ေမညို က မန္တလေးတောင်ခြေမှာ မုန့်ပစ်သလက်ရောင်းတယ်။ အနားပဲ့ မြေအိုးလေးဟာ မေညို ရဲ့ စီးပွားရေးပေ့ါ ။ အစွန်းရောက်တွေ၊ လစ်ဘရယ်တွေ မေညိုမသိပါဘူး။ ဆန်ဈေး ၊ ဆီဈေးလေး အစွန်းမရောက်ဖို့ပဲ မေညို တွေးပူတတ်တယ်။ အလုပ်သမားတွေ ဆန္ဒပြကြသလား မေညို မသိလိုက်ဘူး။ ဟိုရက်ပိုင်းတွေကတော့ ဆန်တစ်ပြည် တစ်ထောင်ဖြစ်သွားလို့ မေညို့ ဆိုင်လေး တစ်ပတ် နားလိုက်ရတယ်။ ဆီဈေးတွေ တက်လို့ ဆန်ဈေးတွေ ကြီးလို့ ဆန်မှုန့်ကြိတ်ခ သုံးရာ ပေးရလို့ မုန့်ပစ်သလက် တစ်ခု တစ်ရာ ဖြစ်သွားရတဲ့အကြောင်း မေညို က အားနာပြုံးလေး ပြုံးရင်းပြောပြခဲ့တယ် ….. ရွှေမိုးတိမ် ဒီကဗျာလေးက ဒီ ဘလော့ဂ် မှာ ပထမဆုံးတင်ဖူးတဲ့ post ပါ။ […]
