Mr WorldWideJune 17, 20131min04
ကျနော် ပေဖူးလွှာဆိုတဲ့ မဂ္ဂဇင်းလေးကို အခုတလောမျက်စိကျနေမိပါတယ်။ သူ့မှာ စာဖတ်သူများနဲ့ငြင်းခုန်းခြင်းဆိုတဲ့ ကဏ္ဍလေးပါဝင်ပါတယ်။ ဒီကဏ္ဍမှာ ဗဟုသုတဖြစ်စရာ ဆောင်းပါးလေးတွေကို ခေါင်းစဉ်နဲ့အညီ ထောက်ပြထားတာပါ။ နောက်တစ်ခုကတော့ ကဗျာကဏ္ဍပါ။ ကဗျာတိုင်းတော့ မကောင်းပေမယ့် တစ်ချို့ကဗျာတွေကတော့ ထိထိမိမိရေထားတာကို တွေ့ရပါတယ်။ ဒါကြောင့်ကောင်းမယ်ထင်တဲ့ ကဗျာလေးတွေ ကျနော် တင်ပေးပါရစေ။ ပိုးကိုက်ခံရတဲ့သစ်သီး ဘာကြောင့် ငါတို့တောတွေက သူတို့သစ်ပင်ဖြစ်သွားရတာလဲ ဘာကြောင့် ငါတို့တောင်တန်းတွေက သူတို့မြေကြီး ဖြစ်သွားရတာလဲ ဘာကြောင့်ငါတို့အိမ်ရှင်မတွေက သူတို့လိင်ကျွန် ဖြစ်သွားရတာလဲ ဘာကြောင့် ငါတို့ကလေးတွေက သူတို့အခိုင်းအစေဖြစ်သွားရတာလဲ ဘာကြောင့်ငါတို့ခံစားခွင့်တွေက သူတို့ရဲ့လုပ်ပိုင်ခွင့်ဖြစ်သွားရတာလဲ ငါတို့စားသုံးခွင့်မရတဲ့ ငါတို့ရဲ့ပင်လယ်စာတွေနဲ့ သူတို့ဝဖီးနေကြ ငါတို့ကြည့်ခွင့်မရှိတဲ့ ငါတို့ရဲ့အလင်းရောင်နဲ့ သူတို့ထိန်ထိန်ညီးနေကြ ငါတို့သုံးခွင့်မရှိတဲ့ ငါတို့ရဲ့လောင်စာတွေနဲ့ သူတို့ ဟီးဟီးထနေကြ ငါတို့စွန့်ပစ်တဲ့ကော်စုတ်တွေနဲ့ ငါတို့ဘဝကို “ဖာ”လို့“ထေး”လို့ သူတို့ပို့လိုက်တဲ့အရည်အသွေးညံစားသုံးကုန်တွေနဲ့ ငါတို့အသက်ကိုအထိတ်တလန့်ထိန်းကျောင်းလို့ ဒိတ်အောက်နေတဲ့သူတို့ရဲ့စက်ရုံကြီးတွေထဲ […]


ပြခန်း (၁)    http://myanmargazette.net/176843 ကဗျာ ပြခန်းအမှတ် နှစ် ~~~~~~~~~~~~~~~~~~~~~~ ၃  ဇွန် ၁၃ ကေဇီ – ဟင်း::::::::: သဂျား – ဂျီးဒေါ် ဘာဖြစ်နေတာတုန်း။ ကေဇီ – စိတ်ပူနေတာလေ။  🙁 သဂျား – ဘာကိုတုန်း။ ကေဇီ – ပြခန်းကိစ္စပေါ့ဟ။ သဂျား – သိပ်စိတ်ပူမနေပါနဲ့ဗျာ။ အလက်ဆင်း နိုင်နိုင်နင်းနင်းနဲ့ ဖွင့်နိုင်မှာပါ။ ဤကား အလက်ဆင်းတစ်ယောက် ပြခန်း (၂) အတွက် သွားစီစဉ်နေချိန်တွေ ကေဇီနဲ့ သဂျားတို့ ပြောဆိုနေရခြင်းဖြစ်၏။ ကေဇီ – ဟမ်။ အလက်ဆင်းအတွက် စိတ်ပူတယ်လို့ ဘယ်သူပြောတုန်း။ မပူပါဘူး။ ကျုပ် အတွက် ကျုပ် စိတ်ပူနေတာ။ သဂျား – […]


အာဂJune 15, 20131min07
အသက် ၅ဝ ကျော် အထိ အဖေကတော့ ဘဝ အကြောင်းပြောလို့ကောင်းတုန်း ကျွန်တော် က၂၄ နှစ် ဘဝ အကြောင်း ဘယ်အထိပြောရဦးမလဲ..။ ပန်းကလေးတွေ ဖူး…ပွင့်….ဝေ…ကြွေ သွားတာဘဝလား…။ ကျွန်ုပ်တို့ရဲ့ ရည်မှန်းရာဘဝများက ဘာပါလဲ..။ အကောင်းစားကားနဲ့ အကောင်း စားဖုန်း တစ်လုံး ဟာ လူသားတစ်ဦးရဲ့ ဘဝလား..။ ဆန့်ကျင်ဘက် လိင် တစ်ယောက်ရဲ့ ချစ်ခြင်းဟာလည်း ဘဝ လား..။ ကလေးတစ်ယောက်ရဲ့ လိုချင်မှု ငိုငြီးသံက ဘဝလား..။ အာဏာပင်ထက် အသီးအပွင့် ဝေစေနိုင်တာကရော ဘဝများလား..။ ငါလိုချင်တဲ့ ဘဝကရော ဘယ်လိုဘဝ မျိုးလဲ သေချာတာကတော့……….။


သူမမြင်အောင် တမင်ရှောင်တိမ်း ရင်ဝေဒနာ အစဉ်သာထိန်း ခပ်ခွာခွာ အနေယိမ်းလို့ စိမ်းမှာလား မေ ။ သူမဟုတ်သလိုပေါ့ အပူရုပ်ကို မျက်နှာလွှဲ တစ်သက်စာကွဲတဲ့ သံယောဇဉ် ဆက်ကာ ချည်ငင် ထုံးပေမယ့် မုန်းစေလှဲ့လို့ ထားရက်တယ် ။ အများထက်ဝယ် ဒီလူရှုံးစေပေါ့ ထုံးလေ မြဲတဲ့ သံယောဇဉ် ဓါးထက်ကွယ် သူပင် ယူငင်ဖြတ်လေတော့ ပြတ်မှာပေါ့ကွယ် ။ သံယောဇဉ် နွယ်ပင်ဖြတ်ပေမယ့် သည်းထက်၌ အသစ်ပျိုး အချစ်မျိုး ကိုးဆယ့်ခြောက်ပါးက ဒီရင်ခွင် ပျောက်သွားအောင် တိုးလှဲ့ ဖောက်ပြား ။ @ လူစိုး 15.june.2013 ( 11:38 Am )


မြစ်ကျိုးအင်း တို့တွေ အတူတစ်ကွ စီးဆင်းခဲ့ကြတယ်….. ရွက်ညစ်နဲ့ ပန်းပွင့်တွေပါတယ် အမှိုက်နဲ့ ဒိုက်လည်းပါတယ် တောင်ကိုကွေ့ပြီး တောကို ဆက်တယ် လယ်ကွင်းတွေကို လည်းဖြတ်တယ် ကမ်းပါးတွေကိုလည်း အနားသတ်တယ် မြေပြန့်မှာဆို ငြိမ့်ငြိမ့် မြေနိမ့်တော့ သွက်သွက် တရစပ်… တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။ နေထွက်မှာအားတင်း နေပြင်းတော့နွမ်း နေချိုတော့အသာလျှို မိုးပြိုတော့လည်း ခပ်ရမ်းရမ်း ပေါ့ ကြမ်းချင်းကြမ်း နုချင်နု တစ်ခုဆိုတာ ဘာတစ်ခု မှုစရာမရှိ သတိလည်းမပြု ဂရုလည်းမထား နှလုံးသားအသိမှာ သူရှိတယ်လေ ချစ်ခြင်းတွေနဲ့.. တို့တွေ အတူတစ်ကွစီးဆင်းခဲ့ကြတယ်။ နွေမှာ ခိုး မိုးမှာ ပေါင်း ဆောင်းတွင် ရင်ချင်းအပ် သုံးထပ်သောရာသီတွေ ပြောင်းချင်ပြောင်း လဲချင်လဲ ဒီတစ်သက် မခွဲဘူး မေတ္တာစူးပါစေ မင်းပြောဘူးတဲ့ စကား ကမ်းပါးကြီးတွေတောင်ပြိုလဲသွားမယ် […]


အခုတလော … လူတွေကြားထဲမှာ အတုတွေကပေါတယ် ဒါကိုပဲ ကြိုက်ရောင်းကြိုက်ဝယ် ဈေးကောင်းရတယ် ဆိုပြေ   ကျွန်မလည်းအပူရုပ်ကို ဟန်လုပ်ပြီး အတုချကျွေးလိုက်ရကောင်းသား အခုတော့ အလွမ်းက ထင်သလောက် ဈေးကောင်းမရတော့ဘူး   ရန်ကုန်မြို့ကြီး ရေကြီးပါစေလို့ မရည်ရွယ်ပေမယ့် ရှင်မုန်းတဲ့ ငံကျိကျိအရည်တွေ မျက်ဝန်းအိမ်ဆီက သွန်ချပစ်လိုက်တာ ခဏခဏ … ကျွန်မ အတ္တကို ကိုးကွယ်မိနေတုန်းပဲ   ကျွန်မနဲ့ရှင်ဟာ သူလိုကိုယ်လိုပဲဆို အစတည်းကပြောခဲ့ပါလား ဒါဆို ကျွန်မ သံယောဇဉ်ဆိုတာကို နားမလည်ချင်ယောင်ဆောင်ခဲ့မိမှာ   သူငယ်ချင်း  ရှင် ပြောတဲ့ နားလည်မှုဆိုတာ ဖုန်းဆက်တဲ့အချိန်တိုင်း ဖုန်းမကိုင်တာမျိုးလား မက့်ဆေ့ချ်ပို့တိုင်း reply မလုပ်နိုင်တာမျိုးလား သို့မဟုတ် facebook မှာခေါ်မိတိုင်း ရှင် လိုင်းပေါ်ကဆင်းသွားတဲ့အချိန်နဲ့ ကြုံသွားတတ်တာမျိုးလား   ဒါဆိုလည်း […]


တွယ်ငြိခဲ့တာလား ရောင့်ရောင့်ရဲရဲ နှစ်သက်နေရသလိုမျိုး ဖြစ်သင့်တာတွေကိုပဲ ရေလောင်းပေါင်းသင်ခဲ့ရတဲ့အခါ စိမ်းစိုခဲ့တဲ့ တစ်ချို့တစ်ဝက်အတွက် အိပ်မက်တွေကို ပြန်အစားပေးလိုက်ရတယ်..   အရိပ်စစ်


ခင္ခJune 11, 20131min07
“လွတ်လပ်ပြီးနောက်´´   ရွှေပေလွှာထက် မှတ်ကျောက်တင်ကာ မောင်မင်းအပြစ်ထင်ရှားသမို့ သတ်စေတဲ့။ တီးတိုးရယ်တဲ့ နားထောင်ပရိတ်သတ် ပြောကြဆိုကြ လှုပ်လှုပ်ရွချိန် မောင်မင်းအနေနဲ့ နောက်ဆုံးစကား ဘာများပြောဟန် ရှိမလဲမေးပေါ့၊ ရာဇဝတ်သား အမောင်ယောက်ျား ပြန်လည်ထုချေ ပြောလေသည်မှာ ကျွန်ုပ်မပြော နားထောင်ပြည်သူ ပြောလိမ့်မည်ဟု ခွန်းတုန့်ပြန်လို့ ပရိတ်သတ်အပေါင်း စီရင်မှု့အပေါ် ချေပစကား ဘယ်သူပြောငြား မေးလေသောအခါ အားလုံးပရိတ်သတ် သံပြိုင်ဟစ်ကာ ဆိုလေသည်မှာ “ကျုပ်တို့ပြောလည်း ပြင်မှာလားဟဲ့ ပြောတဲ့သူသာ ကြံရာပါဟု အစစ်ထဲ့ကာ စီရင်မှာမို့ လွတ်လပ်ပြီးနောက် အမျှဝေပါမယ်…တဲ့´´     ဖတ်ရှု့သူများကျေးဇူးပါ၊ ခင်ခ။


♦ ဆုတောင်း ♦ ••••••••••••• အဝေးဆီက ဇာတိဖွား Malay ပြည်မှ မြန်မာများ ဘေးမသီ ရန်မခ အန္တရာယ်ကင်းလို့ ငြိမ်းချမ်းကြပါစေ ။ ဒို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ ။ ပြည်သားကောင်းတွေ လွင့်လို့ကြွေ မလေးမြေမှာ ကြက်အလား ငှက်အလား ။ ရေနောက်စွန့်ခွာ ရေကြည်ရှာ ဒို့ပြည်မှာပင် ကြီးပွားမှာလား ။ မျက်ရည်စက်လက် ဖုန်းဆက်ကာ သားကောင်း မိခင် ဝမ်းနည်းနေရ။ မိခင်မျက်ရည် တစ်စက်ဟာ တိုင်ပြည်တွေရဲ့ အသက်ပါပဲ ။ စောင့်မပေးပါ အဖရာ ဒို့ပြည်သူတွေ တောင့်တနေကြ ။ တိုးတက်လိုသည် မြန်မာပြည် ဒို့ပြည်သူတွေ အသက်ဆက်ဘို့အရေး ။ # လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ # @ […]


ムラカミJune 11, 20131min024
ပွက်စိတ် ကိုက်တာပဲ. တွန့်မှာပေါ့. ပွက်စိတ် ဝင်ဖမ်းတာပဲ ဘာဖစ်ယဲ. အောကားလေးဘာလေးနဲ့. အောကား မကျိဖူးကြဝူးလား. မကျိဖူးရင် ကုတင်အောက်လာနှိုက်လှည့်. တကဒဲ. ဟွန့်.       P.S ကိုဒညင်းဝက် ကဗျာ ဒမြ တိုက်နေတယ်ဆိုလို့ … ဟိုအူးလေး စာမျက်ခွက်ကနေ ကူးချပြီး လာတင်ထားတာပါဗျာ … သများ ဂဗျာ ကိုလည်း ပြခန်းကို ယွန်းပေးဂျဘာ… ခွစ်ခွစ်…


တွယ်ငြိခဲ့တာ မဟုတ်ဘူး ဖြစ်ချင်တာတွေထက် ဖြစ်နိုင်တာတွေကိုပဲ နင်းချေနေရတဲ့ အခါ တွက်ကိန်းတွေထဲက အတိုင်းပဲ စိမ်းစိုခဲ့တာတွေလည်း ရှိရဲ့ ရယ်သံတွေ စည်ဝေဖို့အတွက် ကြိုးကို ပြန်ပြန်လျှော့ရ အိပ်မက် မက်ဖူးတာပေါ့ အဲဒီကောင်းကင်ထက်က လွင့်မျောနေတဲံ့ ကြယ်တွေ လတွေရှိတယ် လက်ဆုပ်လက်ကိုင်ရှိထားတဲံ့ တစ်ထွာမကတဲ့ ဝမ်းစာတွေအတွက် အိပ်မက်ဟာ အိပ်မက်အတိုင်းတည်ရှိလို့ လက်ရှိ လေထုကိုပဲ ခပ်သန့်သန့်လေး ရှူရိူက်နေမိရဲ့…။   အရိပ်စစ်


လွမ်းခြင်းသိုဝှက် ရင်သို့သက် လှမ်းရင်းပြိုပျက် အငိုခက်ပေမယ့် စိုလျှက်ပါပဲ မိုးစက်ပြာ ။ တစ်သက်မှာ တစ်ခါလန်း ရင်နဲ့ပျိုးတဲ့ ပန်းက ရေလောင်းပေါင်းသင်ဘို့မလို ငါ့မျက်ရည်စိုရုံနဲ့တင် အလိုလို ရှင်သန်နေခဲ့တာ အသိမဲ့ခဲ့လို့လား မိုးစက်ပြာ ။ ရင်အလွမ်းက တိုးထွက်ခါ ဆိုးလျှက်ပါပဲ မိုးစက်ပြာရယ် မြင်မြင်ရာ အရာရာတိုင်း ငါ့အတွက် လွမ်းကဗျာတွေလား လွမ်းစရာတွေလား လှမ်းကာမပြေးခင် အဖြေရှာတွေး အလွမ်းတွေ ပြေမဲ့ဆေး မင်း ပေးခဲ့ပါလား မိုးစက်ပြာ။   @ လူစိုး


naywoon niJune 8, 20131min013
အစစ်များနဲ့ မနီးစပ်နိုင်သေးသမို့ အတုတွေနဲ့ပျော်ပါး ကာလများ ကြာလာတော့ အတုကိုပဲ အစစ်ထင် ထင်ယောင်မိမှာ ဝိုးတဝါးဖြစ်စဉ်………။ တစ်ချို့ အသိနုံနဲ့လို့ အတုကိုသုံးတယ် တစ်ချို့ မတတ်နိုင်လို့ အတုကိုသုံးနေရ တစ်ချို့ ပေါပေါပဲပဲ ရလို့ အတုနဲ့နေတယ် တစ်ချို့ ပညာမတတ်လို့ အတုကို လုပ်ပြီးသုံးတယ် တစ်ချို့ သိရက်နဲ့ အတုကိုစွဲလမ်းနေတတ် အတုနဲ့ပျော်ပါးရတာများလာတော့လည်း အဲဒိဘဝတွေက ခါးသက် ကြာလာတော့ အဲဒိအခါးတွေပေါ်မှာပဲ သကြားပေါက်လာပြီး ချိုသလိုလို အရသာကိုစွဲလမ်း အတုကို အစစ်ထင်မှတ်ပြီး အစစ်ကိုတောင် ရန်လုပ်နေတတ်ကြတော့တာ……….။ နေဝန်းနီ