ဇီဇီAugust 19, 201314min0120
ကဲကွယ်။ ကဗျာပြခန်းအမှတ် (၇) တော့ စပါပြီ။ လာလာကြည့်ရတာ ပျင်းနေကြပြီလားးးးး မပျင်းကြနဲ့နော်။ အစီအစဉ်လေးတစ်ခုလုပ်ထားတယ်။  😀   ခု ဒီမှာရေးထားတဲ့ ကဗျာရှင်နဲ့ စကားစမြည်လေးတွေ ကို ဖတ်သွားပါ။ ပြီးမှ ပြခန်းကို ဝင်ပါ။ ပြီးရင် ကဗျာရှင် နဲ့ ကဗျာနဲ့ကို တွဲပေးပါ။ (ကဗျာပြခန်း စီစဉ်သူတွေ အပါဘူးနော်။ ဝင်မဖြေရဘူးး။) ၁၅ ပုဒ်လုံး မှန်ရင် ဆုငွေ ၁ သောင်းး (နောက်ပြခန်း ကြေညာရင် ကိုယ့်ကော်မန့်နဲ့ကိုယ် ပြန်တိုက်ကြတာပေါ့နော်) ၁၅ ပုဒ်လုံး မှန်တဲ့သူ မရှိဘူးဆိုရင်တော့ ၁ဝ ပုဒ် အထက် အများဆုံးမှန်တဲ့သူ  ၂ ယောက် ကို ဆုငွေ ၅၀၀ဝ စီ ၁ဝ ပုဒ် […]


ခင္ခAugust 17, 20131min09
“ဘယ်သူ့တာဝန်လဲ´´   တစ်ခါသေဘူး ပျဉ်ဖိုးနားလည် ဆိုရိုးစကား ရှိခဲ့ကြတယ် ကြုံလာဒီဘဝ မြန်မာပြည်က နားမလည်လို့ မဟုတ်ရပါဘူး ပျဉ်းဖိုးမကလည်း နားလည်ပါရဲ့ ရှေးဆက်ခရီး မပြီးသေးလို့ သေခါမှသေ ရပ်လို့မရ ကုန်စေတော့ကွယ် ပျဉ်းဖိုးရယ်မို့ မျက်စိမှိတ်ခါ ဇွတ်နင်းလာပြီ ချွတ်နင်းတာမဟုတ်လို့ အသံမြည်။ မြည်သည့်အသံ ဘဝဂ်ညံတော့ မီဒီယာတွေက လျှင်လိုက်တာတဲ့ လွတ်လပ်ခွင့်ပေး ရေးကြမနှေး မလွတ်လပ်ခင် ဖိနှိပ်စဉ်လည်း မီဒီယာကတော့ ရေးခဲ့တာဘဲ သို့သော်တစ်ခု သတိပြုပါ ကိုယ်ရေးသတင်း ကိုယ်တာဝန်ယူ။   ခင်ခ။


Mahar MyanmarAugust 17, 20131min06
မျဉ်းပြိုင်   တိုက်ဆိုင်မှုရှိလျှင် းးနားလည်မှုတွေ လွဲခဲ့သလား မင်းနဲ ့ကိုယ် ကြား    … းးကိုယ်တို ့က မျဉ်းပြိုင်နှစ်ကြောင်းပဲ ကဲ ဒါဆို မျဉ်းပြိုင်ရဲ့ သဘာဝ ပြောပြပါရစေ ။ းးဘယ်တော့မှလဲ မဆုံ ဒီထက်လဲ မကွာဝေး ပုံမှန်လေး ညီနေတယ် ။ းးမျဉ်းပြိုင်ရဲ့သဘာဝ မင်းနားလည်ပေးနိုင်ရင် တံတိုင်းတွေ ဘယ်လိုခြားခြား ဖြိုဖျက်စရာ လိုမလားကွယ် ။ းးမလိုတာတွေ မလုပ်ချင်ပါနဲ ့ အပို တွေ ဆို ထုတ်ပစ်စမ်း  ပါ ဒီမှာဘက်ကနေ ဖယ်ခွာထွက်  စရာလည်းမလိုပါဘူး မင်းလဲ  ချန်စရာ   မလို ကိုယ်လဲ ကျန်စရာ  မလို ဒီ အတိုင်း လေး ပဲဆို မဖြစ်နိုင်ဘူး   လား  […]


ムラカミAugust 16, 20131min011
တားမြစ်ထားတဲ့အဆိပ်သီးဟာ ဆုပ်လည်းစူး စားလည်းရူးမယ်ဆိုရင်တောင် ကျနော်က အရူးအမူးခူးမယ်ဆိုတော့. သူမက သူမရဲ့ အသက်ရှူသံတွေ မြန်နေမယ်ဆိုရင် တောင် အသက်အောင့်လို့ ရပ်စောင့်ပေးရင်း အသက်ရှူသံတွေတောင် ထပ်တူကျချင်သူရယ်ပါ တဲ့


ဦးသုAugust 13, 20131min08
နှမြောခြင်း ငြိမ်နေတဲ့ညမှာ သောက်လက်စခွက်ကိုကြည့်ပြီး တိုးတိုးညင်းညင်းတေးသံကိုနားထောင်ရင်းနဲ့ ကိုငှက်ကို နှမြောမိတယ်၊ အယ်ဖြူကိုနှမြောမိတယ်။ တွေးရင်း…တွေးရင်း တာရာမင်းဝေကိုနှမြောတယ်၊ စိုင်းထီးဆိုင်ကိုနှမြောတယ် အောင်မြင်မှုနဲ့အတူဆုံးရှူံးသွားတဲ့ ဒိုးလုံးကိုလဲနှမြောတယ်။ ဒီအချိန်အထိ ဘာမှဖြစ်မလာဘဲ ဖြုန်းလိုက်မိတဲ့ အချိန်တွေကိုလဲနှမြောတယ် ။ နှမြောမိဆုံးကတော့… မနက်မိုးလင်းလို့ အမူးပြေချိန်မှာ မနေ့ညက ကုန်အောင်သောက်လိုက်တဲ့ပုလင်းနဲ့ ကုန်ခါနီးဖြစ်အောင် ဖြုန်းလိုက်မိတဲ့ပိုက်ဆံကို ….နှမြောတယ်။   Ko Thou.


ဦးသုAugust 13, 20131min08
မြေညီထပ် တိတ်ဆိတ်နေတဲ့ ညသန်းခေါင်ကျမှ ရုံးထဖို့ ခွန်အားပြည့်ဝကြတဲ့ ရေစုပ်စက်ရဲ့ ရင်ခေါင်းကွဲအော်သံတွေကြားမှာ သန်းခေါင်ထက် ညဉ့်နက်ခဲ့တဲ့ကျွန်တော် အသားကျခဲ့ရပြီ။   ဈေးသည်တိုင်းခေတ်မှီပြီး လော်စပီကာအသေးကိုယ်စီကိုင်နိုင်တာကြောင့် ညပိုင်းညဉ့်နက် အတွေးနယ်ချဲ့တက်ကျမ်းတွေဖတ်တဲ့ကျွန်တော် နေဖင်မထိုးခင် မနိုးချင်ပဲ နိုးခဲ့ရပြီ။   နေ့ခင်းကြောင်တောင် မှောင်မိုက်နေတဲ့မီးဖိုချောင်မှာ   နေရောင်ခြည်နဲ့လင်းချင်ပေမယ့် မနှစ်လိုတဲ့ အာရုံနှစ်ပါးကြောင့် ချွေတာချင်တဲ့ စွမ်းအင်ကိုလဲ သုံးမြဲသုံးခဲ့ဖူးပြီ။   အလှူခံမျိုးစုံ အလှူခံနည်းမျိုးစုံကြောင့် လှူသင့်တယ်ထင်တာကိုလှူရင်း မလှူသင့်ဖူး ထင်တာကိုးလဲ အကုသိုလ်ထိုင်ပွားတတ်ခဲ့ပြီ။   လူတစ်ကိုယ်မြေဘယ်လောက်လိုလဲဆိုတဲ့ တော်လ်စတွိုင်းကြီးလဲ တိုက်ခန်းရှေ့ မြေလွတ်လေးမှာ ကားရပ်ဖို့ အပြိုင်အဆိုင်နေရာဦးနေသူတွေကိုကြည့်ပြီး ဪ သူမြင်ရင် ဘာစာတွေထပ်ရေးအုံးမှာပါလိမ့်လို့ တွေးမိခဲ့ဖူးပြီ။                                                        Ko Thou.      


Normal 0 false false false EN-US JA X-NONE MicrosoftInternetExplorer4 /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin:0in; mso-para-margin-bottom:.0001pt; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-fareast-font-family:”MS Mincho”; mso-fareast-theme-font:minor-fareast; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin; mso-bidi-font-family:”Times New Roman”; mso-bidi-theme-font:minor-bidi;} ဖေဖေ လူဖြစ်လာစဉ် ငယ်ရွယ်စဉ်ကစလို့ မေတ္တာတွေပေးခဲ့ဖူးတယ် ပူအိုက်တဲ့နွေညတွေမှာ သားချော့တေးကိုဆိုလို့ ငြိမ်းအေးစွာ အိပ်ပျော်စေခဲ့တယ်။   ဖေဖေ ဥတုသုံးပါးစလုံးမှာ မနိုင်ဝန်ကိုထမ်း ပင်ပင်ပန်းနဲ့ […]


ムラカミAugust 13, 20131min026
တကယ်လို့ အချစ် ဆိုတာ အဆိပ် ဆိုရင် ငါ့အတွက် ဖြေဆေး မလိုဘူး shee..   ကိုယ့်အသံကိုယ် နားဝင်ပီယံ အဖြစ်ရဆုံး အချိန်ကို ပြောပါဆိုရင်တော့ မင်းနာမည် ရေရွတ်တဲ့အချိန် ပေါ့ကွယ်..   လူတွေက ငါတို့၂ယောက်ကို သိပ် သဲကြတယ် ကဲကြတယ် ပြောပစေဦး ငါတို့ ပြုံးပြုံးလေး လက်ခံနိုင်ရဲ့ …   တကယ်တော့ နင်ဟာ အရင်ဘဝက ငါ့ ခန္ဒာကိုယ် တခြမ်း ဆိုတာ သူတို့ မသိလို့ ပါကွယ်…  


Mahar MyanmarAugust 13, 20131min034
ထောင်ဆိုသည် မှာ.. ဆဲနည်း မျိုးစုံ မအေ နှမ ခိုင်းနှိုင်းပုံ ဘွဲ့ အရိုင်း  ဘုံ   ကွဲ့    …  ။   ထောင်ဆိုသည် မှာ.. ဒုက္ခ ပေါင်းစုံ ကြုံရ တုံမဲ့ ဆင်းရဲ ဘုံ     ..    ဟဲ့ ။   ထောင်ဆိုသည် မှာ.. ညှဉ်းပန်း နှိပ်စက် နာကျင်သက်တုန် အကြမ်းဖက်  ဘုံ   ..    တဲ့  ။   ထောင်ဆိုသည် မှာ.. မျက်ရည် သွေးချွေး ခမ်းခြောက် မရုံ အဓမ္မ ဘုံ       ..    ။   ထောင်ဆိုသည် မှာ.. ကြေကွဲရင်နာ ပူဆွေးသောက မောဟ အဖုံဖုံ ပရိဝေဒ […]


ကျွန်တော် မွေးဖွားခဲ့ရတယ်…. “အူဝဲ”လို့တော့ ဟစ်ကြွေးခွင့်မရခဲ့ပါဘူး… ပညတ်ချင်းမှ    မ တူ ဘဲ လေ… ကျွန်တော် ကြီးပြင်းခဲ့ရတယ်… နို့ချိုကိုဝေမျှ မဝတဝနဲ့ပေ့ါ… ဖွားဖက်တော် အတွက်တော့   မ ဟုတ် ဘူး လေ… ကျွန်တော် ရှင်သန်ခဲ့ရတယ်… ထွန်တုံးအောက်က ဘဝမို့ သက်တောင့်သက်သာတော့    မ ရှိ ဘူး လေ… “သတ်စေ”တဲ့ နဖားကြိုးအောက်ကဘဝ ကြိုးမိန့်ပေးခံခဲ့ရ… ဘာတွေများ မကောင်းပြုမိခဲ့လို့လဲ ကျွန်တော်က … ခင်ဗျားတို့အတွက် အသုံးချခံသက်သက်ပါဗျာ… ဘယ်တုန်းကမှ စိတ်ဆန္ဒအရ မနေနိုင်ခဲ့တဲ့ဘဝ ကျွန်တော့် အသား ခင်ဗျားတို့အတွက် ချို ပါ စေ ဗျာ… ရွှေမိုးတိမ်  


ကာရံAugust 11, 20131min02
ထက်ကောင်းကင်ညိုပြာမှိုင်း တိမ်တိုက်တစ်တွေ ဘယ်နားခိုလို့ နေညိုညို အနောက်ရပ်ကွယ် ရော်ရမ်းတော့မယ် ချစ်သူရယ်…………….. ပင်လယ်ပြာ လှိုင်းမထန်တော့ပေဘူး ရွွှက်လွင့်တဲ့ လှေငယ်လေးတွေတောင် လေလာရာသူလေယိမ်းလို့ ပြန်လှည့်တော့မယ် ချစ်သူရယ်…………….. ကြင်ဖော်ကွဲဌက်လေးတွေပူဆွေးရော့မယ်ထင်ပ လွမ်းဥဩ အသံပေးလို့ ခါနွေဦး လေပွေရူးပေမို့ ရော်ရွက်ကယ်မြေမှာကြွေ လွမ်းမျက်ရည်တစ်နေရာအကွယ်မှာ ပူဆွေးလေရော့သလား ချစ်သူရယ်……………. အခြေအနေမပေးလို့ ဝေးရတဲ့ဒီဘဝမှာ ဆွေးမျက်ရည်မကျစေချင်ပါဘူး ခါနွေဦးမကုန်သေးခင်မှာ ရောက်လှမ်းချင်ပါသေးတယ် ချစ်သူရယ်…………. ဘဝပေးအခြေမလှလေတော့လည်း အချစ်ဆိုတဲ့စာသားလေးအောက်မှာ ငါလှအောင်ရေးတက်ဖို့ ကြိုစားနေပါတယ် ချစ်သူရယ်………… မေတ္တာကိုရင်မှာစု အကြင်နာပေးဖူးတဲ့ ခါနွေဦး ခုံတန်းလေးအနားမှာ မင်းနဲ့ငါ ရပ်တည်ချင်ပါသေးတယ်ချစ်သူရယ်………. တစ်မိုးအောက်နှစ်ယောက်သားဆုံတွေဖို့ ချစ်ခြင်းတွေဖန်ဆင်းထားတဲ့ လှေငယ်လေးနှင့်အတူ မေတ္တာကိုရွက်လွှင့်ကာ မင်းလေးရဲ့အပါး နားခိုနိုင်ဖို့ ငါလေကြိုးစားနေတယ်ဆိုတာ ချစ်သူသိရင်လေ အပြစ်မယူမိပါလေနဲ့နော်………….                       ပိတောက်မိုး


ကာရံAugust 11, 20131min02
အမှားပါရင်နားလည်ခွင့်လွှတ်စေချင်ပါတယ် အပြစ်သဘောဆောင်ခြင်းမဟုတ်ပါဘူး  အပြုသဘောသက်သက်ပါ လောကအလည်မှာ သောကတွေနဲ့ ရှင်သန်နေရတဲ့ လူသားတွေဘဝတွေကို ခံစားချက်လေးတစ်ခုဖြစ်ပေါ်လာလို့ ရေးသားခြင်းပါ လူ့ကမ္ဘာလူဖြစ်ရတာ ရှုံးနှိမ့်ခြင်းတွေလား မာနတွေအပြိုင်ကြဲ ဒေါသကိုစစ်ခင်းနေခြင်းက အောင်နိုင်ခြင်းတဲ့လား မေတ္တာဆိုတာ ဆော့ကစားရာလက်နက်အဖြစ်ဖန်ဆင်းခြင်းများလား ကြည့်စမ်းပါဦးကွာ တစ်ဖက်မှာငြိမ်းအေးသလောက် ပူလှောင်ခြင်းကို ဘာကြောင့်များယူဆောင်နေရသလဲလေ မတွေးမိဘူးလား ဘေးဖြစ်စေမယ့်ဒုက္ခတွေဆိုတာ လောဘတွေ မောဟတွေ မာန်မာနတွေအပြိုင်ကြဲနေကြတဲ့ လူ့သားတွေက အေးချမ်းခြင်းတဲ့လားကွယ် စစ်လက်နက်တွေရဲ့အောက်မှာ ကြီးပြင်းလာကြမယ့် ကလေးသူငယ်လေးတွေရဲ့စိတ်ဓါတ်ကို မင်းတို့ပုံသွင်းစေခိုင်းခြင်းလားကွယ် အေးချမ်းခြင်းဆိုတာ နှလုံးသားနဲ့ကြည့်ပါ အနီးအနားမှာ နားခိုနေမယ်ဆိုတာ အခုတော့ ထမင်းတစ်လုပ်စားဖို့ထက် မင်းတို့သွေးစာနေတဲ့လက်များက ဟင်းအဖြစ်ဖန်တီးနေပြီလား မိဘခေါ်စရာမရှိ အဖော်ဆိုတာလွန်စွာဝေး ပူလှောင်ခြင်းတွေ ပေးနေပြီပေါ့နော် ကိုယ်ချင်းစာတရား စာနာတက်တဲ့တစ်နေ့ မင်းလည်းလောကအလည်မှာ ရှိပါစေလို့ သူတို့လေးတွေဆုတောင်းပေးနေမယ်ဆိုရင်…………… ပိတောက်မိုး


IrisAugust 11, 20131min028
ငါဟာ အတောင်ပံ တစ်စုံတောင်မှ ပိုင်ဆို်င်ခွင့် မရှိခဲ့တဲ့ အိန်ဂျယ် လိုတရ နှင်တံ ငါ့လက်ထဲက လွတ်ကျ ပျောက်ရှနေဆဲလေ ကယ်တင်ခြင်း တပ်မ လည်း ငါမပိုင်ဆိုင်လေတော့ ဂတိ ရဲရဲ ငါမပေးရဲခဲ့ဘူး အပ်ချလောင်း အုံဖွ ဂါထာတွေ ရွတ်ဖတ် မင်း မနက်ဖြန်တွေ လှပစေဖို ့ ငါ ဟာဖန်းဆင်းရှင် နတ်ဖုရားမ တပါး မဟုတ်လေတော့ မင်း အိမ်မက်တွေ မင်းကိုယ်တိုင်ထုဆစ်ရလိမ့် မယ် ဒါပေမဲ့ မပြည့်ဝ သေးတဲ့ ဆန္ဒတစ်စုံ အတွက် မင်း အားမငယ်ပါနဲ ့ ကြမ်းတမ်းခက်ရှတဲ့ ခရီးလမ်းတစ်လျှောက် ဂါထာ မရွတ်တတ်တဲ့ ဒီနတ်သမီး တစ်ယောက် မင်းနဲ ့အတူတူလျှောက်မယ် (ဒီဆန်းဒေးမှာ ဟိုရေး ဒီရေး လျှောက်ရေးလိုက်ပါသည်)  […]