alinsettJanuary 3, 20147min039
 ဂဇက်ရွာသူားများအားလုံး…မင်္ဂလာပါ… ။ နှစ်သစ်မှာ… ပျော်ရွှင်ငြိမ်းချမ်းပါစေလို ့ …   —————————————————————————————————–      ” ကဗျာပြခန်း ” ကဗျာတွေကို… ပြခန်းတစ်ခုထဲမှာ..စုဝေးပြီး.. ခန့်ထည်စွာ ပြသနိုင်ဖို ့… ကဗျာတောမှာ .. မျောချင်သူ…..ကဗျာဖတ်သူတွေအတွက်… ကဗျာတွေကို.. တစ်နေရာထဲမှာ.. အင်အားကြီးစွာ…တွေ ့မြင် ခံစားနိုင်ဖို ့.. ဒါပါပဲ.. ။ အရိုးဆုံးနဲ ့…အရှင်းဆုံးပါပဲ… ။ ———————————————–   တစ်နေ့တခြား..မောပန်းစေတဲ ့အခြေအနေတွေကြားမှာ…. စိတ်မောစရာ..အနေအထား  …ဘဝအတွက်.. လှုပ်ရှားမှ ုတွေ..အားထုတ်ကြိုပမ်းမှ ုတွေနဲ ့… မောပန်းနေတဲ ့နှလုံးသားတွေ… ကဗျာမြစ်ထဲမှာ.. စီးမျော..အေးမြစေဖို ့….ပါ.. ။ တခြားအရာတွေကို..ခဏလွှတ်ချပြီး… ကဗျာဆိုတဲ ့…အနုပညာပန်းကလေးတွေကို…  အသာအယာတို ့ထိ…. နမ်းရှိုက်လိုက…နမ်းရှိုက်… ခူးယူလိုက…ခူးယူ.. […]


ရှင်တော်ဘုရား သုညတရား အဆုံးစွန် နားလည်ရပါလို၏။ ဘဝဘုန်းရိပ် ဇမ္ဗူထိပ် သုညတိတ်ဆိတ် နေရပါလို၏။ ဖြစ်လေရာဘဝ သုညတ ရုပ်နာမ်ထပ်တူ ကျရပါလို၏။ မရှိပညတ် ရှိပရမတ် ယှဉ်ဆက်မပြတ် တရစပ်ဖြစ်ရပါလို၏။ နှစ်ကူးချိန်ခါ မင်္ဂလာ သုညသံသာ ကြားရပါလို၏။ မလိုမှရ ထိုသုည စိတ်အင်ဆန္ဒ ပြည့်ဝရပါလို၏။  


Mr. MarGaJanuary 1, 20141min028
တစ်နေ့က ဦးမာဃ မဖတ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မှတ်စုစာအုပ်ကို ပြန်လှန်ဖြစ်တယ်။ မှတ်ထား တို့ထားတာလေးတွေ ဖတ်ရင်း တွေးစရာ အစကလေးတွေကို ဆက်တွေးရင်း ပေါ့။ အဲဒီမှာ ကဗျာလေးတစ်ပုဒ်ကို သွားတွေ့တယ်။ စ ဖတ်ရကတည်းက ကြိုက်မိလို့ မှတ်စုထဲကို တို့ထားမိတဲ့ ကဗျာလေးတစ်ပုဒ် ပေါ့ အခုအချိန်အထိလဲ ရှားရှားပါးပါး အလွတ်ရနေဆဲဖြစ်တဲ့ ကဗျာတစ်ပုဒ်ဆိုလဲ မမှားဘူးပေါ့လေ။ အတော်များများလဲ ဒီကဗျာကို သိကြမယ် ထင်ပါရဲ့။ ကဗျာ နာမည်က “ပတ္တမြားရွှေဂူ” တဲ့။ မန်လည်ဆရာတော် ရေးခဲ့တဲ့ ကဗျာပေါ့။ ပတ္တမြားရွှေဂူ ပြစ်မရှိ ပြစ်ရှာ။ လမင်းကို ခွေးဟောင်လို့ ရွှေလရောင် ပြောင်မပျက်တယ် ထွန်းလျက်ပင်သာ။ မြရွှေဂူ ပတ္တမြားကိုလ ဝက်များက ငြူစူစွာ ညွှန်လူးကာ တိုက်နဲ။ ပွတ်လေလေ ဂူရွှေမှာ […]


naywoon niDecember 31, 20131min06
ဟက်​ပီးနယူးရီးယားတဲ့ ငါနဲ့လားလားမှမပတ်​သက်​သလိုပါပဲလားကွယ်​ရို ့…..။ တစ်​ရက်​ကတစ်​ရက်​ ရက်​သုံးဆယ်​တစ်​လ ဆယ်​့နှစ်​လ တစ်​နှစ်​ဖြစ်​တာ ​ကျောင်​းမှာသင်​ခဲ့ရဖူးပါတယ်​ ဒါ​ပေမဲ….. တစ်​လပဲ​ပြောင်​း​ပြောင်​း တစ်​နှစ်​ပဲ​ဟောင်​းတယ်​​ပြော​ပြော ငါ့ဘဝ​ပြောင်​းလဲမလာတာ​တော့ အ​သေအချာပဲ မ​ရေရာတဲ့အနာဂါတ်​​ကို​မျှော်​ကိုးရင်​း အတိတ်​ဆိုတာကိုသစ်​ရွက်​တစ်​ရွက်​စီ​ချွေချသလို​ချွေချရင်​း သစ်​ရွက်​ဘယ်​နှစ်​ရွက်​​ချွေချမိမှန်​းမသိသလို အတိတ်​​တွေဘယ်​​လောက်​​ချောက်​​သွေ့ခဲ့တယ်​ဆိုတာလည်​း မစဉ်​းစားမိတာအမှန် ပဉာတ်​ချက်​အရ ရက်​ကလကူးပြီး လက​နေနှစ်​ကူးရတာကို ​နေနဲ့လမမြင်​ဖူးတဲ့​ကျောက်​​ခေါတ်​လူသား​တွေလို အထူးအဆန်​း အရူးအနှမ်​းလိုက်​မလုပ်​နိုင်​ပါဘူး ​နေဝန်​းနီ


Tun Lin NaingDecember 31, 20131min05
အမှတ်တမဲ့ဆိုပေမယ့် အမှတ်တရများစွာနဲ့ အားလုံးဖြတ်လျှောက်ခဲ့ကြရတယ် ဒီ…လမ်းကလေး…………   ပြန်လှည့်ချင်သော်ငြားလည်း သင်ကား…ခွင့်မပြု ဟေမာန်ညများနဲ့အတူ ချန်ထားခဲ့ရပြီပေါ့ ၂၀၁၃…ရယ်…………   လျှောက်ခဲ့ရာလမ်းတွေမဖြောင့်ဖြူးခဲ့ အချိုးအကွေ့များစွာကြားမှာ ခါးသက်မှုပေါင်းစုံနဲ့ တို့ဆီပြိုကျခဲ့ရတဲ့ ဝေဒနာတချို့တဝက် မင်းနဲ့အတူ ကျန်နေခဲ့သင့်တာ……….   ရောက်ခဲ့ရပြန်ပေါ့…၂၀၁၄…ဆီ ဆုပ်ထားသောလက်တွေ ဖြန့်ပါစေ…ဆုတောင်း ခွဲထားသောလက်တွေ တွဲပါစေ…ဆုတောင်း တင်းလွန်းသောအငြိုးတွေ ပြေပါစေ…ဆုတောင်း တင်နေသောကြွေးတွေ ကြေပါစေ…ဆုတောင်း တို့ …ကောင်းကောင်းမရင့်ကျက်သေးဘူးလေ……..   နောက်ကျခဲ့တဲ့ ခြေလှမ်းတွေ ညှိုးနွမ်းခဲ့တဲ့ ပန်းလေးတွေ…အတွက် ပန်းတိုင်မရောက်ခင် တက်မထောင်ချင်ပဲ ဒီလမ်းလေးရဲ့ အဆုံးထိ အားနဲ့မာန်ထည့် ခရီးဆက်ဖို့ မောင်မယ်တို့ရေ…ညီကြစေ…….   အညတရကျောင်းဆရာ  


မြန်တျန့်ဂေဇက် အဆွေမြတ် ရေနက်နက်က ငါးဂျီးဒကောင်.. နေအတက် လေသလှပ်မှာ မနေဒတ်တော့ ဂွေခတ်… ရွှေကလပ်နဲ့ ဦးဒေါ်တင် မြေတခွင်မှာ ဇမ္ဗူရှား…. ပေါက်ဖော်ဂျီးရဲ့ နှလုံးသဲပွတ် ကူမြူနစ်ကေဒါ ပဉ္စမံလက်ရုံး.. အိုအိုင်စီ၏ အငှားဗစပ် ၇၈၆ မော်လဝီ ဆလံမာရေးကွမ်း.. စီအိုင်အေ နားမျက်စိ တလဒေါ်လှ သောင်းချီစား.. ဘယ်သူရှုပ်ရှုပ် ဒို့မပြုတ် စစ်အစိုးရ ကြိုးဆွဲရုပ်… ဘာသာရေးကို မယုံကြည် မိုးဗြားဘယ်ဆီ ငရဲပြည်.. နေ့စဉ်တရား ဆိတ်မှာပွား ကိုဘေးနွားကင် များများစား.. နေဝင်ဆုံးသတ် နိဂုံးတည် အပါယ်လေးဗုံ သွားရမည်။။။။။ ကဗျာအမျိုးအစား – သံဝေဂ တေးထပ် ကဗျာရေးဖွဲ့သူ    – အမည်မတိ ခေတ်စာဆို ကဗျာ စကားပြေ  – အမြတ်ကြီးစား ခြစ်သူငယ်ချင်း မြန်တျန့်ဂေဇက် […]


“၁၃ ကို လည် ပြန် ရင်း ၁၄ အ တွင်း သို့ ” မ နှစ် က ဒီ အ ချိန် ပေါ့ ဘ ဝ အ တွက် အ သစ် အသစ် တွေ ကို မျော် လင် ့ ရင်း စောင့် စား စောင့် စား ရင်း မျှော် လင့် …………………….. ………………………….. …………………………………………. ကုန် လွန် သွား သော ရက် စွဲ ထဲ က အ မှား များ ……………………….. …………………………….. ………………………………………….. ပြင် […]


Tun Lin NaingDecember 29, 20131min06
ငါဟာ……..   လမ်းဆုံလမ်းခွ တစ်ခုက မီးပြတိုင်လေးတစ်ခုပဲပေါ့….. လူတွေကိုလမ်းမှန်ရောက်ဖို့ စိမ်း ဝါ နီ အချက်ပြတွေနဲ့ ရဲရဲ ရှေ့ကိုဆက်နေဆဲ…. ငါ နဲ့တွေ့ဆုံပြီးတော့မှ သူတို့ပန်းတိုင်ဆီ ဆက်လက်ထွက်ခွာခဲ့ကြ လှည့်ကြည့်ဖို့ သတိမရကြတော့…     ငါ့ကို ပြန်လှည့်ကြည့်သည်ဖြစ်စေ သတိမရတော့သည်ဖြစ်စေ… ငါ့ကို ပြန်တမ်းတသည်ဖြစ်စေ မေ့ထားလိုက်သည်ဖြစ်စေ… ငါ့ကို အလိုရှိသေးသည်ဖြစ်စေ အသုံးမလိုတော့သည်ဖြစ်စေ… ငါကတော့ ငါ့အလုပ်ကို ရူးသွပ်စွာနဲ့ ဆက်လက် ခုံမင်နှစ်သက်ဆဲ မြတ်နိုးနေဆဲ…   လေဒဏ် နေဒဏ် မိုးဒဏ်တွေကြား မတုန်မလှုပ် နောက်မဆုပ်ပဲ သူတို့လေးတွေ လမ်းမှန်ရောက်ဖို့ ငါ လမ်းပြနေဆဲပါ…   အညတရကျောင်းဆရာ    


Tun Lin NaingDecember 29, 20131min019
နံနက်ခင်းလေးတစ်ခုမှာပေါ့ ကျွန်တော်တို့ရွာလေးရဲ့ ကမ်းခြေတလျှောက် အတွေးစတွေဆန့်ထုပ်ရင်း လမ်းတလျောက် တနေ့တာနွေးထွေးတဲ့အလင်းရောင်ကိုဖန်ဆင်းတော့မယ့် နေမင်းကြီးကိုနှုတ်ဆက်လိုက်တယ်…………….. ပင်လယ်ပြင်ကိုဖြတ်သန်းတိုက်ခတ်လာတဲ့ လေပြေနုတွေက အေးမြပေမယ့် ကျွန်တော်တို့အတွက် ကံကောင်းခြင်းတွေသယ်ဆောင်လာပြီး ပျော်ရွှင်မှုတွေကိုတော့ မင်းတို့နဲ့အတူဆောင်ကြဉ်းမသွားပါနဲ့ ကျွန်တော် ဝမ်းနည်းတတ်လို့ပါ………………… အဆံမရှိတော့တဲ့ အသွေးရောင်စုံ ခရုခွံလေးတွေကတော့ ဒီလောကနဲ့မသက်ဆိုင်တော့သည့်အလား ဖြူလွှလွှသဲသောင်ပြင်ပေါ် တိပ်ဆိပ်စွာလဲလျောင်းရင်း ငြိမ်သက်ခြင်းတေးသွားကိုဆိုနေကြလေရဲ့ သူတို့ခြေရာတွေကတော့ လှိုင်းလေးတွေအောက်ကွယ်ပျောက်ခဲ့ရပါပြီ……………… ကျင်းဝကို ကိုယ်စီထွက်လာကြတဲ့ ဂဏန်းနီလေးများကတော့ လွပ်လပ်မှုကိုကြွေးကြော်ရင်း ဘေးတိုက်ပြေးလွှားဆော့ကစား ညီညွတ်ခြင်းတေးသွားကိုဆိုနေကြလေရဲ့ မျှော်လင့်ချက်ကိုယ်စီနဲ့လေ………………. ကမ်းခြေအလှကို တန်ဆာဆင်ထား ခိုင်ခံ့ မာကျောလှပါတယ်ဆိုတဲ့ ကျောက်ဆောင်တွေက ညည်းတွားတယ် သူတို့ကို ညင်သာစွာပုတ်ခတ် လှိုင်းလေးတွေပေးတဲ့ ဒဏ်ရာကိုယ်စီနဲ့ပါ…တဲ့….. ပင်လယ်ပြင်တဖက်ကမ်းက မိုးကုတ်စက်ဝိုင်းစွန်းဆီမျှော်ကြည့်မိတယ် ကျွန်တော်တို့ပန်းတိုင်များ အဲဒီမှာရှိလေမလား တားဆီးထားရာလှိုင်းလုံးကြီးတွေကိုကျော်ပြီး သွားကြည့်ချင်ပေမယ့် စဉ်းစား ပန်းတိုင်မရောက်ခင်များ ငါနစ်မြုတ်သွားလေမလား……… ဒီစိုးရိမ်ကြောက်ရွံ့မှုတွေအားလုံး မြေနှုတ်ပေါင်းသင်ပြစ်လိုက်တယ် ရေလှိုင်းတွေတောင် ကျောက်ဆောင်တွေကိုတိုက်စားနိုင်ခဲ့သေးတာပဲ […]


အိုဘယ့် ရွှေမန်းသူ လမ်းမတူခဲ့လို့များ လွဲနေခဲ့သလား အခါတစ်ပါးက မင်းရင်ခွင် ခိုဝင်ပြီးသကာလ ပျော်ဖြစ်ခဲ့ကြ မင်း သတိတော့ ရနေမယ်ထင် ရွှင်ပြုံးနှလုံးသား အမုန်းမဲ့တန်ဆာဆင် ပုဂံတစ်ခွင်ကဘုရား ငါတို့အတူသွားခဲ့ကြ များလှတဲ့လူတွေနဲ့အတူ ရွှေမန်းသူရေ မင်း ပျော်နေမှာ ငါသိ  အညာ၏ ဆောင်းလေ အေးစက်နေတဲ့ကြားမှာ မာန်ပါပါမင်း ခရီးပြင်းပေမယ့်  မမောနိူင်ခဲ့ တောင်တော်ကွယ့်  ရွှေပုပ္ပါး ခဏနားပြီးသကာလ ဆက်ခဲ့ရ အိမ်အပြန် ထန်းရည်သံကြားတော့ မင်းအလိုက်သိ ရှိုက်မိသည့် စီးကရက်ငွေ့များ ခါးလှတဲ့ဒီထန်းရည် ကြက်ကြော်တွေနဲ့ပေါင်းစု  အံတုခဲ့ဆောင်းကိုကွယ် ပေါင်းလိုတယ်စိတ်ကူးသော်လည်း လွဲလို့သာ ချော်ခဲ့ရ မတွေ့ကြတာ ကြာလှပေမယ့် အခွင့်အခါသင့်ရင်ဖြင့်  မင်းရင်ကို တစ်ခါခိုဝင် ကမ႓ာတစ်ခွင်များ သွားချင်စမ်းအတူလေ ( အိုဘယ့် ) ရွှေမန်းသူရေ အလွမ်းတွေကို မင်းသိစေ ၊ […]


alinsettDecember 20, 20135min012
          ခြေထောက် ပျောက်လို့ လိုက်ရှာနေတဲ့လူ ___________________________________     လမ်းပျောက်နေတဲ့ လူအုပ်ထဲမှာမှ. . . ငါက. . . . . ခြေထောက်ပျောက်လို ့ ရှာနေသူ . . .   *****   ကြာပါပြီ. . . သူ. . .ပြန်လာမယ်ဆိုတဲ့ လမ်း. . . ခပ်လှမ်းလှမ်းက မှန်းကြည့်ငေး. . . အဝေးကိုလည်း . . .မပြေးချင်သူ . . . (ဆိုပေမယ့်. . . .)   ***** […]


Mr. MarGaDecember 19, 20131min020
အဲဒီညက သန်းခြောက်ဆယ်လုံး စောင့်ကြည့်မနေခဲ့ပေမယ့် သန်းလေးဆယ်လောက်တော့ စောင့်ကြည့်နေခဲ့မှာပါ…။   ပရိသတ် သုံးသောင်းနီးပါး က ကိုယ်တိုင်ကိုယ်ကျ အားပေးခဲ့တဲ့ ပွဲ…။ ကိုယ့်မြေ ကိုယ့်ရေမှာ ကိုယ့်ဂုဏ်သိက္ခာကို ပြန်ဆယ်ခဲ့တဲ့ ပွဲ…။   ရင် တထိတ်ထိတ် နဲ့ ဘုရား တ’ ကာ ကြည့်ရတဲ့ ပွဲ။     မိနစ် ၁၂ဝ အပြည့် ရသ ကိုးပါးနဲ့ အသုံးတော်ခံသွားတာ အချိန် ကုန်လို့ ကုန်မှန်း မသိလောက်အောင်ပဲ…။   စက္ကန့် မလပ် တိုက်ပွဲ ဝင်နေတဲ့ သူတို့ဟာ… နှလုံးသွေးတွေ ပွက်ပွက်ညံနေတဲ့ အားမာန် နဲ့ အအေးဒဏ်ကို အံတုခဲ့ကြတယ်…။   Waraporn Boonsing  က မန္တလေးမြို့ကြီးကို ပုတ်ထုတ်လိုက်တယ်။ အဲဒါ ဘောလုံးတစ်လုံး […]


  “ဒွိဟ” တစ်ခါ            တစ်ခါမှာ ဖြစ်ချင်ခြင်း      မဖြစ်ချင်ခြင်း ဖြစ်သင့်ခြင်း     မဖြစ်သင့်ခြင်း ဖြစ်နိုင်ခြင်း       မဖြစ်နို်င်ခြင်း ဖြစ်လိုခြင်း       မဖြစ်လိုခြင်း ဖြစ်ကောင်းခြင်း မဖြစ်ကောင်းခြင်း ဖြစ် စေခြင်း မဖြစ်စေခြင်း ဆိုတဲ့ ဖြစ်ခြင်း နဲ့ မဖြစ်ခြင်း အကြား ဝိဝါဒကွဲ သူတို့ အချင်းချင်း လွန်ဆွဲကြသောအခါ ကျနော်နှစ်ခြမ်းကွဲသွားပါတယ်။ အဲဒါကို သရုပ်ခွဲပြန်တော့ သိစိတ်နဲ့ မသိစိတ် လို့ ဆိုပြန်သပေါ့ဗျာ။ ကဲ………………………… အဲဒါလေးအသာထား သူတို့ ရဲ့ လွန်ဆွဲပွဲမှာ ဘယ်ဘက်က သာမယ်ထင်သလဲဗျာ။ ကိုပေါက်လက်ဆောင်အတွေးစဉ် 19-12-2013