တစ်ချိန်လုံးထွန်းလင်းနေတဲ့နေမင်းဟာ အချိ်န်တန်တော့လည်း ထုံးစံအတိုင်း အနောက်မိုးကုပ်စက်ဝိုင်းအောက် ဝင်ရောက်ပျောက်ကွယ်ခဲ့ပေါ့ ……။ အဲဒိနောက်….. ခုပြောမဲ့အပုတ်ချိန်ရောက်လာခဲ့ပေါ့ အဲ့ဒိညကပေါ့ အရူးတစ်ယောက် ယိုင်နဲ့နဲ့ ခွေးခြေေလးပေါ်ရပ်လို့ ဟိုမရောက် ဒီမရောက် သီချင်းတွေဆိုလို့ နဂါးနီ ဆိုတာလည်းပါရဲ့ ဗိုလ်ချုပ်ဘာဖြစ်တယ် ညာဖြစ်တယ် ဆိုတာလဲပြောရဲ့ ပြီးတော့ လွတ်လပ်ရေးဆိုတာဘာညာသရကာ အရူးညာဏ်မှီသလောက် ဟိုရောက်ဒီရောက် အကာလ အိပ်စက်မဲ့မြို့လူထုကို သူ့အသံ ဆိုးဆိုးကြီးနဲ့နှိပ်စက် အိပ်ရေးပျက်တဲ့ သူလည်းပျက်ပေါ့……။ ” ဘယ့်နဲ့ဗျာ ဗို်လ်ချုပ်ဆိုတာက….. ခင်ဗျားလို ခွေးခြေလေးပေါ်ရပ်ပြီး လူကြိုက်လောက်မဲ့ စကားတွေပြောရင်း တောမရောက်တောင်မရောက် နားကြားဗျင်းကတ်လောက်အောင် ဟိုတစ်စ ဒီတစ်စ သီချင်းတွေဆိုရင်းနဲ့ မြန်မာပြည်လွတ်လပ်ရေးရအောင်ယူပေးခဲ့တာ မဟုတ်ဘူး သမိုင်းရှိတယ် လူတိုင်းသိတယ် ” အော် ….. အရူးကိုသွားပြောနေတော့လည်း သူဘာနားလည်မှာလဲ အ ကာလ ညအခါ ငါ့ဖာသာ […]