နာကျင်အချိန်ပို

ဘဝ   စ လာခဲ့ရတာ
ဘယ်လောက်ကြာပြီလဲ ?
မရဲတရဲနဲ့ ပြန်ကြည့်
မရှိခဲ့တာ အောင်မြင်ခြင်း
ချဉ်းကပ်လို့ကို မလာ
ငါ  အတော်ညံ့ခဲ့တယ်လေ
သက်သေဖြစ်နိူင်တာတွေ
ပြန်ရှာမနေတော့ပါဘူး
မရူးခဲ့တာ ကံကောင်း
ဟောင်းနွမ်းခဲ့တဲ့အတိတ်တွေမှာ
ခြေရာတွေက မညီ
စီရီနေတာတွေက ညစ်နွမ်းရင်း
သစ်ဆန်းခြင်း ကင်းခဲ့ပါပြီ
ပီပြင်စေဖို့ရာ ပြန်ရှာ
ပေါ်လာတဲ့ ငါ့နောက်ကြောင်း
ကောင်းခဲ့တာ မပါ
ဒါဖြင့် ငါ
ဒီလိုသာ နေရတော့မလား
ဘဝရဲ့  တိုက်စစ်မှုးဖြစ်တဲ့
နူနယ်ပျိုမျစ်ခြင်း ကင်းခဲ့ရသလို
ကွင်းလယ်ကိုစိုးမိုးမယ့် ပလေးမိတ်ကာ
အသပြာ နဲ့ ဘွဲ့မဟာ တွေမရှိ
ကြည့်မိတဲ့ နောက်တန်းဟာလည်း
ပရမ်းပတာပါပဲ
ဒီအချိန်မှာ ရွှီကနဲ အသံကြား
မိနစ် ၉ဝ ပြည့်ပါရော့လား
ရှုံးထားတဲ့ တစ်ဂိုး
ငမျိုး ဆိုတဲ့ ငါ
ပြန်မသွင်းနိူင်ပါရင်ဖြင့်
အမြင်မတင့်ဖြစ်မှာမို့
ချို့တဲ့ခဲ့တာတွေ ထား
ကျန်တဲ့ အားကိုထုတ်
ပွဲသိမ်းခရာမမှုတ်ခင်
နာကျင်အချိန်ပိုမှာ
( အနည်းဆုံး  ) ငါ
သရေဂိုးတော့ သွင်းမယ်ကွာ ။

 

Soccer - Barclays Premier League - West Ham United v Bolton Wanderers - Upton Park

5 comments

  • မင်းမင်း

    June 17, 2013 at 10:28 am

    ဂိုးးးးးးးးးးးးးးးးး

    ဟူသောအော်သံကြောင့်

    အိပ်ရေးပျက်ဘူး၏။

    (ဟီးကိုယ်ထမကြည့်နိုင်လို့ပြောတာပါ)

    Reply

  • KZ

    June 17, 2013 at 12:54 pm

    ပြခန်းအတွက် သတ်သတ် လေး ရေးပေးပါဦး ကိုမျိုးသန့်ရေ။
    🙂

    Reply

    • Myo Thant

      June 17, 2013 at 2:30 pm

      YES SIR 🙂

      Reply

  • ညလေး

    June 17, 2013 at 5:17 pm

    အချိန်ပိုမှာ ဂိုး နိုင် ပါစေကွယ် ့ ဘိုင်စကုတ် မင်းသားအသင်းက ဖိုးချစ် လိုတော့ မသွင်းနဲ့ပေါ့ ့အဟီ ဂိုးးးလွန်သွားးးလို့

    Reply

  • ဦးကြောင်ကြီး

    June 18, 2013 at 9:46 am

    နာကျင်ချိန်ပို
    စာသင်ဂျိန်ဆို
    ငါလျင်ငြိမ်ခို
    ထှာဝင်ဇိမ်မှို
    အာရွှင်မြိန်ဖို
    ဝါစဉ်တိမ်မှို
    ရွာရှင်အိမ်ပျို
    ဖျာတင်လိမ်လို..။

    Reply

Leave a Reply

Your email address will not be published.