black chawJuly 30, 20161min027
ကျွန်တော့် အဖေ က အခြားအဆင့် စစ်သားကြီး တစ်ယောက်ပါ။ ကျွန်တော်တို့ မောင်နှမ တွေ ကလည်း အဖေ တာဝန်ကျရာ တပ်တွေလိုက်ပြောင်းပြီး နေခဲ့ရသူတွေပါ။ ကျွန်တော့်ကို ပုသိမ် ကင်မလင်းကျွန်းမှာ မွေးပါသည်…။ ကျောင်းစတက်တဲ့ အချိန်အထိ ပုသိမ်မှာပဲ နေခဲ့ရပါ၏…။ သူငယ်တန်း နှစ်ဝက်လောက်မှာ အဖေ တပ်ပြောင်းရပါသည်…။ ခ.လ.ရ (၈၀) အင်းမမြို့ ကိုပါ…။ အဖေ နဲ့ အမေ က အင်းမ တပ်ကို အရင်သွားနှင့်ကြပြီး ကျွန်တော် က အမေ့အစ်ကို အိမ်ရှိတဲ့ ကြည့်မြင်တိုင် သာဓုလမ်းထဲက အ.မ.က ကျောင်း မှာ သူငယ်တန်း ဆက်တက်ပါသည်…။ သူငယ်တန်းအောင်တော့မှ အင်းမကို လိုက်ပြောင်းပြီး တပ်တွင်းအ.မ.က မှာ ပထမတန်း စတက်ပါသည်…။ […]


A mar nyoJuly 29, 20161min013
ကျွှန်မအစ်မလတ် အိမ်ထောင်ကျပြီးသကာလ သျှောင်နောက်ဆံထုံးပါကာ သတု့ိသားနေအိမ်သို့လိုက်သွားလေသည်။သတို့သားနေအိမ်ဟုဆိုသော်လည်း ခဲအိုမှာမူ နိုင်ငံတာဝန်ထမ်းဆောင်နေသောအမှု့ထမ်းရဲဖြစ်သောကြောင့် ၈မို်င်ရဲဘော်ဟောင်းတွင်ရှိသော ဝန်ထမ်းအိမ်ရာတွင်နေထိုင်ခြင်းဖြစ်သည်။ လိုင်းခန်းတွင်တစ်နှစ်ကြာနေထိုင်ပြီး ခဲအိုမှာဝန်ထမ်းဖြစ်သည့် အလျောက် နေပြည်တော်သို့တာဝန်ထမ်းဆောင်ရန် အမိန့်ထွက်လာသောကြောင့် ကျွှန်မအစ်မနှင့်ချစ်လှစွာသောတူမတော် နောက်တိုးလေးနှင့် အိမ်သို့ပြောင်းရွှေ့လာကြလေသည်။ရောက်လာကာစတော့ ဆည်းလည်းလေးအတိုင်းပင် အင်မတန်မချစ်ဖို့ကောင်းသောကြောင့် အဒေါ်တွေ ဦးလေးတွေရဲ့ အသည်းနှလုံးလေးပင်ဖြစ်သည်။ တူမတော် ငိုသံကြားလျှင်ကို အပြေးအလွားချော့လိုက်ရသည်မှာ ဖတ်ဖတ်မော။ စကားစပြောကာစဆိုလည်းတတ်လိုက်သည်မှာ လည်လိုက်သည်မှာဆိုပြောစရာမရှိ။ မှားလို့ဆူရင်လည်းသူကဦးအောင်ပစ်ချွဲပြလေတော့ ဆူမည့်သူမှာမဆူရက်။ ဟောတဖြည်းဖြည်းနည်းနည်းကြီးလာတော့ ချစ်စရာတူမလေးမှာဆည်းလည်းလေးမှတဆင့် ခေါင်းလောင်းလေးသို့ တဖြည်းဖြည်းပြောင်းလဲအသံမြည်လာသည်။ပြောင်းလဲလာပုံကတော့ လိုချင်တာမရရင် ထိုင်ပြီး (၇)အိမ်ကြား (၈)အိမ်ကြားအော်ငိုသည်။ ဒါတင်မကဈေးခေါ်သွားလို့လမ်းမှာလိုချင်တာမရရင် တော်တော်နှင့်ပြန်ခေါ်မရ ပေပြီးရပ်နေ(သို့)လမ်းမှာငုတ်တုတ်ထိုင်နေတတ်သည်။ထိုသို့ဂျျီကျတတ်လာသော တူမတော်လေးကြောင့်ကျွှန်မတို့အဒေါ်တွေမှာ တူမကြောနပ်ကာ ဈေးသွားရင် ပိုက်ဆံအပိုမယူသွားတော့ချေ။ ပူဆာရင်ပိုက်ဆံမပါတော့ဘူးပြောကာ ပြန်ခေါ်လာခဲ့ရတော့သည်။ ပထမ တစ်ခေါက်နှစ်ခေါက်လက်ခံသော်လည်းနောက်ပို်င်းတွင် သူလူလည်ကျ ပုံကဘီးကုပ်လိုချင်ရင် ဘီကုပ်ဆိုင်ရှေ့တွင် ရပ်နေတော့သည်။ ဒီတော့လည်း ကျွှန်မတို့မှာ မဖြစ်မနေ […]


weiweiJuly 29, 20161min017
ရွာထဲ ခဏဝင်ကြည့်ရင်း တစ်ခုခုရေးခဲ့ချင်စိတ်ပေါက်လို့ပါ .. ပို့စ်မတင်ဖြစ်တာ တော်တော်တောင်ကြာခဲ့ပြီမို့လို့ .. ခေါင်းစဉ်တစ်ခု စဉ်းစားလိုက်တယ်   အဲဒါကတော့ ….   ရွေးချယ်ဖို့ အခွင့်အရေး ရခဲ့မည်ဆိုလျှင် ….   ကျွန်မတို့တွေအားလုံး ရွေးချယ်မှုတွေတစ်ခုပြီးတစ်ခုလုပ်ရင်း နေ့ရက်တိုင်းကို ဖြတ်သန်းနေကြရပါတယ်။ ရွေးတဲ့နေရာမှာလဲ ရွေးလို့ရရင်ရသလောက်ရွေးတတ်ကြတယ်။ တကယ်လို့များ မနက်စာကို ပဲပြုတ်ထမင်းကြော်တစ်မျိုးပဲ ရမယ်ဆိုလျှင် ကျွန်မတို့တွေ အဲဒါကိုပဲ စိတ်လျော့ပြီး စားလိုက်ကြမှာပါ။ နောက်တစ်မျိုးထပ်တိုးရရင်ဆိုရင် နှစ်မျိုးထဲက တစ်မျိုးကို ရွေးကြရလိမ့်မယ်။ သုံးမျိုးဆိုရင် သုံးမျိုးထဲကတစ်မျိုးကို ရွေးကြရပါတယ်။ ရွေးချယ်ခွင့်များလေလေ ရွေးချယ်ရခက်လေလေပါပဲ။ အဲလိုအခြေအနေမှာဆိုရင်တော့ မှန်ကန်စွာရွေးချယ်တတ်ဖို့ အရေးကြီးလာပါပြီ။ အစားအသောက်တင်မက အဝတ်အထည်မှာလဲ အတူတူပါပဲ။ ရွေးချယ်မှုတွေနဲ့ အသားကျလို့နေပါတယ်။ ဘဝအတွက် အရေးကြီးတဲ့ ရွေးချယ်မှုတွေမှာတော့ သေသေချာချာ အကြိမ်ကြိမ် စဉ်းစားဆုံးဖြတ်ဖို့တော့ […]


”   နောက်ဆုံးစကား”   အလုံးစုံ ပျက်စီးခြင်းရဲ့အဆုံး သုံးမရ ပြင်မရ ဒီဘဝရောက်မှတော့ သံယောဇဉ်တွေ အစိမ်းလိုက်ဖြတ် ပြတ်သားစွာ အားလုံးရပ် ငါ့ကိုချန်ထားခဲ့ပါတော့။   ကိုပေါက်လက်ဆောင်အတွေးစဉ် ၂၈၇၁၆  


alinsettJuly 29, 20162min04
              သစ်ရွက်တို့. . .လေတိုက်သောကြောင့် လှုပ်လှုပ်ခက်ခက် ဖြစ်သွားသည်။ တဖျတ်ဖျတ်အသံတို့ အဆက်မပြတ်။ လေက ဟူးဟူးရားရား။ မကြာသေးခင်ကမှ တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တောအုပ်သည် ဗြုန်းခနဲ မျက်လှည့်ပြလိုက်သလို လှုပ်ရွဆူညံသော တောအုပ်တစ်အုပ် ဖြစ်သွားသည်။   မနီးမဝေးဆီမှ . . .ရေစီးသံ သဲ့သဲ့ ထွက်ပေါ်နေသည်။ သာမန် စမ်းချောင်းတစ်ခုဆီမှ ထွက်သည့်အသံလိုမျိုး တသွဲ့သွဲ့မဟုတ်။ ကုန်းမြေမြင့်ဆီမှ ထိုးဆင်းကျလာသည့် ရေစီးသံလိုမျိုး တဝေါဝေါအသံများပင် ကြားရသည်။   ဤတဲကလေး အနီးမှာတော့ တောအုပ်က ပို၍ နက်ရှိုင်းသည်။ ဤတဲကလေး ပတ်လည်တွင် သစ်သီးသစ်ဥအပင်တို့ နတ်စီခြယ်သလိုပေါက်ရောက်သည်။ ပေါက်ရောက်ရှင်သန်နေသမျှ အပင်တို့သည် ဤတဲကလေးကို တည်ဆောက်ခဲ့သော လူသားအတွက် […]


sorrowJuly 28, 20161min025
ကျွန်တော်တို့ ခရီးမထွက်တတ်ကြဘူး .. . Travel Planner တစ်ယောက်ရဲ့ အမြင်ကိုပြောရရင် … ကျွန်တော်တို့ အခြေခံအချက်သုံးချက်နဲ့ စဉ်းစားပါတယ် ။ နေရာ ။ သက်တောင့်သက်တာရှိမှု နဲ့ ပျော်ရွှင်မှုပါ ။ ငွေကြေးကိုနောက်ဆုံးမှစဉ်းစားပါတယ် ။ မြင်သမျှ လွဲမှားနေတဲ့ အချက်တွေထောက်ပြရရင် .. .လေယဉ်လက်မှတ်ရွေးချယ်တာကစချင်ပါတယ် မနက်ခြောက်နာရီထွက်တဲ့လေယဉ်မျိုးကိုရွေးချယ်မိရင် အိပ်မက်ဆိုးပါ.. ခြောက်နာရီလေယဉ်အတွက် လေးနာရီချက်ကင် ဝင်ရမယ် .. ဆိုတော့ကာ သုံးနာရီ အနည်းဆုံးထရမယ် ….အိပ်ရေးပျက်ပြီးပင်ပန်းနေတဲ့လူအတွက် ..အဲ့နေ့က မလန်းဆန်းနိုင်တော့တာ ငြင်းမရတဲ့အမှန်တရားပါ ..ဈေးသက်သာတဲ့လေယဉ်အများစုက အချိန်မကောင်းပါဘူး ..မနက်အစောကြီးဖြစ်ရင်ဖြစ် ..ညသန်ခေါင်ဖြစ်ရင်ဖြစ်ပါမယ် ။ နောက်တခုက. ကျွန်တော်တို့ နေရာစုံကိုအချိန်တိုအတွင်းငွေအနည်းဆုံးနဲ့သွားချင်ကြပါတယ် ။ ဓါတ်ပုံရိုက်ချင်ပါတယ် ။ ရောက်ဖူးကြောင်း ဖေ့ဘွတ်တင်ချင်ပါတယ် ။ အမှားတော့မဟုတ်ပါဘူး ။ […]


  “အမိူက်ကစ၍ ”   ကျနော်မိတ်ဆွေတွေနဲ့ပါတ်သက်ရင် တစ်ခါတစ်ခါ ရီစရာလေးတွေတွေ့တတ်ပါတယ်။ ကျနော်ကအလုပ်ကိစ္စနဲ့မပါတ်သက်တဲ့ ကျနော့်လူမူ့ရေးဘဝမှာပွင့်ပွင့်လင်းလင်းဘဲနေ တတ်ပြောတတ်ပါတယ်။ ဘယ်သွားမှာ ဘာလုပ်မှာ ဘာသွားစားမှာ ဆိုတာမျိုးတွေပေါ့။ နောက် ကျနော်က မိတ်ဆွေမက်သလို အလေးအနကိထားပြီးလဲပေါင်းတတ်ပါတယ်။   ကျနော့်မိတ်ဆွေတော်တော်များများကလဲ သူတို့ရဲ့ကိစ္စတွေဘာတွေကိုလဲတိုင်ပင်လေ့ ပြောပြလေ့ရှိပါတယ်။ ကျနော်ကလဲသိသလောက်မှတ်သလောက် အကြံပေးသလို  တတ်နိုင်သလောက်လဲ ကူညီပေးတတ်ပါတယ်။   အဲ့တော့ မိတ်ဆွေတွေရဲ့ကိစ္စတွကို ကျနော်သိနေတယ်လို့ထင်တတ်ပါတယ်။ တစ်ခါတစ်ရံမှာကျနော်နဲ့သိပ်ရင်းနှီးတဲ့ မိတ်ဆွေတွေက ကျနော့်ကိုမပြောဘဲထိန်ချန် ထားတာမျိုးတွေရှိတတ်ပါတယ်။ တိုက်ဆိုင်ချင်တော့ ကျနော်သိတယ်မှတ်ပြီး နောက်တစ်ယောက်ကလာပြောရော။ အဲ့အခါမျိုးမှာကျနော်ကလဲသိသလိုလိုနဲ့ ချော်လဲရောထိုင်လုပ်ရတော့တာပေါ့။   တစ်ခါက ဆိုပါစို့ ကျနော်သိပ်ရင်းတဲ့သူငယ်ချင်းရဲ့ ညီလေးစေ့စပ်ပွဲလုပ်တော့ လိုက်ခဲ့ပါဆိုတော့ မနက်ကတည်းက လုက်ပေးရတာပေါ့။ ကျနော်နဲ့နှစ်ဖက်လုံးကလဲရင်းနှီးနေတာကိုး။   ညနေလဲရောက်ရောက်ရော သူငယ်ချင်းတစ်ယေက် က မနက်ကစေ့စပ်တဲ့ကောင်လေးရဲ့ ညစာ စားပွဲကို […]


ကိုယ်ပြန်လာပြီ :528: ခေါင်းကျန်ခဲ့သည် ရွာထဲပြန်ဝင် ဘလာဘလာလုပ်ပါမည် တကယ်တန်းကျ ဒဂျီးဆီကပိုက်ပိုက်ပြန်လာနှိုက်ခြင်းဖြစ်ပါသည် တသိန်းပြည့်လျှင်မုန့်ကျွေးပါမည် :k:


ဇီဇီJuly 27, 20168min020
  အရောင် အတွဲအစပ်တွေ ရေးမယ် ဆိုပေမဲ့ အရောင်ကို အလှတရားအနေနဲ့ပဲ မြင်တတ်တယ်လို့ ကြိုတင် ဝန်ခံထားပါရစေ။ အရောင်မှာ အပူရောင်တို့ အအေးရောင်တို့ ဘာကိုယ်စားပြု ဘာညာ သိပ်မသိပါဘူးး။ ကိုယ်နဲ့ လိုက်တဲ့ အရောင်မှန်သမျှကို ဝတ်ပြီး လှတယ်ထင်တဲ့ အရောင်မှန်သမျှကို ကြိုက်ပါတယ်။ . . ကိုယ်က အသားညိုတာမို့ အရင်ကဆို အရောင်အမှိုင်းနဲ့ အနက် ကိုပဲ ရွေးချယ်လေ့ရှိပါတယ်။ မွေးမေလေ့ဆုံးမဖူးတာကိုပြောရမယ်ဆိုရင် သဘာဝတရားကြီးက အရောင်စုံပေးထားတာ ကိုမသုံးနိုင်ရင် နင် အရှုံးတဲ့။ အဲတော့ ကိုယ့်မယ် ကြိုးစားပြီး လှရာလှကြောင်းအရောင်တောက်လေးတွေ ကြိုးစား ဝတ်ရာက စလုံးလည်း ရောက်ရော နည်းနည်း ဂွမ်းပါတယ်။ ကိုယ် ဝတ်နေကျ အနီရောင်ဟာ သူတို့က နေရှင်နယ်ဒေးတို့ နှစ်ကူးတို့မှ ဝတ်ပါသတဲ့။ […]


ဇီဇီJuly 26, 20162min026
အဝတ်အစားကတင်ကို ဘယ်၂ ပိုင်း သွားမယ် မသိ။ 🙄 ပြောချင်သလောက် ပြောနိုင်သလောက် တဖြေးဖြေးသွားကြတာပေါ့။ အမျိုးသမီးတိုင်း ကြုံဖူးမှာပါ။ ဝယ်ထားတာတွေလည်း အများကြီး၊ ဗီရိုကလည်း ပြည့်နေပြီ။ ဒါပေမဲ့ အရေးဟယ်အကြောင်းဟယ်ဆို ဘာဝတ်ရမှန်းမသိ။ အဲဒီ အချိန် နာ့ မှာ ဝတ်စရာမရှိပါလား ညည်းမိရော။ ကြားတဲ့ မြင်တဲ့သူ အမြင်ကပ်တာပေါ့နော့။ :mrgreenn: ဒီနေရာမှာ ဖြတ်ပြောစရာရှိတာက …………. တချို့က ပြောတယ်ဗျ။ အလှပြင်တတ်ရင် ဝတ်ချင်စားချင်စိတ်ရှိရင် “လင်က တစ်ယောက်ပဲ ရမှာ” ဆိုတာမျိုးး၊ ပြောတဲ့သူကတော့ သူ့ဘဝမှာ လင်ရဖို့ မယားရဖို့ ပဲ ပန်းတိုင်ထားလို့ ထင်ရဲ့။ အမှန်တော့ အလှပြင်ချင် လှချင်ခြင်းဟာ လင်ရဖို့ မရဖို့ ကိစ္စရပ်နဲ့ အဝေးကြီးး၊ အတွေးတွေထဲ သုတ်ပိုးရောက်နေတဲ့ […]


မနေ့ကပဲ နင်းနင်း ရဲ့ အလင်းပြပို့စ် မှာ ဝင်အာနေသေးတယ်။ ကွန်ဖော့ဇုန် က ဘာညာကွိကွ ဆိုပြီး။ အခုတော့ ကိုယ်လဲ ကိုယ့် ကွန်ဖော့ဇုန်ကနေ ခွာရမယ့် အချိန်ရောက်လာပြီ။ အလုပ်က IT နဲ့ လုပ်တာကိုး အလုပ်စဝင်ကထဲက ပရောဂျက် ပဲ လုပ်ရတယ်။ မိတင် တွေ ဘာတွေ တက်ရမယ် ဆိုလဲ ကိုယ်က နားထောင်သမား သာသာလောက် ပဲ။ အဖွဲ့ထဲမှာလဲ လူက သိပ်မရှိ ပြီးတော့ ကိုယ့် ပရောဂျက် က တော်တော်လေး standalone ဆန်တယ်။ ဒီတော့ လူတွေနဲ့ ဆက်ဆံရ စကားပြောရ ဆွေးနွေးညှိနှိုင်း ရတာ အတော် ရှားပါးတယ်။ ကိုယ်ကလဲ အစထဲက anti social သာသာ ဆိုတော့ အလုပ်နဲ့ လူနဲ့က […]


– ဒီတခါ ရေးတာကို ရေမြေ့သနင်းတယောက် လိုင်းပြောင်းတယ် ထင်မှာပဲ… တကယ်တော့ ဂျန်နဝါရီနောလစ်(General Knowledge) ကနေ မသွေဖီပါဘူးဗျာ… -သိချင်တာလေးကို သေချာလေ့လာရင် ခေါင်းတလုံးတည်းထက်စာရင် အများနဲ့က ပိုကောင်းမလားလို့ပါ… ပြီးတော့ ဒီရွာလေးက ကွန်မန့်ကအစ သေချာမန့်ကြတော့ ဖတ်ရတာရော ပေးရတဲ့ အချိန်ရော မျက်လုံးရော အားလုံး အိုကေတယ်ဗျ… -ဖေ့စ်ဘွတ်မှာဆို အကြောင်းအရာတခုတင်တယ် ကြိုက်ရင် စွတ်ကြိုက် စွတ်ကို ချီးကျူးပြီး၊ မကြိုက်ရင် ရစရာတောင် မရှိဘူး မန့်ကြတယ်…တခါတလေ ယုတ်ယုတ်ညံ့ညံ့ကို မန့်ကြတယ်… ကောင်းတဲ့ မန့်က ရှားတယ်… -တခါတလေတော့လဲ ပါတတ်တယ်.. ကိုယ်မသိသေးတဲ့ အကြောင်းအရာလေးတွေကို မှီငြမ်းပုံစံ ဒါမှမဟုတ် ကိုယ့်ဘဝ အတွေ့အကြုံနဲ့ ယှဉ်ပြီး မန့်ပေးကြတယ်… ဖတ်ရတာ သိပ်ကောင်းတယ်… -တခါ… Debate […]


CourageJuly 25, 20161min014
သူချစ်တတ်သည်     “ခလွမ်… … …” စက်ရာဆောင်အတွင်းမှ ပြုတ်ကျ ကွဲကျေသံများက ရာဝဏကို မနှစ်မျို့ဖွယ် စီးကြိုလိုက်သည်။ “သွား… ငါဒါတွေမစားချင်ဘူး” “ဒါ… ဒါဆို… သခင်မဖုရားအနေနဲ့ ဘယ်အရာကိုများ ပွဲတော်တည်ဖို့ အာသီသရှိတော်မူပါ သလဲ မိန့်ကြားပါ ဘုရား” “ငါ ဘာကိုမှလဲ မစားချင်သလို ဘာကိုမှလဲမသောက်ချင်ဘူး။ ပြီးတော့ နင်တို့တွေရဲ့ အသားနီမျက်နှာတွေကိုလဲ မမြင်ချင်ဘူး။ သွား… ထွက်သွား… ငါ့အနားက အခုထွက်သွားကြ။” ချိနဲ့တုံရင်နေတဲ့ ရွှေစာရဲ့ အသံနဲ့ဆန့်ကျင်စွာ ခက်ထန်သောအသံတစ်ခုကို ရာဝဏကြားလိုက်ရသည်။ ‘အလို… သီတာ… သီတာ… နှမတော်လေးရယ်။ မင်းရဲ့ နှင်းဆီဖူး နှုတ်ခမ်းနုနုလေးကနေ ဒီလိုစကားကြမ်းကြမ်းတွေ ဘာကြောင့်များ ထွက်ကျလာတာပါလိမ့်’ သူ့ရဲ့တစ်ကိုယ်ရေ ရေရွတ်မှုမဆုံးခင်မှာပဲ စက်ရာခန်းအတွင်းမှ ရွှေစာထွက်လာတာကို ရာဝဏတွေ့လိုက်ရသည်။ […]