black chawAugust 18, 20161min07
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီ ချယ်နယ်တစ်ခု အင်တာဗျူးတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်…မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


black chawAugust 18, 20161min05
မြန်မာပြည် သိန်းတန်ကြီးနဲ့ တီဗီချယ်နယ်တစ်ခုရဲ  ့အင်တာဗျူးလုပ်နေတာကို ဒီနေ့ ထိုင်ကြည့်နေမိတယ်…။ သူက Elvis Presley ရဲ့ ရုပ်ရှင်ကားတစ်ကားကို ကြည့်ပြီး (ကြည့်တာကလည်း တာမွေ…မရိုးဆန်းရုံတဲ့ ခင်ဗျ) ဂစ်တာတီးခြင်းအလုပ်ကို ရူးသွပ်ခဲ့တာတဲ့ ခင်ဗျ…။ အဲဒီတုန်းက သူ့အသက်က ၁၃ နှစ် တဲ့…။ သူ့ အဖေက သူ့ဂစ်တာသံကို နားထောင်ပြီး “ဟေ့ကောင်… မင်းဂစ်တာတီးတာက နွားမသေးပန်းသလို တဗြန်းဗြန်းနဲ့ နားညီးတယ်ကွာ…။ မင်းဂစ်တာတီးမယ်ဆို ငါ့အိမ်က ဆင်းသွား” လို့ စိန်ခေါ်ပါသတဲ့…။ အဲဒီမှာပဲ ကိုကို က ဂစ်တာကို ပုခုံးထက်ထမ်းပြီး အိမ်က ဆင်းခဲ့ပါသတဲ့…။ ကိုသိန်းတန်ကြီးက လူငယ်တွေ အတုခိုးမှားမှာစိုးလို့ သတိပေးပါတယ်…။ မိဘစကား နားမထောင်ပဲ အိမ်ကဆင်းလာတာ မဖြစ်သင့်ဘူး လို့ ဆိုပါတယ်…။ စသည် […]


ခင္ခAugust 17, 20161min014
တောမှာနေတော့ အလုပ်ရယ်မရှိ ငွေရှာချင်လို့ မြို့တက်လာ၏ ရတဲ့အလုပ် ဝင်ငွေနည်းတော့ အစဦးမို့ ရုန်းလိုက်အုံးပေါ့ ပြသနာအစ နေစရာက ဌားကာနေလည်း စားစရိတ်လျော့နည်း ကိုယ်လိုသူလို သူတွေကတော့ ကွက်လပ်မြေဘေး ကျူးတဲထိုးစမ်း မတတ်သာဘူး ဒီလမ်းဘဲလိုက် ဝမ်းဝစားဖို့ အနိုင်နိုင်ဘဝမို့ ကျမပြုမိ အပြစ်ရှိသည် ဖျက်ရင်လည်း ခံ သတ်ရင်လည်း သေ သေမထူး နေမထူးပါအေ နိုင်ငံစီးပွား အလွန်းတိုးလို့ လုပ်ခများလည်း ပိုစွာရရင် ဒီလိုလမ်းဘေး ဘယ်နေလိမ့်မလဲ တိုက်ခန်းဝယ်ဌား နေမှာပေါ့အေ ခုတော့လုပ်ခ နည်းလွန်းလှတော့ နှစ်နပ်စားလို့ တစ်နပ်နားတယ် ပိန်ဆေးသောက်ဖို့ လိုပါဘူးဟယ်။   ခင်ခ။


ခင္ခAugust 16, 20161min08
ဂယက်ကယ်ထ လှိုင်းရယ်ကြွလို့ တံငါလှေငယ် မြစ်ပြင်ကျယ်မယ် နိမ့်ချီတစ်ခါ မြင့်ချီတလှည့် အသက်ဘေးထက် ဝမ်းရေးခက်လို့ ရှေ့ဆက်ကာသွား ငါးများများရဖို့ နေ့စဉ်ရက်ဆက် လုပ်ခဲ့ကြသည် မပြောင်းလဲသော ပန်းချီကားတစ်ချပ်တည်း။   ခင်ခ။


Ma EiAugust 16, 20161min010
မီးပုံးပန်းရဲ့ ရာဇဝင် မီးပုုံးပန်းလေးတွေနဲ့ ပတ်သက်လို့ ရာဇဝင် အကြောင်းလေးတခုဆိုပါတော့ သူ့ကိုတွေ့တာက ရုံးနားမှာ ပန်းပင်လေးတွေ ဂမုန်းပင်လေးတွေ ရောင်းတဲ့နေရာမှာလေ အပင်သေးသေးလေးကနေ အဖြူရောင်ပန်းလေးတွေ တွဲလောင်းကျလို့ လှလိုက်တာ အဲ့တော့ ရုံးပြန်မှာဝယ်လာခဲ့တာပါဘဲ…ဒါပေမယ့်သူနဲ့ ပတ်သက်လား မပတ်သက်လားတော့မသိဘူး သူရောက်လာတဲ့နေ့မှာဖြစ်လို့ သူနဲ့တွဲ မှတ်မိနေတဲ့ အဖြစ်ကလေးတခု ရှိခဲ့ဘူးတယ်… ပန်းအိုးလေးလှလှပပ ဒီနေရာ ဟိုနေရာ နေရာချခက်လိုက်တာ ဒီနားမှာဘဲထားမယ်နော်ဆိုပြီး ရေကန်နား အပင်စုစုအလယ်မှာနေရာချ အလှကြည့်လို့အိမ်မက်ထဲထိပါရဲ့… ပန်းပင် ပန်းပွင့်လေးတွေက အရောင်တောက် လင်းလို့ လက်လို့ တကယ်ဘဲ မျက်စိဖွင့်ကြည့်မိတော့လဲ အရောင်တွေမြင် ဟုတ်သေးပါဘူး ဆို အိပ်ယာထဲကထွက် မီးဖိုခန်းထဲဝင်လိုက်တော့ …. လျှပ်စစ်မီးဖိုတစ်ခုလုံး မီးတောက်နေတာနှစ်ပေလောက်ရှိရော မီးကြိုးက ခလုတ်မှာတပ်လျှက်၊ သဘောပေါက်လိုက်ပြီ ညနေပြန်လာချိန်က မီးမလာ ညနေထဲကတဲ့၊ မီးပြတ်တော့ အိမ်ကမမက […]


  ဒီရက်ပိုင်း ဟောင်ကောင်ရာသီဥတုကလည်း မိုးကလေးတစိုစိုဆိုတော့ အားကစားသမားများအကြိုက်ပေါ့ခင်ဗျာ ။ ဦးကျောက်ခဲလည်း ဇိမ်ကလေးနဲ့ ကော်ဖီသောက်ရင်း ငယ်ဘဝကို လွမ်းမိပါရဲ့ ။ အပင်ပန်းဆုံးနဲ့ အပျော်ဆုံးအချိန်ကို ပြောပါဆိုရင်တော့ ဘူမိကျောင်းတော်သားဘဝပါပဲ ။ ကျောင်းပြီးလို့ ကိုယ့်ဘဝနဲ့ကိုယ် နိမ့်တုံ မြင့်တုံ အခြေအနေစုံကို ဖြတ်သန်းနေကြပေမယ့် ကျောင်းနေဘက်ချင်း အဆက်အသွယ်မပြတ်သလို မေတ္တာလည်း မပျက်ကြပါဘူး ။ ငယ်နုစဉ်က လက်သီးထိုးဖော် ရန်ဘက်တွေလည်း အခုအသက်အရွယ်ရောက်တော့ လည်ပင်းဖက်လို့ ကာရာအိုကေရောက်ကုန်တဲ့ မောင်တွေချည်းပဲ ။ သမီး သား ဇနီးမယားနဲ့ လင့်ဝတ္တရားကျေပွန်ကြသူတွေဆိုတော့ အုံးစားလို့ ခေါင်းမွေးပြောင်တဲ့ကောင်ကပြောင် ၊ ဆံဖြူသွားကျိုးဖြစ်တဲ့ကောင်ကဖြစ် နဂိုရည်ပျက်ယွင်းလို့ ငယ်ရုပ်လေး မပေါ်တပေါ်တွေ ဖြစ်ကုန်ကြပါပြီ ။ ထို့အတူ ဦးကျောက်ခဲတို့ရဲ့ ငယ်ဆရာတွေလည်း အနတ္တ အစိုးမရလို့ ဇရာရဲ့အလိုတော်အတိုင်း […]


”  ငြိမ်းချမ်းရေးကိုရှာဖွေခြင်း” ညကလေးက အပြာရောင် လရောင်ကလဲ သဲ့သဲ့လေးဆိုတော့ သိပ်တော့မမှောင်ပေဘူး။   တောင်ကုန်းနဲ့သစ်ပင်အချို့ အငို ဝ သွားတဲ့ ကလေး လေးလို့ တစ်တစ်ခါထွက်လာတတ်တဲ့ သဲ့သဲ့ရှိုက်သံကလွဲရင် အားလုံးတိတ်ဆိတ်။   ဒီလိုအချိန်လေးမှာ အရာရာကိုခဝါချ ဗလာ ကျနေတဲ့စိတ်နဲ့ လောက ကိုမြင်ကြည့်မယ်ဆိုရင် ငြိမ်းချမ်းရေးဆိုတာ အဝေးသွားရှာစရာမလိုပါဘူး ကိုယ့်နံဘေးမှာတင်ရှိလေရဲ့ သတိမထားမိသေးလို့ဝေးနေတာပါ။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၁၅၈၁၆          


ဇီဇီAugust 15, 20162min09
ကိုယ့် အိမ်မှ အဆာကျယ်များက ဆိုင် တစ်ခုခု သွားစားပြီးရင် ဒီတိုင်းမနေပါဘူးး…အိမ်မှာ ပြန်လုပ်ခိုင်းပါတယ်။ ဟတ်စကဲ့။ ကိုယ်ကလည်း အောက်သက်မကြေတာနဲ့တော့ တွေ့ပြီလေ။ :mrgreenn: ခု လည်း ကိုရီးယားဆိုင်မှာ ဝက်သားကင်နဲ့ ဆလပ်မျိုးစားချင်တယ်တဲ့။ ဘာမှ လုပ်မနေဘူးး.. K Pop မဟုတ်တဲ့ K Pork ပါ။ အဟိ  :mrgreenn: ဝက်သား ၃ ထပ်သားရယ် (ဘာ အစာပလာမှ နယ် စရာမလို၊ ရေစင်စင်ဆေးပြီး စစ်ထားရုံ) ဆလပ်ရွက်ရယ်၊ (ဆလပ်က တစ်ရွက်ချင်းခွါပြီး ဆားရည်လေး စိမ်ပြီး စင်အောင်ဆေး ရေစစ်ထားး) သခွါးသီးရယ်၊ (ရေစင်အောင်ဆေး ပါးပါးလှီးထား) ငရုတ်သီးစိမ်းရယ် ကင်ချီရယ် Chilli bean sauce ရယ် ကြက်သွန်ဥအကြီးရယ် ကြက်သွန်ဖြူတွေရယ် […]


kotun winlattAugust 14, 20161min014
ကျနော်နဲ့ အိမ်နီးချင်း (1) နေပူလိုက် မိုးရွာလိုက်နှင့်မို့ နေရထိုင်ရ မကောင်းလှ။ မိုးကရွာသော်လည်း ဖွဲဖွဲမျှသာ မိုးရွာပြီးလျှင် ပူသည့်နေက ခပ်ပြင်းပြင်းမို့ နေရထိုင်ရခက်သည့် ရာသီဥတု အိုက်စပ်စပ် …။ ဒီနေ့မှ လူက ထိုင်းမှိုင်းလေးလံပြီး အိပ်ချင်စိတ်ကကြီးစိုးနေသည်။ တစ်ရေး တစ်မောလောက် အိပ်လိုက်ဦးမည်ဟု ကြံစည်နေတုန်း။ “ဟေ့ကောင် …. လာခဲ့စမ်း … ငါပြောနေတယ်နော် …. အခု ပြန်လာခဲ့စမ်း …” “မလာဘူး … မလာဘူး …. ငါက သွားတိုင်ပြောမှာ နေခင်းကြောင်တောင် မူးနေတာလို့ …” “ဘာကွ ….. တိုင်ချေကွာ …. တိုင်ချေ…. မင်းလာခဲ့စမ်းလို့ ငါပြောနေတယ်နော်..” ” ဂလုံ …. ဂွမ် …. ထန် […]


Foolish GirlAugust 11, 20161min010
“ထွန်းကျော်ဆေးရုံတင်ထားရတယ်” မင်းနိုင်ကျောင်းရောက်ရောက်ခြင်းနှင်းထံသတင်းပို့သည်။ ရွက်သစ်က “ကောင်းတယ် ဒီလိုကောင်သေရမှာ သူများကိုစိတ်ထိခိုက်အောင်လုပ်ထားတာ” “ကိုမင်းနိုင် ထွန်းကျော်ဘာလို့ဆေးရုံတင်လိုက်ရတာလဲ” “ကျောက်ကပ်မကောင်းလို့တဲ့ နှင်း။ မွေးရာပါကျောက်ကပ်အားနည်းတာလေ။ တစ်နှစ်တစ်ခါ ကျောက်ကပ်ဆေးနေရတာ။ ကျောက်ကပ်ဆေးရမယ့်ရက်မရောက်သေးပေမယ့် စိတ်ကြောင့်ထင်တယ် ရောဂါဖောက်လာတယ်လို့ပြောရမှာပေါ့” “အဲဒါကကုလို့မရဘူးလား၊ မပျောက်တော့ဘူးလား” နှင်းတစ်ယောက် မိမိချစ်သူရောဂါဝေဒနာခံစားနေရသည်ကို ကြားရရုံဖြင့် ဘယ်လိုမှမခံစားနိုင်တော့ပါ။ “ပျောက်ဖို့အလားအလားမရှိဘူး အခြေအနေကပိုဆိုးနေတယ်တဲ့။ ကျောက်ကပ်အစားထိုးမှရမှာတဲ့။ အခုသူ့အမေတို့က ကျောက်ကပ်အလှူရှင်စုံစမ်းနေကြတယ်” နှင်း ….မျက်ရည်များက အသိမပေးခြင်းမရှိပါပဲ မျက်ဝန်းအိမ်ထဲကနေအလိုလို စီးကျကာနေတော့သည်။ ရင်ထဲတွင်လည်း အမည်ဖော်၍မရသော ခံစားချက်များ ဗျောင်းဆန်ကာနေလေတော့သည်။ ×××××××××××××××××××××××××××××××××××××××××××××× နှင်းသူငယ်ချင်းများကို မပြောဘဲ တစ်ယောက်တည်းဆေးရုံကိုထွက်လာခဲ့သည်။ ထွန်းကျော်အခန်းရှေ့မှထွန်းကျော်ကိုချောင်းကြည့်လိုက်သည်။ ထွန်းကျော်တစ်ယောက်နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေလေသည်။ ထို့နောက် ထွန်းကျော်၏ ဆရာဝန်ထံထွက်လာခဲ့သည်။ “သမီးရဲ့ကျောက်ကပ်က လူလေးအတွက်အဆင်ပြေပါတယ်သမီးရဲ့ ဒါပေမယ့် ……” “ဒါပေမယ့်….ဘာဖြစ်လဲဆရာ” “ဒါပေမယ့် သမီးမှာ ကျောက်ကပ်ကတစ်ခုပဲရှိတာတွေ့တယ်။ သမီးငယ်ငယ်ကကျောက်ကပ်လှူဖူးတာရှိလား” “ဟင့်အင်းတစ်ခါမှမလှူဘူးပါဘူးဆရာ” […]


Foolish GirlAugust 10, 20161min05
“တောက်ကွာ” ထွန်းကျော်၏ တောက်ခေါက်သံကြောင့် မင်းနိုင်တစ်ယောက်လန့်ဖြန့်သွားသည်။ “ဘာဖြစ်တာလဲထွန်းကျော်ရ” “ဘာဖြစ်ရမှာလဲကွ နှင်းပေါ့ နှင်း ကောင်လေးတစ်ယောက်နဲ့ထွက်သွားတယ် ဆိုင်ကယ်ပေါ်မှာ ကားလည်းဖက်ထားလိုက်သေးတယ်” “လူမှားတာနေမှာပါကွာ” “မမှားဘူး လုံးဝမမှားဘူး ငါကမနက်ဆိုကျောင်းသွားဖို့ဝင်ခေါ်နေကျလေကွာ ဒီမနက် သူတို့အဆောင်ကနေအဲ့ကောင်နဲ့ထွက်လာတာ ငါ့မျက်လုံးနှစ်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ သူကလည်းပြုံးလို့ပျော်လို့” “သူ့မောင်လေးရောမဖြစ်နိုင်ဘူးလား” “မဖြစ်နိုင်ဘူး သူငါ့ကိုသက်သက်အပျော်ကြံတာ၊ အဲဒါငါ့ကို ချိုးလိုက်တာကွ ငါသူ့ကိုအရမ်းမုန်းတယ်ဟာ ဟောဟိုမှတွေ့လား သူတို့သူငယ်ချင်းတစ်သိုက်နဲ့ ရယ်ရယ်မောမော စကားပြောနေကြတာ” ကိုယ်တိုင်တွေ့လိုက်ရပြီမို့ မင်းနိုင်လည်း မဖြေရှင်းပေးတတ် ပြီးတော့ သူကိုယ်တိုင်ပင် ဇဝေဇဝါဖြစ်သွားသည်။ ကောင်လေးကခပ်ချောချောလေးပင် နှင်းနှင့်ပင်ခပ်ဆင်ဆင် ။ နှစ်ဦးသားကလည်းလိုက်ဖက်သည်။ ချစ်ချင်လည်းချစ်ချင်စရာ ကောင်လေးကချောသည်။ ယောကျာ်းချင်းမနာလိုစရာ ကောင်မလေးများကြွေချင်စရာ ဘော်ဒီလည်း ပိုင်ဆိုင်ထားသည်။ သို့ပေမယ့်သူငယ်ချင်းကိုအားပေးရပြန်ဦးမည်။ “ထွန်းကျော်မင်း နှင်းကို သေချာဆွေးနွေးသင့်တယ်လို့ငါထင်တယ်ကွာ” “ဆွေးနွေးစရာ ဟုတ်လား မင်းနိုင် ဒီလောက်လက်ပူးလက်ကြပ်မိနေတဲ့ကိစ္စ ငါ […]


Foolish GirlAugust 10, 20161min05
“ရွက်သစ်နင်ဘယ်လိုပုံဆွဲပေးလိုက်လို့သူတို့ခေါင်းချင်းဆိုင်သွားရတာလဲ” “လွယ်လွယ်လေးပါနှင်းရယ် သူစကားစပြောကတည်းက လိပ်စာတောင်းမှာ သိနေတာနဲ့ ငါရယ် မိုးစက်ရယ်တိုင်ပင်ပြီး ဆွဲလိုက်တာ ဒီလိုလေ” “ဟုတ်ပနင့်ပုံကဘာပုံကြီးမှန်းမသိဘူး” “ဘာကြီးမှန်းမသိအောင်ဆွဲတာပါဆို” “အခုနင်တို့ညွှန်ထားတဲ့အိမ်က …..” “မသိဘူးလေ ငါတို့လည်းဆွဲရင်းနဲ့ ဘာတွေမှန်းကို မသိတော့ဘူး” “ကောင်မအစုတ်ပလုပ်လေးတွေ သူများကို ဒုက္ခရောက်အောင်” “ဟဟ ဘာမှတောင်မဖြစ်သေးဘူး အဖြစ်သဲနေလိုက်တာ မိုးစက်ရေ ပြောဦးနင့်ယောင်းမကို” “ဟုတ်ပ ယောက်မနင်ငါ့အစ်ကို ကို မယူတော့ဘူးလား” “နင့်ကိုလည်းယောင်းမတော်မယ်လေဟာ” “မရဘူး နှင်း နင်မျက်နှာမများနဲ့နော် ငါ့အကိုနဲ့တိုင်ပြောမယ်” “နှင်းကလည်းအဖြစ်သည်းနေတာကတည်း ယောက်ကျားလေးတစ်ယောက်သူသလောကျတဲ့ကောင်မလေးအဆောင်ကို သူကိုယ်တိုင်စုံစမ်းနိုင်ရမှပေါ့ သူတကယ်စုံစမ်းချင်ရင်လွယ်လွယ်လေးပါ ငါတို့ကိုမေးစရာတောင်မလိုဘူး ကောင်မနော် မခူးခင်ကတည်းညွှတ်ချင်မနေနဲ့” “မဟုတ်ပါဘူးအေ၊ ပြီးတော့ ငါတို့ ကအဆောင်မှာ နေတာမှမဟုတ်တာ ရှာရလွယ်မယ်မထင်ဘူးလေ” “ရော်ခက်ပြီ နှင်းရယ် ငါတို့ ferry ကားပေါ်ကဆင်းတာနဲ့ သူတို့လိုက်ကြည့်ရင်သိတာပဲကို” “ဟုတ်သားပဲ ငါ့သူငယ်ချင်းကအကွက်မြင်တယ်” […]


alinsettAugust 10, 20161min020
                  ”လူ”   ဤမြို့ကလေးထဲမှာ ”အမှောင်ထုချင်း သတ်ပုတ်ရင်း နက်ရှိုင်းသည်ထက် ပိုနက်ရှိုင်းနေသည့်အချိန်”တွင် သူ. . . ရောက်လာခြင်းဖြစ်သည်။   အဝေးပြေးကားကြီးပေါ်မှ ဘုတ်ခနဲ ဆင်းလိုက်သည်နှင့် သူ့ကို လှမ်းနှုတ်ဆက်လိုက်သမျှမှာ. . . ၁။ ရိုးတွင်းချဉ်ဆီထဲထိ စိမ့်အေးသွားစေသော လေထု ၂။ မနီးမဝေးရှိ ခွေးတစ်ကောင်၏ ဆွဲဆွဲငင်ငင် အူသံ ၃။ စိမ်းရွှင်ရွှင် ရနံ့တစ်ခုခု ၄။ ကြောက်မက်ဖွယ်ရာ အေးစက်စက်(သို့သော် မကြာခင် တစ်စုံတစ်ခု ဖြစ်ပျက်သွားတော့မလိုလို ခံစားရစေသော) ငြိမ်သက်တိတ်ဆိတ်ခြင်း . . . စသည်တို့ ဖြစ်သည်။   အမှန်တော့ […]