ဇီဇီFebruary 21, 20161min037
ဖေဖော်ရီ ၁၂ ရက်နေ့ က စစ်ကိုင်းးတောင်ဘက်သွားးရင်းး အမြင့်ဆုံးး ပတ္တမြားစေတီ ပေါ်က ရှုခင်းတွေ က လှ တယ်ဆိုတာနဲ့ ရောက်သွားးတယ်.. သောင်ကျွန်းးအစွယ်စွယ်နဲ့ ဧရာဝတီ ကို မြင်ရတာ စိတ်မချမ်းသာခဲ့ဘူးးး ရှေ့ လျှောက် အရမ်းပူရင် ပိုဆိုးမယ်ထင်တယ်.. လူလူချင်းးတောင် အဆက်မပြတ် ကယ်နေရတဲ့ အချိန်မှာ ဧရာဝတီကို ကယ်ဖို့ ဘယ် အပူကပ်ရပါ့…!! ကိုယ်လည်းး မကယ်နိုင်မယ့် တူတူ တောင်ပေါ်ကဆင်းး သောင်ပြင်ပေါ်သွားး ပြီးး ဓာတ်ပုံ ရိုက်ခဲ့သေးးးး… ဒီပို့ စ်မတော့ မပြတော့ပါဘူးးနော့ ..!! ဧရာဝတီ က ပို သနားးစရာကောင်းးသွားးမစိုးးလို့ ???                        


“ရှုပ်ဇယား” ရှုပ်ထွေး ပွေလီ မညီ  မမျှ ဒီလောကကြီးထဲမှာ ရှူပ် ပါတယ်ဆိုမှ ပိုပို သာသာ ကန့်လန့်ခံတာတွေ ဝင်ဝင်ပါနေတော့ ခက်မှခက် လို့ဘဲ ဆိုချင်မိပါတယ်။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၁၂၁၆


alinsettFebruary 18, 20161min07
                                        ဘူတာအိုထဲမှာ ရထားအိုကို စောင့်နေသူများ ———————————————————————————— အဲဒီနှင်းဆီဟာ… တစ်စချင်း တစ်ရွက်ချင်း ပြန်လည်တည်ဆောက်ပြီး လန်းဆန်းတောက်ပပြတော့မှာလား။ ဒါမှမဟုတ်… တစ်စချင်းတစ်ရွက်ချင်း ကြွေဆင်းနိမ့်ကျသွားပြီး .ရော်ဝါညှိုးခြောက်သွားတော့မှာလား။ ဘယ်လိုမှ ဝေခွဲမရတဲ့ အဖြစ်မျိုးဆိုပါတော့… အချိန်အတော်ကြာ ငတ်မွတ်တောင့်တနေရတဲ့ ရထားကြီးတစ်စင်း .ဟောဒီဘူတာဆီ ဆိုက်ရောက်ဖို့ လာနေပြီဆိုလို့ လိုက်ချင်လွန်းသူတို့ရဲ့ အထုပ်အပိုးပြင်သံတွေ  ညံထွက်သွားတယ်။ ဒါပေမဲ့… သိပ်မကြာခင်မှာပဲ … .စောင့်ဆိုင်းရခြင်းနဲ့ အသားကျခဲ့သူတွေပီပီ အထုပ်အပိုးတွေပေါ်မှီတွယ်ရင်းပဲ  တရေးတမော ပြန်အိပ်ပျော်သွားကြလေရော… ဘူတာအိုကတော့… အရာအားလုံးကို […]


padonmarFebruary 18, 20161min016
14.2.2016 ညနေ ၅နာရီ ၄၅ မိနစ်တွင် မထက်ထက်ထွန်း အိမ်၌ ဟောကြားပေးသော ဆရာတော် ဦးဇောတိက တရားထဲမှ ကျန်းမာရေးအတွက် သိကောင်းစရာများ (၁) ကျန်းမာဖို့အတွက် အစာ အများကြီး စားစရာ မလိုပါ။ အချိုဓာတ်ကနေ Cholesterol အဖြစ်ပြောင်းစေပါတယ်။ ဒါ့ကြောင့် အချိုကို လျှော့စားရပါမယ်။ အစာစားတဲ့အခါ အဆာပြေပြီဆိုရင် ရပ်လိုက်ပါ။ လူရဲ့ ဦးနှောက်က အစာစားပြီး အချိန်အနည်းငယ်ကြာလို့ သွေးထဲက အချိုဓာတ်တက်လာမှ ဗိုက်ဝတယ်ဆိုတဲ့ ခံစားချက်ရပါတယ်။ ဒါ့ကြောင့် ဗိုက်ဝပြီ ဆိုမှ ရပ်ရင် လိုအပ်တာထက် ကိုယ်ထဲကို ပိုဝင်သွားပါပြီ။ (ဘုန်းဘုန်းဆို ဆီးချို ရှိတာ ကိုယ်လက်လှုပ်ရှားပြီး အစားထိန်းထားရုံနဲ့ ဆီးချို မတက်တော့ပါဘူး၊ အစာလျှော့တဲ့ အတွက် လူကလည်း ပိန်မသွားပါဘူး။) Longevity […]


padonmarFebruary 17, 20161min09
ကြည်ဖြူပါစေ တရားတော်(ဓမ္မဒူတ ဆေကိန္ဒာရာမကျောင်း စာချဆရာတော်) (လင်းထက်ဦး+အိဖြူမွှေး မင်္ဂလာဆွမ်းကျွေး 12.2.2016) မှတ်သားဖွယ်များ (၁)မင်္ဂလာဆောင်တယ်ဆိုတာ တိုးတက်ခြင်း၊ကြီးပွားခြင်း၊ချမ်းသာခြင်းတွေဆောင်တဲ့ အလုပ်ကို လုပ်ရင် မင်္ဂလာဆောင်တာပါပဲ။ မင်္ဂလာဟာ အမြဲ ဆောင်နေနိုင်တဲ့ အလုပ်ပါ။ စာသင်ခန်းကို ဝင်လို့ ဆရာနဲ့ တပည့် မင်္ဂလာပါလို့ နှုတ်ဆက်လိုက်တာဟာ ဂါရဝေါစ၊နိဝါတောစ၊ကာလေန ဓမ္မဿ ဝနာ ဆိုတဲ့ ရိုသေခြင်း ၊ကိုယ့်ကိုကိုယ် နှိမ့်ချခြင်း၊ သင့်တော်တဲ့အချိန်မှာ မှန်ကန်တဲ့ တရားကို နာယူသင်ယူခြင်း ဆိုတဲ့ မင်္ဂလာကို ဆောင် လိုက်တာဖြစ်ပါတယ်။ ဒါ့ကြောင့် အချိန်တိုင်းမှာ မင်္ဂလာဆောင်နိုင်အောင် ကြိုးစားကြရပါမယ်။ (၂) ဘုရားအလောင်းသိဒ္ဓတ္ထမင်းသားကို မြင်တော့ ကိသာဂေါတမီဆိုတဲ့ ပိန်ပိန်ပါးပါး မင်းသမီးက ဂါထာလေး တပုဒ်ကို သီဆိုလိုက်ပါတယ်။ `ရတနာထိုက်တဲ့ သားသမီးကို ရတဲ့ မိဘဟာ […]


Happy Birthday ပါ ကို… ယနေ့မွေးနေ့မှစ.. နောင်နှစ်ပေါင်းများစွာတိုင် ထာဝရပျော်ရွှင်ပါစေ…။ မိဘကျေးဇူး အထူးပြန်ဆပ်နိုင်ပါစေ…။ ဆန္ဒနဲ့ဘဝ တစ်ထပ်တည်းကျပါစေ…။ ချစ်သူနဲ့ရွှေလက်တွဲ သက်ဆုံးတိုင် ခိုင်မြဲပါစေ…။


တစ်ခါတုန်းက ပုံပြင်အသစ်တွေ မကြားဖူးတဲ့ မောင်ထူးဆိုတဲ့ ကောင်လေး တစ်ယောက် ရှိတယ်။ အုန်းမောင်း ခေါက်တော့ ထုံးစံအတိုင်း မောင်ထူးနိုးပြီ။ ချက်ချင်း ဆိုသလိုပဲ သူသတိရပြီး ဝမ်းနည်းလာတယ်။ အမှောင်ထုထဲ မျက်တောင်ကလေးပုတ်ခတ်ပုတ်ခတ်လုပ်ပြီး ကြည့်ရင်း ကြေကွဲမှုဟာ ဒီ အမိုက်မှောင်လို သူ့ကို လွှမ်းခြုံထားတယ်လို့ ထင်မိလာ တာပဲ။ ခဏနေတော့ နို့ဆီခွက်ဟောင်းပေါ်ကဖယောင်းတိုင်တိုကို ထွန်းပြီး မီးတောက် ကို ငေးပြန်တယ်။ မီးတောက်ကလေးထဲ မှာ ဘာတွေ မြင်ရပါ့။ အဝါရယ်၊ လိမ္မော်ရယ်၊ ပြာလဲ့လဲ့ရယ်၊ ပြီးတော့မီးစာနက်နက်။ တစ်ညလုံး သူငိုနေခဲ့တာ။ ခုတော့ ဝမ်းနည်း မှုက အစိုင်အခဲကြီးလို ရင်ထဲမှာ ကြပ်ဆို့ လေးလံနေတယ်။ မနေ့က သူ့ဂဏန်းပေါင်းစက်ကလေး ပျောက်သွားတယ်လေ။ ရိုးရိုး ဂဏန်းပေါင်းစက်တော့ မဟုတ်ဘူးပေါ့။ နည်းပညာကောလိပ် […]


နေ့စွဲများ အမှတ်သားဖြစ်စေဖို့ နေ့စွဲတွေကိုလှန်လျောကြည့်မိတယ် သင်္ကေတများစွာ အထုပ်ပိုးတွေပြင်လို့ ဟို ဝေးရာဆီသို့ ဥဒဟိုလျှောက်သွားနေကြတယ် လောင်နေတဲ့မီးစတွေလည်း မငြိမ်းသေးဘူး နောက်ထက်ရှို့မီးတွေလောင်နေပြီ ထွန်နေတဲ့လယ်တွေလည်း မပြီးသေးဘူး သိမ်းတဲ့သူတွေလည်းရောက်နေကြပြီ ဆောင်းမကုန်ခင် နွေရောက်လာတော့ အေးချမ်းရမလား ပူလောင်ရမလား သေချာတာတစ်ခုကတော့ အေးတာလည်းမဟုတ် ပူတာလည်းမဟုတ် အေးလိုက်ပူလိုက်ဖြစ်နေတာကိုက ငါတို့အတွက်………… သင်္ကေတနေ့စွဲတွေအဖြစ်ထင်ကျန်နေခဲ့တယ်။ ။ ဇွဲမာန်(အင်းဝ) 060202016  


“ဆုံမှတ်   လမ်းခွဲ” သွားသူ နဲ့ လာသူ   တူညီ စုံရပ်   ဆုံမှတ်လို့ အမည်တွင်   ပျော်ရွှင်ခြင်းနေရာ။   ပြန်သူ နဲ့ ကျန်ရစ်သူ   မတူ စိတ်ဝမ်း   ကိုယ့်လမ်းကိုယ်သွား   ဝမ်းနည်းခြင်းအမှတ်သား   လမ်းခွဲ သောနေရာ။       သက်မဲ့သစ်ပင်   သူဘာသူနေသဟာ   အမူ့ပွေလာအောင်   လူတွေကဘဲလုပ်ကြသည်။   ကိုပေါက်လက်ဆောင်အတွေးစဉ်   ၃၂၁၆  


Kyi LwinFebruary 2, 20161min013
မင်္ဂလာပါ။ မြန် ဂေဇက်သူကြီးနဲ့တကွ ရွာသူ/ရွာသားအားလုံး ကျန်းမာတော်မူကြပါစဗျာ..။ ဒီရက်ပိုင်းတော့ မြန်ရွှေပြည်ပေါ် မင်္ဂလာစည်တော်သံတွေတဝေဝေနဲ့မို့ အားလုံးလည်း စိတ်ရွှင်လန်းနေကြမယ်ထင်ပါရဲ့။ ရာသီဥတုကလည်းဘောလုံးသမားများအကြိုက် အဲလေ.. ဆွေမျိုးပေါက်ဖေါ်တို့ဖက်က ဝင်လာတဲ့ လေအေးစီးကြောင်းကြောင့် ရန်ကုန်အပြင်နိုင်ငံတလွှားချမ်းလိုက်တာ ခိုက်ခိုက်တုန်ပေါ့။ မြို့တော်ရန်ကုန်တော့ အဲလိုဆို နေပူစာလှုံသူတွေ ၊ မနက်ခင်းကျန်းမာရေးလေ့ကျင့်သူတွေဟာ စည်ပင်သာယာရဲ့ လှပတဲ့ ပန်းခြံတွေထဲမှာ တက်ကြွစွာ ရှိနေကြတာတွေ့ရတော့ ငယ်ငယ်က ဒီဇင်ဘာလလူထုလမ်းလျှောက်ပွဲတွေကိုအမှတ်ရမိပြန်တယ်။ ဒါနဲ့ ရုံးပိတ်တဲ့ တနင်္ဂနွေနေ့တော့ အပျင်းကြီးပြီးအိပ်နေရာက .. အင်း…မဟာရန်ကုန်မှာ စောစောစီးစီးမင်္ဂလာရှိတဲ့ သူငယ်မတွေ ပန်းခြံထဲပြေးနေတာလေး လိုက်ကြည့်ရင်း မင်္ဂလာယူအုံးမှပါလေဆိုပြီး…..။ မဟာဗန္ဓုလပန်းခြံထောင့် ဧမာနွေလဘုရားကျောင်းဘေးနားက လက်ဖက်ရည်ဆိုင်ထိုင် မနက်စာဖြည့်ပြီးသကာလ နာရီကြည့်မိမှ ..ဘယ့်နှယ်စောတော့မလဲ ။ ၁ဝ နာရီလောက်တောင်ရှိပေါ့.. သေဟဲ့နန္ဒိယ။ ဒီအချိန်မှတော့ ပြေးနေတဲ့ ပေါင်တိုမလေးတွေ အိမ်ပြန်ပြီး ကွေးနေလောက်ပြီ။ […]


“ကျနော်ပျောက်ဆုံးနေတဲ့အရာ”   စားရေး နေရေး သွားရေး လာရေး အချိန်တွေးပေး အေးဆေးနေမရ ထိစပ် ပါတ်သက်သမျှကို မပြုံးချင်လဲ ပြုံး ပြုံး ချင်လဲပြုံး အဲလိုပြုံးပြုံးနေရင်း ပြုန်းတီးပြီး ပျောက်ဆုံးသွားတာက ဟော့ဒီကလေးပြုံးသလို ရိုးသားတဲ့အပြုံးတွေပေါ့။   ကိုပေါက်လက်ဆောင်အတွေးစဉ် 31-1-2016  


“ မိုးကျရွှေကိုယ်များနဲ့ဆာသော်”   ဘောစချုပ် မိတ်ဆွေရဲ့သားလေးကို ပြီးခဲ့တဲ့တစ်ပါတ်က အလုပ်သွင်းထားတာ အလုပ်မလာတာ နှစ်ရက် ရှိသွားလို့ ဖုန်းနဲ့လှမ်းမေးလိုက်တဲ့အခါ “မလုပ်တော့ဘူး”လို့ ဖြေသံကြားလိုက်တော့ ဆာသော်အတော်လေးစိတ်တိုသွားပါတယ်။ သူ အလုပ်လိုချင်တုံးက သူ့အဖေရော အမေရော ဘောစချုပ်ဆီ အကြိမ်ကြိမ်လာ ဖုန်းတွေ အခါခါ ဆက်ပြီး အလုပ်တောင်းတာကို မှတ်မိနေတော့ ပိုစိတ်တိုပါတယ်။ အဲဒီတုံးက သူ့ပုံစံ ညှင်းသိုးသိုးနဲ့ နေတဲ့ထိုင်တဲ့အချိုးကိုမြင်ကတည်းက အလုပ်ထဲကိုမခေါ်ချင်ပါဘူး။ “ ကောင်လေးပုံစံကို ဆာသော် သိပ်မကြိုက်တာ ‘မမ’ သိပါတယ်။ သူ့မိဘတွေနဲ့ ‘ မမ ‘တို့ အရင်တုံးက အတော်လေး ရင်းနှီးခဲ့တာရယ် သူတို့ မသောင်သာတာ သိတာရယ်ကြောင့်ခေါ်ထားလိုက်တာပါ” လို့ လေချိုသွေးပြန်တော့ ဆာသော်လည်းဘာမှ ဆက်မပြောနိုင်တော့ပါဘူး။ သူလဲ မိုးကျရွှေကိုယ် တစ်ပါးပေါ့။   […]