မချိုသေးတဲ့ ဆေးခါးတစ်ခွက်

ကာရံJuly 27, 20131min03

အရှုံးသမားတစ်ယောက်ရဲ့

နှလုံးသားထောင့်တစ်နေရာမှာ

အမုန်းတရားတွေခိုဟောင်းတက်နေပြီပေါ့

ဖြစ်ချင်တိုင်း ဖြစ်မလာတက်တဲ့လောကအလည်မှာ

ငါလေတစ်ယောက်ထဲ သောကတွေဗလပွပေါ့

အစကထဲက အခြေမလှခဲ့တဲ့ သံယောဇဉ်လေးအောက်မှာ

အပျော်ကြီးပျော်နေခဲ့မိတာ မိုးခါးရေဆိုတာ ငါမေ့သွားခဲ့မိတယ်

ခါးသီးတဲ့ ဘဝထဲကိုငါဆွဲမခေါ်ခဲ့ပါဘူးလေ

မုသားတွေရေလိုသုံး မာယာကိုအလှဆင်နေသမျှတော့

မင်းဘဝလေး အတောင်ကျိုးတဲ့ဌက်ပမာ

ကမ်းပျောက်နေမှာတော့ အမှန်ပါဘဲလေ

ရင်မောမိပါရဲ့ အစဉ်အလာတွေရဲ့သဘောမှာ

လျှောက်ရတဲ့လမ်းကလည်း ကြမ်း

အသက်ရူလိုက်တိုင်း ပူပြင်းတဲ့ နေရောင်အောက်မှာ

ဆူးခမ်းထားသည့် ပန်းပမာပါဘဲလား

ကြွေတော့မယ့် သစ်ရွှက်ခြောက်ပမာ

အော်ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့

ငါ့အတွက်တော့ ဆေးခါးတစ်ခွက်ပေါ့

                                                              ပိတောက်မိုး………

3 comments

  • မင်းမင်း

    July 28, 2013 at 10:01 am

    အော်ဘဝဆိုတာ ချိုတစ်ခါ ခါးတစ်လှည့်မို့

    ငါ့အတွက်တော့ ဆေးခါးတစ်ခွက်ပေါ့

    ဟုတ်တယ်ဗျိုး အမှန်ပါပဲ။

    Reply

  • မဟာရာဇာ အံစာတုံး

    August 4, 2013 at 9:53 pm

    ဆေးခါးကို ကြိတ်ဝါးရင်းနဲ့
    သိပ်ကို အစွမ်းထက်တာတတ်သေးတယ် ….
    ဆေးခါး က ရောဂါ မြန်မြန် ပျောက်စေတယ်… လို့လည်း ကြားဖူးဒယ် …
    အင်းးး ဒါမယ့်လည်း …
    ဆေးခါးတွေလည်း လှိမ့်ခွ သောက်နေရပြန်ရင်လည်း …
    အင်းးးး မနိပ်လှဘူးပေါ့ဗျာ ….

    Reply

  • အလင်းဆက်

    August 4, 2013 at 10:48 pm

    ကဲ..
    မကြီးစိုး..
    ကဗျာပြခန်း က..နီ ့ကို အလိုချိဒယ် ။
    အဲ…
    နီ ့ ကဂျာတွေကို အလိုချိတယ်
    🙂

    Reply

Leave a Reply

Your email address will not be published.