ko sixMay 27, 20151min05
လွန်ခဲ့တဲ့နှစ်က သီချင်းပဲဆက်ဆိုတယ် ငါးပါးသီလကို စောင့်ထိန်းခဲ့တာ ကမ္ဘာဦးကတည်းက အရောင်ပြောင်းတယ် ဗီဇမပြောင်းဘူး သူလည်း လူတွေနဲ့ပေါင်းမိတော့ အမှိုက်ကို သန့်သန့်ရှင်းရှင်း မစွန့်တော့ဘူး ငါ မင်းနဲ့ပြောင်းပြန်အချိုးကို တပ်မက်နေတာ ရှိစေတော့ အသွားအပြန်အတွက် ဓားလှံတွေနဲ့ နှုတ်ကြရုံ။ ကိုစစ်


“လိမ်တယ် ညာတယ်”   လိမ်တယ် ဆိုတာ အဖြစ်မှန်ကနေ သွေကွဲ သောက်တလွဲဖြစ်အောင် လုပ်ခြင်းပေါ့။ ညာတယ်ဆိုတာ မရှိတာကို အရှိလုပ် မဟုတ်တာကို အဟုတ်ထင် အမြင်တွေသွေလွဲအောင် ဖန်တီးယူတာပေါ့။   လိမ်တယ်ညာတယ် ဆိုသူတွေထဲမှာ အချို့က ပိပိ ရိ ရိ လိမ်မှန်းတောင် သိတောင် မသိလိုက်ရဘူး။ အချို့ကတော့ တစ်ဝက်ဖုံး တစ်ဝက်ဖော် သိပ်မတော်ဘူးလို့ ဆိုနိုင်ပါတယ်။ အချိုကတော့ မရေမရာ လိမ်နေတာ အကုန်ပေါ် သို့သော် အခြေအနေအရ မသိချင်ယောင် ဆောင် ပေး ရ သပေါ့ဗျာ။   ဟိုးရှေးရှေးက တစ်ကမ္ဘာလုံးကို ပက်လက်လှန် ကြွက်ကြွက်ညံအောင် လုပ်ခဲ့သူ နုတ်ခမ်းမွှေးတိုစစနဲ့ ဟစ်တလာဆိုသူ ပြောတဲ့စကား တစ်ကမ္ဘာလုံးဖျားသွားဘူးတယ်။ အဲသဟာ စိန်ရွှေငွေတို့အကြိုက်ပေါ့။ “လိမ်စရာ […]


SawAungMay 26, 20151min04
ဘဝဟာ “ထောက်”ကနဲ ပွင့်ထွက်လာတဲ့ မီးတောက်မဟုတ်တာ သေချာတယ်။ တစ်ငွေ့ငွေ့နဲ့ လောင်ကျွမ်းနေတဲ့ မီးတောင်လိုမျိုး။   “ဖျတ်”ကနဲ ဆိုတဲ့ မျက်တောင်တစ်ခတ်စာလိုမျိုး အဖြစ်အပျက်ဟာ အပြိုင်းအရိုင်းဖူးပွင့်တယ်။   ရောက်ရွက်ဝါတွေ လေမှာဝေ့ဝဲနေသလိုမျိုး မသိတသိနေရာက ဘဝတွေဟာ ဝေ့ဝေ့ဝဲဝဲ။   ရယ်သံတွေကြားမှာ ဘဝတွေရှိတယ်…. ငိုသံတွေကြားမှာ ဘဝတွေရှိတယ်…. ရှိုက်သံတွေကြားမှာ ဘာတွေရှိဦးမလဲ အကြိမ်အခါခါ စဉ်းစားတယ်။   ဖန်ခွက်အလွတ်တစ်ခု ကျကွဲသံနဲ့ ရေပါတဲ့ဖန်ခွက်တစ်ခု ကျကွဲသံ ဘယ်အရာက ကြေကွဲစရာကောင်းသလဲ နောက်ဆုံးတော့ ရယ်သံခပ်အက်အက်တစ်ခုထွက်လာတယ်။   အယူအဆနဲ့ အတ္တတွေကြားထဲကနေ နည်းနည်းလောက် ဖယ်ပြီးအပြင်ကိုကြည့် ရှင်းသန့်တဲ့ အရာတစ်ခုကို ထိတွေ့ (သို့) ရှူ ရှိုက်မိလိမ့်မယ်။   အမုန်းတရားဟာ မီးတောင်ပေါက်ကွဲသလို လွင့်စင်တတ်သလိုမျိုး။ အတ္တတစ်ခုမှာလည်း အဲသည်အရည်အချင်းရှိတယ်။ […]


Ma MaMay 26, 20154min014
တစ်နေ့ပြီးတစ်နေ့ (၁၃) ကတော့ ဇွန်လရဲ့ ဒုတိယပိုင်း ၁၆ရက်နေ့ကနေ ၃ဝရက်နေ့အထိ ကာတွန်းတွေရဲ့ ဒဿ န တွေ ဖြစ်ပါတယ်။   အရင်ပိုစ့်တွေကိုပြန်ဖတ်တဲ့အခါ ဘယ်လပိုင်းကကာတွန်းဆိုတာ သိအောင် မနည်းပြန်ရှာဖတ်ရလို့ ကာတွန်းတွေရဲ့ ရက်အပိုင်းအခြားကို အခုလို ပိုစ့်ရဲ့နိဒါန်းမှာ ထည့်ရေးသွားပါမယ်။     ကဲ…… စကြရအောင်။   လူတစ်ယောက်ချင်းစီရဲ့စွမ်းအင်ကို ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘယ်လိုအသုံးပြုမယ်လို့ စနစ်တကျ စီမံတတ်ရင်၊ သူ့နေရာနဲ့သူ သင်တော်မယ့်တာဝန်ကို ခွဲဝေပေးတတ်ရင် လုပ်ငန်းကိုလွယ်ကူစွာ ပြီးမြောက်အောင်မြင်စေနိုင်ပါတယ်။   ဒါပေမယ့် အပြောလွယ်သလောက် အလုပ်ခက်တဲ့အထဲ စီမံခန့်ခွဲမှုကို ထည့်သွင်းချင်ပါတယ်။ :s: ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ပြောသူ မရဲ၊  ရဲသူ မပြော တဲ့။ ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော် တဲ့။   ကြားဖူးတဲ့ […]


SawAungMay 25, 20151min010
“မေ”ဆိုတဲ့      ကဆုန်-နယုန် ကုန်ခါနီး         အမီလေးမှာ မိုးတွေကဆုန်။   ဆုန်ပါလေ့      ကိုရွှေမိုး ကိုယ်တို့မြို့     ရန်ကုန်ကြီးမှာ ရေတွေက တိုး။   တိုးကာရယ်     ရေတွေဖွေးဖွေး အေးရက်တဲ့    ရာသီရယ် အိမ်ပေါ်မှာ     စောင်ခြုံကွေးမယ်ဟဲ့ စိတ်ကူးအတွေး။   တွေးမိတဲ့        အတွေးကိုချင့် ပျင်းရိတဲ့         စိတ်အစဉ်ရယ် ရန်ကုန်က      ရေတွေတိုးကာလို့ ရုံးတက်ရမလေး။   လေးပင်တဲ့စိတ်ကို      တွန်းကာပိုကာဟဲ့ တိုးတက်ဟဲ့              ဘတ်စ်ကားကိုလေ ပျိုတို့မောင်               တိုးကာတက်ရတယ် ခပ်သွက်သွက်ပြေး။   ပြေးကာသွားကာ        ဒီရန်ကုန်ရယ် ရယ်မောကာ             မနေနိုင်ပေမယ့် ဘဝအတွက်             ရုံးကန်ရသည်မို့ ရုံးအပြန်                  ငိုက်ကာနေမိတယ် မောင့်အဖြစ်မသေး။   ……………………. အောင်မိုးသူ  


aye.kkMay 25, 20151min09
တကယ်ဆို ကျမရဲ့ဆိုးတဲ့စိတ်ဟာ သူတစ်ပါးအတွက် အကျိုးမရှိပါဘူး။ ကိုယ့်အတွက်လည်း အကျိုးမရှိပါဘူး။ “တကယ်ဟုတ်ရဲ့လား”လို့ဆိုမိတတ်တဲ့ မယုံကြည်တတ်တဲ့ အဲဒီနှုတ်ထွက် စကါးလေးက ကျမပြောနေကြဖြစ်ခဲ့ပါတယ်။ မသေချာတဲ့ အကြောင်းအရာကိစ္စ တစ်ခုကို သေချာရဲ့လား?လို့ မသိလို့ပြန်မေးတဲ့ စကါးတော့ မဟုတ်ပါဘူး။ တဖက်သားက သေချာစွာသိလို့ ကျမကို ပြောပြလာတဲ့အခါ ကျမက “တကယ်ဟုတ်ရဲ့လား” လို့ဆိုပြီး သံသယစိတ်ဖြင့် ပြန်မေးမိတတ်လို့ပါပဲ။ တကယ်ဆို အဲဒီစကါးလေးက တဖက်သားအပေါ်ကို ကျမက မယုံကြည်လို့ ပြန်မေးမိတဲ့ သဘောပါ။ တဖက်သားဆီကနေ တစ်ခါတစ်ရံ,ကိုယ်မယုံကြည် နိုင်လောက်တဲ့ အကြောင်းအရာ ကိစ္စတွေကို ကြားရ,သိရတဲ့အခါမှာ “တကယ်ဟုတ်ရဲ ့လား”ဆိုတဲ့ စကါးကို ကျမရဲ ့နုှတ်ကနေ အလိုလိုပဲ လွယ်လွယ်ကူကူနဲ ့ထွက်မိပါတယ်။ အဲလို ပြောဆိုမိတာကလဲ  တဖက်သားပြောပြတဲ့ စကါးကို ကျမအနေနဲ ့ နားထောင်ပြီး […]


padonmarMay 24, 20151min038
ဒွေးလေးပဒုမ္မာကို သူ့ညီမတော် မလတ်က ညဇီးကွက်လို့ နာမည်ပြောင်ပေးထားတယ်။ ဟုတ်လည်းဟုတ်တာပဲ။ဒေါ်ပဒုမ္မာက အလုပ်ကနေ ညနေ ၆နာရီခွဲလောက်မှာ အိမ်ပြန်ရောက်၊ရေမိုးချိုး၊ ထမင်းစားပြီးချိန် ည၈နာရီလောက်ကနေစပြီး ကမာ္ဘကြီးကို ဖန်သားပြင်ကနေ ချောင်းကြည့်လေ့ရှိပါတယ်။ ဒီကနေ့ညလည်း အီးမေးတွေ ဂျီမေးတွေကို အရင်စစ်၊စာပြန်စရာရှိတာတွေ စာစီပြီးပြန်၊တလက်စတည်း ဟိုဖက်မှာ tab တွေဖွင့်ထားပြီး အဂ္ဂမဟာ ဖွဘုတ်တော်ကြီးကနေ ဘယ်သူတွေ စုပြီး စားကြသောက်ကြသလဲ၊ငါ့အကြောင်းဘာတွေ ထည့်ပြီး tag ကြ mention လုပ်ကြသလဲဆိုတာ စစ်၊ မိတ်ဆွေတွေရဲ့ ဘာညာသာရကာတွေကို Like လုပ်ရ၊ Comment ပေးချင်တာလေးတွေပေးရ၊နောက် tab တခုကနေတော့ ဂဇက်ကို စိတ်ရှည်လက်ရှည် ဝင်ဖို့ကြိုးစားရ။အဲဒါတွေနဲ့ တင် နာရီလက်တံ ၂ပတ်လည်ပြီး ည ၁ဝနာရီ ထိုးပါလေရော။ ဖန်သားပြင်က Virtual world ကြီးက […]


Kaung Kin PyarMay 24, 20151min017
ဘာမှ မဟုတ်ပါဘူး…… ညက မက်တဲ့ အိပ်မက်လေး မှတ်မှတ်ရ ရ ဖြစ်နေလို့… ———————————————————– `ဆု ဦး အောင်´ `ဆု ဦး အောင်´ ကျမနာမည် ခေါ်နေသံကြားလိုက်လို့ ကျမ ဘေးပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်တယ်……။ ကျမရောက်နေတဲ့ နေရာက တောအုပ်တစ်ခုထဲမှာ…… ။ ပန်းတွေကလဲ ပွင့်လို့… ငှက်သံလေးတွေကိုလဲ ကြားနေရတယ်။ `ဆု ဦး အောင်´ `ဆု ဦး အောင်´ ထပ်ခေါ်ပြန်ပြီ။ ကျမ သေချာအောင် ဘေးပတ်ဝန်းကျင်ကို တစ်ခုချင်း စေ့စေ့စပ်စပ် လိုက်ကြည့်တယ်။ ဟင်!!! တွေ့ပါပြီ… ။ သစ်ပင်ကြီးကြီးတစ်ပင်ရဲ့အနောက်မှာ မျက်နှာ ပေါ်ရုံ ခေါင်းစွပ်အမည်းကြီးခြုံထားတဲ့ အဖွားကြီးတစ်ယောက်…… (Snow White ထဲက မင်းသမီးကို ပန်းသီးကျွေးတဲ့ စုန်းမကြီးလို ပုံစံမျိုးနဲ့……)။ သူမက အပင်ကြီးတစ်ပင်နဲ့ကွယ်နေတော့ ကျမ သူမကို တော်ရုံမမြင်နိုင်ခဲ့ဘူး……။ သူမပုံစံကိုကြည့်ပြီးတော့ ကျမ လန့်သွားတယ်… အခြေအနေကြည့်ရတာ ကိုယ့်ဘက်ကောင်းလာနိုင်ဖို့ မရှိတဲ့ပုံစံလေ…။ အာလာဒင်ထဲက […]


Ma MaMay 24, 20155min018
တစ်နေ့ပြီးတစ်နေ့ရေးလာတာ အခုဆိုရင် အပိုင်း (၁၂)  ဇွန်လကာတွန်း ၁ရက်နေ့ကနေ ၁၅ ရက်နေ့  အလှည့်ကို ရောက်လာပါပြီ။ 🙂   ပိုစ့်ကိုစပြီးရေးတုန်းက ပြက္ခဒိန်နေ့စွဲအတိုင်း ရေးသွားမှာမို့ ခေါင်းစဉ်ကို တစ်နေ့ပြီးတစ်နေ့ လို့ ပေးလိုက်မိတယ်။   ရေးရင်းရေးရင်းနဲ့ စဉ်းစားမိတာက….. တစ်နေ့ပြီးတစ်နေ့ ဆိုတာထက် တစ်ရက်ပြီးတစ်ရက် ဆိုရင် ပိုမှန်လေမလားလို့။ 🙄   ရုံးစာရေးတဲ့အခါ (Date) ရေးရင် နေ့စွဲလို့ ခေါင်းစဉ်မတပ်ပဲ၊ ရက်စွဲလို့ပဲ ခေါင်းစဉ်တပ်ရတယ်လို့ မြန်မာစာဆရာမက သင်ပေးဖူးတာကို သတိရမိသွားလို့။   တနင်္လာနေ့၊ အင်္ဂ ါနေ့စတဲ့ နေ့တွေကို အစွဲပြုပြီးရေးတာကိုမှ နေ့စွဲ။ ၁ရက်၊ ၂ရက်၊ စသဖြင့် ရက်ကို အစွဲပြုပြီးရေးတဲ့ (Date) ကိုတော့ ရက်စွဲ လို့ […]


padonmarMay 23, 20151min028
ရွံတတ်ရင်တော့ ဆက်မဖတ်ပါနဲ့နော်။ ဟုတ်တယ်လေ၊တီကောင်ဆိုတာ စာထဲမှာတောင် တော်တော်ရွံဖို့ကောင်းပါတယ်။ ထိလိုက်မိရင်လည်း အေးစက်စက် ပျော့စိစိ ချွဲတဲတဲနဲ့။ ကျမလည်း အစက တီကောင်မြင်ရင် ကြောက်တော့ မကြောက်ပေမယ့် ရွံမိပါတယ်။အပင်တွေ စိုက်ဖို့ မြေကြီးတူးဆွရင်း အမှတ်တမဲ့များ တီကောင် မည်းမည်းဝဝကြီးတွေကို ကိုင်မိရင် အလန့်တကြား လွှင့်ပစ်မိခဲ့ပါတယ်။ အခုတော့ ကျမ တီကောင်တွေနဲ့ မိတ်ဆွေ ဖြစ်နေပါပြီ။ မိုးလေး တပြိုက်နှစ်ပြိုက်ရွာလိုက်ပြီဆိုရင် သူတို့နဲ့ ကျမ မျက်နှာချင်းဆိုင်တွေ့ရပါပြီ။ တီကောင်တွေ့တာများ ဆန်းတာလိုက်လို့။ဒါပေမယ့် သူတို့ ကျမကို လာတွေ့တဲ့နေရာက တီကောင်တွေ ကျက်စားလေ့ရှိ်တဲ့ မြေကြီးကနေ ၁၅ပေ လောက်မြင့်မယ့် အိမ်အပေါ်ထပ်က ကျမရဲ့ ရေချိုးခန်းမှာပါ။ အိမ်မှာ တခြားရေချိုးခန်းတွေ ရှိပေမယ့် ကျမရေချိုးခန်းကို ကိုယ်တော်တွေ မချောတွေက ဘာကြိုက်ကြတယ်မသိပါဘူး။ မြေဆွဲအား ဆန့်ကျင်ပြီး […]


အရှေ့မှာ ရေးခဲ့တဲ့ ကနဦး ကို ဆက်ပါပြီ။ သမီး ၃ယောက် မှာ  အမေ တစ်ယောက်ဘဲ ကံကောင်းစွာ (သို့) ကံမကောင်းစွာ အိမ်ထောင်ကျ ပါတယ်။ တကယ်တော့ အဖွားက သူ့ သမီး တွေကို အိမ်ထောင်ပြုပေးဖို့ စိတ်မကူးပါဘူး။ အမေ ကို အဖိုး ရဲ့ ညီမ တစ်ယောက်က အတင်းယူ မွေးစား ထားလို့ သူ့သဘော အတင်းလုပ်မရတာလဲ ပါမှာပေါ့။ သူတို့ လုပ်ငန်းဖက်တစ်ယောက် က သားသမီးချင်း စပ်ချင်တာနဲ့ အတင်းတောင်းတော့ ပေးလိုက်ရတာ။ အဲဒီ အချိန်က လုပ်ငန်းရှင် တွေ က အစိုးရ ဝန်ထမ်းအရာရှိမျိုး တွေ ကို အထင်ကြီးတာ ရော။ (နောက်ပိုင်း သူတို့မှာ အရာရှိ ဖြစ်သော သား […]


ကာရံMay 23, 20151min05
လောဘကင်းတဲ့ စိတ်ကလေးဖြစ်ပါစေသား ခွင့်ရက်လေးမပြန်ခင် တနင်္ဂနွေတစ်ရက်သူငယ်ချင်းမင်္ဂလာဆောင်သွားဖို့ ကားဂိတ်မှာကားစောင့်နေတုန်း ကာရံရဲ့နံဘေးမှာအသက်၆၅ဝန်းကျင်အဖွားအိုနှစ်ယောက်ကားဌားနေတာကိုအမှတ်မထင်တွေ့မြင်မိပါတယ် . . . . အဖွားအိုတို့က သင်္ကန်းကျွန်းစံပြဈေးသွားမလို့အဌားကားတားစီးနေကြပါတယ် အချိန်ကတော့ ၉နာရီဝန်းကျင်မို့ လူလည်းအနည်းငယ်ရှင်းချိန်ပေါ့ အတော်လေးကြာတော့အဌားကားတစ်စီးရောက်လာပါတယ် ့. အမေတို့ စံပြဈေးသွားချင်လို့ပါ . ကားသမားက ၂၅၀ဝပေးရမယ် . အဲဒါနဲ့အဖွားတစ်ယောက်က ၁၅၀ဝထားလိုက်ပါသားရယ် . ကားသမားကလည်း မရဘူးဗျကားတွေကအရမ်းပိတ်တယ်ပြောပြီး မောင်းထွက်သွားပါတယ် နောက်တားလဲထို့အတူပြောပြီးပြီးထွက်သွားကြပါတယ် ကာရံလည်းအမြင်မတော်တာနဲ့ ကားဌားပေးဖို့ဆုံးဖြတ်ပြီးအဖွားအိုဆီသို့သွားမေးလိုက်ပါတယ် အမေတို့က စံပြဈေးသွားမလို့ပါ ကားသမားတွေကမလိုက်ကြဘူးလေ အမေတို့မှာလည်းပိုက်ဆံကအလုံအလောက်မပါလာဘူး ကာရံကလည်း ဟုတ်ကဲ့သားကူညီပေးပါ့မယ်ဆိုပြီးကားဌားပါတော့တယ် ခက်တာကရန်ကုန်မရောက်တာလဲကြာတော့နည်းနည်းအခက်တွေ့ပါတော့တယ် ပထမကားတစ်စီးရောက်လာပါတယ် ကာရံကလည်း အစ်ကိုစံပြဈေးသွားမလို့ အဖွားအိုနှစ်ယောက်ထဲပါ ဘယ်လောက်ပေးရမလဲ ၂၅၀ဝတောင်းပါတယ် ဒါနဲ့ကာရံကလည်း အစ်ကိုရယ် ၁ဈေးနဲ့စံပြဈေးကနီးနီးလေးပါ နောက်ပြီးပိတ်ရက် လမ်းလည်းရှင်းပါတယ်၁၅၀ဝထားလိုက်ပါလို့ပြောရင်း ကားသမားက မရဘူးလမ်းတွေပိတ်နေတယ်ပြောပြီးမောင်းထွက်သွားပါတော့တယ် အတော်လေးကြာတော့နောက်တစ်စီးကိုလက်တားရင်း မေးပြန်ပါတယ် အစ်ကိုဘယ်သွားမလို့လဲ […]


. ပြီးခဲ့တဲ့ အပါတ်ထဲ က အလင်းချို ရဲ့ “စဉ်းစားကြည့်ပါ ပရိတ်သတ်ကြီးရယ်” ကိုဖတ်ပြီး အတိတ် ကို ပြန်ပြေးသွား ရင်း လွမ်းမိပါရဲ့။ ရွာထဲ အမြဲ ပြောလေ့ ရှိတဲ့ ကျွန်မ ရဲ့ ချစ်စွာသော အဖွား နဲ့ သူ၏ သမီး များကိုပေါ့။ အဖေ့ရဲ့ အမေ က အစ်ကို့ ကို အသည်း မို့ ကိုယ်က အမေ့ အမေ တို့ ဘက် ကို ရောက်သွားရော။ . နွေ ကျောင်းပိတ်တိုင်း အဖွားရှိတဲ့ အမေ့ ရဲ့ ဇာတိမြို့ လေး ဆီ အပြေးသွားလေ့ရှိတာပါ။ အဲဒီတုန်းက ဒီနေ့အချိန်လို အဝေးပြေးကား တွေ မရှိပါဘူး။ […]