KyaemonJune 28, 20136min08
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ——————     စံပယ်ပန်း   ( “…နန်းရဝေ၊ မန်းမြေ စံပယ်လှိုင်တော့… ” နဲ့အညီ မန်းရှုခင်းတွေ၊စံပယ်ပန်းတွေ တင်ဆက်ထားတာပါ။)   =================     ခံပွင့်Carissa Carandas Linn တွေအတွက်နောက်ဆက်တွဲပုံ   (ဒေါ်Padonmar ရဲ့ကွန်မန့်ကိုရည်ညွှန်းပြီးတင်တာ)    


ムラカミJune 27, 20131min016
          ဒေါင်း ဆိုမှ ဒေါင်း.. ဒေါင်း-ပဟေ့ .. ဟောဒမှာကြည့် ငါ့မှာ ကင်း တွေ ကို ဟောဒလို ဂျိုကာ နဲ့ ထောက်တယ် ဂျက် တွေ ကလည်း ရှိနှင့်ပြီးသား မင့်ကို ကုလားဖဲတွေနဲ့ချည်း စီးရီးစီပြနေတာ.. ဟောဒီမှာ ၆-၇-၈ အော်ရီဂျင်နယ် ရမ်း ရှုံးမှာပေါ့ကွ … မင်းက ကွင်းကို ပစ်ချတာကိုး.. ခုတော့ မင်းမှာ ညင်း ၉ နှစ်ချပ်နဲ့ စပိတ်-၆ တကတ် ရမ်း အပျက်ကြီးပဲ ကျန်ခဲ့တယ် မလား..   ကန္နားစီးမိဂီ ဖဲကစား နေသည်။


    မြန်မာပြည် ……………….. အမြန်ရောက်ချင်လို့မှ   မြင်းစီးပြီးသွားမိပါတယ်   ထန်းလက်မြင်းဖြစ်နေမိတယ်..။  ။   ဇွဲမာန်(အင်းဝ)


ムラカミJune 26, 20131min013
        ထိလွယ် ရှလွယ် အချစ်ဆိုတာ အခိုးအငွေ့ ဆိုရင် ငါ့ရင်ဘတ်က အနှီ အခိုးအငွေ့တွေ ဖြည့်ထားတဲ့ ပူပေါင်းတလုံးပေါ့ နှင်းဆီ။     မင်းရဲ့ ဆူးဖျားတထောက်စာ ပြုစားမှုလေးလောက်နဲ့ ပေါက်ကွဲထွက်ရသလားရယ်လို့ ငါ့ကို လူတွေပြက်ရယ်ပြုကြပါစေတော့။     တကယ်တော့လည်း အခိုးအငွေ့ဆိုတာ ကိုင်တွယ်မဖမ်းဆုပ်နိုင်စကောင်းဘူးမလား ဒီလိုပဲ အချိန်တန်တော့လည်း လွင့်ပါး ပျောက်ရှ….။


အရှင်​ဘုရား … တပည်​့​တော်​မ လင်​နှင်​့သားလည်​း စွန်​့လွှတ်​ခဲ့ပါပြီ ဘုရား ။ ။   အရှင်​ဘုရား ….. ဇရာကိုချင်​းနင်​းလို့ နုပျိုခြင်​းများလည်​း မှုန်​ဝါး သွားခဲ့ပါပြီ ဘုရား ။ ။   အရှင်​ဘုရား …… သံသရာ​ဘေး ကြို​တွေးထား​ပေမယ်​့ တပည်​့​တော်​မ မှာ ရုန်​းထွက်​ချိန်​မရခဲ့ပါ ဘုရား ။ ။   အရှင်​ဘုရား ….. သင်​မိတဲ့ပညာ သိလာတဲ့အသိ စွဲညိတဲ့ သတိနဲ့ တပည်​့​တော်​မ နှစ်​နှစ်​ဆယ်​​ကျော်​ သီးခံ အားတင်​းလို့ မိုးလင်​းမယ်​့ ​နေ့ကို ​ ​စောင်​့​မျှော်​ခဲ့ပါတယ်​ဘုရား ။ ။   ကိုးနဝင်​းသမား​တွေ မိုးလင်​းသွား​ပေမယ်​့ တပည်​့​တော်​မ အကျယ်​ချုပ်​ဘဝမှာ ဘဝအတွက်​မ​တွေး နိုင်​ငံ့ အ​ရေးအတွက်​ အသက်​ပြင်​းပြင်​းရှူခဲ့ပါတယ်​ […]


KyaemonJune 24, 20135min05
    ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊ —————— လှည်းယာဉ်တော်ကြွကြွ   “လှည်းဝင်ရိုးတန်တညံညံ”ဆိုလောက်အောင်  လှည်းယာဉ်ပုံတွေကဝေဝေဆာဆာ၊သို့ပေမဲ့ ကျနော်က ပုံတပုံကိုမှ မပိုင်၊သူများဆီကပုံတွေပါ၊ ========       ပိတောက်ရွှေဝါ   (Poet “U Kyaw” should be revised as “U Kyawt”)


KyaemonJune 23, 201310min04
                Rev Lustig (ခ) အရှင်အာနန်ဒါကမြန်မာကဗျာတွေကို ဘာသာပြန်ပေးခဲ့တယ်၊ ကမ်ဘာသိအောင်မိတ်ဆက်ပေးခဲ့တယ်၊ တနည်း၊  ကမ်ဘာစင်မြင့်ပေါ်မှာ  မြန်မာစာပေ နဲ့ယဉ်ကျေးမှုကိုပွဲလယ်တင့်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့တယ်၊   ————————–     ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   (ထပ်လောင်းပြီးပြောရမှာက ပုံတွေကတန်ဆာဆင်ဘို့ပါ၊ ရသစာပေကိုပိုမိုခံစားရအောင်ပါ၊   ပုံတွေကိုကျနော်မပိုင်၊သူများပိုင်တာ၊ပိုင်ရှင်တွေကိုခွင့်ပန်ပါရစေ၊)   ——————-   မယ်ခုမျှော်      မယ်ခုမျှော်ယူကြူ့ဗီဒီရိုသီချင်း လင့်ခများ   မာမာအေးသီဆို   Mar Mar Aye – Mel Khu Mhyaw-မယျခုမြှောျ Myanmar song – YouTube   ဝင်းဦး၊မာမာအေး၊တင်တင်မြသီဆို […]


သတိ္တရှိရင်ထွက်ခဲ့ ………………………. သွေးတစ်စက်ကိုမြေမှာကျလို့ သမိုင်းအနာဂတ်ကောင်းစားစေရမယ် မွေးကတည်းကဒီစိတ်ဓာတ် ဘယ်သူချေဖျက်နိူင်အုံးမှာလဲ အမေပေးတဲ့လက်က အမေမွေးတဲ့နိူင်ငံကိုချေဖျက်ဖို့မဟုတ်ဘူး မယုံရင်လှန်လျှောကြည့်လို့ရတယ် ဖြူစင်တဲ့စာမျက်နှာတွေ အတိတ်မှာထင်ထင်သာသာရှိနေတုန်းပဲ ကလောင်တစ်ချောင်းကိုသာကိုင်ခဲ့တဲ့သူကို အကြမ်းဖက်တယ်လို့ပြောရအောင် အကြမ်းဖက်ဆိုတဲ့အဓိပ္ပါယ်ကို ဘယ်လိုပညာတွေနဲ့စွဲချက်တင်လိုက်တာလဲ ကိုယ်ထင်ရာကိုယ်စိုင်းနေတဲ့အတ္တမာနတွေအတွက် ငါဂရုစိုက်နေစရာလိုမယ်မထင်ဘူး ခွေးဟောင်တိုင်းသာထကြည့်နေရမယ်ဆိုရင် အိပ်ရေးပျက်ရုံသာရှိနေမှာပေါ့ လူဆိုတာအခွင့်ရေးအမျိုးမျိုးရှိကြတာမှန်ပေမယ့် စည်းဆိုတာလေးဘောင်ကွပ်ထားလိုက်ရင် စည်းလုံးခြင်း၊ငြိမ်းချမ်းခြင်းတွေနဲ့အတူ အနာဂတ်မှာလှပနေပါလိမ့်မယ် အကြောင်းအရာတစ်ခုကိုသေချာမသိဘဲ သူများဟောင်တိုင်းလိုက်ဟောင်နေခဲ့ရင် လမ်းဘေးမှာအိပ်နေတဲ့ခွေးနဲ့ဘာထူးမှာလဲ လူဆိုတာစဉ်းစားဆုံးဖြတ်တက်ဖို့အသိဉာဏ်ပါနေပြီးသားပါ မှားတယ်မှန်တယ်ဆိုတာပုထုဇဉ်တို့ရဲ့ဓလေ့ အမှားများများကင်းနိူင်ဖို့သာအရေးကြီးတာပါ မင်းလည်းမှားနိူင်သလိုငါလည်းမှားနိူင်သေးတာပဲ ကိုယ်မစွမ်းဆောင်နိူင်လို့အရန်ခုံမှာထိုင်နေရသေးတာ စွမ်းဆောင်နိူင်လို့လုပ်နေသူကိုအပြစ်မတင်လိုက်ပါနဲ့ မင်းစွမ်းဆောင်နိူင်လို့လုပ်ခဲ့မယ်ဆိုရင် ငါအရန်ခုံမှာထိုင်နေပေးမယ် ကိုယ်တိုင်ကျတော့လူတွေမုန်းခံရမှာကြောက်ပြီး ဦးမဆောင်ဘဲချန်ထားခဲ့တာကို ဦးဆောင်ပြီးလုပ်နေသူတွေအား လူ့ခွင့်ရေးချိုးဖောက်တယ်ဆိုတဲ့စွဲချက်တွေနဲ့ သူရဲကောင်းကြီးလုပ်မနေစမ်းပါနဲ့ မင်းစွမ်းဆောင်နိူင်လို့သတ္တိရှိတယ်ဆိုရင် ရှေ့သို့သာထွက်ခဲ့လိုက် ငါလက်ကမ်းပြီးကြိုဆိုနေအုံးမှာပါ…။            ။                             ဇွဲမာန်(အင်းဝ)


KyaemonJune 22, 201318min010
  ထုံးစံအတိုင်း၊ဘာသာပြန်ပေးခဲ့သူ ကလောင်ရှင်ကိုဘဲ အရင် မိတ်ဆက်ပေးရ မှာပါ၊ မြန်မာဇာတိနွယ်မဟုတ်ဘဲ ထူးလဲထူးခြားတဲ့ အခြားနိုင်ငံက ရဟန်းတပါးပါ၊ ————– ပြီးတော့မှ သူဘာသာပြန်ခဲ့တဲ့အဲဒီကဗျာတွေကို တင်ဆက်မှာပါ၊ မှတ်ချက်၊ ဆီလျော်မယ်ထင်တဲ့ပုံတွေကိုရှာရှာဖွေဖွေလုပ်ပြီး၊ တန်ဆာဆင်ထားတာက ရွာသူရွာသားတွေအတွက် ရသစာပေကို ပိုမိုခံစားလို့ရအောင်နဲ့ ရှုခင်းတွေကိုပိုမိုမြင်သာပြီးခန့်မှန်းလို့ရအောင်ပါ၊ ပုံတွေကို Internet အင်တာနက် က ရတာပါ၊ သက်ဆိုင်ရာ အသီးသီးကဘဲ ပိုင်ကြတာပါ၊ ကျနော်လုံးဝ မပိုင်ပါ၊ ကာယကံရှင်တွေကကျနော့ကို ခွင့်လွှတ်ဘို့ ဒီကနေတောင်းပန်လိုက်ပါတယ်၊ ——————————–   Rev Friedrich V Lustig/အရှင်အာနန်ဒါ ဟာ Estonia အက်စ်တိုးနီးယားနိုင်ငံက ဗုဒ္ဓ ဘာသာဘုန်းကြီးပါ၊ မုတ်ဆိတ်ထူထူနဲ့ဗုဒ္ဓ ဘာသာဘုန်းကြီးဆိုတော့လဲ စိတ်ထဲမှာတမျိုးကြီးခံစားမိမှာပါ၊ အမြင်ဆန်းသော်လည်းဘဲ၊ဂျပန်နဲ့တိဗက် က ပါဝင်တဲ့ မဟာယာန ဂိုဏ်းခွဲအသေးလေး တခုမှာ အဲဒီလိုဂိုဏ်းဝင်ဘုန်းကြီးတွေရှိကြောင်း […]


SawAungJune 22, 20131min08
ရူးသွပ်စွာ ငါတမ်းတ မိပါရဲ့ …… အမှောင်ထဲမှာ ကျရှုံးနေသူတစ်ယောက်မို့ မင်းငါ့အရှုံးကို ဘယ်တော့မှမြင်မှာမဟုတ်သလို ငါကလည်း ထုတ်ပြဖို့ဝန်လေးသူတစ်ယောက် …………. ဒီမှာ… လွမ်းစရာကို နာစရာနဲ့မနှစ်သိမ့်တတ်ဘူး… လွမ်းဖို့ကို ငါ့မာနက တားဆီးထားလို့…..။   တစ်ခါတစ်ခါ…. မဲ့ပြုံးတောင်ပြုံးမိတတ်နေပြီ မင်းခြေထောက်အောက်ရောက်နေတဲ့ ငါ့မာနကို ဖွဟဲ့လို့ ဆွဲထူရင်း ငါ့နှလုံးသားထဲ ပြန်သိမ်းထားလိုက်တော့မယ်   နိုင်ချင်ပေမယ့် ရှုံးနေတဲ့ဘဝတစ်ခုကို မင်းလှောင်မရယ်နဲ့ ပဲ့တင့်သံဆိုတာ ကိုယ့်ဆီပြန်လာတတ်တာ သဘာဝတဲ့   တုံ့ပြန်မှုသဘောတရား မင်းမသိရင် နယူတန်က မင်းကိုလှောင်ရယ်လိမ့်မယ် တစ်ခါတစ်ရံတော့ အချစ်တွေဟာ အမုန်းကိုပြောင်းလဲသွားနိုင်သေးတာပဲ   ဒါပေမယ့် မင်းကိုငါမမုန်းသေးဘူး နာကျင်တဲ့အချစ်တစ်စုံ ဆုပ်ကိုင်ထားတုန်းမှာ မင်းဝမ်းပန်းတသာ လှောင်ရယ်လိုက်ပါ အစကတည်းက ရှုံးပြီးသားမို့ …………………………. …………………………… ငါ့မာနလေး ငါပြန်ကောက်ယူရင်း   […]


ဒို့ဘုရားဟောတာက အနိစ္စ ၊ ဒုက္ခ ၊ အနတ္တ မမြဲ ၊ ဆင်းရဲ ၊ အစိုးမရ အနတ္တကိုမြင် နိဗ္ဗာန် ဝင်မှာမို့ အရှင်ဘုရားးးး ….. သတိထားတော်မူပါ ရုပ်နာမ် ဓမ္မ သခါင်္ရတွေကို မြဲ ချင်နေသလား ဘုရာ့ လိုရာစေစား စိုးမိုးထား ချင်တာလား ဘုရာ ့ သူဌေး ၊အနူ ၊ သမတ ဘုန်းကြီး ကုလား ရုပ်၊ နာမ် တွေဘဲမဟုတ်လားဘုရာ့ ကုလားကြိုက်လို့ ကောက်ကောက်ပါအောင်လိုက်လည်း သူ့ထိုက်သူ့ကံ အတ္တာဟိ အတ္တရော နာထော ဘုရားက ပြောပြီးသားပါ အနေသာကြီးပါဘုရာ့ အရှင်ဘုရားတို့လုပ်ကာမှ မြန်မာမတွေလည်း ကုလားမှ ကြိုက်သလိုလို ကုလားပဲ ရွေးယူသလိုလို ကုလားကိုမှ ဖြတ်မရသလိုလို ရှေ့နေကယ်ကာမှ […]


Mr. MarGaJune 21, 20131min027
မင်္ဂလာပါ ရွာသူားတို့ရေ ကဗျာပြခန်းကြီး ပျော်ပျော်ရွှင်ရွှင် အင်တိုက်အားတိုက် ချီတက်လာတာ ပြခန်း သုံး တောင် ရောက်ပါပေါ့။ နောက်ထပ်နောက်ထပ် လာမယ့် ပြခန်းတွေအတွက်လဲ ကဗျာတွေက စုပြီးဆောင်းပြီး အခြေအနေမှာ ရှိနေတယ်။ ဒီလောက်အထိ အောင်မြင်တဲ့အတွက်လဲ စီစဉ်သူများက အထူး ဂုဏ်ယူ ဝမ်းမြောက်မိပါသဗျ။ အခုပို့စ်ကတော့ ကျွန်တော်တို့ ပြခန်း ဘယ်လို ဆက်သွားဖို့ စီစဉ်ထားတယ် ဘာတွေ ဆက် လုပ်သွားဖို့ ရှိတယ် ဆိုတာကို အသိပေးဖို့ တင်ရခြင်း ဖြစ်ပါတယ်။ တင်ရမှာစိုးလို့ ပတ် ပြေးပေမင့် ကဗျာမရေးတဲ့ ဒီ သိကြားကို အားလုံးက တစ်ညီတစ်ညွတ်တည်း ပို့စ်တင်ဖို့ အတင်းအကျပ် တောင်းဆိုတာကြောင့် လာမယ့်ဘေး ပြေးတွေ့ ဆိုသလို တင်ရတာပါဗျို့။ ပြခန်း တာဝန်ခံ ဖြစ်နေတော့လဲ […]


SawAungJune 21, 20131min05
မျက်တောင်တွေ တစ်ဖျတ်ဖျတ် ခတ်နေတဲ့ကြားက အဲသည်အချိန်ကလေးအတွင်းမှာ ကျွန်တော်သူ့ကိုသတိရမိတယ် မေလဆိုရင် သူကျွန်တော့်ဘဝထဲကထွက်ခွာသွားတာ (၂၄)နှစ် ဘာမှမသိလိုက်တဲ့ သူ့အရိပ်အငွေ့အသက်တွေကို စိတ်မှန်းနဲ့ ကျတော်ခံစားတမ်းတနေတုန်းပဲ။ သူကျွန်တော့်အပေါ် နွေးထွေးခဲ့မှာပါ သူကျွန်တော့်ကို ပဲ့ကိုင်ခဲ့မှာပါ မှန်းဆခံစားရင် သူဟာကျွန်တော့်ကို အားပေးသူ။ လောကဒဏ်ကြားမှာ ကျွန်တော်လမ်းလျှောက်ဆဲပါ (၂၄)နှစ်အကြာမှာ သူဘယ်ရောက်သွားသလဲ။ သူဟာ တစ်ခါတစ်ခါ ကျွန်တော့်အနားရောက်ရောက်လာတယ်။ တစ်ခါ တစ်ခါ ကျွန်တော့်နားကပ်ပြီး စကားတစ်ခွန်းပြောတယ်။ ဘဝဆိုတာ ဒီလိုပဲ သားရဲ့……………တဲ့။ …………………… ………………………. တကယ်တော့ သူခေါ်တဲ့ သားဆိုတဲ့အသံတောင် မမှတ်မိတဲ့ ကျွန်တော့်အဖြစ်မှာ မှောင်ပိတ်ခံစားမှုထဲက တစ်စုံတစ်ရာကို ကျွန်တော်ရှာဖွေကြည့်တယ်………။ …………….. (၂၄)နှစ်ဆိုတဲ့ အတိုင်းအတာမှာ ဖေဖေဟာ…………..ကျွန်တော့်ဘဝထဲမှာ အလင်းတန်းတစ်ခုအဖြစ်တည်ရှိနေဆဲပဲ…….။ ……. မှောင်ပိတ်တဲ့ခံစားမှုထဲမှာပေါ့……။ ရင်နှင့်ရင်း၍ အောင်မိုးသူ ဧပြီ ၃ရက် ၂၀၁၃ခုနှစ် […]