“ကျနော်ဓါတ်ဖမ်းသမား” (၅) (ဓါတ်ဖမ်းသူနဲ့ဓါတ်ကြည့်သူ) အရင်က ဓါတ်ပုံတွေဘာလို့မတင်ကြသလဲဆိုတာကတော့ နှစ်ချက်ရှိပါတယ်။ ပထမ အချက်က ဖေစ်ဘုတ်ဆိုတာ ရှယ်ချင်သလိုရှယ် လုပ်ချင်သလိုလုပ်လို့ရတဲ့နေရာဖြစ်နေပါတယ်။ ဓါတ်ပုံတစ်ပုံဆိုတာက အချိန် ၊ငွေကြေး၊ဖန်တီးမူ့အတတ်ပညာနဲ့စိတ်ခံစားမူ့ တို့ပေါင်းစပ်မှရလာနိုင်တဲ့ အနုပညာပစ္စည်းတစ်ခုဖြစ်ပါတယ်။ အဲတော့ ကိုယ်အပင်ပန်းခံရိုက်ထားတဲ့ ပုံလေးတစ်ပုံကို အလွယ်တကူ ယူပြီး ကိုယ့် နာမယ်ကိုယ် ခပ်တည်တည်ပြန်ရေးတဲ့သူတွေ လက်ထဲရောက်သွားမှာကိုတော့ ဘယ်ဓါတ်ဖမ်းသူမှ အဖြစ်မခံချင်ပါဘူး။ အဲတော့ ဓါတ်ဖမ်းဆရာအစစ်တွေက ဖေစ်ဘုတ်မှာ ပုံမတင်ကြပါဘူး။ ဒုတိယအချက်က ပြိုင်ပွဲ ဝင် မဝင် ဆိုတာနဲ့ဆိုင်ပါတယ်။ ကျနော်သိသလောက် ဟိုအရင်က ဓါတ်ဆရာကြီးများက ကိုယ်ဓါတ်ဖမ်းခဲ့တဲ့ နေရာကို အလွယ်တကူပြလေ့မရှိပါဘူး။ ပြိုင်ပွဲဝင်ဓါတ်ပုံဆိုတာ သူများထက် ထူးနေ သာနေဘို့ လိုတယ်လေ။ ဒီတော့ ပြိုင်ပွဲဝင်မယ့် ဓါတ်ပုံ ကို လူတွေကြားမှာအလွယ်တကူချမပြဘူး။ မြင်ဘူးတွေ့ဘူးပြီးသား ပုံဆိုရင် အကဲဖြတ်မယ့် […]
