ကာရံJuly 17, 20131min03
သို့                           ချစ်သူရေ အခုဆို တို့တစ်တွေဝေးကွာနေခဲ့တာ ရက်တွေတောင်အတော်လေးကြာရှည်ပြီနော် အလွမ်းဆိုတဲ့ အက္ခရာကို ကိုယ်ကောင်းကောင်းအသုံးချတက်နေပြီထင်ပါရဲ့  ပြန်ဆုံမယ့်ရက်လေးကို တွေးမိတိုင်း ငါရင်ခုန်သံတွေ စည်းချက်မမှန်တာတော့ သေချာပါတယ်ချစ်သူ ငါမရှိတဲ့ အချိန်တိုင်းမှာ မင်းလေးတစ်ယောက် တမ်းတနေမလား လွမ်းမဝလို့ ကျမျက်ရည်တွေ တသွင်သွင် စီးမျှောနေပြီလား တစ်ယောက်နဲ့တစ်ယောက် အလှမ်းကွာဝေးနေပေမယ့် အကြင်နာတွေကတော့ ရင်မှာကိုယ်စီကိန်းအောင်းနေဆဲဘဲလေ မင်းသိရဲ့လားချစ်သူ ညအိပ်ရာဝင်တိုင်း မက်မိတဲ့ အိပ်မက်လေးကထဲမှာ အနမ်းမိုးတွေ ရွှာဖြိုးနေတုန်းပေါ့ ငါနိုးမထချင်ပါဘူး ဒါပေမယ့် လင်းအာရုံ နံနက်ခင်းတိုင်းမှာတော့ ငါရင်မောမိပါတယ် ပုံရိပ်လေးတွေ ငါ့အနားက စွန့်ခွာသားပြီလေး  သိပ်ချစ်လ်ို့ ဆွေးနေမိတဲ့ ငါတို့နှစ်ယောက်ရဲ့ချစ်ခြင်းတွေက………..                                                                                               မင်းလေးအနား တစ်ဖဝါးမှမခွါ့ပေမယ့် ကံတရားက ဝေးကွာဖို့ဖန်ဆင်းလိုက်ပြီလေ အချစ်ဆိုတာကို သိလိုက်မိချိန်မှာတော့ ငါအဝေးတစ်နေရာမှာပေါ့ လွမ်းလို့ကျလာမယ့် မျက်ရည်စက်တွေကို ငါထွေးပိုက်ဖို့အတွက် ခွန်အားများလည်း […]


ကာရံJuly 17, 20131min03
အတွေးလေးရယ်မှနိုးမထခင် ငါ့အလွမ်းတွေက ထက်ကောင်းကင်နံရံဒေါင့်မှာ လင်းတစ်ခါ မှိန်တလှည့် ရစ်ဝဲနေဆဲပေါ့ ချစ်လျှက်နဲ့ဝေးနေရသူအဖို့မှာတော့ အတောင်ညောင်းတဲ့ဌက်ပမာ လမင်းလည်းမသာတာတော့ အသေအချာပါဘဲလေ မုန်တိုင်းမထန်သေးခင် ငါ့အလွမ်းတွေ အဝေးသို့ပြေးသွားရင်ကောင်းမယ်နော် အခုတော့ သိပ်ချစ်မိလို့ စိတ်ညစ်နေရတာလား မကြင်နာခဲ့လို့ ရင်နာနေရတာလား မေတ္တာ အတိမ်အနက်သဘောမှာ ငါ့ရဲ့သောကတွေကို ချနင်းမိခဲ့ချင်ပါရဲ့ ချစ်သူရယ် လာချင်ရင် အနီးလေးဆိုတဲ့စကားက ငါ့အတွက်တော့ စိတ်ပျက်စေမယ့် ကာရံအလား မတွေးမိခဲ့ပါဘူးလေ တစ်ခုတော့ပြောလှည့်ချင်ပါတယ် ရေခြား မြေခြား တစ်နေရာစီဝေးကွာနေရပေမယ့် ငါ့အချစ် ငါ့ရင်ခွင်တစ်နေရာက မင်းလေးအတွက်တော့ ထာဝရ အမိုးအကာလေးတွေဆိုတာ………….                                          ပိတောက်မိုး


အာဂJuly 17, 20131min02
အဖေ x အမေ x ကျွန်တော် x ညီမလေး x အစ်မ x ကိုယ့်အတ္တနဲ့ ကို်ယ် ကြက်ခြေခတ် မိသားစု တေးသွားက အသံကြောင်တယ် ဂီတာ တစ်လက်က မိသားစု ဆိုရင် ဘယ်တော့မှ ကြိုးမညီတဲ့ အိမ် တစ်ယောက်တစ်သံနဲ့ ဘဝ ၅ ကြိုးလုံး လက်ခတ်လိုက်တိုင်း သံစဉ် တစ်ခု ဖြစ်မလာဘူး…။ ကျွန်တော်လိုချင်တာက ဘယ်နှကြိုးတီးတီး သာယာသံတစ်ခုပဲ ထွက်ရမယ်။ ဒါ…. မိသားစုပဲ။


အာဂJuly 17, 20131min03
ရှင်သန်နေရတာကို က သေနေတာပဲ….. လောက အမှားတွေက မှန်နေတယ်။ အတုတွေက စစ်နေသရောင် နောက်ခံတေးဂီတနဲ့ ငါ့တို့ ဇာတ်လမ်းအမှားတွေ ရိုက်ခဲ့သူတွေပဲ..။ ခေတ်ရဲ့ ခွဲစိတ်တွေထဲ လက်တွေ့ဘဝ ပန်းချီမှာ အပြုံးတု စေတနာတု ဂရုဏာတု အချစ်တု တွေနဲ့ ငါ့တို့ ……… ရေးဆွဲလို့ကောင်းနေကြဆဲ…။ ၂၁ ရာစု…. ဘဝ….။


ムラカミJuly 17, 20131min012
ကံဆိုးမှု မိုးသားတွေ ပြိုကျတဲ့ ကာလပေါ့.. အားငယ်နေမလားကွယ်.. ဆောရီး .. ကျနော် အားမပေးတတ်ဘူး.. ခပ်သော့သော့ ပြုံးလို့ လောကဓံဆိုတဲ့ ငနဲသားကို ကလိကလိ နေအောင် ပျက်ရယ်ပြုတတ်တာ.. ကျုပ် ထရိတ်မာ့ခ် ရယ်ပါ…   ပြုံးပါဦး မိန်းကလေး.. မင်းပြုံးတိုင်း ပန်းတွေ မကြွေ သလို ကြယ်တွေလည်း မသေဘူး ဒါပေသိ … စိတ်ကျေနပ်မှုရဲ့ တန်ဖိုး တစုံတရာ ကိန်းတယ်.. မာန ဆိုတဲ့ပန်းဟာ မွှေးလွန်လွန်းလို့ လောကဓံ ဆိုတဲ့ကောင် ရှုရှိုက်ဖို့ မတန်ဘူး တဲ့လေ..   ဒုက္ခ ဆိုတဲ့ ငနဲသားက သူ့ခယ်မ သောက ကိုပါခေါ်ပြီး အိမ်ပေါ်တက် ထမင်းမျိုတာပဲကွယ်.. ကျွေးလိုက်ပါ.. မျက်လုံးလေး မှေးစင်း လို့ […]


htet wayJuly 15, 20131min03
အာဇာနည် မှန်ကန်မူ သစ္စာတရားနဲ့ ကိုယ်ကျိုး စွန့် အနစ်နာခံသူတွေ မြို့တစ်မြို့လုံး ဖုံးလွှမ်းသွားအောင် ဥဩသံတွေ မည်ဟီးလိုက်စမ်းပါ ဟိုမှာ တိုင်တစ်ဝက်လွှင့်တင်ထားတဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် အလံတော် ငါတို့ရဲ့ အမြတ်တနိုး သော့ခတ်ထားတဲ့ နေ့ရက် ဇူလှိုင် ၁၉ ငါတို့ရဲ့ ကယ်တင်ခြင်း တေးသွားရဲ့ချိုမြိန်မူ ဇူလှိုင် ၁၉ ငါတို့ရဲ့ ရနံ့အမွှေးဆုံး ပန်းတွေ ကြွေတဲ့ ဇူလှိုင် ၁၉ ဟော့ဒီမှာ ငါတို့ရဲ့ မွတ်သိပ်တဲ့ အလွမ်းတွေ ဟော့ဒီမှာ ငါတို့ရဲ့ ဝမ်းနည်းခြင်း မျက်ရည်တွေ ဟော့ဒီမှာ ငါတို့ရဲ့ သံပြိုင်သီဆိုလိုက်တဲ့ ကွဲကြေနေတဲ့ အသံ ဇူလှိုင် ၁၉ အနစ်နာခံခြင်းရဲ့ အခြား အမည်…..အာဇာနည်တဲ့ အရိုင်းအစိုင်းတွေရဲ့ လက်ချက်နဲ့ ကျဆုံးခဲ့ရတဲ့ ကျေးဇူးရှင်တွေ ကျွနပ်တို့ […]


alinsettJuly 15, 20132min029
အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၁ ) အနုပညာအကြောင်း ခပ်ကြမ်းကြမ်းလေး ပြောကြည့်မယ် (၂)     ကျွန်တော်ချစ်သော အနုပညာ     အနုပညာစကား ။ ၁၁ ။     အနုပညာပစ္စည်း တစ်ခုကို ခံစားရာမှာ. . . . . ခံစားသူအနေနဲ ့ အဲဒီ အနုပညာ ပစ္စည်း ကို နားလည်ခြင်း / နားမလည်ခြင်းတွေက ပြဿနာ ဖြစ်စေပါတယ် ။ နားလည်ခြင်းဆိုတာ . . . အဲဒီ အနုပညာပစ္စည်း ရဲ ့ဆိုလိုချက် / အဓိပ္ပါယ် / ပေးချင်တဲ့ message / (သို […]


အာဂJuly 15, 20131min06
မြန်မာပြည်ဟာလူသားတစ်ဦး ဆိုပါစို့ သူ့မျာ သွေးထွက်သံယို ဒဏ်ရာတွေများ ခဲ့တယ်။ အနော်ရထာ ကအစ သီပေါအထိ မြေရှင်ပဒေသရာဇ် နွံထဲ သက္ကရာဇ်များစွာတိုင်… ဘုံဘေ ဘားမားက စတယ်ပြောပြော ကျွန်သက်တမ်းက နှစ် ၁၀၀ ရွှေအတု ကိုပေးတဲ့ ဂျပန်ကြီးရဲ့ ခြေတော်တင်ခံရတာက ၅ နှစ်။ ကိုအောင်ဆန်းရဲ့ ဈာပန အပြီး တို့လူမျိုးလို ပိုးတွေ ကိုယ့်အသားကိုယ်စားခဲ့ကြ ပြည်တွင်းစစ် ဆိုရှယ်လစ်လမ်းစဉ်ပါတီ တော်လှန်ရေးကောင်စီ အခု…လူသတ် နအဖ ကောင်စီ ဦးသန့်၊ ဩဂုတ် ၈ ၊ စက်တင်ဘာ ၁၉ ၊ စသဖြင့် ခေါင်းစဉ်တွေအောက် သွေးစွန်းကွက်များနဲ့ မြန်မာပြည် နာဂစ်ဆိုတဲ့ မြွေပါးပြင်းထောင်လို့ မွေပြန်ရော့ မြန်မာဆိုတဲ့ လူလည်း အောက်ပိုင်းသေပြန်ရော..။ မြန်မာ့မြေပုံလို့ မြန်မာပြည်ဟာ […]


Yan Nyein ThuJuly 15, 20131min015
  ငါ့အတွက်ဆို အမြဲ busy Facebook မှာဆို အမြဲ ready တစ်စောင်ပီးတစ်စောင် တက်နေခဲ့တဲ့ မင်းရဲ့ comment တစ်ယောက်ပြီးတစ်ယောက် accept လုပ်နေတာက boy friend သက်သက် သဝန်တိုမိတာကိုက ငါ့ရဲ့အမှား မင်းလိုချင်တဲ့လွတ်လပ်မှုကို ချုပ်ချယ်သလိုများ ဖြစ်နေသလား ပြောသမျှစကားများ ရစ်တယ်လို့ပဲ ထင်နေပြီလား မင်းပြောခဲ့တာက ငါ့ကိုအရမ်းချစ် ငါခံစားရတာက ပိုးစိုးပက်စက် ငါ့ရင်ထဲမှာ ဘယ်လောက်နာကျင်ပါစေ မင်းကိုချစ်တဲ့အချစ် တစ်ရွေးသားမှ လျော့ပါးမသွားပေ မီးခိုးငွေ့တွေ ဆက်တိုက်လွင့်နေ ငါ့ရဲ့နာကျင်မှုတွေ လွင့်ပါသွားစေ မင်းပြောသမျှစကားအကုန် ငါ့မျက်စိမှိတ်ပြီး ဇွတ်ယုံ မင်းလုပ်တဲ့အရာမှန်သမျှ လက်ခံပေးပါမယ်ဗျ….   စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် ဘဝတစ်ခုလုံး ပုံအောပေးခဲ့ပါပြီကွယ် စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် ရင်တစ်ခုလုံး ရင်းခဲ့ပြီးပါပြီကွယ် စိတ်ကြိုက်သာလုပ်ပါ ချစ်သူရယ် […]


DEPARKO DEPARKOJuly 15, 20131min03
ဖုန်းလေးကိုင်လို့ကားကိုမောင်း ဟောတွေ့ပြန်ပြီတစ်လောင်း ဖုန်းပြောရင်းနဲ့လမ်းကိုကူး ရေဝေးမှာပျော်မြူး တတီတီနဲ့ဖုန်သံသာ ကြွားလို့မဆုံးပါ အိပ်ကပ်ထဲက ချွေးနဲစာလေး သူအိပ်သူခိုးလေး။ ညဘက်ညဘက်မအိပ်နိုင်ရှာ ပြောလို့မဆုံးပါ ချမ်းသာရှာပေါ MPT လေး ထရိလျှံနာတောင်ပျင်းသေး။ ၁၅၀ဝ နဲ့ရောင်းလဲကွာ ရှစ်သောင်းနဲ့ဝယ်သုံးရှာ တစ်လုံးပိုင်လဲအားမရသေး သူ့မှာဖုန်းသူဌေး ကုဋေရှစ်ဆယ်သူဌေးသားပမာ အတိုင်းအဆမရှိပါ အရူးပမာသူခါးကြား ဖုန်းတွေတန်းစီထား။ မည်သူ့ကိုမှမရည်ရွယ်ပါ ။။။။။။။။။။။။


Mr. MarGaJuly 15, 20134min099
. . . . . . . . . . . . . ကဗျာပြခန်း ( ၁) ကဗျာပြခန်း ( ၂)  ကဗျာပြခန်း ( ၃) ကဗျာပြခန်း (၄) ကဗျာပြခန်းအကြောင်း သောင်းပြောင်းထွေလာ . အာဇာနည်………………တဲ့ ဒီစကားလုံးက လူတိုင်းကို ပြောတဲ့ စကားလုံး မဟုတ်။ လူတိုင်းနှင့်လဲ လိုက်ဖက်ခြင်း မရှိပေ အာဇာနည် ဆိုသည်မှာ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် ဆောင်ရွက်ခဲ့သူများဟု သတ်မှတ်ချင်ပါသည်။ မိမိ လူမျိုး၊ မိမိနိုင်ငံအတွက် တိုးတက်ရာ တိုးတက်ကြောင်းများကို စိတ်ရောကိုယ်ပါ နှစ်ကာ ပြုလုပ် […]


စည်းဘောင်မရှိတဲ့အသိုက်အမြုံတစ်ခုရဲ့သင်းကွဲငှက်တွေ တစ်ယောက်တစ်လက်ဝိုင်းလှော်ခဲ့တဲ့လှေဟာလည်း အခုတော့ ဘယ်ဆီလှမ်းလို့ ဘယ်ကမ်းကပ်မှန်းမသိ သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုကို နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုက ဂုဏ်သိက္ခာရှိရှိဘောင်ခတ်လို့ ရွာပြင်ဖိုးတောင်သူတဲက ရာဘာစေးခြစ်သံတွေကြားရတယ် အနောက်အရပ် နဲ့ အလယ်ပိုင်းက ဘောလုံးတွေလိမ့်ဆင်းလာတယ် တစ်ကျပ်နှစ်ကျပ်နဲ့ ထမင်းငတ်တဲ့ ပညာတတ်တွေ ကောင်းရောင်းကောင်းဝယ် လူကုန်ကူးကြမလား ဟွန်ဒီတွေသူဌေးဖြစ်တဲ့ခေတ်မှာ ဟိုအရေး ဒီအရေး ဟိုဟာကြောင့် ဒီဟာကြောင့် ဖြောင့်ဖြူးနေတဲ့လမ်းကို ညကြမ်းကြမ်းမှာဖြတ်ကြတယ် နွံနစ်နေတဲ့ဘဝဆိုးတွေထဲမှာ ပျော်ပျော်ပါးပါးစားပွဲထိုးကြတယ် အမေနေမကောင်းတာထက် အိမ်ရှင်ကြည်ဖြူဖို့အရေးကြီးတယ် ပါမစ် ရှိတာမရှိတာထက် UN Card ရဖို့အရေးကြီးတယ် တရားဝင်တာမဝင်တာထက် အနောက်ကိုရောက်ဖို့အရေးကြီးတယ် အကြီးအငယ်ရှိတာမရှိတာထက် ဘဝအနေချောင်ဖို့အရေးကြီးတယ် ပေါ်ပင်အနုပညာနဲ့ ခပ်သွက်သွက်ဆေးထဆိုးမှ တန်းဝင်မယ် ထိုသုံးလုံးသောစကားကိုပြောမှ လူရာဝင်မယ် ချိူးဖောက်ခံတွေချိူးဖောက်ခံရပြီးမှ ချိူးဖောက်ခွင့်မဲ့သွားတဲ့အဖြစ်…… လည်ပင်းညှစ်ပြီးမှ ကျောကိုသပ်တယ် လူပြိန်းကြိုက်အထာတွေနဲ့ လွတ်မြောက်ခြင်းကို ညစ်ညစ်ထေးထေးသရုပ်ဖော်ရင်း တချို့က ဝက်ဝက်ကွဲအောင်မြင်ကြတယ် […]


ကော်ဖီတွေခင်းကျင်းထား သကြားမလို ၊ သံပုရာမလို ငါအဲ့လို ရိုးရှင်းပစ်လိုက်တယ်…။ အလှတရားတစ်ခုကို လှေနံဓါးထစ် ၊ ရင်တစ်ခင်းလုံး ဆောင်းဖြစ်သွားတဲ့ အခါ အရိုးခံတွေ ဝင်္ကဘာဆန်လာတယ်…။ ဘယ်လို ပြန်ဆောက်တည်မလဲ………။ ခြေသံတွေ တရှပ်ရှပ်နဲ့ သဲကြိုးပြတ်နေတဲ့ စကားလုံးအဟောင်းတွေ ၊ နှလုံးသားက ပြတ်ရွေ့တွေ များလာပုံရတယ်…။ အမှတ်တရတွေ ဖောက်ခွဲပစ်ဖို့ ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား..၊ နှစ်ချို့ အရိပ်အငွေ့တွေ ဖျက်သိမ်းဖို့ ကိုယ့်ကိုယ်ကိုယ် သဘောတူလက်မှတ်ထိုးရဦးတော့မယ်..။ အသေအပျောက်များတဲ့ ညတွေ လူယဉ်ကျေးပီပီ လိုက်လျောညီထွေနေဖို့ ဆေးခါးတွေ မျိုမျိုချပြီး မှောက်အိပ်ခဲ့ရတာများပေါ့..။ အဲဒီလိုနဲ့ ရင်နာတတ်လာတာ……။ အတ္တမကြီးချင်ပါဘူး.. (ငါ) စမ်းချောင်းတစ်ခုလို စီးဆင်းချင်ရုံ..၊ ပုစာ္ဆတွေ ရှင်းမထုတ်ချင်လို့ ပုစာ္ဆတွေက ငါ့ကို ရှင်းထုတ်တယ်.. မေးခွန်းများများ မေးပါ..၊ ငါဖြေချင်မှ ဖြေမယ် […]