SawAungJanuary 15, 20164min016
             သည်းထိတ်ရင်ဖို ဇာတ်ကားတွေကို ငယ်ငယ်ကတည်းက ကြိုက်နှစ်သက်ခဲ့ပါတယ်။ မှတ်မှတ်ထင်ထင် ကြည့်ခဲ့ဖူးပြီး ကြိုက်မိတဲ့ ကားတွေထဲမှာ The Eye, The Mermaid, Final Destination စတဲ့ ဇာတ်ကားတွေ အများအပြားပါပဲ။ ၂၀၁၅မှာ သည်းထိတ်ရင်ဖိုကားတွေဟာ သိပ်ပြီး မထွက်ရှိလာခဲ့ပါဘူး။ ၂၀၁၆မှာတော့ ကျတော်တို့တွေရင်ခုန်လို့ရခဲ့ပါပြီ။ စောင့်မျှော်ရမယ့် သည်းထိတ်ရင်ဖိုကားတွေအကြောင်းကို တင်ပြလိုက်ရပါ တယ်။  The Forest ဒီဇာတ်ကားလေးကတော့တကယ်စိတ်ဝင်စားစရာကောင်းမယ့်ဇာတ်ကားတစ်ကားဖြစ်လာမှာ အသေအချာပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဂျပန်နိုင်ငံရဲ့ နာမည်ကျော် Suicide Forest တစ်ခုအကြောင်းအခြေခံပြီး ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားမို့ပါ။ Fuji တောင်ခြေရဲ့ အနောက်မြောက်ဖက်မှာ တည်ရှိုပြီး စတုရန်းကီလိုမီတာ ၃၅ ကီလိုမီတာကျယ်ပြန့်တဲ့ ဒီတောနက်ကြီးဟာ ကိုယ့်ကိုယ်ကိုသတ်သေသူတွေအတွက် နေရာတစ်ခုဖြစ်နေပါတယ်။ ပါးစပ်ရာဇဝင်တွေအရ ကွယ်လွန်သူတွေရဲ့ ဝိဉာဉ်တွေဟာ အဆိုပါတောနက်ကြီးထဲမကျွတ်မလွတ် ရှိနေကြပြီိး နောက်ထပ်လူတွေကို […]


uncle gyiJanuary 15, 20161min010
လူ့လောက စားဝတ်နေရေးအဖြေရှာကြတာ တခ ျို ့ကရိုးရိုးသားသား တခ ျိုျ့ကဆန်းဆန်းပြားပြားကြုံဖူးတာတွေကောကြားဖူးတာတွေကော ကားမောင်းနေတုန်းအနောက်ကဆိုင်ကယ်နဲ့လိုက်လာပြီးဟိုးအနားမှာ ခင်ဗ ျားတိုက်သွားတာလိုက်ရှင်းဆိုပြီးလုပ်လာတာတွေကရိုးနေပေမဲ့ လုပ်စားနေကြတုန်း   ကိုယ်တိုင်လဲ၂ခါကြုံဖူးတယ် တခါကတောင်သမန်ကန်ပတ်လမ်းနားမှာ အနောက်ကဆိုင်ကယ်တစီးလူ၂ယောက်ဟွန်းတတီတီ တီးပြီးလိုက်လာတာ ဘာလဲဆိုပြီးနောက်ကြည့်မှန်ပြန်ကြည့်တော့လဲဘာမှမရှိဆိုတော့ကားဆက်မောင်းတာ ဘေးခ ျင်းယှဉ်လာပြီးဟေ့လူခင်ဗ ျားကားနဲ့ခ ျိတ်ခဲ့တာဟိုနားမှာဆိုင်ကယ်လဲသွားတယ်လိုက်ရှင်း ဆိုပြီးအော်ပြောတာ ဒါနဲ့အအေးဆိုင်တဆိုင်နားကားရပ်ပြီးကားပေါ်ကမဆင်းပဲဘာဖြစ်တာလဲမေးလိုက်တယ် ကားစက်တော့အဆင်သင့်နှိုးထားတယ် သူတို့ကလဲဆိုင်ကယ်ပေါ်ကမဆင်းဖူး ဆင်းလာရင်လဲမောင်းမှာအရှေ့ကလာပိတ်လဲတိုက်တော့မှာ အဲအခ ျိန်ခပ်မာမာပြောဖို့အရေးအကြီးဆုံး ဟေ့ကောင်ကားနံပါတ်မှတ်ထား ယာဉ်ထိန်းသွားတိုင်လိုက်ဆိုပြီးထွက်လာတာ အနောက်ကမလိုက်တော့ဖူး   နောက်တခါစက်မှုဘက်မှာဖြစ်တာ အဲလိုပဲဆိုင်ကယ်နဲ့လူ၂ယောက်လိုက်လာပြီးဟွန်းတတီတီနဲ့လာလုပ်ပြန်ရော ကိုယ်တွေလဲကိုယ့်နေရာရောက်ခါနီးနေပြီဆိုတော့လမ်းထဲခ ျိုးဝင်လိုက်တယ်ပြီးမှ ဟေ့ကောင်တွေမင်းတို့ပြန်တော့ဆိုပြီးပြောလိုက်တာ သူတို့လဲအခြေအနေကြည့်ပြီးပြန်လှည့်သွားရော   ဆိုလိုတာကသူတို့ကတားလာရင်လူပြတ်တဲ့နေရာမရပ်ပေးပါနဲ့ ကားပေါ်ကမဆင်းပါနဲ့ သူတို့ကိုလဲကားပေါ်ပေးမတက်ပါနဲ့ သက်ဆိုင်ရာနဲ့ရှင်းမယ်ဆိုပြီးပြောပါ ကြောက်တဲ့ပုံမဖြစ်ပါစေနဲ့ သူတို့ရပ်ခိုင်းတဲ့နေရာနားမရပ်ပါနဲ့သူတို့ လူတွေဝိုင်းလာရင်ရှင်းရခက်ပါတယ်   လိမ်ညာဘေးမှကင်းကြပါစေ               […]


နှမ်းစေ့လေးတွေဖြူး၊ နီညိုရောင် အချိုရည်လေးတွေသုတ်ပြီး အသားမျှင်ဖတ်လေးတွေပါတဲ့ စားချင့်စဖွယ် ပေါင်မုန့်လေးတွေဟာ ပေါ်တာ သိပ်မကြာသေးပါကလား။ တစ်ခုမှ သုံးရာ။ ဈေးကလည်း ချိုချို၊ အရသာကလည်း ပိုပို။ စိတ်ထဲ မသင်္ကာတာနဲ့ နူးနူးအိအိ အသားမျှင်ဖတ်လေးတွေကို ဇွန်းလေးနဲ့ခြစ်ယူပြီး ရေထဲစိမ်လိုက်တော့ ရေတွေရောင်စုံဖြာပြီး သုံးလေးရေလောက်လဲပေးလိုက်ရုံနဲ့ အစဖြူဖြူလေးတွေဟာ မိုးမြင့်အထက်က တိမ်မျှင်လေးတွေအလား နဂိုရုပ်သွင် ပီပီပြင်ပြင် ကိုယ်ထင် ပြလာခဲ့ပြီ။ ဪ . . . ချစ်စရာ့ ဂွမ်းစလေးတွေ။ စားပွဲပေါ်မှာတော့ ကျမ မသောက်ရသေးတဲ့ ဆေးထုပ်တစ်ထုပ်။ အပြင်မှာ ဝယ်မရတဲ့ အရေးကြီးဆေးဖြစ်တဲ့ ဆင်ခြေထောက်ရောဂါကာကွယ်ဆေး။ ဒီဆေးက ၃နှစ်ဆက်တိုက်သောက် ရမယ့်ဆေး။ ပထမတစ်နှစ်သောက်ခဲ့တော့ မဟားဒရား ခေါင်းတွေမူးခဲ့တာ မှတ်မှတ်ရရ။ ဒါနဲ့ ကြောက်သွေးမပြယ်သေးဘဲ ဆေးကို မသောက်ချင်လို့ စိတ်ထဲတင် […]


SawAungJanuary 11, 20161min011
2016 အစမှာ မြန်မာ့ရုုပ်ရှင်လောကဟာ အနည်းငယ်ပြောင်းလဲ လာခဲ့ပါပြီ။ မြန်မာဗွီဒီယိုလောကဟာ အပျက်ဘက်ကို ဦးတည်လာတာ တော်တော်များများ သိခဲ့ကြပြီး နောက်ပိုင်းမှာ ဗွီဒီယိုလောကဟာ ပျက်စီးသွားမယ်ဆိုတာ ကောက်ချက်ချထားကြပါတယ်။ သည်လိုနဲ့ ရုပ်ရှင်ဘက်ကို အချို့ချို့ဟာ ဦးတည်လာခဲ့ကြပါတယ်။   ပေါပေါလောလော စိတ်အပန်းဖြေ ဟာသဘက်ကို ဦးတည်လာတဲ့ ရုပ်ရှင်ဟာ အရင်ကနဲ့မတူ ဒရာမာ နဲ့ အခြား ဇာတ်လမ်းမတူတာ လေးတွေကို ချပြလာတာတွေ့ရပါတယ်။ မြန်မာ့ရုုပ်ရှင်နဲ့ အလှမ်းကွာဝေးခဲ့တဲ့ ကျတော်ဟာ 2015ခုနှစ် ဆန်ကာတင် ဇာတ်ကားထဲ မှာ ပါလာတဲ့ “တိုက်ဆိုင်မှု ရှိလျှင်” ဆိုတဲ့ ဇာတ်ကားက ပြန်လည် ဆွဲဆောင်ခဲ့ပါတယ်။   2016 အစပိုင်းမှာ ပြန်လည် ဆွဲဆောင်ခဲ့တဲ့ ဇာတ်ကားတစ်ကားကတော့ “ချစ်လှစွာသော … အမုန်း” ဆိုတဲ့ […]


.ကျွန်မ၏အီမေးလ်ထဲကို သူတိတ်တဆိတ်လေး ဝင်ရောက်လာခဲ့သည်။ သူဆိုသည်ကတော့ ရာဇသံရွှေပေ၏ အနှစ်သန္ဓေ၊ သို့မဟုတ် ရာဇသံရွှေပေ၏အသက်ဓာတ်၊ သို့တည်းမဟုတ် ရှင်ဘုရင် အလောင်းမင်းတရား၏ ဖြစ်ရပ်မှန်သက်သေကို ဖော်ထုတ်ထားသော စာတမ်းတစ်စောင်။ .သက္ကရာဇ် ၂၀ဝ၆ ခု၊ ဇူလိုင်လကုန်ပိုင်းတွင် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာမြို့၊ လိုက်ဘ်နစ္စ အထိမ်းအမှတ် စာကြည့်တိုက်၏ပြတိုက်မှူး Dr.Friedrich HĂźlsmann သည် ဟန်နိုဗာတော်ဝင်စာကြည့်တိုက်ထဲ နှစ်ပေါင်း ၂၅ဝကျော်ကြာအောင် တိမ်မြုပ်နေသော ရွှေသားအစစ် ရွှေသဝဏ်လွှာကို အက္ခရာပြန်အဓိပ္ပါယ်ဖော်ထုတ်ရန် အရှေ့တိုင်းဘာသာဗေဒနှင့် သမိုင်းပညာရှင် ဒေါက်တာ Jacques. P. Leider ထံအကူအညီတောင်းခံလာခဲ့သည်။  Ms IV 571a  ဟုသာ မှတ်တမ်းတင်ထားခဲ့သော ထိုရွှေသားအစစ်ရွှေပေလွှာသည် ရှင်ဘုရင်အလောင်းမင်းတရားမှ ဒုတိယမြောက် ဂျော့ဘုရင်မင်းမြတ်ထံ ပေးပို့တော်မူသော မူရင်းရာဇသံစာလွှာဆိုသည်ကို ဒေါက်တာလိုင်ဒါ တွေ့ရှိလိုက်ရပြီ။ . ရွှေအစစ်ဖြင့်ခတ်ထားသော […]


      ဒီနှစ်ဒီဇင်ဘာမှာ မန်းလေးကငယ်သူငယ်ချင်းတွေအတင်းခေါ်လို့ မန်းလေးကအလယ်တန်းကျောင်းဆရာဟောင်းကြီးများ ကန်တော့ပွဲကိုသွားဖြစ်ခဲ့ပါတယ်… ၅တန်း၊ ၆တန်း လောက်ကတည်းက အတူကျောင်းတက်ခဲ့ကြတဲ့ နှစ်ပေါင်း၄ဝကျော် မတွေ့ဖြစ်ကြတဲ့ ငယ်သူငယ်ချင်းများကို တွေ့ချင်တာလည်းပါပါတယ်။ ူငယ်ချင်းတွေပြန်တွေ့ကြတော့လည်း တစ်ယောက်ကိုတစ်ယောက် မနည်းကြည့်ပြီး ငယ်ရုပ်ဖမ်းယူရတယ်…ရီလည်းရီရပါရဲ့… ဒီကာတွန်းလေးထဲကအတိုင်းပေါ့   ယောက်ကျားလေးတွေကလည်းလူစုမိတာနဲ့ သောက်ထားကြပြီ…မိန်ကလေးတော်တော်များများကဝတုတ်တွေ…ခိခိ သူငယ်ချင်းတွေနဲ့စစ်ကိုင်းတောင်က ဆွမ်းဦးပုညရှင်၊ ကောင်းမှုတော်တို့လျောက်လည်ပြီး ကြုံရာဆိုင်မှာစားကြသောက်ကြပေါ့.. အပြန်ကျ ထုံးစံအတိုင်း ဦးပိန်ရောက်……ဦးပိန်မှာလည်းပိတ်ရက်မို့ လူအပြည့်…ဒါကြောင့်တံတားပေါ်တောင်မတက်ဖြစ်ပဲ လှေပဲပါတ်စီးပြီးဓါတ်သေရိုက်ခဲ့တယ်…တံတားတိုင်တွေအခြေအနေအတော်ဆိုးနေပြီဗျာ…..         နောက်နေ့မနက်ပိုင်းတော့ ကျောင်းတော်ကြီးမှာဆရာကန်တော့ပွဲပေါ့…ကျုပ်တို့နေခဲ့တုန်းကတော့ တပ်တွင်းတွဲဖက်အလကပေါ့ ခုတော့ အထကကျောင်းကြီးဖြစ်နေပါပြီ….ကျုပ်ဆိုတဲ့ကောင်ကလည်းတလွဲ..အောက်ပုံမှာပါတဲ့ဆရာတွေကြိုတဲ့အပေါက်ကဝင်ချသွားတာ အကန်တော့ခံလာတဲ့ဆရာမှတ်ပြီး ရင်ဘတ်တံဆိတ်အတင်းတတ်ပေးကြသဗျ…ကျုပ်လည်းအဲ့တံဆိတ်ကြီးနဲ့လျောက်သွားနေတာပေါ့ သူငယ်ချင်းတွေနဲ့တွေ့မှ အဖြစ်မှန်သိပြီးရီလိုက်ကြရတာ….. တံဆိတ်ဝိုင်းကမန်းကတန်းဖြုတ်ပစ်ရတယ်…မဟုတ်ရင်စင်ပေါ်ကြွပါလုပ်နေမှ အခက်… ငယ်ဆရာတစ်ယောက်က ဆို ကျုပ်ကိုခွေးမသား..ခုထိသောက်တလွဲလုပ်တုန်းဆိုပြီးပြုံးပြုံးကြီးပြောတော့ သူငယ်ချင်းတွေပွဲကျသွားပြန်ရော….         […]


Kaung Kin PyarJanuary 7, 20161min010
မမဂျီး မကောင်းပါ… သများရဲ့ အတိတ်ကအရိပ်တွေကို လက်ဖက်ရည်ပိုစ့်တစ်ခု ဖဘမယ်တင်ပြီး ဆွတယ်…။ :byee: လမ်းမီးတိုုင်မလင်းတလင်းအောက်မှာ သစ်သားခုံပုလေးတွေနဲ့ ထိုင်ပြီး လက်ဖက်ရည်သောက်ခဲ့ရတဲ့ ကလေးမြို့ညတွေကို အတော်လွမ်းသွားပြီ..။   လက်ဖက်ရည်ဆိုင်ရယ်လို့ စ သိတာ အမချော နှစ်ယောက်က စ ပါတယ်.. (ဝမ်းကွဲတွေပါ..)။ သူရို့ နှစ်ယောက်က အတော်လေး ချောကြလှကြတယ်.. ကိုယ့်အမတွေမို့ ကိုယ်ညွှန်းတာမဟုတ်..၊ တော်ရုံမိ်န်းမလောက် ကျမ လှတယ်ကို မထင်တာ…။ ဒီအမ နှစ်ယောက်ကတော့ တစ်ယောက်က အရပ်ရှည်ပြီး ညိုချောချောတာ.. (မော်ဒယ်တောင် လုပ်ခဲ့သေးတယ်..) သူ ကျူရှင်ကအပြန် စာအုပ်လေးလက်မှာပိုက်ပြီး ကြောင်လျှောက်ဒီဇိုင်းနဲ့ လျှောက်တဲ့ပုံစံ ခုချိန်ထိ ကျမ မတတ်ခဲ့…။ တစ်ယောက်ကတော့ အသားဖြူဖွေးနေပြီး.. ခန္ဓာကိုယ် လှတာ… Like a Sagaing […]


alinsettJanuary 7, 20161min017
F = Friend ~~~~~~~~~~~~~~                                       စကားလုံးများကို တို့ထိခဲ့သည်မှာ F သို့ တိုင်ခဲ့လေပြီ။ F နေရာသို့အရောက်မှာ တိုက်ဆိုင်စွာပင် တာရာမင်းဝေ၏ ခေတ်နေအတွက်စာတစ်ရွက်ဆိုသည့် စာအုပ်ကို ဖတ်လိုက်မိသည်။ ဆရာတာရာမင်းဝေကတော့ မိတ်ဆွေဆိုတာနဲ့ပတ်သက်ပြီး ”သူအိမ်ထောင်ပြုလိုက်တာဟာ သူ့မိတ်ဆွေတွေရဲ့ဘဝထဲကနေ ပျောက်ဆုံးသွားရသလို ခံစားပြီး”ရေးထားသည်။ ကျွန်တော့်မှာလည်း မိတ်ဆွေဆိုတာနှင့်ပတ်သက်ပြီး ပြောဆိုစရာလေးတွေ ရှိပါသည်။ ~~~~~~~~~~~~~~~~~~~ F ဆိုသည့်စကားလုံးနှင့်ပတ်သက်၍ စဉ်းစားလိုက်သည့်အခါတိုင်း Friend ဆိုသည့် သူငယ်ချင်းများအကြောင်းကို မစဉ်းစားမိဘဲ မနေနိုင်ပါ။ Friend […]


padonmarJanuary 6, 20161min010
ကျမတို့ ငယ်ငယ်က စာစောင်တွေထဲ ပါခဲ့တဲ့ ဆရာ ဗန်းမော်ညိုနွဲ့ ရေး အရုဏ်ဦးကလေးကဗျာများစာအုပ် ကို စိတ်ကူးချိုချိုက ဝယ်ခဲ့တယ်။ တအုပ်မှ ၁၀၀ဝ ရယ်။ Discount 20% ဆိုတော့ ၈၀ဝ ပဲကျတယ်။ နှစ်ပေါင်းများစွာ ကြာတဲ့ တိုင်အောင် ကဗျာတွေက ခေတ်မီ အသုံးတဲ့ဆဲပါ။ ဖတ်ကြည့်စေချင်ပါတယ်။ဝယ်ပြီး သားငယ်သမီးငယ်လေးတွေကို သင်ပေးစေချင်ပါတယ်။


moonpoemJanuary 6, 20161min011
ယခု Tour Leader သည် ကိုယ်နှင့် အသက်မတိမ်းမယိမ်း။ သို့သော် သူသည် စလာကတည်းက Gentleman စတိုင်နှင့်။သည်တော့ ကိုယ်လည်း ပျာယာခတ်နေသော Jungle Girl ပုံစံနှင့်တော့ မဖြစ်။ ဟာသဖြစ်ဖြစ် ဖန်စီဖြစ်ဖြစ် Drama ဇာတ်လမ်း ရေးလို့ ရနိုးနိုးဖြင့် ချက်ချင်းလက်ငင်း မွန်းပိုအမ် ပုံစံ ပြောင်းပစ်လိုက်သည်။ လမ်းလျှောက်တာကို ဆင်မယဉ်သာ မလျှောက်နိုင်ဦးတော့ ဆင်မ စိတ်ကောက်သလောက်တော ့လျှောက်ပစ် လိုက်၏။(ဖိနပ်တော့ နည်းနည်းပွန်း၏) ဟိုတယ်သို့အရောက် နယူးရီးယား အထိမ်း အမှတ်ဖြင့် ရေခဲရုပ်ထုပုံစံ ပြင်ထားသည်ကို မြင်ရသည။် ဧည့်သည်များ ခေတ္တနားချိန်တွင် ရေခဲရုပ်ကြီးကို ဘေယောင်ဂျွန်းပမာ မြင်ယောင် ရင်းWinter Sonata ဇာတ်ကားထဲက ဇာတ်ကွက်များ၊ နှင်းတောထဲမှာ လမ်းလျှောက် ကြသည်များကို ခံစားမိလေရာ […]


ဇီဇီJanuary 5, 20161min014
  မွေးမေလေ့ သည် ကိုယ်တိုင်လည်း လှသည်။ သူများကိုလည်း လှစေချင်သည်။ သူမ၏ သားသမီးဖြစ်သော ကေဇီ ကို မူကား ဆိုဖွယ်မရှိ။ အရိပ် တကြည့်ကြည့်ရှိ၏။ ချစ်လွန်းလှလို့ထက် ဘယ်အချိန် ဘယ်လို ပုံပျက်ပန်းပျက်နှင့် သူ၏ မိတ်ဆွေများရှေ့မှောက် အရောက်လာမည်ကို ကြောက်ရွံ့လှသောကြောင့်ဖြစ်၏။ :k: ကေဇီသည်ကား ယောက်ကျားမိန်း တစ်ပိုင်း မိန်းမကြမ်း တစ်ပိုင်းမို့ အလှပြင်ဖို့ သိပ်မစိတ်ဝင်စား၊ စားခြင်းနှင့် အိပ်ခြင်းတွင်သာမွေ့လျော်ပေသည်။ ကိုယ်တိုင်က မလှ၍ မလှဘူး ပြောခံရခြင်း ၊ ဝတယ် အပြောခံရခြင်းတွင် သိပ် မခံစားတတ်။ ချိုးချိုးဖဲ့ဖဲ့ ပြောလာလျှင်ကား ပြန်လည် ဆဲဆိုတတ်ခြင်းကြောင့် ဘယ်သူဘာပြောပြော ထင်ရာ စားသော ကေဇီဖြစ်၏။ :sar: မွေးမေ့လေ့ကား မိန်းမ တန်မဲ့ ကေဇီမက်နှာသည် […]


Kaung Kin PyarJanuary 5, 20161min018
၂၀၁၅ ကို ပြန်ကြည့်ရင် နိုင်ငံရေးအနေနဲ့တော့ အပြောင်းအလဲအများကြီးဖြစ်သွားတယ်…. ကိုယ့်တစ်ယောက်စာအတွက် ပြန်ကြည့်ရင်လဲ အပြောင်းအလဲ အများကြီးဖြစ်သွားခဲ့တာပဲ…။ မျှော်လင့်မထားတာတွေ ရခဲ့သလို မျှော်လင့်ထားတာတွေလဲ ဆုံးရှုံးခဲ့ဖူးတယ်…။ စိတ်မကောင်းစရာတစ်ခုက ခုချိန် ကိုယ့်လက်ထဲ ဘာတစ်ခုများ စိတ်ချမ်းသာစရာ၊ ပိုကောင်းလာတာ ကျန်ခဲ့သလဲလို့ လက်ဝါးဖြန့်ကြည့်ရင် ဘာမှ ရှိမနေတော့တာပဲ… (၂၀၁၆ တော့ ဒီလိုမဖြစ်အောင် နေမှ.. 🙂 ) ၂၀၁၅ သံဓိဌာန်ထဲက တချို့တဝက်ကိုတော့ အားရဝမ်းသာ ဆောင်ရွက်ခဲ့ဖူးတယ်…။ မိသားစုအတွက် အချိန်ပေးတာမျိုးတို့ ခရီးတိုလေးတွေ ထွက်တာမျိုးတို့..၊ ကိုယ်မစားဖူးတဲ့အစားအသောက်တွေကို မြည်းစမ်းစားကြည့်တာမျိုးတို့.. ၂၀၁၆ အတွက် ပြန်ပြင်သင့်တဲ့အချက်တွေ ဆိုတာကိုများ ဆွဲထုတ်လိုက်မယ်ဆိုရင်… မနိုင်မနော ထွက်လာတော့မှာပဲ…။ စိတ်ပါလက်ပါရှိရင်များ သိပ်အရေးမပါတဲ့ကိစ္စမျိုးတွေကိုလဲ အားတက်သရော တက်ကြွနေသလောက် စိတ်မပါဘူးဆိုတဲ့အချိန် ဘယ်လောက်အရေးကြီးကြီး ဟိုအချိန်ရွှေ့ဒီအချိန်ရွှေ့ ဟိုနေ့ရွှေ့ဒီနေရွှေ့နဲ့… […]


padonmarJanuary 4, 20164min029
၂၀၁၅ ဆိုတဲ့ ၃၆၅ ရက်ကိုတော့ ကျော်ဖြတ်ခဲ့ပါပြီ။ မသေသေးဘူးဆိုတော့ ဒီနှစ်ထဲ ကိုယ်ဘာတွေများ ဖြစ်ခဲ့သလဲ၊လုပ်မိခဲ့သလဲလို့ ဒီမှတ်တိုင်ကို ပြန်လှန်သုံးသပ်ခွင့်ရလိုက်ပြန်ပါပြီ။ ဒီနှစ်ကတော့ ဝါးခယ်မနှစ်၊ခရီးသွားနှစ်၊သင်္ဂဟမေတ္တာနှစ်၊ ရွှေခယ်ရတနာနှစ်၊FB နှစ် လို့ သတ်မှတ်ရမှာပါပဲ။ ရန်ကုန်ကို ၂၀၀ဝ ခုနှစ်ပြောင်းလာပြီး နောက်ပိုင်းနှစ်တွေမှာ တနှစ်ကို တခေါက်ပဲ ဝါးခယ်မ ပြန်ဖြစ်ရာကနေ ၂၀၁၅ မတ်လ ၂၈ မှာ ပြန်ဖြစ်တော့ လမ်းတွေ အလွန်ကောင်းနေတာ တွေ့ရပါတယ်။ ဒါ့ကြောင့် လာချင်ရင် အနီးလေး လို့ FB Note တစောင် ရေးလိုက်မိတာ နိမိတ်ဖတ်သလိုပဲ ဝါးခယ်မကို မကြာမကြာ ရောက်ဖြစ်တော့တာပါပဲ။ လူလည်းရောက် လူကိုယ်တိုင်မရောက်နိုင်ချိန် စိတ်နဲ့လက်(FB ပေါ်ကနေ)ရောက်ပါပဲ။ ဇွန်လဆန်း 7.6.2015 မှာ ရွှေခယ်ရတနာစာကြည့်တိုက်ဖွင့်ပွဲတက်၊ ဇူလိုင်လဆန်း 1.7.2015 […]