“ ဆာသော်နှင့် အူးတာဗျင် ”       ဒီနေ့မနက် စောစောစီးစီး “ဘောစမီးလေး”ဆီက ဖုန်းဝင်လာပါတယ်။ “ဆာသော်ရေ ဒီနေ့ခါတိုင်းထက်စောလာခဲ့နော် အင်တာဗျူး မထိုင်ခင် ပြောစရာရှိတယ်” ဒါနဲ့ဘဲ အိမ်မှာတင် မနက်စာစား ခါတိုင်းသွားနေကျဆိုင်မှာ လက်ဖက်ရည်မသောက်ဘဲ ရုံးကိုအသော့နှင်ခဲ့ရပါတယ်။ ဆာသော်ရုံးရောက်တော့ “ဘောစမီး “လေးရုံးခန်းဘက်လှမ်းကြည့်လိုက်တဲ့အခါ CV ဖောင်တွေနဲ့ အလုပ်ရှုပ်နေတာကိုလှမ်းတွေ့လို်က်ရပါတယ်။ ကိုယ့်အခန်းထဲမှာကိုယ့်ပစ္စည်းပစ္စယတွေထားပြီး သူ့အခန်းဘက်ကိုဝင်လာလိုက်ပါတယ်။ “ဆာသော် ရောက်ပြီလား အင်တာဗျူးမယ့် ကလေးတွေရဲ့ ဖိုင်တွေ ဖတ်ကြည့်နေတာ “ “  မီးမီး လိုချင်တာနဲ့ ကိုက်တဲ့လူရောတွေ့လား  “ “   တွေ့သလိုလို ပါဘဲ ဒါပေမယ့် တင်ထားတဲ့ လျှောက်လွှာတွေက မပြည့်စုံဘူး ရဲစခန်းထောက်ခံချက်တွေ ဘာတွေလဲမပါဘူးနော် “ “ အဲဒါက […]


SawAungJanuary 29, 20164min011
တက္ကသိုလ်ကျောင်းသားဘဝကို ကျတော်ဟာ သေသေချာချာ မခံစားရခဲ့ဘူး။ နေ့မတက်ရလို့ အဝေးသင်တက်ခဲ့ရပေမယ့် အနီးကပ် (၁၀)ရက်ကို ပြည့်ပြည့်ဝဝခံစားရပေမယ့် သူတို့လောက် ကျတော်တို့ ကံမကောင်းခဲ့တာ အမှန်ပါ။ အခု ကျတော်နဲ့ရွယ်တူ ကျတော့်သူငယ်ချင်း တွေက အစပေါ့။ ဘာပဲဖြစ်ဖြစ် သူတို့လေးတွေ မြင်ရချိန်မှာသော သူတို့လို ကျတော့်မှာလည်း သူငယ်ချင်းတွေ ရှိပါသေးလား ဆိုတာကို တွေးရင်း။   တိုက်ဆိုင်တာက သူတို့လည်း စီးပွားရေးကျောင်းသား ကျတော်လည်း စီးပွားရေးကျောင်းသား။   လေးစားစွာဖြင့် အောင်မိုးသူ


SawAungJanuary 28, 20161min08
အခုတလော ယူကျုကနေ သီချင်းအဟောင်းလေးတွေ ဒေါင်းလုတ် လုပ်နေမိတယ်။ သီချင်းအဟောင်းတွေကော ဗားရှင်းအသစ်တွေကောပေါ့။ အဲသည်လို ရှာရင်း ရတနာမြေ ဆိုတဲ့ သီချင်းလေးကို ကြယ်ကလေးတွေရဲ့ မိုးကောင်းကင် ကလေးသီဆိုပြိုင်ပွဲက ဆုရကလေးတွေ ဆိုထားတဲ့ သီချင်းလေးကို တွေ့မိလိုက်တယ်။   သီချင်းလေး အဓိပ္ပာယ်ကောင်းလိုက်တာ တေးရေးဆရာအောင်နိုင်စန်း ရေးသားထားတာပါ။ အရင်ကနားထောင်ဖူးပေမယ့် ဗားရှင်းအသစ်လေးရယ် ကလေးတွေရဲ့ သီဆိုအားကောင်းမှုရယ် သီချင်းလေး နားထောင် အသည်းတွေကွဲမိပြန်ပါရော။   ရတနာမြေဆိုတဲ့ သီချင်းလေးကအတိုင်း ကိုယ့်နိုင်ငံကြီးဟာ အဲ့လိုမဟုတ်တော့ဘူးဆိုတာ တွေးရင်း တွေးရင်း……..။   https://www.youtube.com/watch?v=ch64KCBfI9A   လေးစားစွာဖြင့် အောင်မိုးသူ


“မပိတ်စကောင်း ပိတ်စကောင်း ”     ပြီးခဲ့တဲ့ ငါး ရက်လောက်က ကျနော် မန်းလေးက နေမူဆယ်ကို အလုပ်နဲ့သွားဘို့ဖြစ်လာပါတယ်။ ဒါနဲ့ဘဲ လမ်းခရီးအကြောင်းစုံစမ်းတော့ ဟိုရက်ကတော့ လမ်းတွေပိတ်နေတယ်လို့ အခုရက်တော့ လမ်းနည်းနည်းပွင့်ပြီလို ့ သတင်းကြားရပါတယ်။ မသွားမဖြစ်ခရီးဆိုတော့လည်း လမ်းတွေပိတ်တယ်ဆိုပေမယ့်လည်း ကားငှားပြီးသွားဖြစ်ခဲ့ပါတယ်။ မနက် ရနာရီလောက်မှာ လာကြိုတဲ့ကားနဲ့ မူဆယ် မန်းလေးခရီး ကို စတင်ခဲ့ပါတယ်။ ပြင်ဦးလွင် ရောက်တော့ မနက် ရှစ်နာရီကျော်ကျော်။ မနက်စာ စား ဘို့ ခဏသာနားပြီး ခရီးဆက်ခဲ့ပါတယ်။ ဝက်ဝံကိုလွန်ပြီး မကြာခင်မှာဘဲ ဆောင်းတွင်းကြီးမှာ မိုးတွေ ရွာလာပါတော့တယ်။ မိုးကသဲလဲ မသဲ ခပ်ဖွဲဖွဲ ဆိုတော့ ကားကို ဖြည်းဖြည်းဘဲမောင်းလို့ရပါတယ်။ အဲဒီနေ့က အဆင်းကားဆက်ပြတ်နေတော့ “လမ်း ပိတ်နေပြန်ပြီ ထင်တာဘဲ […]


ဂ်စ္စူJanuary 26, 20161min017
လေစိမ်းများ အလွန်တိုက်သည်။ အနွေးထည်ဝတ်လည်း မနွေးနိုင်ပါ။ စိမ့်စိမ့်တုန်အောင်ချမ်းပါသည်။ အားလုံးစောင်ခြုံကွေးနေကြသည်။ ရေမချိုးတာ နှစ်ရက်ရှိလေပြီ။ ချိုးတယ်ပြောသူ ဂျီးထူလို့ဖြစ်ပါသည်။ ကျနော်မှန်တာပြောပါမည်။ ရေမချိုးတာသုံးရက်ရှိပြီ။ သစ္စာမှန်၍ထီပေါက်မည်ဖြစ်ပါသည်။


alinsettJanuary 25, 20163min018
                                      ============================ A သူသည် A ဆိုသော အမည်ဖြင့် Bank ကြီးတစ်ခု၏ မန်နေဂျာချုပ်တာဝန် ထမ်းဆောင်နေသည်။ အလုပ် အင်မတန်များသော သူ့ကို သည်နေ့မနက် တွေ့ခွင့်မှ မရလျှင် ဘဏ်ကို မီးရှို့ပြာချပစ်တော့မလို အသည်းအသန်ဖြစ်နေသော အမျိုးသမီးတစ်ယောက် ဘဏ်ထဲရောက်နေကြောင်း သတင်းလာပို့သောအခါ… သူ…အလွန်တရာ စိတ်ရှုပ်သွားပါသည်။ သို့သော် ထိုအမျိုးသမီးသည် အရေးကြီးသော အကြောင်းကိစ္စတစ်ခုခု ရှိ၍သာ ဤမျှတောင်းဆိုသမှု ပြုခြင်းဖြစ်မည်ဟု တွေးမိပြီး… သူ…ထိုအမျိုးသမီးနှင့် တွေ့ဆုံဖို့ လက်ခံလိုက်သည်။ ————————— […]


ko sixJanuary 23, 20161min07
၁၂ ရာသီလုံး ခဲနေခဲ့ရ အနာဟောင်းတစ်လုံးက မီးသင့်ကျောက်လို မာမာကျောကျော မြက်တောထဲမှာ အရွက်တွေ အထပ်လိုက်ပြတ်နေတဲ့ သစ်တစ်ပင်ဟာ အမြဲစိမ်းတောထက် ပိုပြီး စိမ်းလို့။ ငှက်တစ်သောင်းလား။ နားသည်လား မနားသည်လား မမှတ်မိ။ မိုးတိမ်တွေကတော့ အသွင်ပြောင်းသွားတဲ့ ငယ်ချစ်ဆီမှာ သစ္စာတွေ အမြစ်တွယ်နေတုန်း။ ၁၁ ဂဏန်းပဲ မြေပုံပေါ် တစ်လှည့်စီ စောင့်ရှောက်နေတယ်။ ကိုစစ်


alinsettJanuary 23, 20161min08
                                  အခုတလော… အမှောင်မိုးစက်တွေ ခပ်စပ်စပ်လေး ရွာချတတ်လို့…. ကိုယ်ပေါ်ကအလင်းတွေကို မကြာခဏ သပ်ချပေးနေရတယ်။   သိပ်တော့ မခက်ပါဘူး။ တစ်ခြမ်းပဲရှိတဲ့ လမင်းကို ငါးမျှားချိတ်နဲ့ လှမ်းဆွဲရသလောက်ပေါ့… မိ ပါတယ်… တချိန်မှာ လွတ်ထွက်သွားဖို့အတွက် ဆိုပါတော့…။   —————————————————————-   Jan 23- 2016    


ပြဿနာက ဘယ်ကစလဲဆိုရင် လှည်းတန်းစိန်ဂေဟာမှာ 4G U-sim ပြောင်းတဲ့ကိစ္စက စရပါလိမ့်မယ်။ တကယ်တော့ ဆင်းမ်ကတ်ပြောင်းဖို့ သွားတာမဟုတ်ဘူး။ (၆) လပိုင်းလောက်က ပျောက်သွားတဲ့ဖုန်းလေး ပြန်လျှောက်ဖို့သွားတာ။ တန်းစီနေတဲ့သူတွေ အများကြီးဆိုတော့ ကိုယ်လည်း ဝင်တန်းစီလိုက်တယ်။ ကောင်တာမှာက တစ်ယောက်တည်း ရှိတာကိုး။ ရှေ့ကလူတွေအကုန်လုံးက ဆင်းမ်ကတ် လဲနေကြတာ။ ကိုယ့်အလှည့်လည်းရောက်ရော ဖုန်းကတ်ပြန်လျှောက်ချင်တယ်ဆိုတော့ ဒီနေ့က တစ်ယောက်တည်းရှိလို့ မနက်ဖြန်မှ လာခဲ့ပေးပါတဲ့။ ဒီတော့ ကိုယ်လည်း မထူးပါဘူးဆိုပြီး ဆင်းမ်ကတ်လဲမယ်ပေါ့။ ဖုန်းကတ်ပြန်လျှောက်ဖို့ လိုတာတွေမေးပြီး စကားတပြောပြောနဲ့ လဲပေးလိုက်တာ ခဏလေးရယ်။ ဗိုက်ကဆာနေတာနဲ့ ကတ်ကို ဖုန်းထဲတောင် ပြန်မထည့်တော့ဘဲ ဒီအတိုင်းယူလာလိုက်တယ်။ မုန့်စားရင်း ဆိုင်မှာ ပြန်ထည့်ကြည့်တော့ လိုင်းက လုံးဝတက်မလာဘူး။ ဒါနဲ့ ကမန်းကတန်းနဲ့ ပြန်သွား၊ ကိုယ့်ဖုန်းအကြောင်း ပြောပြတော့မှ အဖြေက […]


အစက မတင်ဘဲနေမလို့ရယ် . . ဒါမယ့် ရွာစုံတွဲဆိုတော့ကာ မှတ်တမ်းလေးတင်ပါဦးမယ် ဆိုပြီး လာတင်တာ . . . ရွာသူရွာသားများ ကောင်းမှုနဲ့ ဖူးစာဆုံခဲ့တဲ့ သများတို့အတွဲ ဒီနေ့ နှစ်နှစ်နဲ့ ခြောက်လတိတိ ပြည့်သွားပြီ ဖြစ်ပါကြောင်း . . . . (သဂျီးတစ်သိန်း သူမပြည့်ရင်နေ . . . သများပြည့်အောင်ယူမယ် . .  😛  )   Photo Credit to Ko Aung Moe Thu


အေတြးေလးJanuary 22, 20161min010
တွေးချင်ရာတွေး ငေးချင်ရာ ငေး သစ်ပင်တွေဟာ အေးချမ်းလွန်းတယ်။ သူတို့မှာ . . . . အမုန်းတွေမရှိဘူး . .အငြိုးတေးလည်းမရှိ် အတ္တကင်းတယ် . . .အပူပင်မဲ့တယ် အပြုံး အငိုသူတို့မသိ . .နတ္ထိဆိုမှနတ္ထိရယ်ပါ။ ကြည့်ပါအုံး . . . . ငှက်ကလေးတွေလည်းဝဲပျံလို့ လေနှင်ရာလွင့်တယ်။ သစ်တစ်ပင်ကောင်းငှက်တစ်သောင်းဆိုသလိုပဲ . . နားတဲ့အခါနား . . ပျံသွားတဲ့အခါပျံသွားလေရဲ့။ သစ်ပင်တွေဟာ . .သူတို့ရဲ့နားခိုရာလေးပါ။ ထာဝရအတွက်မဟုတ်ပေမယ့် တခဏတာနားခိုကြလေရဲ့။ အစာဝလို့ ဌာနကိုပြန်ထွက်သွားတော့ ့နားခိုခဲ့တဲ့ ကိုင်းဖျားလေးကိုခြေနဲ့ခတ်ခဲ့လေရဲ့ ကိုင်းဖျားလေးတွေမှာတော့တဆတ်ဆတ်နာလို့။ နားကြည်းမိသလိုမဲ့ပြုံးတစ်ချက်ပြုံးတယ် ဒီလိုပါပဲ အဖြည့်ခံဘဝဆိုတာ။ သစ်ရွက်စိမ်းလေးတွေမှာနှင်းစက်တွေတွဲလဲခိုနေပြီလေ ဪ . . .ဆောင်းတောင်ယွန်းပါပေါ့လား။် တောင်ခိုးတဝေဝေနဲ့တောင်စဉ်တန်းတွေလည်းအေးချမ်းလှရဲ့။ မြူမှုံတွေသိုင်းရစ် […]


Tawwin PanJanuary 22, 20162min014
ဒီနေ့တော့ အသဲကွဲချင်သလိုလို ရောဂါထနေတာနဲ့ Google မှာ Broken Couple ဆိုပြီး ရိုက်ရှာလိုက်တာ အခုတင်ထားတဲ့ ပုံလေးတွေတွေ့တော့တာပါပဲ။ သဘောကျလွန်းလို့ မန်းဂဇက်မှာ တင်ပေးလိုက်ပါတယ်နော်။ ပုံလေးတွေတွေ့တော့ အသဲကွဲချင်သလိုလိုဖြစ်နေတဲ့ရောဂါတောင် ဘယ်ရောက်မှန်းမသိဖြစ်သွားတယ်။ Amazon.com မှာတွေ့တာ တစ်ခုကို $၅ဝလောက်ရှိတော့ ကိုယ်တိုင်လည်း မဝယ်နိုင်။ V Day ကလည်း ရောက်တော့မယ်ဆိုတော့ကော ရွာထဲက ခင်သူမင်သူတွေဆီကပေါ့လေ…..Precious Moments Couple အရုပ်လေးများ ယောင်ယမ်းပြီး လက်ဆောင်လေးများရမလားလို့ ရည်ရွယ်ရင်း…..(အမှန်တော့ သူများတွေလို စာရေးတတ်ချင်တာရယ်…မရေးတတ်တော့လည်း ပုံလေးတွေတင်လိုက်တာပါ) .