နောက်ဆုံးလက်ကျန်တစ်စက်….၏

အာဂJuly 26, 20131min06

အနာဂတ်တစ်ခုမှာ…
ကျွန်တော့်အကြောင်းမှတ်တမ်းတစ်ပုဒ်များရေးခြစ်မိမယ်ဆိုရင်….။

ဖြတ်နင်းခဲ့တဲ့လည်ပင်းတွေထက်
အိမ်ဆောက်လုပ်ပေးခဲ့တဲ့လက်တွေ အကြောင်းပါပါစေ။

ဘဝတစ်လျှောက်လုံးလောင်းသွင်းခဲ့တဲ့ အရက်တွေထက်…
ငါ ဖြူစင်စွာ လှူဒါန်းခဲ့ဖူးတဲ့ ပုံရိပ်များပါပါစေ။

လက်ထဲမှာပွင့်ချပ်တွေဆုပ်ပြဲသွားတဲ့ ဖူးငုံပွင့်ပန်းတွေထက်
ငါစိုက် ခဲ့တဲ့ သစ်ပင်တွေရင့်မှည့်နေပုံအကြောင်းပါပါစေ။

သားသမီးဝတ်အင် ငါးဖြာကို အရွယ်လွန်ချိန်အထိ အလွတ်မရသေးတာထက်….
အဖေ့ခြေထောက်ကို တစ်ခါနင်းနိုပ်ပေးခဲ့ဖူးတာပါပါစေ..။

KTV မှာ ညလုံးပေါက် သီဆိုစားသုံးခဲ့တာထက်
ဘုရားအရိပ်အောက်မှာ ဝတ်ပြုခဲ့ဖူးတဲ့ အကြိမ်အရေအတွက်တို့ပါပါစေ။

ဟစ်တလာ၊ မူဆိုလီနင်၊ ဝံပုလွေ လာဆင်၊ နတ်ရှင်နောင် တို့ရဲ့တစ်စိတ်တစ်ဒေသတွေကို အားကျဖူးတာတွေထက်
လင်ကွန်း၊ မာသာထရီဇာ၊ပေါ်လီယာနာ၊ မာတင်လူသာကင်း တို့အကြောင်းအိပ်မက်မက်ခဲ့ဖူးတာပါပါစေ။

နိဂုံးပိုင်းမှာ…နောင်တ..ဆိုတဲ့ စာသားလေးဆွဲထားတဲ့ငါ့ဓာတ်ပုံ ရယ်။
မီးရှို့ခံခဲ့ရတဲ့ ငါ့ယူနီဖောင်းရယ်။…..နောက် ဒီကဗျာကိုရေးလို့အပြီးမှာ ငါ့ကိုယ် ငါသတ်သေသွားကြောင်းပါပါစေ။

(ဘာရယ်တော့ မဟုတ်ဘူး အရင်တုန်းက စိတ်အချဉ်ပေါက်ပေါက်နဲ့ ရေးထားတာလေး ပြန်တွေ့လို့…)

6 comments

  • မဟာရာဇာ အံစာတုံး

    July 26, 2013 at 7:03 pm

    ဆြာဂ …
    ဒီကဗျာကို ရေးပြီးချိန် ငါ့ကိုယ်ငါ သတ်သေသွားကြောင်း ဆိုဒေါ့ …
    အတော် စိတ်အချဉ်ပေါက်တုန်း အချိန်က ရေးထားမှန်း သိသာပါတယ် …
    ဒါမယ့် .. ကဗျာထဲက အသံတွေက အပြင်းစား ပေါက်ကွဲသံမျိုးတော့ မတွေ့ရဘူး ….

    Reply

  • အလင်း ဆက်

    July 26, 2013 at 7:04 pm

    ဒီ ကဗျာကို ဖတ် လို ့အပြီးမှာ
    ကျွန်တော်လည်း
    ကဗျာ တစ်ပုဒ်လောက်
    ရေးချင် လာ တယ်
    😆

    Reply

  • ကိုသု

    July 26, 2013 at 7:43 pm

    KTV မှာ ညလုံးပေါက် သီဆိုစားသုံးခဲ့တာထက်———

    သီဆိုတာတော့ဟုတ်ပါဘီ…. စားသုံးဒါကဂေါ….
    မသိလို့နော်

    Reply

  • အရီးခင်လတ်

    July 27, 2013 at 1:10 pm

    တော်သေးရဲ့။
    နွယ်ပင် တန်ခိုး နဲ့ ရုန်းထွက်သွားနိုင်တာ ထင်ပါ့။
    😛

    Reply

  • KZ

    July 27, 2013 at 1:13 pm

    စိတ်အချဉ်ပေါက်တိုင်းရေးတဲ့ စကားလုံးတွေက ပို ထိတယ်နော်။ 🙂

    Reply

  • Mr. MarGa

    July 27, 2013 at 4:11 pm

    ခံစားချက် အပြည့်ပါလို့ထင့်
    စာသားတွေက ကြွတက်နေတယ်..

    Reply

Leave a Reply

Your email address will not be published.