”  ဘဝထဲမှာ” လင်းတဲ့နေရာ လင်း မှောင်တဲ့နေရာ မှောင် လင်းချင်လင်း မှောင်ချင်မှောင် ကိုယ် ချောင်ပိတ်မမိဘို့ဘဲ လိုပါတယ် မောင်။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၉၈၁၆


SawAungAugust 29, 20161min014
Train To Busan ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးဟာ ထွက်ထွက်ရှိချင်းမှာ ကိုရီးယား မှာ ဝင်ငွေစံချိန်ချိုးခဲ့ပါတယ်။ စင်ကာပူမှာလည်း ဝင်ငွေ စံချိန်တင်ခဲ့ပါသေးတယ်။ ဒီရက်ပိုင်း အမေဆေးရုံနဲ့ အလုပ် အရမ်းရှုပ်နေတဲ့ကြား မနေ့ကပဲ ရုပ်ရှင်ရုံမန်နေဂျာကို လက်မှတ်ချန်ထား ပေးပါလို့ အကူအညီတောင်းရင်း သွားကြည့်ခဲ့ပါတယ်။   ဒီနေရာမှာ မင်းသားဘယ်သူဘယ်ဝါလို့ မရေးဘဲ ဇာတ်ကောင်တွေ နေရာကနေသာ ရေးပါမယ်။ ဘူဆန်သို့ ရထားဖြင့် ခရီးထွက်ခြင်း အလုပ်တွေအရမ်းရှုပ်တဲ့ Fund Manager အဖြစ် အလုပ်လုပ်ကိုင်တဲ့ ကလေးတစ်ယောက်ဖခင်တစ်ေ ယာက်ကို သူ့သမီးလေးဖြစ်သူဟာ စိတ်ထိခိုက်လို့နေပါတယ်။ အလုပ်ကိုသာ ဦးစားပေးတဲ့ လူတစ်ယောက်ကို မိန်းမကလည်း စွန့်ပစ်ပြီး သူနေထိုင်ရာဘူဆန်မြို့မှာ နေထိုင်လျက်ရှိပါတယ်။ သမီးဖြစ်သူကို အဖွားဖြစ်သူနဲ့ အိမ်မှာသာ ပစ်ထားတဲ့ ဖခင်တစ်ယောက်ဟာ ဘယ်လောက်ထိအောင် […]


kotun winlattAugust 29, 20161min02
ဆိုင်းဘုတ် * * * * * * * “လူကြီးဆိုတာ ရပ်ရွာလူထုက အားကိုးလို့ တင်ထားတာ . . . ဒါကို ရပ်ရွာလူထုထဲက တစ်ယောက်ဖြစ်တဲ့ ငါ့ဘက်က မရပ်တည်ပဲ . . . တခြားဘက်ကရပ်တည်ပြီး ငါ့မိသားစု ပြိုကွဲအောင်လုပ်တဲ့ လူကြီး . . . ခင်ဗျားကြီးကို “Yee” ပဲ . . . အခု ခင်ဗျားကြီးကြောင့် ကျုပ်မိသားစု ပြိုကွဲရပြီ … ။ ခင်ဗျား ဝမ်းသာနေတယ် မဟုတ်လား . . .။ ကျုပ်အခု ခံစားနေရသလို ခင်ဗျား မခံစားရပါစေနဲ့လို့ ဆုတောင်းပါတယ်။ ” ညနေကတည်းက […]


ယ နေ`့ကြွ လာ  မိတ် သ ဟာ ချမ်း သာ ကိုယ် စိတ် မြဲ ပါ စေ။   ငယ် ငယ် တုံး က ရုပ် ရှင် သွား ကြည့် ရင် တွေ`့ ရ တဲ့ စာ သား လေး နဲ`့နုတ် ဆက် ပ ရ စေ။ မန်း ဂ ဇက် ကို နှစ် ပေါင်း များ စွာ အား ပေး လာ တာ ပါ။ မင် ဘာ ဝင် ထား ပေ မဲ့ တ ခါ […]


”  မူ” တစ်ဝက်ထဲဖြတ်ကြည့်သူ တစ်ခြမ်းဘဲ ဖြတ်ကြည့်သူ အဖြတ်မတူရင် အမြင်လဲမတူ။ ကိုယ့်အယူ သူ့ ့အယူ သ ူ ့မူ ကိုယ့်မူ မတူချင်လဲမတူနိုင်သလို တူချင်လဲတူနိုင်မယ်။ သူနှစ်သက်တာ သူယူ ကိုယ်နှစ်သက်တာ ကိုယ်ယူ အဲဒါ့စိတ်ချမ်းသာစေတဲ့မူ။   ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၈၈၁၆        


kotun winlattAugust 22, 20161min010
အာနိုးမ @@@ (၁) မြို့ ကလေး ….။ မီးရထားလမ်းဆုံးမြို့လေး ဖြစ်သလို … မြစ်ကလေးတစ်စင်းကလည်း ရစ်ခွေစီးဆင်းသွားသည့် မြို့ကလေး …။ မြို့ကလေးရဲ့ အစည်ကားဆုံးဖြစ်တဲ့ တောင်မြောက်ပြေးနေတဲ့ လမ်းမကြီးတစ်ခု ၊ ထိုလမ်းမကြီးနှင့် ထိပ်တိုက်ဆုံတွေ့ပြီး စည်ပင်သာယာဈေးအဖြစ် အဆုံးသတ်သွားခဲ့သည့် အရှေ့အနောက် ဖောက်လုပ်ထားသည့် လမ်းတစ်ခု …။ ယင်းလမ်းနှစ်ခုဆုံရာ လက်ယာဘက်ခြမ်းတွင်တော့ မြင်းလှည်းဂိတ်၊ ကားဂိတ်၊ လက်ဘက်ရည်ဆိုင်တို့က စီစီရီရီ …။ မြင်းလှည်းဂိတ်ရှေ့တွင် မြင်းလှည်း သုံးလေးစီး ရပ်တန့်ထား၏။ ကားဂိတ်တွင်တော့ မော်တော်ကားနှစ်စီး ရပ်လျှက်၊ လက်ဘက်ရည်ဆိုင် အတွင်းတွင်မူ ကားသမားများ၊ မြင်းလှည်းသမားများနှင့် ခရီးသည်များဖြင့် စည်ကားနေပေသည်။ # # # # # # # # # […]


Ko out of...August 22, 20161min07
– လူ့ဘဝမှာ နေ့စဉ်နဲ့အမျ မိမိ၏ပရိယေသနဝမ်းရေးကိစ္စအတွက်ဘဲဖြစ်ဖြစ်၊ အရေးအရာကိစ္စအတွက်တွေမှာဘဲဖြစ်ဖြစ် ကာယ၊ဝစီ၊မနော ဆိုသည့် ကိုယ်နှုတ်နှလုံးတွေနဲ့လူအများကိုဆက်ဆံကြရပါတယ်… ထိုသို့ဆက်ဆံသည်အခါ သူ့ကိုအမှန်တကယ်သိစေချင်တာလား? ငါသူ့ထက်သိတယ်ဆိုပြီး အပေါ်ဆီးရဖို့ဆက်ဆံတာလား? သူသိမြင်တာနဲ့ ငါသိမြင်တာ တူလား မတူလား နှိုင်းယှဉ်ချင်လို့ဆက်ဆံတာလား? သူ့ကိုသွေးထိုးစမ်းသပ်ဖို့ ဆက်ဆံတာလား? ငါသိတဲ့အရာတွေမျှဝေဖို့ ငါပြောတာကိုသူချည်းချည်းနားထောင်ဖို့လား? သူပြောတာကိုငါ ခေါင်းငြိမ့်ပြီး နားထောင်ဖို့လား? စသည့်စသည့် ဆက်ဆံရေးတွေ အဆင်ပြေချောမွေ့ဖို့ဆိုတာ အပိုအလိုမရှိ ဟန်ဆောင်မှုကင်းကင်း အမျော်အကြောက်ကင်းကင်းနဲ့ ဆက်ဆံကြမယ်ဆိုရင် ပဋိပက္ခတွေ၊ ပြသနာတွေ အတော်သက်သာမယ်လို့မြင်မိပါတယ်…. ကျွန်တော်ဟာ ဒသနတခုကြောင့် တချိန်တုံးက သူများကိုသိစေချင်သည့် စိတ်တခုတည်းကြောင့် ဆက်ဆံရေးမှာ ခလုတ်ခတင်းဖြစ်ခဲ့ဖူးတယ်… ဒီခလုတ်ခတင်းဆူးညောင့်ခလုတ်ဟာ ကျွန်တော်ဖန်တီးလို့ဖြစ်လာတာလား? သို့မဟုတ် သူ့နဂိုမူလက ရှိနေသည့်အရာလား? ကျွန်တော့်ကိုကျွန်တော့် ပြန်မေးကြည့်သောအခါ… ဆူးညောင့်ခလုတ်ဆိုတာ ကျွန်တော်တို့မမွေးခင်ကတည်းကရှိနေပြီးသားအရာတွေပါ… ဒီဆူးညောင့်ခလုတ်တွေကျော်လွှားနိုင်ဖို့ဆိုတာ သူ့ကိုခလုတ်တိုက် သူနှစ်နာအောင် လုပ်ရာမှာ မဟုတ်ဘဲ […]


KyaemonAugust 22, 20168min015
မကြာခင်ကကော်မရှင်ဖွဲ့စည်းလိုက်တာကိုအထူးဘဲကြိုဆိုပါတယ်၊ ဝမ်းလဲသာပါတယ်၊ ————- FaceBook  မှာ ကိုယ့်ထင်ကြေးနဲ့ကိုယ်ရေးကြတယ်၊မသိဘဲနဲ့ပြောကြတယ်၊ မလေ့လာဘဲနဲ့ပြောကြတယ်၊ လေ့လာဘို့ပစ္စည်းတန်ဆာပလာ အခွင့် အလမ်း လဲ ချွတ်ယွင်းချို့တဲ့တယ်၊ ဒီကြားမှာ အနောက်ဩဇာခံတွေကလဲ ဖွပေး ကြတယ်၊ ဒါကြောင့်မို့လို့ အောက်ပါအကြောင်းကိစ္စတရပ်ကို တမျိုးတမည် ထင်မြင်ယူဆကာ မှတ်ချက် အလွဲအမှားတွေရေးကြတယ်၊ ကိုယ့်နိုင်ငံမှာမလုပ်ဘဲနဲ့သူများနိုင်ငံလာပြီးရေကာတာလာလုပ်တာက လူလည်လုပ်တာ၊ဗိုလ်ကြတာ၊ သူများဆီမှာလာပြီး မစင်စွန့်တာ စသဖြင့် ပြောကြတယ်၊ ဒါတွေ က မမှန် ပါ၊ ဖေ့ဘို့ ကွန်မန့်အ ချို့ကို ပြပြီးနောက် ပိုင်းမှာ ဖြစ်ရပ်မှန် ကိုတင်ပြရှင်းလင်းပါ့မယ် မမှန်ကန်တဲ့ထင်မြင်ယူဆချက်တွေ (ပညာရှိကြောင်ပါးတွေက သိရက်နဲ့” ဘေတီး “ပေးကြတာလဲပါတယ်)   တရုပ် နိုင်ငံ မှာ လဲ မြစ်ကြီး တွေ ရှိ တယ် ဘာ့ကြောင့် တရုပ် […]


moonpoemAugust 21, 20161min06
ဦးပြုံး​မောင်​​မောင်​ဆိုတဲ့ နာမည်​က ကျွန်​မဂျပန်​တစ်​​ယောက်​ကို ပေးခဲ့တဲ့ နာမည်​​​။ကျွန်​မအဖေကို မ​တွေ့ချင်​ဘူးလို့ ​ပြောလို့ငိုရတာ လည်​း သူ့​ကြောင်​့​ပဲ။ရယ်​ရင်​ မလှဘူး ငိုရင်​ ပိုဆိုးတယ်​လို့ ​ပြောလို့ ဗြဲခနဲ ကျွန်​မရန်​​ထောင်​ခဲ့တာလည်​း သူ့​ကြောင်​့ပါပဲ။ …. ၂၀၁၄ခုနှစ်​ကနဲ့ တူပါရဲ့ရုံးက​ပေးတဲ့တာဝန်က မြန်​မာပြည်​ကို ရုံးခွဲလာဖွင်​့မယ်​့ ဂျပန်​စီးပွား​ရေး သမားတစ်​​ယောက်​ကို ကူညီဖို့တဲ့။သာမာန်​​လေ့လာရုံသက်​သက်​မဟုတ်​ဘဲ ရုံးခွဲဖွင်​့ဖို့ လာတာဆို​တော့ မြန်​မာပြည်​ကို သူလာတိုင်​း အမြဲတမ်​း ကျွန်​မနဲ့ပဲသွားရာက ​ခင်​သွား ကြတယ်​။မြန်​မာနာမည်​ သူ့ကို​ပေးပါလား ဆို​တော့ သူ့ပုံစံက ပြုံး​နေတတ်​တာ​ရော၊ကြာသပ​တေးသားတ​ယောက်​ ဖြစ်​​နေတာ​ရော​ကြောင်​့ ကိုယ်​့ဟာကိုယ်​​ဗေဒင်​ဆရာ လုပ်​ပြီး ဦးပြုံး​မောင်​​မောင်​လို့ နာမည်​​ပေးဖြစ်​ခဲ့တယ်​။ ရုံးဖွင်​့ဖို့ ရန်​ကုန်​၊​နေပြည်​​တော်​အစုံသွားရာက တခါက​တော့ မန္တ​လေးကို ​နေ့ချင်​းပြန်​သွားဖို့ ဖြစ်​လာတယ်​။အလုပ်​အားလုံးပြီးသွား​တော့ အချိန်​က ပြန်​ဖို့ ၂နာရီ​လောက်​​စော​နေ​သေးတယ်​။သူက နင်​ဘာလုပ်​ချင်​​သေးလဲလို့ ​မေးတဲ့အခါ ​ပျော်​ပြီး ကျွန်​မက ​ဖေ​ဖေကို […]


”   လုပ်ငန်းသိမ်းချိန်” တစ်နေ့တာ လုပ်းငန်းသိမ်း နွားထိန်းပြီးလို့ပြန်ခဲ့ပြီ။ နွားများကား အစာဝ လူကတော့ ဝမ်းဟောင်းလောင်း ညောင်းခဲ့သမျှ အတိုးချ အိမ်ရောက်တော့မှ နားတော့မည်။     ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၁၆၁၆    


KyaemonAugust 20, 201639min03
  ဒီဆောင်းပါးက ၁။ ဧရာဝတီခမ်းမယ် ဆိုတဲ့ FaceBook ဖေ့ဘုက်က ကွန်မန့်ရေသားချက်တွေကို၎င်း၊ ၂။ မြစ်ဆုံမှအကျိုးအမြတ်ခွဲဝေပုံကို၎င်း၊ဆွေးနွေးတင်ပြပါ့မယ်၊ —– ပဌမ ပိုင်း   ဧရာဝတီခမ်းမယ်၊ လူတွေရေငတ်မယ်၊ ကန္တရဖြစ်မယ် ငတ်ပြတ်လိမ့်မယ်၊ဒုက္ခရောက်မယ်၊ မြစ်ကြီးစီးဆင်းပါစေ စသဖြင့်ကွန်မန့်ရေးတုန်းပါဘဲ (အောက်တွင်ဖော်ပြထားတယ်) အဖြူလား အမဲလား၊ ဘယ်ကွေ့မှာလား ညာကွေ့ မှာလား တည့်တည့်သွားမှာလားဆိုလောက်အောင် အင်မတန်အရေးကြီးတဲ့အထင်အမြင်လွဲမှားချက်ပါဘဲ၊ ဒါကြောင့်မို့ထပ်လောင်းပြီးရှင်းလင်းရမှာပါ၊ —————–  မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths VI manadalaygazette.com/224008 မှာ၎င်း၊ မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths X manadalaygazette.com/224996 မှာ ၎င်း၊ ဒီကိစ္စ ကိုတော်တော်ဆွေးနွေးခဲ့ […]


sorrowAugust 20, 20161min07
ဒီနေ့အကင်ဆိုင်က စားပွဲထိုးလေးက…ပွက်ပွက်ဆူနေတဲ့ ဟင်းရည်ကို လက်ပေါ်မှောက်ချပေးတယ် .တောင်းပန်တဲ့အသံကတုန်ပြီး အလွန်ကြောက်နေရှာတဲ့ သူ့ကိုကြည့်ပြီး ..ပူလောင်နာကျင်နေတာကိုမေ့ထားပြီး….. ရပါတယ် အစ်ကိုသက်သာသွားမှာပါလို့ပြုံးပြီးပြောခဲ့တယ်.. ..ညလုံးပေါက်အလုပ်လုပ်စရာရှိတဲ့လက်က ခုထိနာတာမပျောက်ဘူး .. လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းက အလားတူမတော်တဆမှုကိုကျူးလွန်ဖူးတဲ့ ကော်ဖီဆိုင်က စားပွဲထိုးလေးတစ်ယောက်… ဖြတ်ရိုက်ခံရဖူးတဲ့ ဘယ်ဘက်ပါးကို ပြန်စမ်းမိတယ်… အမှတ်ရလိုက်တိုင်းနာနေပေမယ့် …ဒီနေ့မနာတော့ဘူး…


SawAungAugust 18, 20163min05
ကြာခဲ့ပါပြီး ပြီးခဲ့တဲ့နှစ် စက်တင်ဘာတုန်းက ပုဂံမှာ ပထမဆုံး ရိုးရာမြင်းပြိုင်ပွဲ လုပ်ခဲ့တယ်။ ရိုက်ကူးရေးသွားရမယ်ဆိုတော့ မြင်းပြိုင်ပွဲကို တစ်ခါမှ မမြင်ဖူးဘူးလေ။ ပြိုင်မယ့်ကွင်းကြီးက အကျယ်ကြိး မဏ္ဍပ်ကြီးထုပ် စတိတ်စင်တွေလည်းပါတယ်။ အညာပွဲဈေးသည်တွေနဲ့ လာတဲ့သူတွေတိုင်းကိုလည်း တစ်နေ့လုံးထမင်း ကျွေးတယ်။ အညာပွဲဈေးလေးတွေနဲ့လည်း ရင်းနှီးခွင့်ရခဲ့တယ်။ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးတွေကို အခုမှ ပြန်ဝေမျှခွင့်ရခဲ့ပါတယ်။   နောက်တစ်ပွဲရှိသေးတယ် ဒုန်းပြိုင်ပွဲဆိုတာ အမြန်ဆုံးပြေးတဲ့ ပြိုင်ပွဲပေါ့ မြင်တွေကိုလည်း ဆေးကျွေးထားရတယ်ပြောတယ ပြေးလိုက်ကြတာ ကြောက်စရာတောင်ကောင်းတယ်။ မြန်လိုက်တာလည်း ပြောမနေနဲ့။   ဆက်ပါဦးမည်။ အောင်မိုးသူ