မပျော်ဝင်ခဲ့တဲ့ အိပ်မက်…..

အရိပ္စစ္June 10, 20131min05

တွယ်ငြိခဲ့တာ မဟုတ်ဘူး
ဖြစ်ချင်တာတွေထက် ဖြစ်နိုင်တာတွေကိုပဲ
နင်းချေနေရတဲ့ အခါ
တွက်ကိန်းတွေထဲက အတိုင်းပဲ
စိမ်းစိုခဲ့တာတွေလည်း ရှိရဲ့
ရယ်သံတွေ စည်ဝေဖို့အတွက်
ကြိုးကို ပြန်ပြန်လျှော့ရ
အိပ်မက် မက်ဖူးတာပေါ့
အဲဒီကောင်းကင်ထက်က
လွင့်မျောနေတဲံ့ ကြယ်တွေ လတွေရှိတယ်
လက်ဆုပ်လက်ကိုင်ရှိထားတဲံ့
တစ်ထွာမကတဲ့ ဝမ်းစာတွေအတွက်
အိပ်မက်ဟာ အိပ်မက်အတိုင်းတည်ရှိလို့
လက်ရှိ လေထုကိုပဲ ခပ်သန့်သန့်လေး ရှူရိူက်နေမိရဲ့…။

 

အရိပ်စစ်

5 comments

  • ဇဂါး လွတ်

    June 11, 2013 at 8:43 am

    “”ရယ်သံတွေ စည်ဝေဖို့အတွက်
    ကြိုးကို ပြန်ပြန်လျှော့ရ””

    ဒါကို ကြိုးရှည်ရှည်နဲ့ လှန်တယ် လို့ စွပ်စွဲမှုတွေကို ဘယ်လိုပြန်ရှင်းရမလဲဟင်???
    :byae:

    Reply

    • ဗုံ ဗုံ

      June 11, 2013 at 11:37 am

      ဘာမှ ဖြေရှင်းမနေနဲ့မမဂျီး.. ကြိုးရှည်ရှည်နဲ့ လှန်တယ်လို့ထင်ရင် ကြိုးတိုတိုနဲ့သာ ချည်ပြီး ငုတ်ရိုက်ထားလိုက်..ပြီးရော.. :mrgreen: :mrgreen:

      မယ်နု ရင်ဘတ်ထဲက စကားလုံးတွေပေါ့လေ….. နာများ အိုက်လို ခံစားတတ်ဘူးဟယ်.. အားကျလိုက်ထှာ သများဒွေဂို.. :mrgreen:

      Reply

      • ဇဂါး လွတ်

        June 11, 2013 at 11:55 am

        ဟုတ်တယ်။။
        ဗုံ ကလေးပြောသလိုပဲ လုပ်လိုက်ပီ။

        နာ့ ပါပီလေး သနားပါတယ်။ ငိငိငိ။ :mrgreen:

        Reply

  • သူကလေး

    June 11, 2013 at 12:27 pm

    ရှယ် ….
    ကြိုက် ….

    Reply

  • အလင်း ဆက်

    June 11, 2013 at 10:24 pm

    ဇွန်းတပ်ပြီး.ကြိုက်တယ်ပေါ့လေ ..။
    ကောင်းပါလေ့..။

    တို ့ကတော့
    အရိပ်စစ်တင်လိုက်သမျှ ကဗျာဆို..တင်ပြီးမကြာဘူး..
    မဖတ်မဖြစ် ဖတ်ကိုဖတ်ရတယ် ။
    ဘာလို ့..အဲဒီလို.. မဖတ်မဖြစ်ဖတ်နေရလဲ..သိလား.. အရိပ်စစ်ရေ…
    :kwi:

    Reply

Leave a Reply

Your email address will not be published.