alinsettJuly 31, 20131min017
ဆိုးဆိုးဝါးဝါး ။   ပိုပြီးတော့ ဆိုးဆိုးဝါးဝါး ။   ဘယ်တုန်းက ထင်ကျန်ခဲ့တဲ့ အမာရွတ်တွေလဲ။   အသားမာတတ်နေတဲ့ လက်နဲ့ သပ်ချလိုက်မှ သွေး ပြန် စို့ ့လာတယ် ။   ဒီမြေကြီးကို ဆက် . . .နင်းထားသင့်သေးသလား။   လေတွေကိုရော သိမ်းယူနေသင့်သေးသလား ။   လေပြေ . . . လေပြေ . . . လာပါ။ မုန်တိုင်းတို ့နဲ ့အတူ. . . . . ။   နေခြည် အလင်းတန်းတွေ ဖြာဝင်း တောက်ပပြီးးးးး ကိုယ့်ရင်ကို ဖောက် ခွင်းပါ […]


ကာရံJuly 30, 20131min05
မေမေ့ဝမ်းဗိုက်ထဲ ထွေးပိုက်ရလို့ စိတ်ပျက်နေပြီလားဟင် စားချင်တိုင်းမစားရလို့ ငြိုငြင်နေတာလားမေမေရယ် ဒါမှမဟုတ် မသိလို့ဘဲ အပြစ်လုပ်မိသူက မှားတာလား မရည်ရွှယ်ပါဘဲ အခြေတည်မိသွားသူက အပြစ်လားမေမေရယ် မရက်စက်လိုက်ပါနဲ့နော် ရခဲလှတဲ့လူ့ဘဝအိမ်မက်လေး အရောင်ပြယ်သွားမှာစိုးလို့ပါ သံသရာတစ်ကျောမှာ အဖန်တစ်ရာမျောနေရတဲ့ လူ့လောကလမ်းခရီးမှာ အပန်းကြီးမှန်း သိပါတယ်မေမေရယ် ဒါပေမယ့် မှားခဲ့တာကို အခြားတက်ဖက်မှာ မရက်စက်စေချင်ပါဘူးမေမေ စကားလေးတစ်ခွန်းပြောခွင့်ရရင် မနောအစဉ်မှာ ရှစ်ခိုးလျှက်ပါမေမေရယ် မျက်ရည်ဆိုတာ ပူလှောင်ခြင်းပါ မအေးမြသေးတဲ့ လောကအလည်မှာ အရှက်သိက္ခာကျဆင်းခဲ့လေရော့သလားဆိုတဲ့ အတွေးက ရင်ထဲကိုဆိုးနင့်မိပါရဲ့ တောင်းပန်ပါတယ်လေ အခွင့်မရှိလာမိတဲ့ မေမေ့ဝမ်းဗိုက်လေးနာကျင်မှာကို ကြိုတွေးမိရင်လေ ခွင့်ပန်လိုက်ချင်ပါတယ်မေမေရယ် နာကျင်သူရော စွန့်ခွာခံရသူရော မည်သူမျှ အလွမ်းဆိုတဲ့စာသားအောက် သက်ဆင်းကျရောက်ခြင်းမရှိပါစေနဲ့လို့ ရင်နင့်အောင် အစဉ်တွေးရင်း မိခင်မေတ္တာတရားသို့သည် မိုးထိအောင်တိုးပွားရင်း ချစ်ခြင်းများနှင့် ရင်ဆိုင်ကြပါစို့နော်……………..                                            ပိတောက်မိုး


ကာရံJuly 30, 20131min02
မြစ်ကမ်းနံဘေး ထိုင်ကာငေးလျှက် ခြွေကာသက်ဆင်း ရော်ရွှက်ငယ်သို့ တည်ငြိမ်ရေပြင် သင့်အလျှင်ကြောင့် ရိုက်ခက်လှုပ်ရှား ပျက်သွားသည့်သွင် ဘယ်အငြိုးကြောင့် နှောင့်ယှက်သည်……………. မေတ္တာမီးအိမ် ထွန်းလင်းသည်သို့ မုသားမရော ချစ်ခြင်းသဘောမှာ သစ္စာအိမ်အလား မာနကင်းဝေး အမုန်းဆေးမရှိ ခိုနားချင်သူ ဘယ်သူတွေများ ရှိလိမ့်မည်…………. တစ်ယောက်သောသူ ချစ်သောသူနှုင့် အတူတစ်ကွ ပေါင်းဖက်ချင်သည့် စိတ်ထားများသည် ဖန်သည့်ကံတရား ကောင်းသည်ဆိုးသည် ဝေဖန်မပြု အမုန်းမပွား ချစ်တရားများကို ရင်မှာထားလျှက် ရိုးမြေကျအောင် ပေါင်းဖက်ချင်သူ မည်သူရှိမည် ……………..                   ပိတောက်မိုး


KyaemonJuly 28, 20135min08
ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊     မြန်မာရှူခင်းတွေကိုရှာဖွေပြီးတင်ဆက်တာပါ၊ —————      မဲဇာတောင်ခြေ                          မဲဇာတောင်ခြေ   ———-              


KyaemonJuly 28, 201310min07
  ဆရာတော်ရဲ့ဘာသာပြန်ကဗျာလက်ရွေးစင်အချို့ကို ဆက်လက်ပြီးတင်ပြတာပါ၊   ————–   —————————– ဒေါ်မမ ရဲ့မှတ်ချက်အရ စာသားခပ်မှုံမှုံဖြစ်နေလို့ ကဗျာကိုအောက်ပါအတိုင်းပြန်ရိုက်တာပါ၊ —————————–   တောပန်းများ   နီနံ့သာဖြူ အဘော်ဖက်ပါလို့၊ သည်အငူမော်အတက်မှာလှ၊ ကျော်ကရမက်ကယ်က မွှေးလှတယ်၊   ဂိမ်အကူးပေမို့၊ချိန်ဦးဝသန်မှီလို့၊ ဟန်ချီချီ ပျံပုရစ်တွေက၊ ဖူးလှစ်စသွယ်။   ရပ်မြေပြင် သည်အလှဲ့မှာတော့၊ခတ်ရွှေရင် ပလီခဲ့တာမို့၊ သည်နွဲ့နွဲ့ခိုင် စံပယ်ငယ်၊ မြိုင်လယ်မှ ကြိုင်လှောင်း။   ပေါင်းပင်၊ လက်မောင်းလိမ်လည်တင်လို့၊ ကြိမ်နွယ်သွင် တမည်ရှိပေငဲ့၊ လေနှင်ရာ ငွေစင်ဘိသကဲ့သို့၊   နှစ်အခြေ ခေတ်ရေထိ ပြန်တော့၊ ချောင်ငူမှာ တောင်သူတို့ သိရန်ဖို့၊ ဆန်းပွေပိတောင်းတဲ့မှ၊ ပန်းငွေမိကျောင်း။    “ဦးကြော့”   ——–   ဓာတ်ပုံတွေကို […]


ကာရံJuly 27, 20131min04
ပင်လယ်ပြာမှာရေးတဲ့စာ ကောင်းကင်မှာဆွဲခဲ့ပန်းချီ လေထဲမှာဆောက်တဲ့အိမ် မုန်တိုင်းတွေ ပြေရော့ပါလို့ မေတ္တာရဲ့အတိမ်အနက်သဘောက နက်ရှိုင်းသည့်သွင် အလွမ်းကြောင့် ကျမျက်ရည် ချစ်ပြီးမှ မခွဲချင်ပေမယ့် အမုန်းသံသရာကြောမှာ နစ်မြောနေခဲ့ငါ တစ်ယောက်ထဲချစ်ခဲ့ပြီးခါမှ ထားရစ်ခဲ့သူနှင့်ကျန်ရစ်သူသို့ အထိနာရင်မှာလွမ်း အဆွေးဆိုတဲ့စာသားအောက်မှာ ငါလှအောင်ရေးတက်ဖို့ လိုနေပြီထင်ပ အဝေးတစ်နေရာ ဆုံမှတ်ထင်ရအောင် အလှမ်းကျယ် အလည်လှပ်ပြီမို့ အတွေးခက်လှတဲ့ မေတ္တာကြောမှာ ငါသစ္စာဆိုတဲ့ စာသားမှတ်မိဖို့ထက်လိုပြီမို့ ရှေးကုသိုလ် ကံခေသမျှတော့ ချစ်သောသူနှင့်လည်း ထက်ပြီးဝေးရဦးမှာပေါ့                                                             ပိတောက်မိုး……….


ကာရံJuly 27, 20131min03
အရှုံးသမားတစ်ယောက်ရဲ့ နှလုံးသားထောင့်တစ်နေရာမှာ အမုန်းတရားတွေခိုဟောင်းတက်နေပြီပေါ့ ဖြစ်ချင်တိုင်း ဖြစ်မလာတက်တဲ့လောကအလည်မှာ ငါလေတစ်ယောက်ထဲ သောကတွေဗလပွပေါ့ အစကထဲက အခြေမလှခဲ့တဲ့ သံယောဇဉ်လေးအောက်မှာ အပျော်ကြီးပျော်နေခဲ့မိတာ မိုးခါးရေဆိုတာ ငါမေ့သွားခဲ့မိတယ် ခါးသီးတဲ့ ဘဝထဲကိုငါဆွဲမခေါ်ခဲ့ပါဘူးလေ မုသားတွေရေလိုသုံး မာယာကိုအလှဆင်နေသမျှတော့ မင်းဘဝလေး အတောင်ကျိုးတဲ့ဌက်ပမာ ကမ်းပျောက်နေမှာတော့ အမှန်ပါဘဲလေ ရင်မောမိပါရဲ့ အစဉ်အလာတွေရဲ့သဘောမှာ လျှောက်ရတဲ့လမ်းကလည်း ကြမ်း အသက်ရူလိုက်တိုင်း ပူပြင်းတဲ့ နေရောင်အောက်မှာ ဆူးခမ်းထားသည့် ပန်းပမာပါဘဲလား ကြွေတော့မယ့် သစ်ရွှက်ခြောက်ပမာ အော်ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့ ငါ့အတွက်တော့ ဆေးခါးတစ်ခွက်ပေါ့                                                               ပိတောက်မိုး………


အာဂJuly 26, 20131min06
အနာဂတ်တစ်ခုမှာ… ကျွန်တော့်အကြောင်းမှတ်တမ်းတစ်ပုဒ်များရေးခြစ်မိမယ်ဆိုရင်….။ ဖြတ်နင်းခဲ့တဲ့လည်ပင်းတွေထက် အိမ်ဆောက်လုပ်ပေးခဲ့တဲ့လက်တွေ အကြောင်းပါပါစေ။ ဘဝတစ်လျှောက်လုံးလောင်းသွင်းခဲ့တဲ့ အရက်တွေထက်… ငါ ဖြူစင်စွာ လှူဒါန်းခဲ့ဖူးတဲ့ ပုံရိပ်များပါပါစေ။ လက်ထဲမှာပွင့်ချပ်တွေဆုပ်ပြဲသွားတဲ့ ဖူးငုံပွင့်ပန်းတွေထက် ငါစိုက် ခဲ့တဲ့ သစ်ပင်တွေရင့်မှည့်နေပုံအကြောင်းပါပါစေ။ သားသမီးဝတ်အင် ငါးဖြာကို အရွယ်လွန်ချိန်အထိ အလွတ်မရသေးတာထက်…. အဖေ့ခြေထောက်ကို တစ်ခါနင်းနိုပ်ပေးခဲ့ဖူးတာပါပါစေ..။ KTV မှာ ညလုံးပေါက် သီဆိုစားသုံးခဲ့တာထက် ဘုရားအရိပ်အောက်မှာ ဝတ်ပြုခဲ့ဖူးတဲ့ အကြိမ်အရေအတွက်တို့ပါပါစေ။ ဟစ်တလာ၊ မူဆိုလီနင်၊ ဝံပုလွေ လာဆင်၊ နတ်ရှင်နောင် တို့ရဲ့တစ်စိတ်တစ်ဒေသတွေကို အားကျဖူးတာတွေထက် လင်ကွန်း၊ မာသာထရီဇာ၊ပေါ်လီယာနာ၊ မာတင်လူသာကင်း တို့အကြောင်းအိပ်မက်မက်ခဲ့ဖူးတာပါပါစေ။ နိဂုံးပိုင်းမှာ…နောင်တ..ဆိုတဲ့ စာသားလေးဆွဲထားတဲ့ငါ့ဓာတ်ပုံ ရယ်။ မီးရှို့ခံခဲ့ရတဲ့ ငါ့ယူနီဖောင်းရယ်။…..နောက် ဒီကဗျာကိုရေးလို့အပြီးမှာ ငါ့ကိုယ် ငါသတ်သေသွားကြောင်းပါပါစေ။ (ဘာရယ်တော့ မဟုတ်ဘူး အရင်တုန်းက စိတ်အချဉ်ပေါက်ပေါက်နဲ့ ရေးထားတာလေး ပြန်တွေ့လို့…)


အာဂJuly 26, 20131min015
ဂိုးပေါက်ထဲ ဘောလုံးရောက်ဖို့ ဘေးဘီကိုကြည့်ပါ။ ပြိုင်ဘက်ကို ရင်ဆိုင်မယ့် သတ္တဝါတစ်ကောင်ဆိုရင်လဲ ကိုယ့်အစွယ်တွေကို ထုတ်မပြခင် ဘေးဘီကိုကြည့်ပါ။ အချစ်ဝတ်ရည် သောက်သုံးဖို့ ဟန်ပြင်နေတဲ့ ပျား၊ ပိတုန်း ဆိုရင်လည်း ဘေးဘီကိုကြည့်ပါ။ မဟုတ်မခံစိတ်ကို မွေးမြူမယ် ဆိုရင်လည်း ကြီးထွားဖို့ အတွက် ဘေးဘီကိုကြည့်ပါ။ လူများသတင်းတွေကို လွင့်မယ်ဆိုရင်လည်း ဘေးဘီကိုကြည့်ပါ။ ကိုယ့်ရှေ့မှာ ကျနေတဲ့ အခွင့်အရေးရွှေထုပ်ကို ကောက်ယူမယ်ဆိုရင်လည်း ဘေးဘီကိုကြည့်ပါ။ အမှန်တရားကို ဓားလိုသွေးမယ်ဆိုလည်း ဘေးဘီကိုကြည့်ပါ။ နောက်ဆုံးကိုယ်က သေခြင်းတရားကို လှမ်းခေါ်နေရင်လည်း ဘေးဘီကို တစ်ခေါက်လောက်ဖြစ်ဖြစ် ကြည့်ဖြစ်အောင်ကြည့်ပါ..။


သုရွင္July 26, 20131min07
စိတ္တဇ… တဒိတ်ဒိတ်ခုန်နေတဲ့  နားထင်သွေးတိုးတဲ့အသံ ကြောင့် ငါ့ရဲ့မညီမညာ  ည  တွေ..စည်း ဝါး တော့ ခပ်ကိုက်ကိုက်။ ခုန်ပေါက်နေတဲ့ အတွေးအပိုင်းအစ တွေ ……. ငါ့ဘဝ ကို  ကြီးလိုက် ငယ်လိုက်ဖြစ်စေတယ်……….။ တစ်ဖျောက်ဖျောက်ကျနေတာက… ဟိုးကောင်းကင်က ….မိုးစက်တွေ မဟုတ်ခဲ့ပါဘူး။ ( မဖြစ်နိုင်ဘူးမပြောပါနဲ ့…..။) ငါ့ကိုပဲကြည့်…. မီးမဟုတ်ပေမယ့်…တစ်ဖျစ်ဖျစ်လောင်တယ်။ သစ်ရွက်မဟုတ်ပေမယ့်…..တစ်ဖြုတ်ဖြုတ်ကြွေတယ်။ ပရုတ်လုံးမဟုတ်ပေမယ့် တစ်ဖြည်းဖြည်းလုံးပါးပါးခဲ့တယ်။ မှန်ထဲက ငါမှာ… အရေးအကြောင်းတွေ ခပ်မှိန်မှိန်ကနေ ခပ်ထင်းထင်း…ဖြစ်လာပေါ့။ အကောင်းဆုံးဖြစ်အောင် မလုပ်ခဲ့မိဘူး ဆိုပြီး သံဝေဂ ရ ရ ရ ရ ရ……… ရ ချည်းပဲနေတော့တာ။ တစ်ချိန်တစ်ခါတော့ ငါ့ အပြန်လမ်းမှာ.. နောင်တတွေကို အလေးခံပြီး သယ်ယူမသွားချင်တော့ပါဘူး။ ရွေးချယ်ခွင့် ရ နေသေးသ၍ ပေါ့ဗျာ။ […]


အမေနဲ့ကျမ အဖေမရှိတော့တဲ့ဘဝမှာ ဟောဒီရွာလမ်းအလယ် ဈေးသည်လုပ်ခဲ့ရင်း ထမင်းပြဿနာကိုရှင်း ပင်ပမ်းခြင်းလို့မထင် ပျော်ရွှင်ခဲ့ကြတာပဲလေ ၊ ပေါ်နေတဲ့ ရာသီစာ ရတာတွေအကုန်ရောင်း ဟောင်းနွမ်းနေတဲ့အိမ်ကလေးမှာ နွေးထွေးလျက်သာပေါ့ ၊ နောက်တော့လည်း ကံကြမ္မာ ရက်စက်စွာဖန်တီးရစ် နာဂစ် တဲ့ ၊ အမိမဲ့ဘဝ သေခဲ့တာကမှတော်သေး ဖော်ဝေး ဆွေမရှိ နေကြည့်စရာရွာပျက် ကျမ ထွက်ခဲ့ရပြီ ၊ ဦးတည်ရာမဲ့ သွားနေခဲ့လမ်းမှာ ရိုးသားစရာတွေ မရှိလာ တွေ့တာတွေနဲ့ပေါင်းရင်း ကောင်းခြင်းကလည်းမပါ အဲသလိုသာနဲ့ ရောက်ခဲ့ရှာရ မြို့ရန်ကုန် ၊ အကြံအဖန်စုံတဲ့ မြို့တော်မှာ နာဂစ်၏ သမီးပျို ခိုဝင်နား ဘာများလဲလို့ သိချင်မှာ အဲဒါမာဆတ်ပါ ၊ လာသမျှကိုဆီးကြို မောင်မောင်ကိုကိုခေါ်ဆိုပြ နေသားတကျမဖြစ်ခင် ညစ်ချင်တဲ့စိတ်တွေကိုထုတ် ကိုယ်လုပ်မှကိုယ်စား ကိုယ့်ကိုယ်ကိုသနားရင် ဆက်ရှင်ပြည့်မှဆိုတာက ခြိမ်းခြောက် […]


ကျွန်တော်တို့ရဲ့အိမ်စုတ်လေးပါ… ရှိုက်ငိုသံတွေ ကာရံထားတယ် စိတ်ထွက်ပေါက်တွေ မဲ့နေတယ်….. အဖြစ်မိုးထားတဲ့…… ရိသဲ့သဲ့ ဖက်ရွက်တွေကြားက မိုးရွာရင်တောင် ….. သွေးစက်တွေဘဲယိုကျတယ်…။ အမှောင့်ပယောဂ လက်တံရှည်တွေကလည်း အိမ်တစ်ခုလုံးကို ရစ်ပါတ်လို့ ….။ တစ်ခါတစ်ရံ…. အိမ်စုတ်လေးထဲက…. စကားသံ…..ဒါမှမဟုတ် ငိုငြီးသံ ထွက်တဲ့အခါ….. ဘေးအိမ်တွေ မကြားစေဘို့ အထဲကလူတွေ….. တစ်ခုခုတော့ လုပ်လိုက်တယ်….။ အိမ်စုတ်လေးထဲက မည်ကာမတ္တ ဆီမီးရောင်ကလည်း ဘာကိုမှ ရဲရဲမကြည့်ရဲအောင် အားငယ်နေရှာတယ်။ ……….. ဒီအိမ်ထဲမှာဘဲ မွေးခဲ့ကြတာပါ ဒီအိမ်ထဲမှာဘဲ သေကြရမှာပါ… သူစိမ်းတွေလာမသတ်ပါဘူး ဒီအိမ်ထဲကဘဲ နှိပ်စက်လို့ သေကြရမှာပါ..။ တစ်ချို့အိမ်တွေများ.. အိမ်အောက်က ရွှေအိုးတွေ့ပေမယ့် ဟောဒီအိမ်အောက်မှာတော့ ဒီအိမ်ကလူတွေရဲ့ အရိုးတွေ လက်စဖျောက်ထားလေရဲ့ …။ ငါ့ရဲ့အိမ်ကလေးပါ…. ငါတို့ရဲ့မွေးဖွားရာ အိမ်စုတ်လေးပါ ငါတို့ရဲ့ အိမ်ကလေးပေါ့……. ဝမ်းသာခြင်း […]