alinsettJune 6, 20153min08
  .မှော်ဆရာရေ… .စက်ရုပ်တစ်ရုပ်ရဲ့ ရင်ဘတ်မှာ .ဝိညာဉ်ကို ကော်နဲ့ ကပ်ပြီး .လူဖြစ်အောင်… ငါ အသက်သွင်းဖူးတယ်။       .မီးခြစ်ကျောက်ကို .လက်သည်းနဲ့ ပွင့်ထွက်အောင် တောက် .မီးတောက်ကို ခါးကလိမ်ချိုး .စီးကရက် သောက်ရင်း… သူ ချောင်းဆိုးဖူးတယ်။       .သူ့ခြေထောက်အတွက် .သူ့ဖိနပ်အတွက် .မြေပြင် သက်ခင်းပေးစရာမလို။ .“ကြယ်ကို ကြယ်နဲ့ ရံမတဲ့”       .သံအိပ်မက်ကြီးနဲ့ .ပင်လယ်ရေပွက်ထဲက …ည… .အားလုံးကို သူ …အပိုင်ရတယ်…။     .ပထမတော့… .“လ”ကို ခိုစီး .ကောင်းကင်ကြီးနဲ့ တွဲက .စက္ကူဂစ်တာတစ်လက်ပိုက်ပြီး .ပျော်လိုက်ရတာ … ။     […]


AlinchoJune 5, 20151min09
အတွေးတစ်စ မင်းဆွဲထုတ်ခဲ့တယ်။ သူ့နေရာနဲ့သူ အံဝင်ခွင်ကျနေတာကို မကြည့်ရက်ခဲ့လေသလား။ ခုတော့ နှစ်ပေါင်းများစွာ ခိုင်မာခဲ့တဲ့ ယုံကြည်မှုတွေ၊                                                                                                                                                                    လက်ခံထားတဲ့ အမှန်တရားတွေ၊ ကျင့်သုံးခဲ့တဲ့ စည်းကမ်းကလနားတွေ၊ စိုက်ထူနိုင်ခဲ့တဲ့ ဘဝမှတ်တိုင်တွေ၊ ချမှတ်ခဲ့တဲ့ အနာဂတ်အတွက် ပန်းတိုင်တွေ….. အရာတွေအားလုံး သူ့နေရာနဲ့သူ အံဝင်ခွင်ကျဖြစ်နေတာကို မရှုစိမ့်လေရော့သလား။ ရက်ရက်စက်စက် အတွေးတစ်စ မင်းဆွဲထုတ်ရက်လေတယ်။ 5/6/2015 Fri – 1:46pm


koyin sithuJune 5, 20151min013
သူများတိုင်းပြည်တွေမှာ ဝန်ထမ်းတွေဟာ စားဝတ်နေရေး ပြေလည်တဲ့ လစာဝင်ငွေ ရကြပါတယ်။ ဒါ့အပြင်၊ အမေရိကားမှာ benefit လို့ ခေါ်တဲ့ အကျိုးခံစားခွင့်တွေ ရသေးတယ်။ ကျန်းမာရေးအာမခံ၊ အငြိမ်းစားစုငွေ၊ လစာပြည့် နာမကျန်းခွင့်၊ အနားယူခွင့် စတာတွေပါ ပေးတယ်။ အစိုးရဝန်ထမ်းဖြစ်စေ၊ ကုမ္ပဏီဝန်ထမ်းဖြစ်စေ အဲလို အကျိုးခံစားခွင့် ရှိတော့ တစ်ပတ်တန်သည်၊ တစ်လတန်သည် ခွင့်ရက်ရှည် အပန်းဖြေခရီးတွေ ဘာတွေ သွားကြတယ်။ အငြိမ်းစားယူရင်လည်း ပင်စင်လစာအပြင်၊ စုငွေတွေလည်း မြိုးမြိုးမြက်မြက် ရတော့ မပူမပင် လူဖြစ်ကျိုးနပ်တယ်လို့ ခေါ်ရမှာပေါ့။ ပြောရမယ်ဆိုရင် ကျနော်တို့ ရွှေနိုင်ငံတော်ကြီးမှာ ဝန်ထမ်းဆိုတာ မသေရုံ လစာလေးတွေနဲ့ ရုန်းကန်လှုပ်ရှားရင်း စိတ်သောကတွေ ပင်လယ်ဝေနေရသူတွေပါ။ သားသမီးတွေရဲ့ အနာဂတ်ဆိုတဲ့ အဝေးဆီက ပန်းတိုင်ကိုအသာထား၊ မနက်ဖြန်အတွက် ဈေးဖိုးခက်နေကြရတယ် မဟုတ်ပါလား။ […]


“ကျနော်ဓါတ်ဖမ်းသမား” (၈) (ကျောင်းသားအသစ်ကလေး…..)   အဲဒီအချိန်မှာဘဲ ရန်ကုန်ယဉ်ကျေးမူ့တက္ကသိုလ်က ဆရာကျော်ဝင်းလှိုင်က ဓါတ်ပုံသင်တန်းမန္တလေးမှာလာဖွင့်ပါတယ်။ ကျုံးပိုင်ကြီးကလဲဆရာကျော်ဝင်းလှိုင်(ယဉ်ကျေးမူ့တက္ကသိုလ်)ရဲ့သင်တန်းကို တက်ဘို့ပြောပါတယ်။ ဆရာကျော့်သင်တန်းတက်ထားတဲ့လူတွေကလဲ ပြိုင်ပွဲတွေမှာ ဆုတွေအမြဲလိုလိုရနေတော့ ပိုပြီးသင်တန်းတက်ဘို့စိတ်ဝင်စားလာပါတယ်။ ဒါနဲ့ဘဲကျနော်လဲ သင်တန်းတက်မယ်ပြောလိုက်ပါတယ်။ သင်တန်းအမှတ်စဉ်ကတော့ လပ်ကီးဆဲဗင်း  အမှတ်စဉ် (၇)ပါ။ ကျနော်နဲ့အတူ ဓါတ်ပုံရိုက်ဖော် ရိုက်ဖက် ကိုကိုမျိုးကလဲတက်မယ်ဆိုတော့အဖော်ရသွားပါတယ်။ အမှတ်တရထဲက အမှတ်တရဆိုသလို ကျနော်တို့သင်တန်းတက်မယ့်လမှာဘဲ မန္တလေးမြို့က ညမထွက်ရဆိုတဲ့ ၁၄၄ အောက်ရောက်သွားပါတယ်။ သင်တန်းချိန်က ညနေ ၅နာရီကနေ ရနာရီလောက်ထိ။ သင်တန်း ရက် က ၂ပါတ်။ သင်တန်းကြေးက တစ်သိန်းခွဲ။ စဖွင့်တဲ့နေ့က ဇူလိုင် ၁၉ရက်နေ့။ အဲ့နေ့ကစပြီး ကျောင်းသားတစ်ယောက်လိုပြန်ဖြစ်သွားပါတယ်။ ကျနော်အရင် ကကြားသာကြားဘူူးပြီး ရေရေရာရာမသိခဲ့တဲ့ Exposure(အလင်းပမာဏ) Shutter Speed (အလင်းဝင်ချိန်) ISO(အလင်းဆွဲအား) Aperture […]


“နေ့ခင်းကြောင်တောင် ကတဲ့ ထုးိဇာတ်”   ဟိုအရင်က    ထိုးဇာတ်ဆိုတာ မရှိတာကို      အရှိလုပ် ထွင်လုံးတွေကို        ထုတ်ကာဆင် မြင်မိသူတွေက        အဟုတ်မှတ် ကြည့်မိသူ ယုံအောင် ဇာတ်လမ်းဆင် ညစဉ် ညစဉ်ပေါ့။   ခေတ်သစ်     လုပ်ဇာတ်မှာတော့ မြေခွေးတွေက သိုးယောင်ဆောင် ကြောင်လေးတွေက ကျားသစ်ဖြစ် ဝံပုလွေအစစ်ကို ယုန်လို့ထင် ခြင်္သေ့တွေက ပူးလေးဖြစ် ကျားကြီးကတော့ ကြောင်လိုနေ ဆင်ကြီးတွေက ဝက်ယောင်ဆောင် နေ့ခင်းကြောင်တောင် ကတဲ့ ပြဇာတ်လေ။   ကိုပေါက်လက်ဆောင် အတွေးစဉ် 11-3-2015        


.ဗုဒ္ဓဘာသာဝင် ဖြစ်ဖို့ဆိုတာ ပါရမီပါမှ ဖြစ်တယ်။ .ဒီစကား ကြားခဲ့ဖူးတာ ကြာလှပါပြီ။ —- .ကလေးတစ်ယောက်ကို ပုံမှန်အတိုင်း အတန်းပညာ မှန်မှန်သင်ပေးသွားရင် သူ့အတန်းအလိုက် သီဝရီတွေ၊ လောတွေ၊ ဥပမာ F=ma ကစလို့ အာကာသထဲမှာ ဘလက်ဟိုးကြီးတွေ ရှိတဲ့အကြောင်းထိ သူလက်သင့်ခံသွားမှာပဲ။ ဘာလို့ဆို အမှန်တရားတွေ ဖြစ်နေတဲ့အတွက်ကြောင့်။ .ဒါပေမယ့် ကမာ္ဘကြီးကို ဖန်ဆင်းထားတာ ဘုရားသခင်လို့ သင်ကြားတော့မယ်ဆိုရင် ဒါက အမှန်တရားမဟုတ်တော့ ဘာမှ မသိနားမလည်တဲ့အရွယ်ကစပြီး ဘရိန်းဝပ်လုပ်ရတယ်။ ဘုရားကို ကြည်ညို သဒ္ဓါစိတ်ဝင်အောင် ငယ်ကတည်းက ဘာသာသွေးကို မွေးမြူ ရတယ်။ .အစ္စလာမ်မှာ ဆိုရင်လည်း အလာဟ်ကို ယုံဖို့ ကလေးတွေကို ငယ်ကတည်းက ကိုရန်ကျမ်း သင်ပေးရတယ်။ .ကမာ္ဘကြီး ဒီလောက် ဒုက္ခရောက်နေတာတောင် ဘယ်ဘုရားမှ ဆင်းမလာပါဘူးဆိုမှ […]


alinsettJune 4, 20153min08
  မင်္ဂလာပါ ။ အပါတ်စဉ် ကောက်နှုတ်တင်ပြပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (အောင်ဇေမီဒီယာ)ကနေ အခုတစ်ပါတ် တင်ပြမယ့် သတင်းတွေကတော့ … အမေရိကန် အပါအဝင် နိုင်ငံတကာမှ ဂီတပညာရှင်များ လာရောက်ဖျော်ဖြေမယ့် မြန်မာဂီတပွဲတော်တစ်ခု ကျင်းပမယ့်သတင်း၊ ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ်ထဲက ကျေးရွာတစ်ရွာထဲက အိမ်ခြေ ၁ဝဝ ကျော်ကို  ရဲတပ်ဖွဲ့ဝင် အင်အား အလုံးအရင်းနဲ့ ဝင်ရောက်ဖျက်ဆီးခဲ့တဲ့သတင်း၊ တရုတ်ပြည် လွတ်မြောက်ရေး တပ်မတော်က မြန်မာနယ်စပ်အနီးမှာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်လိုက်တဲ့ သတင်း၊ စာရေးဆရာ ထင်လင်ဦးကို ဘာသာ-သာသနာ ညှိုနွမ်းစေမှုဆိုတဲ့ ပုဒ်မနဲ့ တရားစွဲဆို ထောင်ချလိုက်တဲ့သတင်း၊ မြန်မာပြည်တွင်းက ရိုဟင်ဂျာတွေအရေးနဲ့ US သမ္မတ အိုဘားမားရဲ့ တိုက်တွန်းဝေဖန်ချက်များ ၊ လှေစီ ဒုက္ခသည်များရဲ့ နောက်ဆုံးရ […]


ဇီဇီJune 4, 20151min038
ဘဲဥ ဘဲမ အစ ဘယ်က စ ပတ်တနာ တစ်ခု ဆွဲထုတ်အူးမယ်။ ဆရာ နန္ဒဝင်း ရဲ့ ပေ့(ချ) မှာ တွေ့လို့ရော အဲဒီ မတိုင်ခင် အင်ဒိုနီးရှား ဝန်ကြီးက သူတို့ ကျောင်းတွေမှာ နိုင်ငံခြားမုန့်၊ အသင့်စားမုန့်တွေကို ပိတ်ပင်ပြီး ရိုးရာ အစားအသောက်ကို ကလေးတွေကို ရောင်းချဖို့ ပြောတဲ့ သတင်းလေး ဖတ်ရာက စပြီး စဉ်းစားမိတာ။   ငယ်တုန်းကတော့ ကြားဖူးတယ်လေ။ ကလေးတွေဟာ တိုင်းပြည် အနာဂတ်တို့ ပုခုံးပြောင်းတာဝန်ထမ်းဆောင်ရမှာတို့ ဘာတို့။ စဉ်းစားကြည့်ရင် ဟုတ်တယ်။   ကျန်တာ မပြောတော့ပါဘူးးး မြင့်ပါတယ်။ ပညာရှင်တော့ ပြောကြပါစေတော့။ ပညာရေး… နိုင်ငံရေး… စီးပွါးရေး… အရ မတိုးတက်အောင် ကလေးတွေ ကို […]


  “ကျနော်ဓါတ်ဖမ်းသမား” (ရ) (ကိုပေါက်ဆိုတဲ့ လက်ဆော့သူတစ်ယောက်…..)   ကျနော်မိတ်ဆွေတွေက ကျနော့်ရဲ့Tag နာမယ်ကိုပြောင်းစေချင်ပါတယ်။ ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့ ဆိုတဲ့နာမယ်ကိုမသုံးသင့်တော့ဘူးပြောင်းသင့်တယ်။ အခုရိုက်နေတဲ့ပုံတွေက မြန်မာ့ပြည်ရဲ့လှပတဲ့ပုံရိပ်တွေ။ အဲတာနဲ့ဘဲ “ကိုပေါက်လက်ဆောင်မြန်မာပြည်က အလှတရား “ဆိုတဲ့ နာမယ်လေးကိုပြောင်းပြီးသုံးကြည့်ပါတယ်။ ဒါပေမယ့်လဲအဲဒီနာမယ်က ခန့်လွန်းသန့်လွန်းနေတော့ ကျနော်သုံးရမှာစိတ်မရဲပါဘူး။ ကျနော်နဲ့မတန်ဘူးလို့လဲထင်မိပါတယ်။ ဒီတော့ စနက်ရှော့မဟုတ်တဲ့လက်ဆော့နဲ့ဘဲပြန်စခန်းသွားတာပေါ့။ လူတစ်ယောက်နဲ့တစ်ယောက်ဓါတ်ပုံရိုက်တဲ့အခါမှာခံစားချက်ခြင်းမတူသလို အကြိုက်ချင်းလဲမတူကြပါဘူး။ မှတ်တမ်းဓါတ်ပုံ သတင်းဓါတ်ပုံ သဘာဝအလှဓါတ်ပုံ လူပုံ ငှက်ပုံ ပန်းပွင့်ပုံ အမြင်ဆန်းဆန်းပုံ နဲ့ လိုင်းစုံရှိကြပါတယ်။ ကျနော်ဓါတ်ပုံစရိုက်တော့ မှတ်တမ်းပုံလို စရိုက်ခဲ့တာပါ။ ကျနော်ရောက်တဲ့နေရာက လှတယ်ထင်တယ် ထူးဆန်းတယ်ထင်တာတွေကို ကျနော်ရိုက်ခဲ့ပါတယ်။ နောက်ပြီးသတင်းဓါတ်ပုံလို ယာဉ်တွေ ကားတွေလမ်းပြောင်းပြန်မောင်းတာ စည်းကမ်းမဲ့တာ လမ်းဘေးမှာသူတောင်းစားတွေ တောင်းနေတာတွေ အမြင်မတော်တာတွေမှန်သမျျှ ရိုက်တင်တာပါဘဲ၊ ကျနော်ရိုက်သမျှ ပုံထဲမှာ ကျနော့် ဘဝ အတွက် […]


ဘဝရဲ့ အနှစ်သာရတစ်ခုထဲမှာလည်း စာဖတ်ခြင်းဆိုတဲ့အရာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ရသစာပေ ၊ သုတစာပေ စတဲ့ ကိုယ်နှစ်သက်တဲ့ စာပေအမျိုးမျိုးကိုလည်း ဖတ်ရှုရတဲ့ အရသာဟာ စာအုပ်စာပေအလွန်အမင်းနှစ်သက်သူတွေ သိကြမှာပါ။ စာကောင်းတစ်ပုဒ်ဟာ ဟင်းကောင်းတစ်ခွက်နဲ့ မလဲနိုင်ဆိုသလိုပါပဲ။ စာအုပ်ကောင်းတစ်အုပ် ဖတ်နေရင် ထမင်းမေ့ ဟင်းမေ့ဖြစ်ကြရပါတယ်။ ကျနော်တို့ “စာချစ်သူ”ဆိုတဲ့အဖွဲ့လေးဟာ ရွာထဲမှာရှိတဲ့ ဟင်းကောင်းတွေထက်ကောင်းတဲ့ ပို့စ်ကောင်းကောင်းလေးတွေကို မြည်းစမ်းပြီး လစဉ်လတိုင်း ပို့စ်အညွှန်းတွေကို တင်ဆက်သွားဖို့ ရည်ရွယ်ပါတယ်။ ရွာထဲက ပို့စ်ကောင်းတွေနဲ့မိတ်ဆက်ဖို့အတွက် ၂၀၁၅ခုနှစ် ၊ မေ လကနေစလို့ ရွာထဲကို “စာချစ်သူ”အဖွဲ့လေး ဝင်ရောက်လာပြီလို့ လေးစားစွာနဲ့ မိတ်ဆက်လိုက်ပါတယ်။ နွေဦးကာလ ပူလွန်းခဲ့သမျှများဟာ အခုတော့ အနည်းငယ် မိုးလေလေးစွတ်ကာစိုလို့ အေးမြစိုစွတ်တဲ့ မိုးကာလကို ကူးပြောင်းလို့လာနေပါပြီ။ မေ(၃၁)ကတော့ နှစ်တိုင်းလိုလို ထုံးစံလေးကို မပျက်မကွက် မိုးတွေကို သည်းကာခြွေချပေးခဲ့ပြန်ပါတယ်။ […]


သားရဲ့  မွေးနေ့ ပျော်မွေ့စရာ စုံစွာညစာ ဘီယာ ၃ လုံး သောက်သုံးပြီးသကာလ ည ညအခါ လ မသာသော်လည်း အိပ်ရာထဲဆီ ဟိုဒီလူးလိမ့် ချမ်းစိမ့်စိမ့်ကြား အိပ်မက်များထဲ သူ့ကိုပဲမြင် သူ့ပင်တမ်းတ လှမ်းမရသော်လည်း အိပ်မက်ထဲတွင် သူပင်သခင်ဖြစ် တွက်ချင့်ပါသော် မမျှော်သာလည်း မျှော်မိနေဆဲ သူ့ကိုပဲ ၊ ( အိပ်မက်ဆိုတာ စိတ်ကူးယဉ်မဟုတ်သမို့ သူမက်ချင်တာ မက်တာပဲဗျို့ )    🙂


“ကျနော်ဓါတ်ဖမ်းသမား” (၆) (ကြီးမှ အကြီးနဲ့ရိုက်တဲ့ ကြီးရိုက်) ၂၀၁၃ခုနှစ် နှစ်ကုန်ခါနီးမှတော့ ကျနော်နဲ့ကင်မရာအကြီးနီးစပ်ဘို့ အကြောင်းဖန်လာပါတယ်။ တိုတိုပြောရရင်ကျနော့်မိတ်ဆွေတစ်ယောက်က ကျနော့်အတွက် သူ့ နိုင်ငံခြားကနေမြန်မာပြည်ကိုခဏပြန်အလာမှာ ကင်နွန် D70  တစ်လုံးဝယ်လာခဲ့ပါတယ်။ မှန်ဘီလူးက  ဝိုက်ဇွမ်း 18-200 နဲ့ တွဲထားပါတယ်။ အဲဒီအချိန်က ဒီအမျိုးအစားက မန္တလေးကိုမရောက်သေးပါဘူး။ ဒီပစ္စည်းကြီးလက်ထဲရောက်တော့ ကျနေ ာ်မှာ အင်္ဂလိပ်စာမတတ်တဲ့သူလက်ထဲ အိုက်ပက်ရောက်လာသလိုပါဘဲ။ ကိုင်သာကြည့်နေရတယ်ဘာမှ မလုပ်တတ်။ ကင်မရာက အားလုံးတစ်စ စီဖြုတ်ထားတာကို။ မှန်ဘီလူးက သတ်သတ် ကိုယ်ထည်က သတ်သတ်။ ပြစရာ ကိုစိန်သော့ ကလဲမရှိ။ အဲဒါနဲ့ပါလာတဲ့ကက်တစ်လောက်ကိုဖတ်။ ပစ္စည်းကိုဘေးနားချပြီး ကြည့်ပြီး စမ်းတဝါးဝါးနဲ့ ဆင်ရပါတော့ တယ်။ မသိတဲ့အခါ စာအုပ်လို့ ကျနော်က ချစ်စနိုးခေါ်တဲ့ ရန်ကုန်က ဂန္ဓရီဆြာအုပ် ကိုလှမ်းမေးရပါတော့တယ်။ သုံးရက်လောက်ကြာမှ […]