နှင်းစက်လေးရဲ့ဂရုဏာ ထွန်းကျော်တစ်ယောက် အတန်းထဲတွင် သင်နေသောစာများကို ဂရုမစိုက်မိပေ။ ရှေ့တစ်တန်းကျော်တွင်ထိုင်နေသော မျက်ဝန်းလေး၏နောက်ကြောကို သာငေးကြည့်နေမိသည်။ ပုခုံးပေါ်ဝဲကျနေသောဆံပင်နှင့် ခန္ဓာကိုယ်မှာ မဝ မပိန်ပဲကြည့်ကောင်းသူဖြစ်သည်။ သုံးဦးစလုံးမှာ အလှကိုယ်စီနှင့် လှကြသည်။ ထိုအထဲတွင် မျက်ဝန်းလေးမှာ အလှဆုံးဟုထင်မိသည်။ မင်းနိုင်ကတော့ ရွက်သစ်ကို ပိုလှသည်ဟုထင်သည်။ မင်းနိုင်ဘေးမှ စိုးငြိမ်းကတော့ မိုးစက်ကို မဲပေးသည်။ ဟုတ်တော့လည်းဟုတ်သည် အကြိုက်ခြင်းတူလျှင်ရန်ပွဲတွေများနေမည်ဖြစ်သည်။ ထွန်းကျော်မည်မျှအတွေးလွန်နေသည်မသိ ဆရာမကြည့်နေသည်ကို ပင်သတိမထားလိုက်မိပေ။ “ဟေ့ဟိုတစ်ယောက်” ဟုဆရာမကထွန်းကျော်ကို လက်ညှိုးထိုးရင်းခေါ်လိုက်သည်။ သို့သော်ထွန်းကျော်ကမကြားသဖြင့် မင်းနိုင် ၏လက်တို့ မူကြောင့်ဘုမသိဘမသိ ထရပ်လိုက်ရသည်။ “မင်းနာမည်ဘယ်လိုခေါ်သလဲ” “ကျွန်တော့နာမည် ထွန်းကျော်ခင်မျ” “မင်းငါစာသင်နေတဲ့အချိန် ဘာတွေလုပ်နေတာလဲ” ထွန်းကျော်မဖြေနိုင်တော့ချေ။ “ခုနကငါရှင်းပြတဲ့စာ ပြန်ပြောပြစမ်းပါ” “ဟုတ်ကဲ့” ဟုဆိုကာ ထွန်းကျော် ခပ်တည်တည်နှင့် အတန်းရှေ့ထွက်လာသည်။ မင်းနိုင်ခမျာလည်း ထွန်းကျော်အတွက်ပူပန်နေရသေးသည်။ “ပြောခုနကငါရှင်းပြတဲ့စာတွေ” “ကျွန်တော်မသိဘူးဆရာမ […]
