း သူနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ဘဝကို အဘွားအို ပြန်ပြောင်းအောင်းမေ့နေမိတယ်။ ငယ်ရွယ်နုပျိုတဲ့အရွယ်မှာ အဘွားအိုက ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်တယ်။ ကမ်းလှမ်းသူ၊ ဝိုင်းဝိုင်းလည်သူတွေ များပေမယ့် သူရင်မခုန်ခဲ့ဘူး။ သူ့အကြည့်က ရွာစာသင်ကျောင်းမှာ တစ်ဦးတည်းရှိတဲ့ […]


etoneSeptember 28, 20101min05
ယခုကိစ္စသည် သူမဘဝတွင် တခါမျှ မပြုလုပ်ဖူး မတွေ့ကြုံဖူးသော ကိစ္စတစ်ခု ဖြစ်ပါသည်။ သူမသည် ကျောခင်းကာ လှဲအိပ်လိုက်ရင်း ကြွက်သားများကို တောင့်တင်းထားမိလေသည်။ သူမသည် သူ့ကို ငြင်းဆန်ရန် အကြောင်းပြချက်မျိုးစုံကို စဉ်းစားရင်း တတ်နိုင်သလောက် အချိန်ဆွဲနေမိ၏ ။ သို့ရာတွင် သူ ကတော့ လုံးဝ လက်လျှော့မည့်ဟန် မပြပဲ သူမ အနားသို့ တိုးကပ်လာလေသည်။”ကြောက်နေသလား “ဟု သူမကို သူမေးသောအခါတွင် သူမရဲဝံ့ပြတ်သားစွာ ခေါင်းခါပြမိပြန်သည်။ သူသည် ယခုလို ကိစ္စမျိုးတွင် အတွေ့အကြုံ ရင့်ကျက်သူတစ်ယောက် ဖြစ်ကြောင်း သိသာပါသည် ။ အဘယ့်ကြောင့် ဆိုသော် သူ၏ လက်ချောင်းများသည် နေရာမှန်ကို အလွယ်တကူ ရှာဖွေတွေ့ရှိသွားသောကြောင့် ဖြစ်ပါသည်။ သူ အထဲထိ နက်နက် နှိုက်စမ်းလိုက်သောအခါ သူမတကိုယ်လုံး […]


etoneSeptember 28, 20101min00
ကျွန်တော် တင်းနစ် ကစားနေတာကို ဖေဖေက ပထမဦးဆုံး လာကြည့်တယ်။ ကျွန်တော်ကတော့ ကျွန်တော့်ကစားဟန်အတိုင်း သွက်သွက်လက်လက် ကစားပြတယ်။ ဖြစ်ချင်တော့ ကျွန်တော်နဲ့ တတိယ ကစားတဲ့ သူတစ်ယောက်က အတော် ကျွမ်းကျင်တယ်။ ကျွန်တော် လျင်လျင်မြန်မြန် ကျွန်တော့်ကစားနေကြ အတိုင်း ကစားရင်းကို သူ့ရဲ့ လက်ပြန်ဘောတွေက ကျွန်တော် လွတ်နေတဲ့ နေရာတွေကို တဖွဲဖွဲကျတယ်။ ကျွန်တော် အပြေးအလွှားလိုက်ရင်လည်း မမှီနိုင်တဲ့ နေရာတွေ။ လိုက်လို့ မမှီနိုင်ဘူး ဆိုတဲ့ နေရာတွေ ဆိုတော့ ကျွန်တော်လည်း အသေအကြေ မလိုက်မိဘူး။ ဒါနဲ့ ပွဲပြီးတော့ ကျွန်တော် နှစ်ပွဲပြတ်နဲ့ ရှုံးတယ်။ ဖေဖေ လာကြည့်တော့မှ ဘယ်ကမှန်း မသိတဲ့ ကိုယ့်ထက် အတန်းကြီးက လူတစ်ယောက်ကို ခွက်ခွက်လန်အောင် ရှုံးတော့ ကျွန်တော် […]


etoneSeptember 28, 20101min00
လူတိုင်းချစ်တတ်ကြမှာပါ၊ချစ်လဲချစ်နေကြမှာပါ၊ဒါပေမဲ့ကျွန်တော်တို့တွေကဘယ်ထိအောင်များချစ်နိုင်ကြလို့လဲ…. နောင်ဘဝပေါင်းများစွာချစ်ချင်ကြမှာပါ၊အဲဒီချစ်ချင်သူတွေကျွန်တော်ရဲ့ပုံပြင်လေးနားထောင်ပြီးဆက်ချစ်နိုင် ကြပါအုံးမလားဆိုတာ…………….ပုံပြင်လေးကဒီလိုပါ…………………………………………………………….. ……..တစ်ခါတုန်းကတောမီးလောင်လို့ရှဉ့်ဖိုနဲ့ရှဉ့်မလေးဟာထွက်ပြေ်းကြတယ်တဲ့။ပြေးရင်းပြေးရင်းပင်လယ်ကမ်းခြေနား ရောက်သွားကြတယ်။မီးဘေးကလွတ်သွားကြပေမယ့်ဆာလောင်မွတ်သိပ်တဲ့အရေးကိုတော့မရှောင်နိုင်တော့အစာ ရှာကြရတယ်။အစာရှာရင်းကံမကောင်းအကြောင်းမလှတော့ရှဉ့်မလေးဟာပင်လယ်ရေထဲကျသွားပါလေရော မီးဘေးဆာလောင်မွတ်သိပ်တဲ့ဘေးတွေအပြင်ရှဉ့်မလေးခမျာသေဘေးကိုပါရင်ဆိုင်ရတာဖြစ်မှာပေါ့နော်။ ရှဉ့်ဖိုလေးဟာရှဉ့်မလေးပင်လယ်ထဲကျသွားမှန်းလဲသိရော၊တစ်ခါတည်းပင်လယ်ထဲဆင်း၊သူ့အမြီးကိုပင်လယ်ရေ ထဲနှစ်၊ကုန်းပေါ်ပြန်တက်အမြီးကရေကိုခါ၊ပင်လယ်ရေထဲဆင်း၊အမြီးကိုရေထဲနှစ်၊ကုန်းပေါ်ပြန်တက်၊အမြီးကရေ ကိုခါနဲ့အသက်မကချစ်ရတဲ့သူ့ချစ်သူရှဉ့်မလေးကိုပင်လယ်ရေခမ်းသည်အထိခါထုတ်ခပ်ထုတ်ပြီးကယ်မယ်ဆို တဲ့ချစ်ဇောအဟုန်နဲ့အားသွန်ပြီးကြိုးစားနေရှာတဲ့ရှဉ့်ဖိုလေးရဲ့လုပ်ရပ်ကိုမြင်ယောင်ကြည့်ကြပါလားဗျာ၊အချစ်ရဲ့စွမ်း အင်ဟာဘယ်လောက်တောင်ကြီးမားသလဲဆိုရင်………………………………………………………………….. ……….အဲဒီလိုရှဉ်ကလေးပင်လယ်ရေခပ်ထုတ်နေတာကိုပင်လယ်ကမ်းစောင့်နတ်ကမြင်နေတယ်၊ ရှဉ့်ကလေးရဲ့လုပ်ရပ်ကိုကြည့်ပြီးလဲသနားနေတာပေါ့၊ဒါနဲ့သေသွားတဲ့ရှဉ့်မလေးအဖြစ်ကိုကြည့်လိုက် တော့ရှဉ့်မလေးဟာရေနစ်ပြီးသေသွားပြီ၊သေပြီးတဲ့နောက်အဲဒီရှဉ့်မလေးဟာပင်လယ်ရေစောင့်နတ် ရဲ့မိဘုရားတစ်ပါးဖြစ်နေတာကိုမြင်နေရတယ်၊ဒီအဖြစ်တွေကိုသိမြင်နေတဲ့ကမ်းစောင့်နတ်ကရှဉ့်ဖိုကလေး ကို…”ရှဉ့်ကလေး….သင်ဟာပင်လယ်ရေကိုခပ်ထုတ်နေတာဟာ.အချည်းနှီးပဲ၊သင့်ချစ်သူရှဉ့်မလေးဟာသေ ဆုံးသွားပြီ၊သေပြီးလို့အခုပင်လယ်စောင့်နတ်ရဲ့မိဖုရားဖြစ်နေပြီ၊သင်ကြည့်ချင်ရင်ဟောဟိုမှာကြည့်ဆိုပြီး နတ်တန်ခိုးနဲ့ပြလိုက်တယ်တဲ့။ရှဉ့်ဖိုလေးဟာလှမ်းလဲကြည့်လိုက်ရောသူ့ချစ်သူရှဉ့်မလေးဟာပင်လယ်စောင့်နတ် ရဲ့ဘေးမှာမိဖုရားအဖြစ်နဲ့အင်မတန်ကျေနပ်ပျော်ရွှင်နေတာကိုမြင်လိုက်တယ်။အဲလိုမြင်လိုက်တယ်ဆိုရင်ဘဲ ရှဉ့်ဖိုလေးဟာပင်လယ်ကမ်းကသဲတွေကိုမနားမနေပင်လည်ထဲကိုသယ်ပြီးထည့်တော့တာပါဘဲ။သူသဘောက သူ့ကိုမေ့ပျောက်ပြီးပင်လယ်နတ်နဲ့ဒီလောက်တောင်ပျော်နေရလားဆိုပြီးပေါ့၊အဲဒါနဲ့ရှဉ့်ဖိုလေးဟာ…….. နင်တို့ပျော်ဖို့နင်တို့နေဖို့ဘုံပျောက်အောင်ပင်လယ်ရေတွေနေရာမှာသဲတွေရောက်စေရမယ်ဒါမှနင်တို့အတွက်ပျော် စရာနေရာမရှိမှာ…..ဆိုတဲ့သဘောနဲ့ခုလိုသဲတွေကိုပင်လယ်ထဲမနားမနေထည့်နေတာဖြစ်မှာပါ။ ……….အချစ်ရဲ့စွမ်းအင်ကြီးသလောက်…အမုန်းဒေါသရဲ့စွမ်းအင်ဟာလဲကြီးမားလှပါတယ်နော်။ ………..”ချစ်သောသူကိုမမြင်ရခြင်း၊ကွေကွင်းရခြင်းသည်ဆင်းရဲ၏………….. မုန်းသောသူကိုမြင်ရခြင်း၊ကြုံတွေ့ဆက်ဆံရခြင်းသည်ဆင်းရဲ၏………… ချစ်ခြင်းမုန်းခြင်းမရှိသောသူှမှာအနှောင်အဖွဲ့တို့မရှိကုန် ူ ဝမ်းနဲခြင်းဝမ်းသာခြင်းတို့လည်းမရှိကြကုန်။


etoneSeptember 28, 20101min00
Accept (လက်ခံသည်) “လောကကြီးမှာ ခြောက်ပစ်ကင်းသူမရှိပါဘူး” သူ့ကိုချစ်တယ်ဆိုရင် သူ့အားနည်းချက်အပါအဝင် သူ့ရဲ့အရာအားလုံးကို လက်ခံနိုင်ရပါမယ်။ Belief (ယုံကြည်ခြင်း) အချစ်မှာ ယုံကြည်ခြင်းတွေ လိုပါတယ်။ တစ်ဘက်သားကို မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရပါလိမ့်မယ်။ Care (ဂရုစိုက်ခြင်း) တစ်ဘက်သားကို ဂရုစိုက်တယ်ဆိုတာ သူ့အပေါ်ထားတဲ့ ကိုယ့်ရဲ့အရေးပေးမှုကို ပြသနေသလိုပါပဲ။ ဖုန်းလေးတစ်ချက်နဲ့ “အလုပ်ပင်ပန်းလား?”ဆိုတဲ့ ဂရုစိုက်တဲ့ အမေးလေးမေးနိုင်သလို “မိုးအေးပြီနော်… အနွေးထည်ထပ်ဖို့ မမေ့နဲ့နော်”ဆိုတဲ့ မက်ဆေ့လေးလည်း ပို့နိုင်ပါတယ်။ ဒီလို ဂရုစိုက်မှုတွေက တစ်ဘက်သားအတွက် တကယ့်အသုံးမနိုင်ဝင်ပေမယ့် အနည်းဆုံးတော့ သူ့စိတ်ကို နွေးထွေးကြည်နူးစေနိုင်ပါလိမ့်မယ်။ Devoted (သစ္စာခိုင်မြဲသည်) လူတစ်ယောက်ကိုချစ်ပြီဆိုရင် သစ္စာခိုင်မြဲရတယ်။ လှေနံနှစ်ဖက်နင်းတာက ကိုယ်ချစ်တဲ့သူကို နာကျင်ဝမ်းနည်းစေတဲ့အပြင် နောက်ဆုံးမှာ လမ်းခွဲတာနဲ့ပဲ အဆုံးသတ်ရတတ်တယ်။ Enjoy […]


ဆူးSeptember 26, 20101min011
ဒါက စပါးအုံးပါနော ။သူက အကွက်မဲတယ် ။ စပါးကြီးက အကွက်ဝါတယ် ဝိုင်းတယ် ။ စပါးအုံးက နှာခေါင်းရပေါက် ။စပါးကြီးက ၉ပေါက် ။ သိတဲ့ ကျွမ်းကျင်တဲ့သူကတော့ မြင်ရုံနဲ့ သိနိုင်တယ်…… စပါးကြီးသည်းခြေ ဆိုတာ အင်မတန်မှကို ရှားပါးတယ် ။ အတော်လဲ အသုံးဝင်တယ် ။ တခြား အခါးဓါတ်တွေက လျာပေါ်တင် ပြီးသွားကြတာ သူ့ အခါးဓါတ်ကတော့ အကြောပေါင်း တစ်ထောင်အထိ ဖြန့်ကျက်နိုင်စွမ်းရှိတယ် ။ သေခါနီး မျောနေသူကို လျှာပေါ် တစ်ပဲသားလောက်ပဲတင်ပေးလိုက် တစ်နာရီလောက်တော့ ဆက်နိုင်သေးတယ် ။ သေခါနီးရင် အကြောသွေးဆုတ် ကုန်တာကိုး…..စပါးကြီးသည်းခြေက အကြောတွေ သွေးဆက်ပို့နိုင်အောင် ဇင်္ဂမ ဝါယောကနေတွန်းပို့အောင် စေ့ဆော်နိုင်စွမ်း ရှိလို့ပါ ။ အဲ့လိုပဲ ကြောင်တောင်ကန်း […]


ဆူးSeptember 26, 20101min03
လူမှုဆက်ဆံရေးနယ်ပယ်မှာ ကိုယ်သင်းနံ့လေးကောင်းမွန်မှသာ မိမိကိုယ်မိမိယုံကြည်မှုရှိပြီး ပေါင်းသင်း ဆက်ဆံရေးမှာလည်း အောင်မြင်မှာပါ။ တချို့ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှုနည်းပြီး အမွှေးနံ့သာတွေနဲ့ဖုံးအုပ် တတ်ပါတယ်။ ဒါပေမဲ့ တကယ့်စစ်မှန်တဲ့ ကိုယ်သင်းနံ့ကိုတော့ မပိုင်ဆိုင်နိုင်ပါဘူး။ လူ့ခန္ဓာကိုယ်မှ အနံ့ဆိုးထွက်ရတဲ့ အကြောင်းရင်းတွေထဲမှာ လိင်အမျိုးအစားအလိုက်လည်းကွာခြားပါတယ်။ အမျိုးသားတွေက အမျိုးသမီးတွေထက် ချွေးနံ့ပိုထွက်လေ့ရှိပါတယ်။ ဒါတွေအပြင်နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေနဲ့ဆေးဝါးတွေကလည်းချွေးနံ့ထွက်စေတဲ့ ကိစ္စတွေပါပဲ။ ကျန်းမာရေးချို့တဲ့ခြင်း၊ ဆေးပြင်းပြင်းများမှီဝဲခြင်း၊ အရက်သောက်ခြင်း၊ ဇင့်ဓာတ် လျော့နည်းခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းမှု မရှိခြင်းတွေကတော ့ခန္ဓာကိုယ်မှအနံ့ဆိုးထွက်စေတဲ့အဓိကအကြောင်းအရာတွေလို့ လေ့လာတွေ့ရှိရပါတယ်။ လူတိုင်း လူတိုင်းမှာ ကိုယ်စီ အနံ့ရှိကြပါတယ်။ တချို့က ကိုယ်နံ့သင်းကြတယ်။ တချို့ကလည်း အနားပင် မကပ်ချင်လောက်အောင် နံကြတယ်။ တချို့ကျတော့ ကိုယ် ကိုယ်တိုင် အနံ့မကောင်းတာတောင် မသိဘဲ ကိုယ့်အနံ့နဲ့ ကိုယ် ယဉ်နေတတ်တယ်။ အနားမှရှိသူတွေအတွက် အားနာစရာပေါ့။ လူတိုင်းကို သိစေချင်တာက […]


ဆူးSeptember 26, 20101min04
လူတစ်ယောက်ဟာ ကြောက်စရာမဟုတ်ပဲနဲ့ အလွန်ကြောက်နေတတ်တာကို ရယ်မောခဲ့ဖူးကြမှာပါ။ဒါပေမဲ့ သူတို့ ဘာလို့ကြောက်တာလဲကို နားမလည်ကြပါဘူး။ဥပမာ ပင့်ကူကြောက်တတ်တဲ့သူကို ပင့်ကူနဲ့ စပြီး ပျော်ရွှင်ကောင်းပျော်ရွှင်ခဲ့ဖူးလိမ့်မယ်။သူတို့ ဘာကြောင့်ကြောက်နေရတာလဲကို သတိမထားဂရုမစိုက်မိခဲ့ကြပါဘူး။၁၅ထပ်မြောက်မှာ ရှိတဲ့ တိုက်ခန်းလေးတစ်ခန်းကို ဓါတ်လှေကားမသု့းပါပဲနဲ့ ရိုးရိုးလှေကားက တတ်နေတဲ့လူကို “အရူး သက်သာရာနေရာကို မရွေးတတ်ဘူး” ထင်ကောင်းထင်ခဲ့ ပြောဖူးကောင်းပြောဖူးလိမ့်မယ်။အခု ကျွန်မတို့ “သူတို့ဘာကြောင့် ပင့်ကူ အစရှိတဲ့ သေးသေးမွှားမွှားအကောင်တွေကြောက်တာလဲ၊ဓါတ်လှေကားမသုံးပဲနဲ့ လှေကားသုံးတက်ကြတာလဲ” ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။ အကြောက်လွန်ရောဂါသယ်တွေ(Phobias)တွေကို စိတ်ရောဂါဒေနာသည်လို့ မထင်ကြပါနဲ့။သူတို့ဟာ သာမန်လူတွေ မကြောက်တဲ့အရာတွေကို ကြောက်တာမှန်ပါတယ်။ဒါပေမဲ့ သူတို့ဟာ ရူးနေတဲ့သူတွေမဟုတ်ပါဘူး။အကြောက်လွန်ရောဂါသည်တွေကို သူတို့ပတ်ဝန်းကျင် သူတို့မိသားစုက နားလည်မပေးတာဟာ ရောဂါပိုဆိုးလာအောင် တွန်းအားပေးနေသကဲ့သို့ ဖြစ်ပါတယ်။သူတို့ဘာလို့ phobias ဖြစ်လာရတာပါလဲ။phobias တော်တော်များများဟာ ငယ်စဉ်ဖြစ်ပျက်ခဲ့တဲ့ အဖြစ်တွေကြောင့် ဖြစ်ပါတယ်။ငယ်ငယ်တုန်းက ပင့်ကူနဲ့ အလွန်အကျွံအစခံရဖူးတဲ့ကလေးက ကြီးလာတဲ့အခါ ပင့်ကူကို […]


ဆူးSeptember 25, 20101min06
နရီလင်းလက် Wednesday, September 22, 2010 အသားကင်လေး စားမိတာနဲ့ ဓာတ်ရောင်ခြည်နဲ့ ကုသရလောက်အောင် မလိုဘူး မဟုတ်လားဟု ဦးဇော်ဝင်းနိုင် တယောက် လူနာ ခုတင်ပေါ်ကနေ ဆရာဝန်မကို တတွတ်တွတ် မေးနေပါတယ်။ လွန်ခဲ့တဲ့ တလကစပြီး ဗိုက်ခဏခဏအောင့်တာကို ရက်ဆက် ခံစားနေရတာကြောင့် အစာအိမ်အထူးကု ဆရာဝန် တယောက်နဲ့ပြပြီး လိုအပ်တဲ့ ဆေးစစ်ချက်တွေ လုပ်ခဲ့တယ်။ နောက်ဆုံး ဓာတ်ရောင်ခြည်နဲ့ ကုသရမယ်ဆိုပြီး သူ့ဇနီးနဲ့ သားသမီးတွေက ရန်ကုန်ဆေးရုံကြီး ဓာတ်ရောင်ခြည်ဌာနကို ခေါ်လာတာပါ။ “ဆရာဝန်က အသားကင်တွေစားလို့ ဓာတ်ရောင်ခြည်နဲ့ ကုသမှ ဗိုက်အောင့်ပျောက်မယ်ဆိုပြီး ပြောထားတာ။ အူမကြီးကင်ဆာ ဖြစ်နေတယ်ဆိုတာ လူနာကို ပေးမသိသေဘူး” လို့ ဦးဇော်ဝင်းနိုင်ရဲ့ ဇနီးက ပြောပြပါတယ်။ ဇနီးဖြစ်သူက “သူက အရက်မသောက်၊ ကွမ်းမစား။ […]