အာဂJune 20, 20131min03
သစ်ပင်တစ်ပင်အတွက် အသီးမသီးတာ ဘဝ ဆိုးခဲ့ပါသလား…။ ပန်းတစ်ပွင့် မှာ ရနံ့မရှိရင် သိမ်ငယ် နေခဲ့မလား။ ကြယ်မရှိတဲ့ ညဟာ သာယာပါ့မလား။ ချစ်သူမရှိတဲ့လူဟာ ဆိုပြေပါ့မလား။ လွတ်လပ်မှု မရှိတဲ့ တိုင်းပြည်ဖွံ့ဖြိုးပါ့မလား။ အမေမရှိတဲ့ ခလေး နို့ဝပါ့မလား။ မိတ်ဆွေ ငွေ မရှိတဲ့ ဘဝဆိုတာ လူသားတစ်ယောက်အတွက် အကြိမ်ကြိမ် သေဆုံးပြီးသားသစ်ပင်လို အကြိမ်ကြိမ် သီးပွင့်ဖို့ မဖြစ်နိုင်ဘူး။ ကျွန်တော်လည်း ငွေကြေး ကိစ္စအတွက်နဲ့ ဘဝ မှာ အကြိမ်ကြိမ် သေဆုံးဖို့အသင့်ပါပဲ…။


ကျွန်​​တော်​အိမ်​မက်​ မက်​တယ်​အ​မေ…..   အိမ်​မက်​ထဲမှာ ကျွန်​​တော်​ကပန်​းချီဆရာ​ပေါ့ ​ကောက်​​ကြောင်​း​တွေ​ရေး အ​ရောင်​​တွေချယ်​ အနီးအ​ဝေး အလင်​းအ​မှောင်​ နိမိတ်​ပုံ​တွေပြ ကိုယ်​့ကိုကိုယ်​ ဟုတ်​လှပြီထင်​ခဲ့တာ​လေ ….   ဦးဘဂျမ်​း ၊ ဦး​ငွေကိုင်​ ၊ ဆရာခြုံ ၊ အားလုံးကိုဆရာတင်​ ပုဂံ​ခေတ်​​ဆေး​ရေး အင်​းဝ​ခေတ်​ ​ဆေး​ရေး ကုန်​း​ဘောင်​​ခေတ်​ပန်​းချီ ဆီ​ဆေး ​ရေ​ဆေး … ထုံး​ဆေး ပါမကျန်​ ရှု​မျှော်​ခင်​း ၊ ပုံတူ ပိုစတာ ကျွန်​​တော်​ ဆွဲတတ်​ပါတယ်​ .. အ​မေ ။   တ​နေ့​တော့ ….. ကျွန်​​တော်​လမ်​း​လျှောက်​ရင်​း ပန်​းချီပြခန်​းအတွင်​း ဝင်​​ရောက်​ခံစား အားကျမိလို ့ … ကျွန်​​တော်​ပန်​းချီ ဆွဲခဲ့မိတယ်​​ပေါ့ …. ​ပြောဦးမယ်​ အ​မေရဲ့ …… သူတို […]


SawAungJune 20, 20131min09
ကျွန်တော်ဟာ သူ့ရဲ့ အာဒံမဟုတ်ဘူးတဲ့ …………………………………………. ကျွန်တော့်နံရိုးတစ်ချောင်းကို သူ့ပြန်ထုတ်ပေးတယ်။ ကျွန်တော်ဟာ သူ့ရဲ့ အာဒံပါလို့ ပြောပြလည်း သူယုံတော့မှာမဟုတ်ဘူး။ အဲသည်နေ့…………… ကျတော့်ဘဝတွေ အစိတ်အမွှာမွှာ ပျောက်ဆုံးသွားတာ ‘ဧဝ’ မသိခဲ့ဘူး။ …………………………………………………………………….. ကျွန်တော့်ကို ကျောခိုင်း သူချစ်တဲ့ ‘အာဒံ’ နဲ့ ထွက်ခွာ။ လေပြင်း ကမ္ဘာဦးမှာ အပြိုင်းပြိုင်းတိုက်ခဲ့တဲ့နေ့……. ‘ဧဝ’ ကျွန်တော့်အနားမှာ မရှိခဲ့ဘူး။ သူပြောခဲ့သလို သူနဲ့မတိုက်ဆိုင်တဲ့ နံရိုးတစ်ချောင်းကျွန်တော့်မှာရှိတယ်။ အဲ့သည်အရာကိုကြည့်ရင်း နေ့တိုင်းငိုတယ်။ …………တိတ်…………ဆိတ်………………. ကမ္ဘာဦးမှာ ကမ္ဘာပျက်ပါစေဆုတောင်းတယ်။ ပြန်လာပါ ‘ဧဝ’ ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ထိုင်စောင့်နေတယ် တွေးကြည့်တယ်………… ‘အာဒံ’ မဟုတ်တဲ့ တစ်ယောက်နဲ့ သူပျော်မြူးနေမှာပေါ့ ပြောမပြတတ်တဲ့ အတွင်းစိတ်က ခံစားမိလိုက်တယ် သူပျော်နေတယ်……….။ တဖြည်းဖြည်း နွမ်းလာတဲ့ ပန်းသီးကိုကြည့်ရင် ကျွန်တော့်တစ်ချက်ပြုံးတယ်………။ […]


Mr WorldWideJune 20, 20131min05
မစ္စတာ ဒေးဗစ်စပါးကြီးရဲ့မျက်လှည့်ပွဲ ရထားကြီးတစ်စင်းလုံး ဖျောက်ပြတာလောက်လား ခေါက်ထား လစ်ဘာတီရုပ်တုကြီး ဖျောက်ပြတာလောက်လား ခေါက်ထား ငါတို့ရှေ့က မျက်လှည့်ဆရာ မျိုချပြနေတာက ကျောက်တောင်ကြီးတွေ တစ်တောင်ပြီးတစ်တောင် သစ်တောကြီးတွေ တစ်အုပ်ပြီးတစ်အုပ် ကုန်းထွက်ပစ္စည်း၊ ရေထွက်ပစ္စည်း..ဘာကြီးဖြစ်ဖြစ် အကုန်မျိုပစ်လိုက်မယ် လာထား…. အသေးအမွှားတွေပါမချန် တောက်တဲ့တစ်ကောင် မကျန်စေရ ပါးစပ်ကလည်း မျိုချစရာ ဘာကျန်သေးလဲ တစ်မေးတည်းမေး ငါတို့မှာ ငေးနေရတုန်း နောက်ဆုံးပြကွက်အပြီးမှာ ဟာ…………မြစ်ကြီးတစ်စင်း ဘယ်လိုပျောက်သွားတာလဲ (မိုးသစ်ဝေ) ကဗျာဆရာ ဘာပြောချင်လဲဆိုတာတော့ အားလုံးလည်း သိမှာပါ။ မြစ်ကြီးတစ်စင်းလုံး ပျောက်သွားရတဲ့ အထိအောင်တော့ မျက်လှည့်အပြ မကြမ်းကြပါနဲ့လို့  ။


အာဂJune 19, 20131min014
‘သေရင်ပြီးပြီ ‘ ဒီစကားဘယ်သူပြောခဲ့သလဲ နပိုလီယံလို လူပိန်လူညှက်ကလေးက ကမ္ဘာကိုအရက် နဲ့ တစ်ဝှက်စိမ်သောက်ခဲ့သေးတာပဲ..။ ဟစ်တလာ လို ကောင်ငယ်ကလေးကရော သူ့ ဘဝ အတွက် ဂျူးတွေကို သတ်ခဲ့သလား။ သူတို့ နာမည်အတွက် သူတို့သမိုင်းကို သူတို့ရေးခဲ့သလား.။ ဗိုလ်ချုပ်ကတော့ အများဘဝ အတွက် သူ့သမိုင်းကိုသွေးစွန်းတဲ့ စာရွက်နဲ့ ရေးခဲ့တယ်။ ယနေ့ဘဝ ဆိုတာ နောင်သမိုင်းပါပဲ..။ သေချာတာကတော့ မိသားစု သမိုင်းလှဖို့ကျွန်တော့် ဘဝ ယခုထိ မစတေးခဲ့ဘူးသေး….။ ကျွန်တော်က ဘဝမှာ အမှားခပ်များများကလွဲလို့ ဘာဆို ဘာမှမပိုင်ခဲ့တဲ့ကောင်။


Mr WorldWideJune 19, 20131min07
အာစရိယ ငါးခုံးမ နံနံခင်း စာသင်ကျောင်းမှာဆို ခေါင်းပဲကိုက်သလိုလို ရင်ပဲပြည့်သလိုလိုနဲ့ ချောင်းကလေး တဟွတ်ဟွတ်ဆိုးပြလိုက် ပါးစပ်နားကို လက်ကိုင်ပဝါလေး အုပ်ပြလိုက်နဲ့ အိုက်တင်ပေးအလွန်ကောင်းတယ် ညနေခင်း ကျူရှင်ကျောင်းလည်း ရောက်ကရော မော…မမောနိုင်ဘူး ပြောလိုက်တဲ့ ဆုံးမစကားတွေ ဖြေလိုက်တဲ့ မေးခွန်းတွေက ငွေသံကြေးသံ တချွင်ချွင် တတောက်တောက်မြည်တယ် နဖူးကစီးကျလာတဲ့ ချွေးပေါက်တွေကိုတောင် မသုတ်အားတော့ဘူး ကျေးဇူးတော်ကြီးမားလှပါပေတဲ့ (ကျွန်တော်တို့ခင်ဗျားတို့ရဲ့) တစ်လှေလုံးပုပ် အာစရိယ ငါးခုံးမတွေလေ အောင်ရဲ(၁) ကိုယ်လည်း အာစရိယဂိုဏ်းဝင်တစ်ယောက်ပါပဲ။ ဒါပေမယ့် လက်တွေ့မှာဖြစ်နေတဲ့ အဖြစ်အပျက်တွေကို ကဗျာဆရာကရေးထားတော့ ချီးကျူးမိပါတယ်။ကောင်းတဲ့လူလည်း ရှိသလို၊ မကောင်းတာလည်း ရှိတာပေ့ါ။ ဒါတွေဟာ ငွေကြေးလိုအပ်ချက်ကြောင့် ဖြစ်လာတာပါ။ ဝန်ထမ်းကိုလောက်အောင် မပေးနိုင်တဲ့ အစိုးရကို မျက်စောင်းထိုချင်မိတယ်။


ကာရံJune 18, 20131min06
ပန်းလေးရယ်မှ မလန်းခင် အခုတော့ နွမ်းရတော့မယ်ပ လေနှင်ရာ သူလေယိမ်းလို့ ဆင်းသက်ခြွေ သူလေနှင်း မိုးစက်ပွင့်တို့ ကြွေသက်ဆင်း………….. အကြွေစောတဲ့ ပန်းကလေးငယ် လွမ်းရတော့မယ်ထင်ပ သူ့အဆင်း သူ့အရောင် ရုပ်သိမ်းလို့ ညိုရော့တယ် ရနံ့ကလေးရယ် မမွှေးခင် အကြွှေစောလှတယ်……. ကျန်ခဲ့သူလဲလွမ်း ပြန်ရက်သူလဲလွမ်း နောက်ဆုံးတော့ အလွမ်းငှက်နွေဥဩငယ် ပူဆွေးဖွယ် ရတက်မအေး ကူဖေးမယ့် သူအဝေးမှာ ကျမျက်ရည် ဘယ်ညာခက်ကယ်မို့ ဘဝဆိုတာ အဆက်အဆက်ရှိရင်လေ ဆုံချင်သေးတယ် ရနံ့ကြွယ်ပန်းပမာ လန်းဖြာပါစေကြောင်း အစ်ကိုလေ အခုဘဝတင်မက နောင်ဘဝမှာပါ ဆုတောင်းလိုက်ပါတယ် ညီလေးရယ်……                      ပိတောက်မိုး


Mr WorldWideJune 18, 20132min01
မထည့်ဖြစ်တဲ့စာ ချစ်ရတဲ့အစ်ကိုရေ အလွမ်းတွေကို စမ်းရေထဲမှာ မျှော်လိုက်ပေမယ့် စမ်းတွေက ဆည်တွေဖြစ်တော့ တကယ်ညစ်တယ်..အစ်ကို အစ်ကိုတို့က ပိုသိမှာပေ့ါ ဟိုတလောက သတင်းစာထဲ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုလား ဆင်းရဲသားပပျောက်ရေးဆိုလား။ စကားလုံးလေးတွေ တန်းစီထားတာ လှလိုက်တာ…အစ်ကိုရယ် စကားလုံးလေးတွေ ချီတက်လာတာ ညီနေတာပဲ ကျွန်မတို့နားထဲ သကြားခဲလေးတွေ ဝင်လာသလိုပဲ တီဗွီကြေငြာလို ပျော်စရာလိုလို ဘာလိုလို မစားရ အသားကျ ကျွန်မတို့ ဘဝတွေပေ့ါ…အစ်ကိုရာ ဘယ်သူမှ မတက်တဲ့ လမ်းဘေးအိမ်သာ ကျမတို့တက်တယ် ဘယ်သူဌေးမှ မစီးတဲ့ မြို့ပတ်ရထား ကျမတို့စီးတယ် နိုင်ငံတော်အတွက်ဆို… တစ်ဆယ်လမ်းကို တစ်ရာပေးစီးလိုက်တာလည်း ကျမတို့ပါပဲ ကျွန်မတို့အတွက် စဉ်းစားပေးနေပြီဆိုတော့ ကျွန်မတို့ကလည်း ပြန်ပြီး နားလည်ပေးရမှာပေ့ါနော် အမှိုက်တောင်ပစ်စရာမရှိတဲ့ ကျွန်မတို့ ..အမှိုက်ခွန်ဆောင်ရမယ်တဲ့ ရေခွန်၊လေခွန် မြေခွန် မီးခွန် ဓာတ်ကြီးလေးပါး […]


ဇီဇီJune 18, 20131min038
မင်းနဲ့ ဝေးနေရပေမဲ့… မင်းအကြောင်း တွေးပြီး ….. ဆွေးနေတဲ့ ကိုယ့် အဖြစ်ကို .. မေးကြည့်လှည့်ပါ။   မင်းကို မထိရလည်း ….. ကိုယ့်ဘဝထဲ မင်းရှိနေတယ်ဆိုတဲ့ .. အသိလေး … မိနေချင်ပါတယ်။   မင်းကို ကြင်နာချင်ပေမဲ့ …. မမြင်သာတဲ့ ကိုယ့်အချစ်တွေကို … ထင်ရာတော့ မတွေးလိုက်စေချင်ပါဘူး။   မင်းကို ချစ်နေရတဲ့ .. ကိုယ့် အဖြစ်ကို စာနာပြီး…. ပစ် မထားခဲ့ပါနဲ့နော်။   မင်း အနားမှာ မနေရဲတဲ့ … ကိုယ့် အမှားတွေကြောင့်… ကိုယ့်ကို အလကားပါကွာဆိုပြီး ….. မစိမ်းကားစေချင်ဘူး။   မတူညီတဲ့ ဘဝတွေမို့ … မကူညီနိုင်တာကို … ဂျပန်မူလီလို မရစ်နဲ့ကွယ်။   မပိုင်သော်လည်း … ဆိုင်နေတယ် […]


အာဂJune 17, 20131min05
ဘဝဆိုတာ စိတ်ကူးနဲ့ရေးလို့မရတဲ့ ပန်းချီကားတစ်ချပ်လိုပဲ….။ ကံဆရာ ဇာတ်ညွှန်းမှာ ဘယ်သူမှန်းမသိတဲ့ ဒါရိုက်တာအောက် အသက်ဝင်အောင် သရုပ်ဆောင်ရမယ့် …မင်းသား။ ငိုခန်းတွေ ပါမယ် ရယ်ခန်းတွေ ပါမယ် ချမ်းသာမှု၊ ပြည်စုံမှုတွေပါမယ်။ ဆင်းရဲမှု၊ လိုအပ်မှုတွေပါမယ်။ အခုသေချာတာက ဘဝဆိုတာ ငယ်ငယ်ကလို ကျောက်သင်ပုန်းပေါ်မှာ ဆရာမ ချရေးပြသလို ဘကုန်းနဲ့ ဝ ဟာ သိပ်မရိုးရှင်းတော့တာကတော့ သေချာတယ်။ သမိုင်းအဆက်ဆက် ငါ့တို့ ဆိုငြီးတဲ့ တေးသွားက ဘဝ ကလာတယ်။


ムラカミJune 17, 20131min010
ဒမယ် ဘပြောင် … သိပ်မစဉ်းစားနဲ့ ခညားလည်း ကော်လီနာနဲ့ တူတူလာပြီ လွယ်လွယ်လေး ကိုင်း သခင်ကြီးဆယာကိုယ်တော်ဂီ စာချိုးမယ်။ ချစ်သောဝီ ရွှေဘောတော်ကျအောင်ပ ခေါ်ပါကွယ့် ယောက်ျားသား အားလုံး အရဟံ လက်ဝါးကပ်တိုင်ရယ် နဲ့ ခွင်ရှစ်ခြောက် ဟိုဟိန္ဒူ စာလုံးရယ် မဟာယာနဆို ယင်ယန် ဆိုင်း အိုဘယ့်ဘယ် ထိုးလိုက်မယ့်မကြာစေဘု ဒုတ်ပေါ်ကို စုတ်နဲ့ … လုပ်လိုက်ကွယ့် တက်တူး   ပုံ (ဘာသာမဲ့) ကန္နားစီး မိဂီ


Normal 0 false false false EN-US X-NONE X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”Times New Roman”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} တဂေါင်တည်းလားမေးဒေါ့ ငါဒဂေါင်ဒဲးဗာ နင်ဂျာသူရေ မင်းပြေးသွားလှည့်ခါ ဂယောင်ဝဲစားငြိမ့်တော့ အာမချောင်ရဲပါ ဆင်ရှာသူမေ သဲဖျားဆိပ်တက်လာ ဗလာလောကဂျီး […]


ဘဝ   စ လာခဲ့ရတာ ဘယ်လောက်ကြာပြီလဲ ? မရဲတရဲနဲ့ ပြန်ကြည့် မရှိခဲ့တာ အောင်မြင်ခြင်း ချဉ်းကပ်လို့ကို မလာ ငါ  အတော်ညံ့ခဲ့တယ်လေ သက်သေဖြစ်နိူင်တာတွေ ပြန်ရှာမနေတော့ပါဘူး မရူးခဲ့တာ ကံကောင်း ဟောင်းနွမ်းခဲ့တဲ့အတိတ်တွေမှာ ခြေရာတွေက မညီ စီရီနေတာတွေက ညစ်နွမ်းရင်း သစ်ဆန်းခြင်း ကင်းခဲ့ပါပြီ ပီပြင်စေဖို့ရာ ပြန်ရှာ ပေါ်လာတဲ့ ငါ့နောက်ကြောင်း ကောင်းခဲ့တာ မပါ ဒါဖြင့် ငါ ဒီလိုသာ နေရတော့မလား ဘဝရဲ့  တိုက်စစ်မှုးဖြစ်တဲ့ နူနယ်ပျိုမျစ်ခြင်း ကင်းခဲ့ရသလို ကွင်းလယ်ကိုစိုးမိုးမယ့် ပလေးမိတ်ကာ အသပြာ နဲ့ ဘွဲ့မဟာ တွေမရှိ ကြည့်မိတဲ့ နောက်တန်းဟာလည်း ပရမ်းပတာပါပဲ ဒီအချိန်မှာ ရွှီကနဲ အသံကြား မိနစ် ၉ဝ ပြည့်ပါရော့လား ရှုံးထားတဲ့ တစ်ဂိုး […]