Foolish GirlAugust 9, 20161min07
နှင်းစက်လေးရဲ့ဂရုဏာ ထွန်းကျော်တစ်ယောက် အတန်းထဲတွင် သင်နေသောစာများကို ဂရုမစိုက်မိပေ။ ရှေ့တစ်တန်းကျော်တွင်ထိုင်နေသော မျက်ဝန်းလေး၏နောက်ကြောကို သာငေးကြည့်နေမိသည်။ ပုခုံးပေါ်ဝဲကျနေသောဆံပင်နှင့် ခန္ဓာကိုယ်မှာ မဝ မပိန်ပဲကြည့်ကောင်းသူဖြစ်သည်။ သုံးဦးစလုံးမှာ အလှကိုယ်စီနှင့် လှကြသည်။ ထိုအထဲတွင် မျက်ဝန်းလေးမှာ အလှဆုံးဟုထင်မိသည်။ မင်းနိုင်ကတော့ ရွက်သစ်ကို ပိုလှသည်ဟုထင်သည်။ မင်းနိုင်ဘေးမှ စိုးငြိမ်းကတော့ မိုးစက်ကို မဲပေးသည်။ ဟုတ်တော့လည်းဟုတ်သည် အကြိုက်ခြင်းတူလျှင်ရန်ပွဲတွေများနေမည်ဖြစ်သည်။ ထွန်းကျော်မည်မျှအတွေးလွန်နေသည်မသိ ဆရာမကြည့်နေသည်ကို ပင်သတိမထားလိုက်မိပေ။ “ဟေ့ဟိုတစ်ယောက်” ဟုဆရာမကထွန်းကျော်ကို လက်ညှိုးထိုးရင်းခေါ်လိုက်သည်။ သို့သော်ထွန်းကျော်ကမကြားသဖြင့် မင်းနိုင် ၏လက်တို့ မူကြောင့်ဘုမသိဘမသိ ထရပ်လိုက်ရသည်။ “မင်းနာမည်ဘယ်လိုခေါ်သလဲ” “ကျွန်တော့နာမည် ထွန်းကျော်ခင်မျ” “မင်းငါစာသင်နေတဲ့အချိန် ဘာတွေလုပ်နေတာလဲ” ထွန်းကျော်မဖြေနိုင်တော့ချေ။ “ခုနကငါရှင်းပြတဲ့စာ ပြန်ပြောပြစမ်းပါ” “ဟုတ်ကဲ့” ဟုဆိုကာ ထွန်းကျော် ခပ်တည်တည်နှင့် အတန်းရှေ့ထွက်လာသည်။ မင်းနိုင်ခမျာလည်း ထွန်းကျော်အတွက်ပူပန်နေရသေးသည်။ “ပြောခုနကငါရှင်းပြတဲ့စာတွေ” “ကျွန်တော်မသိဘူးဆရာမ […]


Foolish GirlAugust 9, 20161min08
“အဲဒါပဲကွာ ငါလည်းရှက်ရှက်နဲ့အဲဒီမှာလည်းကြာကြာမနေချင်တာနဲ့ထွက်လာခဲ့တာ” မင်းနိုင်စကားဆုံးသွားတော့ ထွန်းကျော်တစ်ယောက်မနေနိုင်အားရပါးရရယ်တော့သည်။ “ယောက်ဖမင်းကပါငါ့ကို ဟားတယ်ပေါ့ ဟေ့ရောင်” “မဟုတ်ပါဘူးကွာ သဘောကျလို့ပါ” ပြောရင်းထွန်းကျော်တစ်ယောက်ခွက်ထိုးခွက်လန်ရယ်နေပြန်တော့သည်။ “ယောက်ဖ မင်းကပါငါ့ကိုဟားတယ်ပေါ့ လေဟေ့ကောင်” “မဟုတ်ပါဘူးကွာ သဘောကျလို့ပါ။” ပြောရင်းထွန်းကျော်တစ်ယောက်ရယ်နေပြန်သည်။ “အခုကတည်းက ကိုယ်နဲ့ဘာမှမဆိုင်သေးတဲ့ကောင်မလေးတစ်ယောက်အတွက် သူငယ်ချင်းအရင်းကို ဟားတယ်ပေါ့လေ” ဟုဆိုကာ မင်းနိုင်တစ်ယောက် ထထွက်လာခဲ့သည်။ “ဟေ့ကောင် ယောက်ဖ မင်းကလည်းကွာ မိန်းမကျနေတာပဲ ရယ်စရာပါလို့ရယ်တာပေါ့ကွ မင်းကွာ ယောကျာ်းကြီးတန်မဲ့ စိတ်ကောက်ရတယ်လို့ အဲဒါကြောင့် ဟိုကောင်မလေးတွေ ကပိုင်းလွှတ်လိုက်တာ” ထွန်းကျော်ပြောနေသည်မှာ ဟုတ်လည်းဟုတ်နေပြန်သဖြင့် မင်းနိုင်တစ်ယောက် မိန်းမဆန်သွားသော အမူအယာကို ရုတ်သိမ်းကာထွန်းကျော်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထွန်းကျော်လည်း ဆက်ပြီးရယ်မနေတော့ဘဲ တစ်ခြားရောက်တတ်ရာရာများပြောရင်းအချိန်ဖြုန်းနေကြတော့သည်။ × × × ×× × × ×× × × ×× × […]


သမီးငယ် နဲ့ သူ့သူငယ်ချင်းတွေ စုပြီး သိပ္ပံစမ်းသပ်ချက်တစ်ခုကို အခန်းကိုယ်စားပြု အားလုံးရှေ့ ထွက်ပြီး စမ်းသပ်ပြ ရှင်းပြဘို့ ကို တက်တက်ကြွကြွနဲ့ တိုင်ပင် ကြ အပြင်ကို ပစ္စည်းတွေ စုံစမ်းကြ လုပ်နေတာတွေ့တော့ ဘာမှ ဝင်မစွက်ပဲ အသာကြည့်နေရင်း မိဘတစ်ဦး အနေနဲ့ လူငယ်တွေရဲ့ တက်ကြွမှု စူစမ်းချင်မှုအတွက် ဝမ်းသာပီတိ ဖြစ်ရင်း ငယ်ငယ် အိပ်ယာဝင်ပုံပြင်တွေထဲ က အမေပြောဘူးတဲ့ အဖြစ်တစ်ခု ချက်ချင်း အတွေးထဲ ပေါ်လာတယ်…   ၁၉၇ဝ လောက်ကပါ .. မိသားစု မှာ အမေ က အလတ် အကိုတွေ မောင်တွေ ညီမတွေ ရှိတယ် ဇတ်လမ်းထဲက ဇာတ်လိုက်ကျော်က ကပ်ရပ် မောင်ငယ်ပေါ့ အားလုံးက ချစ်ပေမဲ့ […]


Tawwin PanAugust 8, 20161min012
သူမများ ဘယ်တော့မှ အကြွေးနဲ့အကျိုးမပေးဘူးထင်ပ။ သူမက ချေးလိုက်တဲ့ပိုက်ဆံမှန်သမျှ ပြန်မရတဲ့အပြင် ဒီလိုလေးပြောသွားတာတောင်ခံလိုက်ရသေး။ အဟေးဟေး………..နင်တို့အိမ်က အဆင်ပြေတယ်လေဟာတဲ့။ ကိုယ့်အိမ်တွင်းရေး သူသိတာကျလို့။ အိမ်မှာ အပြင်ထွက် အလုပ်လုပ်တာ ဆိုလို့သူမတစ်ယောက်တည်း။ ရတဲ့လစာကလည်း လေးသောင်းစွန်းစွန်းသာရယ်။ အောက်က အငယ်တွေအကုန်လုံးကကျောင်းသား။ အဖေအမေကိုယ်တိုင်လုပ်တဲ့ မိသားစု စီးပွားရေးကလည်း ကိုယ်ရမယ့် အကြွေး သိန်းဆယ်ချီရှိတာတောင် တခါသွားတောင်း ၂သောင်း၊ ၃သောင်းပဲပေး။ ကိုယ်ပေးရမယ့်အကြွေးကျတော့ ချက်ချင်းလက်ငင်းရှင်းနေရတဲ့ဘဝ။ အဲလို ပြောတဲ့သူကလည်း အခြားမဟုတ် ကိုယ့်အမျိုးအရင်းကြီးရယ်။ အစ်ကို ၄ယောက်လောက် ရှိတာတောင် သက်ရှိကျန်နေတဲ့ အမေကို မထောက်ပံ့နိုင်ကြ။ သူ့ခမျာ မိန်းကလေးတန်မဲ့ အမေအိုကြီးကို တင်ကျွေးထားလို့ ဘာမှမပြောတော့ပါဘူးလေ။ အဲဒီတုန်းကတော့ သူ့အတွက်ဆိုပြီး ကိုယ့်နာမည်ခံချေးပေးထားတဲ့ ၄သောင်းကို အတိုးပါဝိုင်းဆပ်ပေးလိုက်ရတာ တစ်နှစ်ကြာလောက်မှ ကြေပါလေရော။ ဒါက တပိုင်းပေ့ါ။ နောက်တစ်ယောက်ကျန်သေးတယ်။ […]


  65000 တန် အုန်းကြာပင်လယ်စာ   ပေ့ချ်တွင်ကြော်ငြာတင်ထားသောပုံ      မောင်ဆာမိတစ်ယောက် မဟာဖွဘုတ်တော်ကြီးကိုအတော်စိတ်နာလျှက်ရှိသည် ။ မဟာဖွဘုတ်တော်ကြီးကား ပျှော်ရွှင်ကြည်နူးစရာများကို သယ်ဆောင်လာသကဲ့သို့ စိတ်ညစ်ညူးစရာများကိုလည်း လက်ဆောင်ပေးတတ်သည် ။ အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးနိုင်သကဲ့သု့ိ စီးပွားပျက်စရာကိစ္စများနှင့်လည်း မိတ်ဆွေဖြစ်တတ်ပြန်သေးသည် ။ ထို့အတူ … အထူးထူးသော ကောင်းကျိုး ဆိုးကျိုးများနှင့် ရှုပ်ထွေးနေသည့်အားလျှော်စွာ မောင်ဆာမိတစ်ယောက် စိတ်နာစရာများနှင့်ကြုံရသည်မှာ သိပ်တော့မထူးဆန်းပေ ….။   လင့်မျက်နှာ တစ်ရွာထင်ပါသည်ဟု ဆိုခဲ့ဖူးလေသော မဒမ်ဆာမိသည်ပင် မဟာဖွဘုတ်တော်နှင့် မျက်နှာခြင်းဆိုင်မိသည့်နောက် မောင်ဆာမိအား မေ့နေလေပြီ ။ တခါတရံ စကားပြောစရာရှိ၍ ပြောနေသည်ကိုပင် မကြားတချက် ကြားတစ်ချက် ။ ထို့ကြောင့်မောင်ဆာမိမှာ ရွှေညဏ်တော်စူးရောက်စွာဖြင့် မက်ဆင်ဂျာမှ လှမ်းပြောလိုက်မှပင် လိုရာခရီးရောက်လေတော့သည် ။ တစ်အိမ်တည်းနေ၍ မက်ဆေ့ပို့ရသည့်အဖြစ်ကား […]


kotun winlattAugust 7, 20161min020
ဘခက် ******* (၁) ”ဘခက်ရဲ့ ရာဇဝင်မှာ မရဘူးဆိုတာ မရှိစေရဘူး” ” ဟာ . . . တယ် ဆို တဲ့ စာပါလားဗျ ” ”ဒီလိုပဲလေ . . . အာစိ(အာစရိ အတိုကောက်)ရ ဒီစကားလုံးနဲ့ လုပ်စားနေရတာပဲဗျ . . . ” ရယ်ကျဲကျဲနှင့် ပြန်ဖြေ၏။ ”နို့ နေပါဦး ကိုဘခက်ရ . . . ခင်ဗျား ဒီပညာကို သင်ခဲ့ရပုံနဲ့ ဒီရွာမှာ အခြေချဖြစ်ပုံလေး ကျနော့ကို ပြောပြစမ်းပါဦး” ” ဟားးးဟားးး အာစိရာ ပြောရရင် အရှည်ကြီးပါ။ ကျုပ်မိဘတွေက မိတ္ထီလာနယ်ဘက်ကဗျ . . . အဖေက […]


Foolish GirlAugust 5, 20161min011
ကျွန်တော်၏နှင်း………….. ညှို့စွမ်းအင်အပြည့်ရှိသော မျက်ဝန်းတစ်စုံကို ထွန်းကျော် ရင်ခုန်မိသည်။ သူမနာမည် ကိုမသိသော်လည်း “မျက်ဝန်းလေး” ဟုအမည်ပေးခဲ့သည်။ စာသင်ခန်းထဲသို့နောက်ကျမှရောက်၍ ဆရာရှိမရှိ ခိုးကြည့်သောမျက်ဝန်းလေးကို တွေ့မိလိုက်သည့် ထွန်းကျော် တစ်ယောက် မျက်ဝန်းတစ်စုံ၏ ညှို့ယူခြင်းကိုခံလိုက်ရပြီဖြစ်သည်။ “တောက်နာတယ်ကွာ ဒီလိုမှန်းသိအစောကြီးကတည်းကကျောင်းတက်ပါတယ်” ထွန်းကျော်တစ်ယောက်ကိုယ့်ဘာသာမကျေမနပ်နှင့် တစ်ယောက်တည်း ရေရွတ်နေမိသည်။ ကျောင်းကို လဝက်လောက်နောက်ကျမှတက်ခဲ့မိသည်ကို အလိုမကျဖြစ်နေခြင်းဖြစ်သည်။ “ဟေ့ကောင်ဘာတွေစဉ်းစားနေတာလဲကွ” “လန့်လိုက်တာယောက်ဖရာ မင့်နှမ မုဆိုးမဖြစ်တော့မှာဘဲ” “မင်းအတွေးလွန်လို့ပိုလန့်နေတာ ငါသိသားပဲ ငါခေါ်နေတာကြာနေပြီကွ။ မှန်မှန်ပြောမင်းဟိုကောင်မလေးအကြောင်းစဉ်းစားနေတာမဟုတ်လား” မင်းနိုင်နှင့် ထွန်းကျော်တို့မှာ ပြောမနာဆိုမနာငယ်ပေါင်းကြီးဖော်သူငယ်ချင်းအရင်းခေါက်ခေါက်ကြီးတွေမို့ အတွင်းသိအဆင်းသိများဖြစ်သည်။ “မင်းကို ငါမလိမ်ပါဘူးကွာ မင်းကိုလိမ်လို့ ငါဘာမှမရဘူး။ ဒါနဲ့မင်းအဲကောင်မလေးနာမည်သိလား။ မင်းကကျောင်းစဖွင့်ကတည်းက တက်တဲ့ကောင်ဆိုတော့” “သူ့နာမည်က နှင်းဟန်ဖြိုးတဲ့ ဘုစပ်စပ်နဲ့ပါကွာ ဟိုတစ်ခါကတောင်ငါနဲ့ရန်ဖြစ်ကြသေးတယ်” “ငါ့တောင်မပြောဘူးကွာ” “ခွေးကောင်မင်းနဲ့ငါကမနက်ကမှတွေ့တာလေကွာ တွေ့တွေ့ချင်း သူ့အကြောင်းပြောရမှာလားကွ ဘာမှမဆိုင်ဘူး လာဘ်ပိတ်တယ်” “တောင်းပန်ပါတယ်ယောက်ဖရယ်ပြောပြပါ” […]


ဇီဇီAugust 4, 20161min020
မလေးရှားက စားဖိုမှူး ကိုလပြည့် လက်ရာ။ မဘုတ်ဆီက တဆင့်ခိုးလာတာပါ။ ဟိ!!!   ကြက်သွန်နီ -၂ လုံး၊ ငရုတ်သီးစိမ်း – ၁၅ဝ ဂရမ်၊ ပူစီနံ – ရ ခက် ပင်စိမ်း – ၁ဝ ခက် ကြက်သွန်ဖြူ – ၂ လုံး ဂျင်း – တစ်တက် စပါးလင် – သုံးချောင်း ကိုနုတ်နုတ်စင်းပြီး အကုန်ရောကြိတ်၊ ဆား၊ကြက်သားမှူန့်၊ငရုတ်ကောင်းသင့်တငိ့ရုံထည့်ပြီးရောကြိတ်၊ ပြီးရင် ြ၊ကက်ပေါင်ကို ဓားနဲ့သုံးချက်စီမွန်းပြီး ခုနကကြိတ်ထားတဲ့အနှစ်တွေကိုသင့်တင့်ရုံနှယ်ပြီးနှပ်ထား၊ တစ်နာရီလောက်ကြာရင်၊ဗန်းထဲရေထည့်၊ ဇကာခံ၊ ကြက်ပေါင်တင် ၊ အာဗင်အပူချိန်၄၅ဝနဲ့၊မိနစ်လေးဆယ်၊လေးဆယ့်ငါးလောက်ကင်ပြီးရင်စားလို့ရပြီ၊။ အနှစ်တွေပိုနေရင်အအေးခန်းထဲမှာသိ်မ်းထား.. ပြန်လုပ်စားလို့ရတယ်။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အဲဒါ လုပ်စားကြည့်တော့ ထင်ထားတာထက်ကို အရသာကောင်းလွန်းလို့ လာမျှတာ။ မယ်ခွစ်ရော မွသဲရော […]


SawAungAugust 3, 20161min011
‘ကျန်နေသေးတဲ့ ဘဝခရီးတွေ xxxx xx ကိုယ်တစ်ယောက်တည်းတော့ xxx xx မသွားတော့ပါ xxxxမင်းလိုက်နိုင်မလားကွာ’   လက်ပ်တော့ကနေ နှိပ်မိရာ နှိပ်မိလိုက်တဲ့ သီချင်းက ဆောင်းဦးလှိုင်ရဲ့ သီချင်း။ နှုတ်ခမ်းက တစ်ချက်ပြုံး လိုက်မိတယ်။ သီချင်းလေးထဲကအတိုင်း တခါတရံ အချစ်ကမှားနေသလားပေါ့။ ပြန်စဉ်းစားမိတယ်။ လက်ပ်တော့က သီချင်းသံက လွင့်ပျံနေလို့ ပြတင်းပေါက်ကနေ အပြင်ကို တစ်ချက်လှမ်းကြည့်မိတယ်။ လေတစ်ချက်နှစ်ချက်တိုက်လို့ အပင်တွေ လှုပ်ယီလှုပ်ယဲ့ နေဝင်ချိန်မို့ ငှက်ငယ်အချို့အိမ်ပြန်တာ တွေ့နေရတယ်။ မြင်နေတဲ့ မြင်ကွင်းကို ကြည့်ရင်း ပြုံးမိပြန်တယ်။ ကိုယ့်ကိုယ်ကို ဘာလို့ ပြုံးမိမှန်း မသိပြန်ဘူး။   လောလောဆယ် လက်ပ်တော့က လွင့်ပျံလာတဲ့ သီချင်းကို ချစ်တယ်။ ပြတင်းပေါက်က ကြည့်နေရတဲ့ ရှုခင်းကို ချစ်တယ်။ အချစ်ဆိုတာ လူတစ်ယောက်ကို […]


kotun winlattAugust 3, 20161min015
ကျနော်နဲ့ ဒေါက်တာ @@@@@@@@ (၁) သူ့ကို ရွာထဲက လူတွေက “ဒေါက်တာ” လို့ ခေါ်ကြတယ်။ အရပ်မြင့်မြင့် အသားဖြူဖြူ အမြဲတမ်း ပြုံးပြုံးနဲ့ နေတတ်တဲ့သူ …။ ပုဆိုးကို တိုတိုဝတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကိုတော့ တန်ဘိုးနည်း စွပ်ကျယ်(သို့) ရှပ်အကျင်္ ီ ခပ်နွမ်းနွမ်းကို အမြဲဝတ်ထားတတ်သည်။ ကျနော်ငယ်ငယ်က သူနဲ့တွေ့တိုင်း မေးဖြစ်သည်က ” ဒေါက်တာ ဘယ်နှစ်နာရီရှိပြီလဲ” ဆိုသည့် မေးခွန်း ….။ ကျနော်မေးသည့် မေးခွန်းကို သူက ဟန်ပါပါဖြင့် လက်ပတ်နာရီ ဝတ်ဆင်ထားခြင်းမရှိသည့် သူ၏ ညာဘက်လက်ကို တစ်ချက်ငုံ့ကြည့် ထို့နောက် ကောင်းကင်ကို တစ်ချက်မော့ကြည့်ပြီး ” ၁ဝ နာရီ ၃ဝ မိနစ် ရှိပြီ လူကလေး ” ဟု […]


A mar nyoAugust 3, 20161min07
အလုပ်ဆင်းလို့ အိမ်အပြန်ရောက်ရောက်ခြင်းပဲ ချစ်တူမတော်ပေါက်စလေးက နို့ဘူးလွတ်ကျပြီး ကွဲသွားလို့ သွားဝယ်ပါဦးဆိုတော့ ဈေးထဲသွားဖို့ပြင်တော့ နှစ်ယောက်သားလိုက်ချင်လို့ တကဲကဲ အပြင်သွားရမှန်းသိတတ်နေသော အငယ်မက လသားအရွယ်ဆိုတော့ ချီသွားလို့ရပေမဲ့။ခုန်ပေါက် ပြေးလွှားကစားခြင်းနှင့် ပူဆာခြင်းတွင် တစ်ဘက်ကမ်းခတ်ကျွမ်းကျင်လှသော တူမတော်ကိုခေါ်သွားလျှင်ဖြင့် ဒုက္ခတွေ့နိုင်သည်။ ထို့ကြောင့်လိုက်ချင်ရင် ဘာမှမပူဆာရ၊ မုန့်ဝယ်မကျွှေးခိုင်းရ၊ ပြောစကားနားထောင်ပါမည်ဟူသော အပေးအယူအရင်လုပ်ရသည်။ ဒါတောင်ဆိုင်ရောက်တော့ပီကေဝယ်ကျွှေးလိုက်ရသေး။ အိမ်ကထွက်ထွက်ခြင်း အကြောင်းသိနေသော တူမတော်အား အရင်မှာရသည် မပြေးရမလွားရဆိုတော့ ကျွှန်မကိုမော့ကြည့်ကာ တီလေးမလွားရဆိုတာဘာပြောတာလဲတဲ့။ ပြောမိသောကျွှန်မ ဘာဖြေရမှန်းမသိဖြစ်သွားသည်။ အဖြေကို အပြေးအလွားစဉ်စားကာ စိတ်ထဲထင်တဲ့အတိုင်း “သမီး ပြေးတဲ့အခါ လွားခနဲပြေးတာကိုပြောတာ”ဟုဖြေလိုက်တော့ ထပ်မမေးတော့။ ဆိုင်လည်းသိမ်းချိန်ဖြစ်နေတော့ နို့ဘူးဝယ်ပြီးကုန်းထိပ် အစ်မရှိသောဆိုင်အထိတက်သွားလိုက်သည်။ ဆိုင်သို့ရောက်လျှင် တွေ့သမျှအပေါက်နိုက်ကာ မြင့်သမျှပါးစပ်ထဲကောက်ထည့်တတ်သော တူမကိုဆွဲကာ ကားအသွားအလာမပြတ်တတ်သောလမ်းတွင် ဆော့နေသော မြန်မာပြည်ရောက် အမွေစိန်ကို တဟဲ့ဟဲ့အော်နေရတော့သည်။ ခဏနေတော့ အဒေါ်ပေါက်စနှင့် သမီးတော်နှစ်ပါးကို […]