“ဒွိဟ”

 

“ဒွိဟ”

တစ်ခါ            တစ်ခါမှာ

ဖြစ်ချင်ခြင်း      မဖြစ်ချင်ခြင်း

ဖြစ်သင့်ခြင်း     မဖြစ်သင့်ခြင်း

ဖြစ်နိုင်ခြင်း       မဖြစ်နို်င်ခြင်း

ဖြစ်လိုခြင်း       မဖြစ်လိုခြင်း

ဖြစ်ကောင်းခြင်း မဖြစ်ကောင်းခြင်း

ဖြစ် စေခြင်း မဖြစ်စေခြင်း

ဆိုတဲ့

ဖြစ်ခြင်း နဲ့ မဖြစ်ခြင်း

အကြား

ဝိဝါဒကွဲ

သူတို့ အချင်းချင်း

လွန်ဆွဲကြသောအခါ

ကျနော်နှစ်ခြမ်းကွဲသွားပါတယ်။

အဲဒါကို သရုပ်ခွဲပြန်တော့

သိစိတ်နဲ့ မသိစိတ်

လို့ ဆိုပြန်သပေါ့ဗျာ။

ကဲ…………………………

အဲဒါလေးအသာထား

သူတို့ ရဲ့ လွန်ဆွဲပွဲမှာ

ဘယ်ဘက်က သာမယ်ထင်သလဲဗျာ။

ကိုပေါက်လက်ဆောင်အတွေးစဉ်

19-12-2013

9 comments

  • nozomi

    December 19, 2013 at 1:58 pm

    တိုက်တိုက် ဆိုင်ဆိုင် ကိုပေါက် ရေ
    ကျနော်လဲ ဖြစ်ချင်ခြင်း မဖြစ်ချင်ခြင်း ကြားမှ
    လွန်ဆွဲနေလို့ ဒွိဟ တွေ ဖြစ်ရင်း ဘာလုပ် ရမယ် မသိဖြစ်နေတယ်

    Reply

    • ကျနော်လည်းဒီ အတွေးလေးက သူငယ်ချင်းတစ်ယောက်နဲ့စကားပြောရင်း ရလို်က်တာပါဗျာ။
      သူက ဖြစ်ချင်တာတွေများပြီး သူ့ ဘဝ သူ အားမရဖြစ်နေတာ။
      အဲဒါလေးက စိတ် ထဲ ရောက်လာလို့ ဒီကဗျာလေးရ လိုက်တာပါ။

      Reply

  • kyeemite

    December 19, 2013 at 4:19 pm

    ဖြစ်ခြင်း နဲ့ မဖြစ်ခြင်း
    ချစ်ခြင်းနဲ့ မချစ်ခြင်း
    သစ်ခြင်းနဲ့ မသစ်ခြင်း
    ညစ်ခြင်းနဲ့ မညစ်ခြင်း
    သူတို့ချင်းငြင်းကြတော့
    ကျနော့မှာ“တင်း”ပါရောလား….ဘာလို့ဆိုတော့
    ဘယ်သူမှအမြဲမသာ
    ဘုံလုံတစ်လှည့်
    ငါးပျံတစ်လှည့်
    မှန်ကင်းတစ်လှည့်
    ထင်းတစ်လှည့်နဲ့
    ဘဝမှာသံသရာလည်။

    ခင်လို့လျှောက်ရေးလိုက်တာ…ဒသနတွေနားလည်လို့မဟုတ်ဘူး ကိုပေါက်ရေ 😀

    Reply

    • နောက်ဆုံးတော့ ဘဝထဲကနေ
      လစ် မှန်း မသိ လစ် သွားကြ ရ တာပါ ဘဲ ကိုမိုက်ရေ

      Reply

  • alinsett

    December 19, 2013 at 5:42 pm

    ငါ သည်သာ အဒိက

    အဟိ

    :kwi:

    လေးပေါက်ရေ
    အတွေးgood
    အရေးgood

    ဝင်ရောက် လေ့လာသွားပါတယ်လို ့

    လေးစားချစ်ခင်စွာ. . .

    Reply

  • အရှင်ဆန္ဒာဓိက မိန့်သလို တစ်ယောက်တည်းနေ၊တစ်စိတ်တည်းထား တော့မယ်ဖေပေါက်
    🙂

    Reply

  • Ma Ma

    December 21, 2013 at 5:00 pm

    အတွေးများတတ်တဲ့ ကိုယ်လိုလူအတွက်တော့ တစ်ခုခုကြုံလာတိုင်း ဒီလိုလုပ်လိုက်ရင် ဒီလိုဖြစ်ပါ့မလား။ ဟိုလိုများ ဖြစ်သွားမလားဆိုတဲ့အတွေးနဲ့ အမြဲဒွိဟဖြစ်နေကျ။ 🙁

    Reply

Leave a Reply

Your email address will not be published.