DEPARKO DEPARKOJuly 13, 20131min05
မနေ့က ပန်းဆိုတန်းမှတ်တိုင်ကနေ ပါရမီ အစိမ်းရောင်ကို သမိုင်းဘက်တက်စီးတယ်။ ကားသမားကခတ်ငယ်ငယ် ညနေရုံးဆင်းချိန်နောက်ပိုင်းဆိုတော့ လူကိုအလုအယက်ရှာနေရတဲ့ပုံ။ ပြွတ်ညပ်နေတဲ့ ကားပိစိတွေကြား ပုရွက်ဆိတ်အုပ်ထဲ ဆင်ဝင်တိုးသလို ခေါင်းထိုးထိုးပြီးအတင်းလမ်းလုမောင်းရာက ရွှီကနဲ ဝီစီသံတစ်ချက် ကားကတုံ့ကနဲရပ်လို့ ၂၈လမ်းအောက်ဘလောက် ညနေဝ၅၀ဝချိန် ဝီစီတော်ပီကယ်ဆီကိုစပါယ်ယာလေးပြေးလို့ လက်ကြားမှာ ၃၀၀ဝ ညှပ်လို့ ဝတ်တွားခယတောင်းပန် ဟိုကလက်မခံ ငါ ၃၀၀ဝ တန်မဟုတ် ဆင်ဖြူတော်မဟုတ်လို့ ချလံမပေး ရုံးကိုမနှေးလာခဲ့တဲ့။ စပါယ်ယာတွေက ကားသမားကိုအပြစ်တင် ၅၀၀ဝ နဲ့ သူငယ်ချင်းလုပ် တာ့တာတောင်အဟုတ်ပြမတဲ့။ ချလံမဖြတ်တဲ့သကောင့်သား တစ်နေ့ နှစ်ဆယ်လောက်များဖမ်းရင် အိတ်ဝင်သပိတ်ဝင် ငွေတစ်သိန်း ဒီမိုကရေစီယိမ်းကလို့ရ လုပ်ကြပါဦးဗျ။


DEPARKO DEPARKOJuly 13, 20131min07
အိုဘယ့် ဘပြောင် ညအမှောင်နေတုန်းကပေါ့ လရောင်ကိုမျှော်ကာတမ်းတ စိတ်မှာပန်းလျှ။ အိုဘယ့် ဘပြောင် လစန္ဒာရောင်ဝါလင်းသည်မို့ ပိုးစုန်းကြူရှောင်ကာပုန်းပြီပေါ့ တွေးခက်လှသေး။ ညမှောင်မှောင် လရောင်ရယ်မမြင်ရချိန်က အလင်းရောင်ကူကာပေးနေတဲ့ ပိုးစုန်းကြူငယ်ငယ်လေးတွေက လမ်းပြချည်သေး။ အိုဘယ့် ဘပြောင် မင်းသော်တာနေ့အလင်းမှာပေါ့ နေသူရိန်ရှိန်ဝါမတုနိုင်ဘု လသော်တာဘယ်မှာပုန်းရှာလိမ့် ဖြေခက်လှသေး။


DEPARKO DEPARKOJuly 12, 20131min09
စိုင်ကော်လို့ခြုံပေါ်ရောက် ခြင်္သေ့ဟောက်သံနဲ့ဖါးသူငယ် မင်းအရွယ်ငယ်ပါသေး။ ဒေါင်းယောင်ေဆောင်တဲ့ကျီး အမြီးဖြန့်ကာမှ ပြစရာတစ်ကွက်မှမရှိ အားလုံးဓါတ်သိတွေချည်း။ မုဆိုးခြေထောက် ဆူးမကြောက်ခဲ့ပေမည့် အာဖဂန်ကမိုင်းမျိုး အဖြစ်ဆိုးမှာတော့ကြောက်ရှာသား။ ရေများရေနိုင်မီးများမီးနိုင် မီးကိုမနိုင်တဲ့မီးသတ်ကား အထူးအဆန်းလုပ်နေရော့သလား။ မင်းရဲ့စကား မိုးကြိုးသွား ရောင်းစားလို့ရမှတော့ မိုးကြိုးသွားနဲ့ပီယဆေးဖေါ် ပေါက်ဖေါ်ကြီးကကြိုက်မှကြိုက်။ ကောသလမင်းအိမ်မက် တစ်ဆယ့်ခြောက်ချက် အခုခေတ်မှာအသက်ဝင် အဲဒီရှင်ဘုရင်ရှိသေးရင် ခေါ်လို့ပင်ပြလိုက်ချင်သေး။ ရေနစ်သူ ဝါးကူလို့ထိုး အဖြစ်ဆိုးလှချည့် တရားမရှိ နတ်မသိအောင် ခပ်ပြောင်ပြောင်မျက်နှာထား ကျံကျောင်းရဲ့ဒါးနဲ့ခုတ် မျက်နှာမွဲပေါင်ချိန်အစုတ်ကို အရေးလုပ်မယ်တောင်မထင်။ မင်းခယောက်ကျား ကမ်းနားသစ်ပင် စည်ပင်က ဒါးနဲ့ခုတ်လို့ အပင်တွေမရှိတာကြာပါပကော။ သစ်ငုတ်မြင့်တုံ မြက်မြင့်တုံတဲ့ သစ်ငုတ်ကိုမျက်ဖုန်းလို့ လူလုံးမပြရတာကြာပါပကော။ ကြာကြာဝါးမည့်သွား အံကပ်သာတပ်လို့ထား ကြမ်းကျွံရင်နှုတ်လို့ရ စကားကျွံရင်နှုတ်လို့ရအောင် တရားခွင်မှာ ကျမ်းမကြောက် ဘယ်သဘောက်မသားလဲ ကိုယ့်ကိုကိုယ်ဖေါ် မသူတော် တစ်ရာ့တစ်ပါး မင်းဖြစ်လေမလားလို့ ပေါ့နော်ပေါ့နော်ပေါ့နော်


အာဂJuly 11, 20131min018
ကကြီး ခခွေး ပြန်ရေးချင်တယ်။ ကလေး ဘဝဆိုတာ အဖြူရောင် ပန်းတောထဲ လျှောက်ရတဲ့ ခြေဖဝါး နုနုလိုပဲ ဖြူစင်နုညံ့လှတယ်။ လိုချင်တာမရရင် ဖြူစင်စွာ ငိုမယ်။ နို့ချိုဖြူတွေ စို့လို့ လွတ်လပ်စွာ ရယ်နိုင်တယ်။ အနာဂတ်အတွက် မရိုးဖြောင်တဲ့ ဇာတ်ညွှန်းတွေ မရေးဘူး..။ အတိတ်ကို ဝါပြီးသား ပီကယ်လို ထွေးထုတ်နိုင်တယ်။ လိုချင်တာကို စိတ်ကောက်လို့ ပစ္စုပ္ပန်ကို အရုပ် လိုကစားနိုင်တဲ့….. ဟန်ဆောင်ကင်းကင်း ပျော်စရာခရီး… မို့… အချိန်တွေ ပြောင်းပြန်စီးတဲ့ မြစ်ထဲ ပြန်ခုန်ချခွင့်ပြုပါ……။ ကြီးရင့်လာလေလေ စိတ်အပင်က သောကတွေ သီးပွင့်လာလေလေမို့ ပြန်ငယ်ပါရစေ…ကလေးသဖွယ်..။


DEPARKO DEPARKOJuly 11, 20131min05
နာလိုက်တာဗျာ ရင်ဝမှာဒါးလှံစူးသလိုပ မြင်ရတာအဆင်မချောလေဘူး ဘူးချက်ကမသေး။ အရွယ်လေးကဂေါရီရယ် အသက်ငယ်ငယ် မြစ်အရွယ်လေးနဲ့မှ ဖေါက်ပြန်ရက်သေး။ ငွေရှိရင်ဘာမဆိုဖြစ်တာမို့ ဆိပ်ကွယ်ရာဥပဒေမမှီနိုင်လို့ ကွန်ဒိုခေါ်ဒီတိုက်ခန်းတွေက လူမိုက်အားပေး။ မိုးထက်ဝလ္လာ တိမ်သိလ္လာဟိုအထက်ဆီက သိကြားရာ မမြင်အမှတ်မှားနေလို့ နတ်သဘင်အစည်းအဝေးတွေကြောင့် ဖေါက်ပြန်သူအခွင့်အရေးပိုရ ခက်ခက်လှသေး။


DEPARKO DEPARKOJuly 11, 20131min07
ငါဟဲ့မင်းလောင်း မောင့်ကျက်သရေခေါင်းပေါင်းနဲ့ ထီးဖြူခေါင်းပေါ်ဆောင်းလို့ ကျွေးဟောင်းတွေလျှော်ပစ်မတဲ့။ ငါဟဲ့မင်းလောင်း ဝန်ထမ်းတွေနေရာပြောင်းလို့ မကောင်းမှုတွေဖယ်ကာရှားလို့ နတ်သုဒ္ဒာ နင်တို့စားရမဟဲ့ တိုင်းပြည်ကိုရတနာပုံဆိုက်ရအောင် လုပ်ပေးမယ်တဲ့။ အပြောက ကောင်းကောင်းနဲ့ လှတောသူမျက်ရည်ကျလောက်အောင် အဆောင်အယောင်ဂုဏ်ရှိန်ကြီးပါဘိ ပုခုံးတစ်ဘက်စောင်း။ ငါဟဲ့သမတလောင်း အခြေအနေဘယ်လိုပြောင်းစေတော့ ယုံကာလေပုံကာအပ်မည်မို့ အတွေးတစ်ချက်ကောင်း။ ကျားသေကိုအသက်မသွင်းလိုဘု မျက်ရည်တွေအခါခါမဆဲသည်မို့ မိုးခါးရေပုံပမာရှိသည်မို့ ယုံပါလို့မပြောလိုပါ ကြုံလာတဲ့ကံကြမ္မာ ဖန်လာသည်အခါခါပေမို့ ထိုက်တန်သူပြည်သူအပေါင်းအတွက်ပါ ငါဟဲ့မင်းလောင်း၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊


အာဇာနည်​ကို ဗာလာနီသတ်​တဲ့​နေ့ ပြန်​​တွေးကြည်​့လိ်​ုက်​စမ်​း လက်​သရမ်​းတဲ့​မျောက်​​တွေ ဘရင်​းဂန်​း ပစ်​တမ်​းကစားလို့ စမ်​းတဝါးဝါး အမှား​တွေလည်​းမ​ရေနိုင်​ ဒို့နိုင်​ငံ ကျွန်​ပြန်​ဖြစ်​​စေတဲ့ အာဏာရူး​တွေရဲ့လက်​ထဲ ဝဲ စွဲခဲ့တာလည်​း အကြ်ိမ်​ကြိမ်​ ပြည်​့တန်​ဆာ အိမ်​က ဇိမ်​မယ်​က်ို အပျိုလို့​ပြောသလို ပြည်​သူကို မျက်​လှည်​့ပြ ဇတ်​ညွှန်​းအတိုင်​း က ခဲ့တာ ၆၆ နှစ်​ကြာခဲ့​ပေါ့ အခု​တော့ ….. စုတ်​ပြတ်​ဖွာလန်​ကျဲ အခွံဘဲ ကျန်​တဲ့ ဒို့နိုင်​ငံ နွံနစ်​​နေတုန်​း ​နောက်​ဆုံး​မျှော်​လင်​့ချက်​ လက်​ ကနဲလင်​း​စေတဲ့ အ​မေစုကိုဝန်​းရံကြ ​နောက်​တစ်​ကြိမ်​ ​လေးဆယ်​့ခွန်​ မကြုံချင်​​တော့ဘူး အာဏာရူး​တွေ က တဲ့ပွဲ ရာဇပုလ္လင်​ လုတဲ့ပွဲ ​သွေးညှီနံ့​တွေ လွှမ်​းတဲ့ပွဲ ဲအသဲစွဲ​အောင်​မှတ်​မိ ၆၆ နှစ်​ရှိပြီ​လေ ….။ ။   အာဇာနည်​ကို ​မေ့​စေချင်​လို့ ​ဖြောက်​ဖျက်​ခဲ့တာလည်​း […]


အာဂJuly 10, 20131min08
ဟိုး ကမ္ဘာဦးကတည်းက သစ်ရွက်တွေ အသံမထွက်ဘဲ ကြွေကြတာပါကွယ် လူ့ယဉ်ကျေးမှုစတည် စ ကတည်းက ပါးနီလှလှလေးတွေဟာ ပန်းဖြစ်နေတယ်။ ဒါပေမဲ့ ကို်ယ့်လို ခိုးဝှက်၊ စိတ်အံဆွဲထဲပျိုးကြဲသူအတွက် ကိုယ့်နှလုံးသားကြွေသံ အမြန်နှုန်းဟာ လူမသိ သူမသိတောက်လောင်လွန်းလှတယ်။ ချမ်းတတ်ရင်ဆောင်းကို မထိနှင့် အို……နေရယ် ကမ္ဘာကြီးတိမ်းစောင်းသွားရလောက်အောင်တော့ ဘယ်သူမှ….မဆော့ခဲ့ပါဘူး…။ လှမ်းခူရင် ဆူးမယ်မှန်းသိပေမယ့် ကိုယ့်လက်တွေက သွေးထွက်ရဲချင်နေတယ်။ သေချာတာက…. ကိုယ့် လက်ဆော့ခဲ့တာမဟုတ် နှလုံးသား ဆော့ကစားခြင်းသာ။ အတန်းလိုက် စိုက်ထားတဲ့ မင်းရယ်သံ အုပ်အုပ်ကလေးဟာလည်း သောကတွေအရိပ်ထိုးလို့ ရိုးတံကျဲရဦးမှာပါ….။ မြစ်ထဲရေမရှိမှ ဒုက္ခတွေရွက်လွှင့်ခြင်းကင်းမှာ စမ်းချောင်းပေါ်ကြွေရုံနဲ့… ပန်းတွေ ပင်လယ်ထိမရောက်ဘူး…။ ကိုယ့်ရင်ထဲ… သောကငွေ့ငွေ့နှင့် စိုးရိမ်ခြင်းသတင်းစာ မင်းနာမည် အကြောင်း အထပ်ထပ်ဖတ်ရတာ မောလျတယ်…။ မင်းနဲ့ ပတ်သက်သမျှ ရဲရဲကြီး ခပ်ထုတ်နိုင်မှ ကိုယ့်ရဲ့ […]


DEPARKO DEPARKOJuly 10, 20131min08
ငါလည်းလေလောကီသားပေမို့ ဖြစ်ချင်တာပ သမ္မတ နေရာ ရောက်လာရင်လာလုပ်မလဲရယ်လို့ မမေးပါနဲ့အေ တိုက်ခန်းတွေပလုံစီအောင်ပေးမယ်ပ ငါ့ဆွေမျိုးတွေ အိမ်ယာတွေဖေါ်ထုတ်ပေးမယ်ဗျ ငါ့အမျိုးတွေ စီးပွါးရေးတောင့်တင်းကာမှ တိုင်းပြည်အကျိုးသယ်ကာပိုးနိုင်မှာမို့ ခွင့်လွှတ်ကြပေး။ အူမတောင့်မှသီလစောင့်နိုင်မှာမို့ ချမ်းသာအောင်အရင်လုပ်မှာမို့ ဆယ်စုနှစ်တစ်ခုအတွင်းမှာဗျ သည်းခံကြပေး။ မှတ်ချက်။ လက်ရှိသမ္မတကြီး မပါပါ။


DEPARKO DEPARKOJuly 10, 20131min023
ရှေ့မျက်နှာနောက်ထားလို့ ဖေါက်ပြားတဲ့မသူတော် လော်မာတဲ့စိတ်ထား ဖုတ်သွင်းရထားဆိုက်မလားလို့ မိုးပေါ်ကိုမျှော်ကြည့် မထိတထိကလိလိုက်သေး(သိကြားမင်းကို) ငါဟဲ့မင်းလောင်း ရွှေထီးကိုဆောင်းလို့ ဂေါက်ကွင်းက ကယ်ရီမလေး ပညာရေးခက်ရေးမကြွယ်စေလို့ ကုသိုလ်လေးပြုလုပ် ရွှေနှုတ်ကမြွက်ကြားလို့ ငါသနားသဟဲ့ လက်ကြားမှာ s4 ညှပ်စေရော့ တက်နေဘို့တိုက်ခန်းရှာပေး လက်မနှေးတဲ့ဘဘပါ ညအခါလသာသာမို့ အပျိုကညာအရွယ်မလင့်ရအောင် ပန်းဦးဆက်သေး။


KyaemonJuly 9, 20136min05
              ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     —————–   ဦးကြင်ဥ ရဲ့ပါပဟိန်ပြဇာတ်က ကဗျာ တပုဒ် ပါ၊         ဇာတ်လမ်းအရ ညီတော်မင်းသား ပါပဟိန်က  နောင်တော်အိမ်ရှေ့မင်းသား ဇယျာသိန် အား စစ်ထိုးတိုက်ခိုက်ဘို့ ပြင်ဆင်ရင်း ထုတ်ဖော်တဲ့စစ်ချီကဗျာပါ၊   ညီတော်ကနန်းလုတာအရေးတော်ပုံအောင်ခဲ့တာပါ၊       (မြန်မာရာဇဝင်မှာအလားတူ ဖြစ်ရပ်တခုရှိခဲ့တာပါ)       Naratheinkha – Wikipedia, the free encyclopedia       http://en.wikipedia.org/wiki/Naratheinkha Reign[edit]     ညီတော်နရပတိစည်သူကိုနယ်စပ်သို့အကြံအဖန်နဲ့စေလွှတ်ပြီးနောက်  […]


– – ============================ ============================ ဒီနေ့ အင်တာနက်ပေါ်မှာ ဟိုကြည့်ဒီကြည့် လိုက်ကြည့်ရင်းနဲ့ ဒီကဗျာလေး လာတွေ့လို့ …။ အဲ့ဒါ … မဖတ်ဖူးသူတွေအတွက် ပြန်ရှဲပါတယ်ပေါ့ ….။ စကားစပ်တုန်း ကျုပ်အကြောင်း ထည့်ပြောရရင် … ကျုပ်က ရေနံချောင်းသား စစ်စစ်တော့ မဟုတ်ဘူး ….။ ရေနံချောင်းမြို့နယ် အနီးအနားက ပုစိညှောင့်တောက် ရွာလေးတစ်ရွာမှာ မွေးခဲ့တာပါ ….။ နေသာတဲ့ မနက်ခင်းတွေဆို … ရွာမြောက်ဘက်ကနေ လှမ်းငေးကြည့်လိုက်ရင် ပုပ္ပါးတောင်ကြီးကို လှမ်းမြင်ရပါ့ဗျား ..။ ဆိုလိုချင်တာက … ကျုပ်က ရေနံချောင်းမြို့သား မဟုတ်ပေမယ့် …။ ရေနံချောင်း တောသား တစ်ယောက် ဖြစ်လေတော့ …။ ရေနံချောင်းနဲ့ ပတ်သက်တဲ့ ဒီကဗျာကို ရှဲတယ်ပေါ့ဗျာ …။ […]


naywoon niJuly 7, 20131min09
အဲဒိနေရာမှာ မြင်မြင်သမျှ အရာအားလုံး ခံစားရသမျှ အားလုံးဟာ မိတ္တူတွေချည့်ပဲ ….. မူရင်းရှာမတွေ့တော့ဘူး …..။ မိတ္တူကို မိတ္တူတွေကူးရင်း မိတ္တူပေါ်မှာ မိတ္တူတွေ ကူးရင်းနဲ့ မူရင်းကိုမေ့နေကြတာကြာလှပါပကောလား……..။ တစ်ကယ်တော့က မူရင်းဆိုတာကိုသတိမရတော့လောက်အောင် မိတ္တူတွေဆင့်ပွားယူလာကြ မိတ္တူပေါ်မိတ္တူတင်ကူးလိုက်နဲ့ အလုပ်တွေရှုပ်နေကြတော့တာပ……။ နေဝန်းနီ