မိန်းမ တစ်ယောက်ဆီမှာ……. ချမ်းသာကြွယ်ဝမှုရယ်၊ အချစ်ရယ်၊ ဒေါသရယ်၊ သွေးအေးမှုရယ်၊ အညှိုးကြီးမှုရယ်၊ ညာဏ်ကောင်းမှုရယ် အကုန် ရှိနေရင် အဲဒီ မိန်းမနား နေရတဲ့ သူတွေ ဘဝဟာ မချောင်လည်တော့ပါဘူးးး။ အေမီ ပေါ့…!!! မြင်တဲ့သူ လိုချင်လောက်အောင် လှတယ်။ အောင်မြင်နေတဲ့ စာရေးဆရာမတစ်ယောက်။ မိဘက အရမ်းချမ်းသာတယ်။ သူမ ချစ်တဲ့ အမျိုးသားကို ရယူပိုင်ဆိုင်ထားနိုင်တယ်လေ။ ဒါက အေမီ ကို လူတွေ မြင်ရတဲ့ အပိုင်းးး . . . တစ်ရက် သူ့ အမျိုးသားက အိမ်ကနေ ခဏထွက်သွားပြီး ပြန်လာချိန် အေမီ ပျောက်ခြင်းမလှ ပျောက်သွားတယ်။ ယောင်္ကျားလည်း ထူပူပြီး ရဲကို တိုင်မိတော့ ရဲအရာရှိတွေ လာစစ်ရာက စ အေမီမှန်းသိတဲ့ […]
