“လွတ်လပ်ပြီးနောက်´´

ခင္ခJune 11, 20131min07

“လွတ်လပ်ပြီးနောက်´´

 

ရွှေပေလွှာထက် မှတ်ကျောက်တင်ကာ

မောင်မင်းအပြစ်ထင်ရှားသမို့ သတ်စေတဲ့။

တီးတိုးရယ်တဲ့ နားထောင်ပရိတ်သတ်

ပြောကြဆိုကြ လှုပ်လှုပ်ရွချိန်

မောင်မင်းအနေနဲ့ နောက်ဆုံးစကား

ဘာများပြောဟန် ရှိမလဲမေးပေါ့၊

ရာဇဝတ်သား အမောင်ယောက်ျား

ပြန်လည်ထုချေ ပြောလေသည်မှာ

ကျွန်ုပ်မပြော နားထောင်ပြည်သူ

ပြောလိမ့်မည်ဟု ခွန်းတုန့်ပြန်လို့

ပရိတ်သတ်အပေါင်း စီရင်မှု့အပေါ်

ချေပစကား ဘယ်သူပြောငြား

မေးလေသောအခါ

အားလုံးပရိတ်သတ် သံပြိုင်ဟစ်ကာ

ဆိုလေသည်မှာ

“ကျုပ်တို့ပြောလည်း ပြင်မှာလားဟဲ့

ပြောတဲ့သူသာ ကြံရာပါဟု

အစစ်ထဲ့ကာ စီရင်မှာမို့

လွတ်လပ်ပြီးနောက် အမျှဝေပါမယ်…တဲ့´´

 

 

ဖတ်ရှု့သူများကျေးဇူးပါ၊

ခင်ခ။

7 comments

  • မင်းမင်း

    June 11, 2013 at 4:12 pm

    ‘ကျုပ်တို့ပြောလဲ
    ပြင်မှာလားဟဲ့’
    ပုဆိုးတော့ပြင်ဝတ်သလားလို့ပါ။

    Reply

  • ko pauk mandalay

    June 11, 2013 at 4:25 pm

    ပြင်တာမပြင်တာ
    အပထား။
    ပြောစရာစကားများ
    ပြောကာထားက
    အများအကျိုးတိုးပါမည်။

    Reply

  • အရီးခင်လတ်

    June 11, 2013 at 5:22 pm

    မှန်တာပြော သစ္စာ။
    ကျွန်မလဲ အဝေး ကမို့ ဟောင် နေရဲ တာပါလို့။
    🙄

    Reply

  • ဇဂါး လွတ်

    June 11, 2013 at 5:37 pm

    အမျှဝေ ခွင့် ရပါဦးမလား:::::: 🙄

    Reply

  • မောင် ပေ

    June 13, 2013 at 12:32 pm

    အို…ဘာတဲ့
    အို…ဘာတဲ့
    လေးခရေ
    :kwi:

    Reply

  • kai

    June 13, 2013 at 4:30 pm

    ဘာရယ်မဟုတ်ပါဘူး…
    ကဗျာရတုစပ်ကောင်းတဲ့ ပညာရှိကြီး..အမတ်ကြီးတွေ.. နယ်နှင်ခံရ/အသတ်ခံရပြီး.. ဇတ်ဆုံးကုန်တာတွေသတိရမိလို့ပါ..

    အနန္တသူရိယ အမတ်ကြီး
    လက်ဝဲသုန္ဒရအမတ်ကြီး
    စလေဦးပုည

    စသဖြင့်ပေါ့…။

    Reply

    • ခင် ခ

      June 14, 2013 at 11:03 am

      ဒါကြောင့်လည်း ခင်ခက ပြေးလို့လွယ်အောင်
      နဂိုကတည်းက ရွာပြင်ဇနပုဒ်တဲလေးမှာနေတယ်လို့ ဆိုထားတာပေါ့ဗျာ။

      Reply

Leave a Reply

Your email address will not be published.