ဘာမှမဟုတ်ဘူး . . . ရွာထဲမှာ ပို့စ်လည်းတင်ချင် . . . ဘာရေးရမှန်းလည်း မသိတာနဲ့ . . . ဖဘ က စတေးတပ်စ်လေးတွေ လာကူးတင်တာ . . .   ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၁) Nice to meet you   ဒီတစ်ခါ စာသွားသင်ရတဲ့ တစ်ယောက်က ဩဇီကတဲ့ . . . မြန်မာဝန်ထမ်းတွေကြား မြန်မာစကားကို နားလည်ချင်လို့ မြန်မာစာ သင်ချင်ပါတဲ့ . . . ဒီတော့ ကိုယ်လည်း တတ်သလောက်မှတ်သလောက်လေး မှတ်စုလေးထုတ်ပြီး သွားသင်ရော . . .   […]


ဇီဇီJanuary 22, 20161min054
လူမှုဆက်ဆံရေးမယ် အချင်းချင်း ချီးကျူးပြီး … ဘုတ် ကျီးရိုသေ ကျီး ဘုတ် ရိုသေ က ကောင်းတယ် ဆိုပေမဲ့လည်း အပေါ်ယံ ဆန် တဲ့ ဆက်ဆံမှုလို့ပဲ ကျနော် မြင်တယ်။ တခါတလေတော့လည်း ဆေးခါး ဆိုတာ တိုက်ရတယ်။ ကိုယ်တိုင်လည်း သောက်ပေးရတယ်။ ဒီ ရွာသက်ပဲ ၄ နှစ်ရှိတော့မယ်။ ရွာထဲ  ကျနော့ ပြောမှား ဆိုမှား အပြုအမူအမှားတွေ ရှိမှာပဲ။ ဒါလည်း သေချာနေတယ်။ တဂျီးကို ထိ တက်တိုင်ထားခံရလောက်အောင်လည်း ဆိုးမိသလားတော့မသိ။ အာ့ဆိုလည်း ရှင်းရှင်းလင်းလင်းပြောကြအူးး သို့လော သို့လော နဲ့ ဟိုလူထင် ဒီလူထင် မဖြစ်ရအောင် ခင်ဇော် မှားတယ် ဆိုလည်း မှားတယ်ပေါ့။ ကိုယ်ကတော့ တမင်လုပ်ထားတာ မကောင်းစိတ်နဲ့လုပ်ထားတာ […]


SawAungJanuary 22, 20161min014
ဟောလိဝှဒ်က ဝတ္တုကတဆင့် ပြန်ရိုုက်တဲ့ မှော်ဆန်ဆန်ကားတွေကာ တော်တော်လေး ပေါက်ရောက်ခဲ့ပါတယ်။ အထင်ရှားဆုံးပြပါဆိုရင် ဟယ်ရီပေါ်တာပါ။ ဟယ်ရီပေါ်တာလို နောက်ထပ်ထွက်လာတဲ့ ဇာတ်ကောင်က ပါဆီဂျက်ဆင်ပါ။ ပါဆီဂျက်ဆင်ကတော့ ဟယ်ရီပေါ်တာလောက်မအောင်မြင်ခဲ့ပါဘူး။   ပါဆီဂျက်ဆင်ဟာ နတ်ဘုရားတွေရဲ့ ဇာတ်လမ်းနဲ့ ဆက်စပ်နေလို့ သိပ်မနှစ်သက်မိသလို။ ဟယ်ရီပေါ်တာ နောက်ပိုင်းမှာ ဝတ္တုကနေ့ အသက်သွင်းခဲ့တဲ့ ဇာတ်ကားတကားဟာတော့ ကျတော့်အတွက် ခုထက်ထိ မရိုးနိုင်တဲ့ ရသတစ်ခုပေးလို့နေပါသေးတယ်။ ဒီဇာတ်ကားလေး အကြော်ငးရေးမယ်ရေးမယ်နဲ့ အခုမှ ရေးဖြစ် ပါတော့တယ်။   ၂၀၀၈ ခုနှစ်က ထွက်ခဲ့တာမို့ ကြာခဲ့ပြီဆိုပေမယ့် မှတ်မှတ်ရရ အဲ့သည်ဇာတ်ကားထွက်ထွက်ချင်း Box Office မှာ Top 1 ကိုချိတ်ခဲ့တာလည်း မှတ်မိပါသေးတယ်။ ဒီဇာတ်ကားဟာ မှောပညာနဲ့ သိပ်မဆိုင်သလို ၊ နတ်ဘုရားတွေ နဲ့လည်း မဆိုင်ပါဘူး။ […]


Tawwin PanJanuary 21, 20161min042
သူမ                         သူမစိတ်တွေလွတ်လပ်ပေ့ါပါးနေသည့်နေ့တစ်နေ့။ သူမအတွက် ကမ္ဘာလောက ကြီးနှင့် ပြန်လည်ဆုံဆည်းရသည့်နေ့တစ်နေ့။ သူမ ကာလအတန်ကြာ အကျဉ်းကျခဲ့သမျှ ဒီနေ့မှာတော့ အတိုးချလျှောက်လည်ရင်း ချစ်ခြင်းကိုကိုယ်စားပြုမှည့်ဆိုထားသော ရွာလေးတစ်ရွာသို့ အလည်သဘောမျိုးရောက်ရှိခဲ့။ သူမအတွက် အဆက်ပြတ်နေတဲ့ကမ္ဘာကြီးရဲ့ သတင်းတွေနဲ့အတူ ချစ်စရာကောင်းတဲ့ ရွာသူလေးတွေရဲ့ ဟန်ပန်ကလည်း သူမအတွက် ဆွဲဆောင်မှု့တစ်ခုဖြစ်ခဲ့။ ဒီလိုနဲ့ သူမ ရွာသူတစ်ယောက်ဖြစ်လာရော။ ရွာတွေအများကြီး ရှိသည့်အနက်မှ သူမသဘောကျလွန်းလို့ ရွေးချယ်ခဲ့သော ရွာလေးမှာတော့ သူမ အပျော်ဆုံးဖြစ်မယ်ထင်ပါရဲ့။ သူမဆိုသည်က ခပ်ကြောင်ကြောင်လို့ပြောလို့လည်းရမည်ထင်တဲ့သူတစ်ယောက်၊ သူမ ကြိုက်တတ်သည့်အရာက ခပ်ရှားရှား၊ သူမဆီမှာ သူကိုယ်တိုင်ဝယ်တဲ့ပစ္စည်းရယ်ဆိုလို့ မရှိစလောက်၊ အကြောင်းသိတွေက လက်ဆောင်ပေးရင်တောင် သူမအတွက်နော် ဆိုပြီး သေချာမှာပြီး ပေးရတဲ့အထိ ဇီဇာကြောင်တဲ့သူ။                         ဇီဇာကြောင်တဲ့သူမတစ်ယောက် ရွေးချယ်လိုက်တဲ့ ဒီရွာလေးမှာတော့ အားလုံးက သူတို့အိမ်လေးတွေကို အမျိုးမျိုး […]


SawAungJanuary 21, 20161min013
    ခုတလော ရုပ်ရှင်အကြောင်းလေးတွေ တွေးနေတုန်း သူငယ်ချင်းတစ်ယောက်က Maleficent ဇာတ်ကားအကြောင်းပြောလာတော့ ကျတော်က စင်ဒရဲလားလေးကို သတိရမိပြန်တယ်။   မလီဖီးဆန့်ရုပ်ရှင်တင်တုန်းကတော့ ကာတွန်းကားနဲ့ ကျောရိုးသာတူပြီး တော်တော်ကွဲပြားသွား တာကြောင့် ကြည့်ရှုရသူတွေ ကြိုက်နှစ်သက်ခဲ့ကြပြန်ပါတယ်။ ဂျိုလီရဲ့ သရုပ်ဆောင်မှုလည်း ပါတာပေါ့။ စင်ဒရဲလားကားမှာတော့ တော်တော်များများမျှော်လင့်ခဲ့ကြပါတယ်။ ရုံတင်ပြီးနောက်ပိုင်းမှာတော့ တော်တော်များများက ကာတွန်းကားနဲ့လည်း တူတူပဲ ကာတွန်းကား လောက်တောင် အရသာမရှိဘူး နဲ့ ကြိတ်မနိုင်ခံမရ အသံများထွက်လာပါတော့တယ်။   ကျတော်ကတော့ ဆန့်ကျင်ဘက်ပါ။ ကျတော်ကြည့်မိသလောက်ပေါ့နော် စင်ဒရဲလား လူကားထဲမှာ မတူတဲ့အချက်တွေက ကင်းလိပ်ချော နှစ်ကောင်ရယ် ဖန်ဖိနပ်လေးကို ရိုက်ခွဲလိုက်တာရယ်။ နောက်ဆုံး မင်းသမီးလေး သီချင်းဆိုတဲ့ အခန်းရယ်လောက်ပဲ ရှိလိမ့်မယ်။ လူနဲ့တဖန်ပြန်ရိုက်ထားတဲ့ တဖန်ကြည့်ရတဲ့အတွက် ငယ်ဘဝပြန်ရောက်သွားသလိုပါပဲ။ စင်ဒရဲလား လူဗားရှင်းကတော့ ကျတော်ကို […]


Kyi LwinJanuary 21, 20161min017
မြန်မာသက္ကရာဇ် ၁၃၇ရ ခုနှစ်၊ ပြာသို လဆန်း ၁၂ ရက် ၊ ကြာသာပတေးနေ့။   မင်္ဂလာပါ မန်းဂေဇက်ရွာသူကြီးနဲ့တကွ မိဘပြည်သူများခင်ဗျာ..အဲလေ .. ရွာသူရွာသားအပေါင်းတို့ ကျန်းမာတော်မူကြရဲ့နော်။ မန်းဂေဇက်ရွာထဲ လှည့်ပတ် ဖတ်မိတော့ အတော့ကို ဗဟုသုတစုံပေတာပါပဲလား။ ရွာသူကြီးကလည်း အကွပ်အညှပ်ကောင်းထင်ရဲ့။ ရွာသူရွာသားများကလည်း ထထ ကြွကြွ ညီညီညွတ်ညွတ် ရှိကြပါပေရဲ့၊ ကောင်းလေစွ ကောင်းလေစွ။ တနေ့က အလည်တခေါက်လက်ဦးလှည့်မိတဲ့ တို့တစ်ယောက်တော့ တဝဲလည်လည်နဲ့ ပြန်မထွက်ဖြစ်တော့ပြန်ဘူး။ အများတကာရေးတာတွေဖတ်ပြီး သဘောကျရပါသကော..။ အဲ.. သဘောကျတယ်ဆိုမှ ဒီမနက်လည်း ဘတ်စ်ကားပေါ် တွေ့ခဲ့တာတစ်ခု သဘောကျပြီး ပြုံးစိစိ နဲ့  အဟိ..။ ဘာတဲ့..ဘတ်စ်ကားမှာ ကပ်ထားတဲ့စာက… “ကားပေါ်တွင် အမှိုက် မပစ်ရ ” ဒါဆို လမ်းပေါ်တော့ ပစ်လို့ရသပေါ့နော်။ […]


Kyi LwinJanuary 20, 20161min012
မင်္ဂလာပါ ဂေဇက်ရွာ။ မန်းဂေဇက်ရွာက သူကြီးနဲ့တကွ ရွာသူရွာသား လူအများတို့ကျန်းခန့်သာလို့မာပါစ။ ဒီနေ့တော့ လကုန်ရက်နီးလာလေ ..လခစားတို့ ဘာသာဘာဝ ရင်ကြပ်လေမို့။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ ကဗျာပေါက်စလေး တပုဒ်မှတ်မိတာကို လာရှယ်လိုက်ပါတယ်။ ဒီကဗျာလေး ဖတ်ဖူးတာ သွေးသောက်မဂ္ဂဇင်းထဲကပါ။ ဘယ်သူရေးလဲ မမှတ်မိတော့ပါ။ ပိုင်ရှင်သိရင် လာမန့်ပေးပါ။ နှစ်ပေါင်း ၃ဝ တောင်ကြာခဲ့တာ။   လစာ ရုတ်တရက် ရက်မကြာသေးမီ နှုတ်မဆက် ထွက်ခွါပြေးပြီ…တဲ့။   ဝင်ငွေ ထွက်ငွေ မျှတ တဲ့ လခစားများဖြစ်ကြပါစေ အဲလေ ဖြစ်ရပါလို၏။ မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင် ရန်ကုန်မြို့ ၂၀.၁.၂၀၁၆


Kyi LwinJanuary 19, 20161min014
မင်္ဂလာပါ မန်းဂေဇက် ရွာသူကြီးနဲ့တကွ ရွာသူ ရွာသားများ ကျန်းမာတော်မူကြပါစ။ တို့များတော့ မလာတာကြာတော့ အသိမိတ်ဆွေတွေတောင် မှတ်မိပါ့မလား။ ရှိပါ့မလား ရယ်လို့ စိုးရိမ်စိတ်လေးနဲ့ တိတ်တိတ်လေး တစ်ခေါက်ပြန်အလည်လာမိပါတယ်။ ရွှေပြည်မြန်မာကြီးလည်း ကျန်းမာရေးနလန်ထတော့မယ်ထင်ပါရဲ့လေ။ တို့တိုင်းဌာနေလည်း စမ်းရေလည်းကြည် ပန်းတွေလည်းပွင့်ဖို့ ဟန်ချီကြတော့မယ်ထင်ပါတယ်။ မိတ်ဆွေအပေါင်း ရွှင်လန်းချမ်းမြေ့စေကြောင်း ဆုမွန်တောင်းရင်း နှုတ်ဆက်ပါတယ်။ မန်းဂေဇက်ရွာ စည်ပင်စေကြောင်းရှင့်.. မြန်ပြည်တခွင် ကြည်ရွှင်စေချင်တဲ့ ကြည်လွင်


SawAungJanuary 19, 201610min013
Ride Along 2 January 15 Kevin Hart ရဲ့ အောင်မြင်မှုရခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားပါ. Ice Cube ရဲ့ သရုပ်ဆောင်မှုတွေကို မတွေ့ရတာ ကြာနေတဲ့ fans တွေလည်း အကြိုက်တွေ့ဦးမယ့် ဇာတ်ကားတစ်ကားပါ. Kung Fu Panda 3 January 29 တစ်ချိန်ကတော့ ကွန်ဖူးသိုင်းပညာတွေ သင်ယူတဲ့ တပည့်တစ်ဦးဖြစ်ပေမယ့် ခုချိန်မှာ မထင်မှတ်ပဲ ရောက်ရှိလာတဲ့ အန္တရာယ်တွေကို ရင်ဆိုင်ဖို့ သူများတွေကို ပညာဖြန့်ဝေပေးရတဲ့ ဆရာတစ်ဦးဖြစ်လာတဲ့အခါ..    Zoolander No. 2 February 12 အူလိမ့်နေအောင် ရယ်ရတဲ့ Ben Stiller ရဲ့ ဖက်ရှင်နဲ့ စုံထောက် စွန့်စားခန်း ဇာတ်လမ်းပါ. နှစ်ပေါင်းများစွာ အကြာမှာ […]


SawAungJanuary 19, 20163min013
ဧရာဝတီသတင်းဌာနက ဖော်ပြပြီးနောက်ပိုင် သတင်းကြီးလာတဲ့နေရာလေး။ မထိတွေ့ရသေးတဲ့ နေရာမို့ အပျိုစင်နေရာလေးလို့လည်းခေါ်ကြသေးတယ်။ ဧရာဝတီတိုင်း ငရုတ်ကောင်မြို့ကတဆင့်သွားရပါတယ်။ ဧရာဝတီတိုင်းဆိုပေမယ့် နေရာက ဘင်္ဂလားပင်လယ်အော်နဲ့ မလှမ်းမကမ်းမို့ သာယာလှပတာထင်ပါတယ်။ ဒီဇိုင်းဆွဲပေးနေကြ Travel & Tours တစ်ခုက ဓာတ်ပုံရိုက်ဖို့ လိုက်ခဲ့ပါဆိုတာနဲ့ ခြေဆန့်ခဲ့မိပါတယ်။   ငွေဆောင်လမ်းကနေ ကျော်ပြီး တော်တော်သွားရပါတယ် လမ်းကလည်း ကြမ်းပါတယ်။ ငရုတ်ကောင်းမြို့ကိုရောက် ပြီး ဂေါ်ရန်ဂျီကျွန်းကို ဆိုင်ကယ်နဲ့သွားရပါတယ် ဆိုင်ကယ်နဲ့ဆိုပေမယ့် တစ်ဖက်တစ်ချက်ကို လှေနဲ့ ကူးရပါသေးတယ်။ ဆိုင်ကယ်နဲ့ဆို 45 မိနစ်လောက်ကြာပါတယ်။ လှေနဲ့သွားလို့လည်းရပါတယ် လှိုင်းကြမ်းရင်တော့ အရမ်းကြောက် စရာကောင်းပါတယ်။ စာရေးသူတို့အသွားမှာ လှေနဲ့သွားခဲ့တာ ခြေထောက်တွေတုန် လာမိတာ မှားလေခြင်းဆိုတဲ့ အတွေးတောင် ဝင်ခဲ့ပါတယ်။   ဂေါ်ရင်ဂျီကျွန်းရောက်ရင် လှပတဲ့ကမ်းခြေကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်းပေါ်ကနေ အနည်းငယ်လမ်း […]


SawAungJanuary 17, 20161min04
The Purge 3   ယခင် The Purge ဇာတ်ကားနှစ်ကားဟာ မတူညီတဲ့ ရသနှစ်မျိုးကို ပြသတင်ဆက်သွားတာကြောင့် နောက်တစ်ကားမှာလည်း ဘယ်လိုလာမလည်းဆိုတာ တောင့်တမျှော်လင့်မိနေပါတယ်။ အခု နံပါတ် ၃ ကားမှာလည်း ယခင်ကားနှစ်ကားလို မိသားစုတစ်စု ၊ လူအဖွဲ့အစည်းတစ်ခုကို ဇာတ်အိမ်တည်ထားတာမဟုတ်ဘဲ ပိုမိုကျယ်ပြန့်တဲ့ ဇာတ်အိမ်နဲ့အတူ Purge အစဉ်အလာကြီး အစပြုခဲ့ပုံ ကို ဦးတည်သွားဖွယ်ရှိပါတယ်။    The Conjuring 2 : The Enfield Poltergeist     The Conjuring ကို မှတ်မိကြမှာပါ။ အဲသည်ကားထွက်ပြီးတဲ့နောက်မှာ Annabell ဆိုတဲ့ ဇာတ်ကားထွက်လာ ပါသေးတယ်။ The Conjuring 2လို့ပြောပေမယ့်။ အဲ့သည်ဇာတ်ကားထဲက ပရောဂကုတဲ့ လင်မယားနဲ့သာ […]


SawAungJanuary 16, 20163min06
Before I Wake ရှစ်နှစ်အရွယ် Cody ဆိုတဲ့ကောင်လေးတစ်ယောက်ကို မွေးစားထားတဲ့ လင်မယားနှစ်ယောက်။ အဓိက ပြဿနာကတော့ Cody မှာ ရှိနေပါတယ်။ Cody ရဲ့ အိပ်မက်တွေဟာ သူတို့မိသားစုအပေါ်တိုက်ရိုက်သက်ရောက်နေတာပါပဲ။ Cody ရဲ့ အိပ်မက်တွေဟာ လက်တွေ့အပြင်မှာတစ်ချိန်တည်းတစ်ထပ်တည်းဖြစ်ဖြစ်နေတဲ့အခါ…။ အိပ်မက်ဆိုးတွေကို သူတို့ ဘယ်လိုလွန်မြောက်နိုင်မှာလဲ။ လက်ရှိ ဝေဖန်သူတွေထောက်ခံမှုကိုရရှိထားပြီး သရုပ်ဆောင်တွေအနေနဲ့ Kate Bosworth နဲ့ Thomas Jane တို့က အဓိကပါဝင်သွားမှာပါ။   The Amityville (Awaking)   2005 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Ryan Reynolds နဲ့ Melissa George တို့ရဲ့ The Amityville Horror ကိုတော်တော်များများကြည့်ဖူးကြမှာပါ။ အိမ်ကြီးရဲ့ စေခိုင်းမှုကြောင့် မိသားစုတစ်ခုလုံးကို သတ်ပစ်တဲ့ […]


SawAungJanuary 16, 20163min04
The Other Side Of The Door မတော်တဆဖြစ်ရပ်တစ်ခုကြောင့် သားငယ်လေးကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ယောက်အနေနဲ့ သူ့သားလေးကို နောက်ဆုံးတစ်ကြိမ်အဖြစ်ပြန်ဆုံတွေ့ရမယ်ဆိိုရင် ဘာပဲဖြစ်ဖြစ်လုပ်မှာပါ။ ရှေးဟောင်း ဘုရားကျောင်းကြီးဆီကိုသွား ခြားနားနေပြီဖြစ်တဲ့ တမလွန်ကသားလေးကို အစီအရင်တစ်ခုနဲ့ ပြန်ခေါ်ဖို့ကြိုးစားရင်း အမှားအယွင်းတစ်ခုကြောင့် မထင်မှတ်တဲ့ ရလာဒ်တွေ ဖြစ်ရပ်ဆိုးတွေနဲ့ ဆက်လက်ရင်ဆိုင်ရတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်လမ်းအလှည့်အပြောင်းကောင်းကောင်းနဲ့ အေးစက်ခြောက်ခြားဖွယ်ရသတွေကို ပေးစွမ်းနိုင်လိမ့်မယ့် ဇာတ်ကားလေးလို့ ထင်မိပါတယ်။ Trailer Link: http://m.youtube.com/watch?v=21LwJ6PLHMs   The Rings 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့ The Ring 2 ရဲ့ နောက်ဆက်တွဲဇာတ်ကားကတော့ ဆယ့်တစ်နှစ်တိတိကြာပြီးမှ Rings ဆိုတဲ့ နာမည်နဲ့ထွက်ရှိလာတော့မှာပါ။ The Ring 2 ထွက်ခဲ့စဉ်က သမားရိုးကျ Horror ဇာတ်ကားတွေအတိုင်းမထူးခြားတဲ့ ဇာတ်လမ်းတည်ဆောက်ပုံသာဖြစ်ကြောင်း […]