“အတိတ်ကို အလည်ပြန်သွားခဲ့တဲ့ည” ဆန်းစကွေးကွေး လရောင်လေးရဲ့ အလင်းစက်များက မူန်ပြပြ ရီဝေဝေ သစ်ရွက်ကြိုသစ်ရွက်ကြားတွေမှာ ဝိုးတို့ဝါးတားဖြာကျ ကဗျာဆန်စွာလှပ လွမ်းဘို့ကောင်းတဲ့ညလေးတစ်ညပါဘဲ။ အိပ်လို့မရပါဘူးဆိုမှ ရာသီဥတုကလဲပူမှပူ။ မကြားချင်ပါဘူးဆိုမှ ဘယ်ကလာမှန်းမသိတဲ့ အသံတွေကလဲ ဆူလိုဆူ။ အစိုးမရတဲ့စိတ်တွေကလဲ ဟိုရောက်ဒီရောက် ကိုယ့်အနားကပျောက်သွားတဲ့ ချစ်ခဲ့ဘူးသူကို သတိရလို့ရ။ အထီးကျန်ည တစ်ကိုယ်တည်းည အဖော်မရှိတဲ့ ည သန်းခေါင်ယံည အိပ်မရတဲ့အတူတူ ဟိုနားဖွ ဒီနားအဖွမှာ ဖွင့်မကြည့်တာ အကြာကြီးကြာနေတဲ့ ဒိုင်ယာရီစာအုပ်အဟောင်းကြားမှာ “သတိရရင်ကြည့်ပါကြည့်မိရင်သတိရပါ”လို့ သေးသေးသော့သော့လက်ရေးလေးအောက်က ပြုံးနေတဲ့မိန်းမလှလေးရဲ့ ဆေးရောင်ပျယ်စ ဓါတ်ပုံလေးကတစ်ပုံကို တစ်ဝက်တစ်ပျက်သာကျန်နေရှာတဲ့ စွယ်တော်ရွက်လေးတစ်ရွက်နဲ့ ယှဉ်တွဲလျက် မြင်လိုက်ရတဲ့ ခဏ ထိန်းမနိုင်တဲ့စိတ်တွေက ဟိုးအဝေးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး အတိတ်ဆီကို ရိပ်ကနဲပြန်ပြေးအသွားမှာ အိပ်မောကျသွားသလိုငြိမ်သက် ချစ်ခဲ့ဘူးတဲ့ရက်များကို ပြန်သတိရ ငါ နင့်ကို လွမ်းလိုက်တာ မိတိုက်ရာ။ ငါ […]


Mr WorldWideJuly 7, 20135min011
ဗိုလ်ချုပ်သို့မဟုတ်…. နတ်မောက်… မင်းဘာမှထက်မလုပ်နဲ့ ထိန်လင်းကို..မင်းငါတို့ဆီပေးပြီးကတည်းက ဆယ်ကမ္ဘာလောက်တာဝန်ကျေပြီ။ ဒေါ်စု… သူ့အမေဆိုတဲ့အတိုင်း ခင်ဗျားစိတ်ဓတ်မာလှပါတယ် ခင်ဗျားငွေတိုးချေးသလို ခင်ဗျားဆီတွေလှောင်ထားသလို သူ့ကိုလည်း ခေတ်ကြီးထံအပြီးအပိုင်..ချေးလိုက်တယ်လို့မြင်ပါ ကျနော်တို့လည်း ရင်ထဲမှာ အမြဲသိုလှောင်ထားမယ်။ ခင်ကြည် ညည်းယောကျင်္ားကိုသေချာကြည့်ထား သမီးကလေး..ခမည်းပေးဖို့ ရွှေကလေးတစ်ပဲတစ်မူးတောင် အမေအိုဆီလက်ဖြန့်တဲ့လူသား နိုင်ငံခေါင်းဆောင်ငမွဲကို ညည်းစိတ်ပျက်ချင်ပျက်  သမိုင်းကစိတ်မပျက်စေနဲ့။ ဗိုလ်ထွန်းလှ ခင်ဗျားဆရာကိုကြည့်ပြောထားဦး လမ်းဘေးမှာအကြော်ဝင်စားနေတာ နှောင်းလူတွေသိရင် မျက်နှာမထားတက်အောင် ရှက်နေရှာဦးမယ်။ ဆရာတော်ဦးသောဘိတ ဒီတစ်ခါပဲကြမ်းတမ်းမိလို့ ဒီခလေးကိုမရိုက်ပါနဲ့ ရရင်ရ…မရရင်ချဆိုတာ ကျွန်တော်တို့အတွက်ပါ ဘုရား။ ရဲဘော်ကျော်စိန် ခင်ဗျား..ကားမောင်းရင် သတိကိုငယ်ထိပ်မှာကပ်ထား ခင်ဗျားတင်မောင်းလာတာ ကျွန်တော်တို့… အတိတ်ကြီး၊ပစ္စုန်ပန်ကြီး၊အနာဂတ်ကြီး။ ဟေ့လူ..ပလေဒီယံရုပ်ရှင်ရုံမန်နေဂျာ သူ့ဟာသူ ငါးမူးတန်းကကြည့်ကြည့်..တစ်မတ်တန်းကကြည့်ကြည့် သွားမတားပါနဲ့ ဘဝမှာ အပန်းဖြေနည်း လက်တစ်ဖက်မပြည့်ခဲ့တဲ့သူ စိတ်လွတ်ကိုယ်လွတ် ခံစားပါစေဗျ။ ဗိုလ်မှူးကြီး ဆူဇူကီး တွေ့တယ်မလား..ခင်ဗျားကိုလက်ဆွဲနုတ်ဆက်ရင်း ခင်ဗျားကိုတိုက်သင့်ရင် တိုက်ရမှာပဲလို့ပြောခဲ့တဲ့ […]


alinsettJuly 5, 20133min024
  အနုပညာစကား ။ ၁ ။ ဘယ်သူတွေ ဘာစကားပြောနေကြသလဲ ။ ပြောနေကြတာတော့အများကြီးပါပဲ ။ (ကျွန်တော်ကတော့  အခုတလော အသံတွေနဲ့ ့နည်းနည်း ဝေးနေတယ် ။ ) ပြောတဲ့လူတွေကလည်း အသံကျယ်ကျယ်နဲ့ကို ပြောနေကြတယ်။ ဘာသာရေး စကား / နိုင်ငံရေးစကား / စီးပွားရေးစကား / လူမှုရေးစကား . . . စသည်ဖြင့် ပေါ့လေ ။ နယ်ပယ် အသီးသီးမှာ ကိုယ်စီ ကိုယ်စီ စကားတွေ ပြောနေကြတယ် ။ အသံတွေ ထွက်နေကြတယ်။ ဒီတော့ ကျွန်တော်လည်း ပြောချင်လာတယ် ။ ဘာစကားပြောရ ကောင်းမလဲဆိုပြီး အခု ကိုယ်က ဘယ်နယ်ပယ်ထဲ ရောက်နေသလဲလို ့ ပြန်ကြည့်မိတော့ […]


SawAungJuly 5, 20131min06
သတိရခြင်းများစွာဖြင့်..ငါမင်းဆီစာရေးလိုက်တယ် မင်းအချစ်တွေ…..လွတ်လပ်ပါစေချစ်သူ………   သတိရခြင်းများစွာဖြင့်…ငါမင်းကိုလွမ်းနေတယ်… မင်းအလွမ်းတွေ…အနှောင်အဖွဲ့ကင်းလွတ်ပါစေ   သတိရခြင်းများစွာဖြင့်…ငါငိုနေတယ်… ငါ့မျက်ရည်တွေက…သန့်စင်ပါတယ်ချစ်သူ   သတိရခြင်းများစွာဖြင့်…မင်းကိုငါချစ်တယ်ချစ်သူ မင်းအချစ်တွေ….ကတိတည်ပါစေ…   သတိရခြင်းများစွာဖြင့်…ငါတွေးနေတယ်ချစ်သူ ဒီအချိန် မင်းဘာတွေလုပ်နေမလဲ   သတိရခြင်းများစွာဖြင့်…ငါတစ်ယောက်တည်းပါချစ်သူ မင်းဘေးနားမှာ ဘယ်သူရှိနေမလဲ   သတိရခြင်းများစွာဖြင့်…ဘဝကိုဆက်လျှောက်နေဆဲပါ.. မင်းဘဝတွေ…သန့်စင်နေပါစေ   သတိရခြင်းများစွာဖြင့်…အဝေးကိုငါမျှော်ကြည့်မိတယ်ချစ်သူ မင်းပုံရိပ်တွေ…မြင်ယောင်ဆဲပါ   သတိရခြင်းများစွာဖြင့်…မင်းဆီကိုစာရေးလိုက်တယ် နှလုံးသားဆိုတဲ့စာရွက်ငယ်နဲ့……… သံယောဇဉ်ဆိုတဲ့ ဖောင်တိန်ရယ်…. အလွမ်းတွေကို မှင်ရေလုပ်ပြီး…….. စိတ်ချင်းဆက်သွယ်မှုကြေးနန်းနဲ့…. ငါ…မင်းဆီစာပို့လိုက်တယ်……   သတိရခြင်းများစွာဖြင့်……………….   ××××××××××   ရင်နှင့်ရင်း၍ Base of true story Aung Moe Thu 18.12.2010 (SAT) 9.44AM


တရွေ့ရွေ့ ကုန်လွန်လာ လကုန်ခါနီးပြန်ပေါ့ တွက်ကြည့်တော့ ငါ့ဆက်ရှင် ၁၃ဝ ပင် မပြည့်သေး အလိုလေး ကယ်ကြပါ တစ်လမှာ ဆက်ရှင် ၁၅၀ ဘယ်သူထွင်တယ်မသိတဲ့ ဒီစည်းကမ်းနော် မပြည့်သော် ငါးထောင်ဖြတ်သတဲ့ လိုလာမယ့် ဆက်ရှင် ၂ဝ ကျော် ဘယ်သူလာလို့ ကူမလဲနော် ၁၅ဝ မကျော်ရင် ပိုင်ရှင်က ငါးထောင်ဖြတ် အရပ်ကတို့ရေ အမေပေးတဲ့ နာမည်တောင်ငါမေ့ ဟိုတကွေ့မှာ ကြည်ပြာ သီတာ ဆိုတာ အခု ညုလိုက်ရတဲ့ လူတကာ အရှက်ဆိုတာ မေ့တာကြာပေါ့ အချော့ကြိုက်တဲ့ ဟိုကောင်လေး ဘယ်ချောင်ပြေးနေသလဲကွယ် ချစ်တယ်ဆိုပြီး အတင်းနမ်း အတော်ကြမ်းတဲ့ ဦး သနပ်ခါးလူးထားဆို အပိုမပြောပဲ ဇွတ်ဆိုးသူ အဲဒီလူလည်း ငါမတွေ့ မေ့သွားပြီလားကွယ် နမ်းမယ် နမ်းမယ်နဲ့ အနမ်းပါမက […]


SawAungJuly 4, 20131min06
အဲသည်နေ့က လက်ပံပွင့်တွေ တစ်တောလုံးကြွေနေတယ်။ ဟုတ်တယ်…….. အဲသည်နေ့က လက်ပံတွေက အရောင်အဆင်းမရှိဘူး။   ကြွေကျတဲ့ လက်ပံတွေ ကိုယ်ပြန်မကောက်မိဘူး လက်ပံတွေဟာ သူ့ခြေရင်းမှာ ခ…ဝပ်ဆင်းလို့။   ကြွေကျတဲ့ လက်ပံပွင့်ကိုမှ သူကခပ်မဲ့မဲ့ပြုံးပြနေသေးတယ် အဲသည်အချိန် သူ့ခေါင်းထက်မှာ စံခွင့်မရှိတဲ့ လက်ပံပွင့်ကငိုတယ်။   သူနဲ့တွေ့မှ ကျွန်တော့်လက်ပံပွင့်တွေက အဖြူရောင် ကြွေလိုက်တာမှ သူ့ဘေးမှာ လက်ပံတွေဖွေးဖွေးလှုပ်။   ရူးသွားတယ်…လို့ သူထင်တယ် ဟုတ်တယ် အဲသည်စက္ကန့်ကလေးမှာ လက်ပံတွေရူးသွားတယ်။   သူ့ခေါ်မှာ နှင်းဆီရဲရဲတစ်ပွင့်ပန်းထားတယ် သူ့ဘေးမှာ လက်ပံပွင့်တွေကြွေကျတယ်။   တစ်ပွင့်ချင်းကနေ အုံလိုက်ကျင်းလိုက် လက်ပံပွင့်အဖြူတွေ ဖွေးဖွေးလှုပ်။   သူ့နှုတ်ခမ်းက စကားတစ်ခွန်းကျလာတယ် “လက်ပံပွင့်ဟာ လက်ပံပွင့်ပါပဲ……. နှင်းဆီမဖြစ်ချင်စမ်းပါနဲ့”တဲ့။   လက်ပံပွင့်တွေကို သူတစ်ချက်ကြည့်တယ် သူ့အကြည့်က……………………………… […]


“၅၅အလွန်” စိုစိုစိမ်းစိမ်းလေးနဲ့စ ရော်ရွက်ဝါမှာဆုံးသွားတဲ့ သစ်ရွက်များလို ……………………………………………. ………………………………………. ကျနော်ဆိုတာကလည်း “ဘဝ “လို့အမည်တတ်ထားတဲ့ ဘာမှန်းမသိတဲ့ ကန့်သတ်ခြင်း လွင်ပြင်ကျယ်ထဲမှာ ပျော်တလှည့် ပျင်းတစ်ခါ ခွင့်လွှတ်ခြင်းရန်ဖန်ရန်ခါ မနိုင်၍သည်းခံရခြင်း မြောက်များစွာ အောင်မြင်ခြင်းတစ်ကြိ်မ်တစ်ခါ ကျရှုံးခြင်းပေါင်းအကြိမ်များစွာ တက်ကြွတစ်ခါ တွေဝေတစ်လှည့် တစ်ခါတစ်ခါရုန်းကန် တစ်ခါတစ်ခါ မျောပါ တစ်ခါတစ်ခါကန့်လန့်သွား သံသရာကြီးထဲမှာ ………………………………………… ကူးခတ်တယ်ထင်ရင်း နစ်မြုတ်။ အမြင့်တက်တယ်ထင်ရင်း ပြုတ်ကျ။ ပျော်ရွှင်တယ်ထင်ရင်း ငိုကြွေး။ ရတယ်ထင်ရင်း ပြန်ပေးနေရ   အော်……………… ဖြတ်သန်းခဲ့သောကာလ ၅၅ ကို နောက်ပြန်ပြေးကြည့်တဲ့အခါ သိလိုက်တာ တစ်ခုထည်းပါဘဲ။ အဲဒါ………………………………. “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး” “ငါဟာ……………ငါမဟုတ်ဘူး”  “ငါဟာ……………ငါမဟုတ်ဘူး” ဆိုတဲ့ ကိုငှက်ဆိုခဲ့တဲ့စာသားလေးအတိုင်းပါဘဲဗျာ။   ကိုပေါက်လက်ဆောင်အတွေးစဉ်ကဗျာ 3-7-2013  


ムラカミJuly 4, 20131min012
            ဂုဏ်ယူလိုက်ဇမ်းဘာ ကျုပ်တို့ သီဟပူရကို အင်-ယာတွေ အတော်များများ တင်ပို့တဲ့တိုင်းပြည်မှာနေတာ.. နောက်ပိုင်း hospitality management ဆိုတာ လူငယ်ထု သည်းခြေကြိုက် မြို့ပြကဗျာ ဖြစ်လာတဲ့အကြောင်းကောသိလား အဲ … မလေးက လယ်တွေ ဘယ်ကောင်တွေ ပင်ပင်ပန်းပန်း ထွန်ပေးနေတယ်ထင်သတုန်း ပြီးတော့ ပြုတ်တူနဲ့ ပလာယာ ကိုင်ပြီး ပေးတာယူကျွေးတာစားနေတာကော ဘယ်ကလာတဲ့ကောင်တွေထင်သတုန်း နီးနီးစပ်စပ် ယပက်လက်ပင်လယ်ပြင်မှာ ပါဏာတိပါတာကျူးလွန်နေတဲ့ အမျိုးတွေဘယ်လောက်ရှိလဲ ခင်ဗျားသိလား ပထဝီ တကြောလွတ်တယ် အပြောခံရလောက်အောင် လှိုင်းမူးခံပြီး ရေထဲကမတက်တဲ့ လူတွေလည်း တပြွတ် တခြား ပန်းကန်ဆေး ဆူရှီလိပ် တက္ကစီမောင်း ရင်း ရွာက အမျိုးတွေဖို့ ဆိုတာကလွဲလို့ ဘာမှမသိတဲ့ ဖြစ်သမျှအကြောင်း […]


================================= ကဗျာပြခန်း ( ၁) – http://myanmargazette.net/176843 ကဗျာပြခန်း ( ၂) – http://myanmargazette.net/177632 ကဗျာပြခန်း ( ၃) – http://myanmargazette.net/178437 ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ – http://myanmargazette.net/178698 =================================   “မန်းဂဇက်ကဗျာချစ်သူများရဲ့ ကဗျာပြခန်း (၄) ဖွင့်ပွဲ”   ဖွင့်ပွဲနေ့ဖြစ်သောကြောင့် တစ်ရွာလုံး လှုပ်လှုပ်ရှားရှား ဖြစ်နေကြသည်။ အနည်းငယ်ထူးခြားချက်ကား ရပ်ဝေးရောက်နေ့ ရွာသူားများပါ ပြန်ရောက်နေကြခြင်းပင်ဖြစ်သည်။ ဇူလိုင်လထဲတွင် ကျင်းပမည့် ရွာတွေ့ဆုံပွဲအတွက် ပြန်လာကြခြင်းပင်ဖြစ်၏။ ထို့ကြောင့် လူစုံတက်စုံတက်ရောက်မည့် ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကား အနည်းငယ် ပို၍စည်ကားနေသယောင် ရှိလေသည်။ ကဗျာပြခန်း (၄) ၏ ဖွင့်ပွဲကို ယခင်ပြခန်းများနည်းတူ ရွာထိပ်မှ အစည်းအဝေးခန်းမတွင် ကျင်းပရန် ပြင်ဆင်ထားသည်။ […]


naywoon niJune 30, 20131min014
အို…. မိခင် နို့ဆာလောင်လို့ ငိုကြွေးနေတဲ့ကလေး ရေကျက်အေးလေးတိုက်ကျွေး ခြူသံလေး လှုပ်လို့ အာရုံကို လွှဲပြောင်းပေးထားတယ်…..။ ပုခက်ထဲက ကလေးငယ်ခမြာမှာတော့ ရေအေးလေးသောက်ပြီး ခြူသံလေးရဲ့နောက်မှာ နို့ချိုချိုတွေ ကျလာမလားလို့ အသံလာရာနောက်ကို ငေးမော မျှှော်လင့်ချက် အရောင်တစ်စ သူ့မျက်ဝန်းလေးမှာ တွဲခိုနေတယ်……။ မိခင် ကတော့ သူ့သားငယ်ကို နို့တစ်နပ် အငတ်ထားလိုက်ပြီး တိုက်ကျွေးရမဲ့နို့ချိုချိုတွေကို လိုနေတဲ့ တစ်နေ့တာအိမ်စရိတ်အတွက် မိခင်နို့ မထွက်တဲ့ တစ်ခြားကလေးငယ်တစ်ယောက်ကို ဒီတစ်နေ့စာ နို့ပေးတိုက်လိုက်ရတယ်…….။ နေဝန်းနီ


ခင္ခJune 29, 20131min07
“သူ ဆို မှ သူ´´   သူပြန်လာဖို့ မျှော်မယ်လို့ဆို သူထွက်သွားတော့ လွမ်းအားပိုမို တနေ့လာနိုး မျှော်ခဲ့ ထိုထို အခုထိလည်း ရောက်မလာနိုင်သလို ဘယ်နေ့ရောက်မလဲ မသေချာသလို မျှော်မိတာလဲ အကြိမ်မနည်း စိတ်မှာထင်စဲ သူ ဆို မှ သူ ဘဲ တစ်နေ့တော့လည်း ရောက်မှာဘဲလို့ ထင်နေစဲပါ သူ ………….. ရယ်။   ခင်ခ။ ( အပျင်းပြေလေး လက်စမ်းမိတာပါ )


alinsettJune 28, 20133min018
       အောင်မြင်ခြင်းတစ်ဖက် ကျရှုံးခြင်းတစ်ဖက်နဲ ့   ခုန်ပေါက် ဝင်လာတဲ့ ကံကြမ္မာကို  ဖန်တရာ တေအောင် ဆဲရေးပစ်ချင်ရဲ့။   ကျကျနနစီစဉ်ထားတဲ့ အမှားတွေကြားမှာ . . . . ငါတစ်ယောက်ထဲရဲ့ အမှန်တရားက ဆား မပါတဲ့ ဟင်းတစ်ခွက်လိုပဲလား။   မျက်နှာလိုမျက်နှာရအပြုံးတွေကို စားသုံးရင်း ချဉ်စုတ်စုတ် ကံတရားရဲ့ အရှိန်အဝါအောက်မှာ ငိုကြွေးဖို့တောင် မျက်ရည်မဲ့ခဲ့ရ ။   ပုံပျက်ပန်းပျက် မေတ္တာတရားတွေကြောင့်.. လူစဉ်မမီတဲ့ ရှင်သန်ခြင်းနဲ့ …… ငါ ဘယ်သူ ့ကိုများ အပြစ်တင် စောရဦးမလဲ ။ သွားးးးးးးစမ်းပါကွယ် ။   အဲဒီအသုံးမကျတဲ့မေတ္တာတရားတွေ အကြောင်း တရားလည်းးလာ မဟော နဲ့ စကားလည်းး […]