ခင္ခJune 11, 20151min010
ဝန်းရံမှုတွေက ပြည့်လျှံတက် စွန့်စားခဲ့ရ ဒို့တိုင်းပြည်အတွက် အာဏာရှင်ကို ဖြုတ်ချမဟဲ့ ခွပ်ဒေါင်းသွေးတို့ နီမြန်းခဲ့ ပြုတ်ကျသွားတယ် အာဏာရှင် ပြန်တက်လာတာ အာဏာရှင် အနားယူတာလဲ အာဏာရှင် ပြန်ဖွဲ့တာလဲ အာဏာရှင် နောက်တန်းစီတာလဲ အာဏာရှင် ထပ်တိုးမှာလဲ အာဏာရှင် ဒါတွေစိတ်သုန်း အမြစ်ဖုံးဖို့ မနေနိုင်ခွပ်ဒေါင်း သံစုံပေးတော့ တစ်ချို့ကဆို လုပ်သင့်ပြီတဲ့ တစ်ချို့ကတော့ ရှုပ်လှချီဟဲ့ စည်းလုံးညီညာ တူညီမရတော့ အိုးဝေသံများ လွင့်ပျံဝေစီ ခုတော့ခဏ တိတ်လေပြီ ရှုလော့အနာဂတ် မြန်မာပြည်။     ခင်ခ


”  အိုးမဲ အသုတ်ခံရသူများ ”     ခွေး       အချင်းချင်း  ဟောင် ကြောင်  အချင်းချင်း  ကိုက်   ကျား     အချင်း ချင်း  မာန်ဖီ ကြက်    အချင်းချင်း    ခွပ်   နွား        အချင်းချင်း   ဝှေ့ ဆင်       အချင်းချင်း  နင်း   မြွေ         အချင်းချင်း   ပေါက် မျောက်   အချင်းချင်း  ကုတ်   […]


Foreign ResidentJune 10, 20153min020
တိရိစာ္ဆန်လေးတွေ ကို ကြင်နာမှု ပေးပါ ။   Australia ( ဩဇီ ) ကို သဘောကျရတဲ့ အကြောင်းရင်းတွေထဲမှာ ၊ လူ တွေကို မပြောနှင့် ၊ တိရိစာ္ဆန်လေးတွေ ကိုပါ ၊ အလေးထား ဂရုစိုက် တကယ့် နွေးထွေးတဲ့ ကြင်နာမှု ပေးတာပါ ။ တကယ် မေတ္တာတရား ထွန်းကားတဲ့ တိုင်းပြည်ပါဘဲ ။   ဒါက Koala သားအမိ ကားတိုက်ခံရလို့ ၊ Koala အမေလေး အဆုတ်ကို ထိသွားလို့ ခွဲစိတ် Operation လုပ်တာမှာ ၊ သူ့ Koala သားလေးက အမေ့နားက မခွာဘဲ အားပေးနေတာ ။ ” […]


ムラカミJune 9, 20151min021
ရွာကား ခြောက်ကပ်နေသည်..။ အရေးအကြောင်းဆို သဂျီးက ပျောက်နေ၏။ လူ့ဘောင်ညီး၍ ဘုန်းကြီးဝတ်သွားပြီလား မဆိုနိုင်။ တိတ်တိတ်ပြန်လာကာ တောထွက်၍ တရားအားထုတ်နေပြီလားမသိ။ အဲ.. ဟိုတလောကပဲ ကျုပ်နယ်ဘက်ကပြန်လာတာဆိုတော့ … ဘားမန်းပြည်ဝယ် ထွက်စရာတော မကျန်သလောက်ဆိုတာ မျက်မြင်။ အညာဘက်တွင်မတော့ ကျိုးတိုးကျဲတဲ ထန်းတောလောက်သာကျန်ရှိသည်။ သင်္ကန်းဝတ်ပီး ထန်းတေတာထွက်တယ်ဆိုတော့လည်း မသင့်တော်။ ထားတော့ သူ့အကြောင်း။     ဟိုသင်္ဘောကတ်ပီတန်ကတော် နှခမ်းတလန် ပန်းတလန် မွသဲလည်း ပျောက်နေ၏။ သူကတော့ ဒီမိုးတွင်းဝယ် သူ့ ကွန်ဒိုလေး အင်းယားကန်တိုးချဲ့သည့်အထဲပါသွားလို့ မြစ်တဖက်ကမ်း ပြောင်းနေသည်ဟုကြားရသည်။ အိမ်ပြောင်းကန်ပနီများ ဘားမန်းပြည်တွင်ပေါ်လာပြီဖြစ်သည်။ နှပ်ချေး ငါးပိလုပ်စားနေသော ကတ်ပီတန်ကတော်ကတော့ အကုန်အကျမခံလိုသဖြင့် ဝန်ဆောင်မှုကန်ပနီများ မသုံးပါ။ သူ့လေးဘီးကားလေးနှင့် အထပ်ထပ်အခါခါ ပစ္စည်းရွှေ့နေသည်ဟူသတတ်။     ကြောင်နှာကြီးလည်း […]


Ma MaJune 9, 20151min029
ငယ်ငယ်တုန်းက ကိုယ်နဲ့မတိမ်းမယိမ်းတွေက (အရင်းရော၊ ဝမ်းကွဲတွေရော) ယောကျင်္ားလေးတွေချည်းပဲများလို့ သစ်ပင်တက်တာ၊ ငှက်ပစ်ခဲ့တာလေးက လွဲရင်တော့……….. ကိုယ့်ကိုကိုယ်တော့ မိန်းမပီသတယ်လို့ ထင်တာပဲ။   ဇာထိုးပန်းထိုး စိတ်ဝင်စားတယ်။ ဖြစ်မြောက်အောင် လုပ်နိုင်တယ်လို့ပြောတာ မဟုတ်ဘူးနော်။   အချက်အပြုတ်ဝါသနာပါတယ်။ စားကောင်းတာမကောင်းတာတော့ မသိဘူး။   ဒါပေမယ့် ခုတလောကြုံနေရတာတွေကြောင့် ဇဝေဇဝါဖြစ်လာတယ်။   လူချင်းမသိပဲ ဖုံးပြောရင် အစ်ကို အစ်ကိုနဲ့ ပြန်ပြောလို့ အစကတော့ ဒီလူတွေ တော်တော်ညံ့တာပဲ။ မိန်းမအသံလား၊ ယောကျင်္ားအသံလားတောင် ခွဲခြားမသိဘူးလို့ ထင်မိတယ်။   အဲ… နောက်ပိုင်း တစ်ယောက်ပြီး တစ်ယောက် အစ်ကို လို့ ခေါ်လာတော့ ငါတော့ ပြုပြင်ဖို့လိုလာပြီဆိုပြီး မမြင်ဖူးတဲ့လူနဲ့ စကားပြောတဲ့အခါ အသံကို ဂရုစိုက်ပြီး ပြောလိုက်တယ်။   အဲဒီအခါကျမှ […]


ムラカミJune 8, 20151min010
စိတ်ညစ်နေတာဗျ ကျုပ်ရှောင်မိလေး ပျက်သွားလို့…. တျောက်သောသူက ပန်းသီးပြန်သုံးတဲ့…. သူ့ဆီကယူတဲ့… မယူချင်ပါဘူးဆို… ဇွတ်…. အမေက ငသားလေး…. ဆိုနီပဲသုံး တဲ့… အတင်း ဆိုနီသွားဝယ်မယ်လုပ်နေတာ…. အဖေက သူ့ ဆမ်ဆောင်း ပေးလိုက်တယ်.. ရော့ … ဒါပဲသုံးတဲ့…ကျုပ် စိတ်တွေမကောင်းနွန်းနွန့်ပါ… ရှောင်မိလေး ပြန်ကောင်းသွားရင် အေးမယ်… မဟုတ်ရင် တဖက်ဖက်ကို မျက်နှာလိုက်ရာကျတော့မယ်လေ…. သိတယ်မလား…. ကျုပ်ကလည်း အသည်းမမာတော့…. အဲ… အယ်လ်ဂျီလေးတော့ ကိုင်ချင်သားဗျာ… ထားပါလေ ဖုန်းကိစ္စ …… ကျုပ်ကလည်း သိပ်ရိုးသားချင်သားကလားဗျာ….. ကျုပ်ယီးဇား အယ်စတုံကြီး နေပြန်ကောင်းတာတောင် ငယ်ချစ်ဦး ဒက်စတွတ်လေး မေ့သလောက်ရှိတခါတခါ ပြန်ပြန်ကိုင်နေသေးတာရယ်…. အသည်းမမာတာတော့ဗျာ…. ကျုပ်က အားနာတတ်တာကိုး…. မနက်က ပေါက်ဆီလေး သွားစားတယ်…. အိမ်ရောက်တော့ ဆြာဂီကို ကြည်ညိုလွန်းလို့တဲ့… မျက်စောင်းထိုးအိမ်က နို့ခေါက်ဆွဲတွေ လာဂါသွားတယ်… အော်… ဓါနလေးမြောက်အောင် ၂ဇွန်းလောက်ပဲ စားနိုင်တော့ ရင်ဘက်ထဲသိပ်မကောင်း.. နေ့လည်ကျ […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၂) (လက်ဆော့ဘို့ လမ်းသလားတဲ့ကိုပေါက်ရဲ့အမှတ်တရများ……………..) ကျနော်ဓါတ်ပိုးမြင့်တဲ့အချိန်တုံးကရောက်လေရာသွားလေရာမှာဓါတ်ဖမ်းပါတယ်။ အလုပ်ကိစ္စနဲ့သွားရင်းဖြစ်ဖြစ် ဓါတ်ဖမ်းခရီးသက်သက်ဖြစ်ဖြစ် မကြာခဏသွားခဲ့ပါတယ်။ အဲလိုသွားခဲ့တဲ့အကြိမ်တွေထဲမှာအမှတ်ထင်ထင်ဖြစ်ခဲ့ရတာလေးတွေ မမေ့နိုင်စရာလေးတွေလဲရှိခဲ့ပါတယ်။ ပထမဆုံးကြုံခဲ့ရတာတော့ အောင်ပန်းမှာပါ။ အောင်ပန်းမြို့ကြီးကို အထက်စီးကနေရိုက်ရင်လှမှာဘဲလို့တွေးမိတော့ မြို့အနောက်ဘက်တောင်ပေါ်က ရိုက်မယ်ဆိုရင် တစ်မြို့လုံးမြင်ရတယ်ဆိုပြီး မနက်စောစော ထ ပြီး အဲ့ဘက်ကိုသွားတာပေါ့။ တောင်ပေါ်တက်တဲ့လမ်းကနေသွားရင်း ထိပ်နားရောက်ခါနီးလို့လှမ်းကြည့်လိုက်တော့ တရုပ်သချင်္ိုင်းဖြစ်နေပါတယ်။ သချိုင်းအဝင် ဝမှာတော့ ခွေးတစ်အုပ် ကိုမြင်နေရပါတယ်။ အဲဒါနဲ့သချိုင်းနံဘေးလမ်းကနေလဲဖြတ်သွားလိုက်လို့ ခွေးတွေနားလဲရောက်ရော ခွေးဆယ်ကောင်လောက်က ထွက်လာတဲ့ပြီး ဟောင်လိုက် ဆွဲလိုက်နဲ့ ကျနော်ကိုဖိအားတွေပေးပါတော့တယ်။ သူတို့ကို တုန့်ပြန်ဘို့အနီးအနားရှိတဲ့ ဂဲလုံးတွေကောက်။ ပါးစပ်ကလဲအော်ပြီးမောင်းထုတ်ပေမယ့်လဲ သူတို့ကတော့ ဖိအားပေးမပျက်ပါဘဲ။ ခက်တာက ကိုယ့်တစ်ယောက်ထဲဖြစ်နေတာကို ဝန်းရံပေးမယ့်သူလဲတစ်ယောက်မှမတွေ့။ သူတို့ကလိုက်ဆွဲလိုက် ကိုယ်က အော်လိုက် ကို်ယ်က  ခဲကောက်ပြီး ထုလိုက် သူတို့ကဟောင်လိုက်နဲ့ဆယ်ငါးမိနစ်လောက်ကြာမှ ဈေးသွားမယ့် လူနှစ်ယောက်ရောက်လာပြီးမောင်းထုတ်မှ ဇာတ်လမ်းတစ်ခန်းရပ်ပြီး ကျနော်လဲ […]


alinsettJune 8, 20151min08
          “ တစ်ယောက်ရဲ့ ဒုက္ခက … အခြား တစ်ယောက်အတွက် ဟာသ …တဲ့ ”   ****************************************************           ခင်ဗျားတို့ ကျွန်တော်တို့ရဲ့  ရှင်သန်နေထိုင်နေရာ ဘဝထဲမှာက နေ့စဉ်နဲ့အမျှ… ကြုံတွေ့နေရတဲ့ အဖြစ်အပျက်တွေ အများကြီးပဲ မဟုတ်လား။   အဲသည်ထဲက တချို့အဖြစ်အပျက်တွေသည်  ကြည်နူးဆွတ်ပျံ့ဖွယ်ရာ… တချို့အဖြစ်အပျက်တွေကတော့ ထိရှ နာကျင်စရာ… ဘယ်အရာတွေပဲဖြစ်ဖြစ် … ကျွန်တော်တို့သာ ယူတတ်မယ်ဆိုရင် … သင်ခန်းစာတွေသာ ဖြစ်သည်။ ကျွန်တော့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဇောတိက(မဟာမြိုင်တောရ) ရဲ့ ဆိုဆုံးမ စကားကို ပြန်သတိရမိသည်။ “အဖြစ်အပျက်တိုင်းဟာ … အတွေ့အကြုံ၊ […]


“ ဒီလောက် ထိ ဖြစ်ဘို့ လိုပါသလား ?  “ “တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ နှစ်”   ရန်ကုန်ကနေမန်းလေးကိုပြန်လာတဲ့နေ့ကပေါ့။ အဲဒီနေ့က တော့ တကယ့်ကို စိတ်မောလူမော။ သူများကြောင့်မဟုတ် ကိုယ် ကြောင့်။ အဲဒီနေ့ ည ကိုးနာရီ ကားနဲ့ မန်းလေးကို ပြန်ဘို့ လက်မှတ်ကဖြတ်ပြီးသား။ ကျနော်ပြန်မယ့် နေ့မှာ သူငယ်ချင်းတစ်ယောက်က  သူနဲ့တွေ့ဘို့ ချိန်းလာပါတယ်။ ကျနော်တည်းတာ က ဝေဇယန္တာလမ်းပေါ်က ဂန္ဓမာကုန်တိုက်နားမှာ။ သူချိန်းတဲ့နေရာက ရန်ကုန်ကန်တော်ကြီးကရိဝိက်မှာ။ သူချိန်းတဲ့အချိန်က  ညနေလေးနာရီ။ သူနဲ့လဲဆုံရင်း စိန်ပန်းပင်နဲ့ ကရိဝိက်ကို တွဲပြီး ဓါတ်ပုံရိုက်မယ်ဆိုတဲ့ အတွေးနဲ့သူနဲ့ချိန်းတာကိုလက်ခံလိုက်ပါတယ်။ သွားခါနီးအိမ်ကိုတော့ မှာထားလိုက်တယ် “နောက်ကျမယ် စိတ်မပူနဲ့ ကားချိန်မှီအောင်ပြန်လာမယ်”ပေါ့။ ကျနော်က တာမွေမှာသူငယ်ချင်းတစ်ယောက်ကိုဝင်ခေါ်တော့ ညနေလေးနာရီ။ အဲဒီကနေ ရန်ကုန်ကန်တော်ကြီး […]


  “ကျနော်ဓါတ်ဖမ်းသမား” (၁၁) (ဓါတ်ပုံတစ်ပုံအတွက်အရင်းအနှီး) တကယ်တော့ အခုခေတ်မှာဓါတ်ဖမ်းတယ်ဆိုတာက လဲ ငွေနဲ့စက်ပြီး လုပ်ရတဲ့အလုပ်တစ်ခုဖြစ်လာပါပြီ။ အရင်က ဟာသတစ်ခုရှိပါတယ် “ကို်ယ်အမြင်ကပ်တဲ့ကောင်ကို ပါတ်ကားဘောပင်တစ်ချောင်းသာလက်ဆောင်ဝယ်ပေးလိုက်” လို့ ဆိုပါတယ်။ အခုခေတ်ကတော့ အမြင်ကပ်တဲ့ပုဂ္ဂိုလ်ရှိရင် ဖူးဖရိန်ဘော်ဒီတစ်လုံးလောက်သာဝယ်ပေးလိုက်ပါ။ အဲဒါရတာနဲ့ မှန်ဘီလူးပြောင်းတို ပြောင်းရှည်ပြောင်းလတ် မြင်ကွင်းကျယ်တွေ ငါးမျက်လုံးတွေ အဏုစိတ်တွေ ထရိုင်ပေါ့တွေ ဖစ်လတာတွေ ဝယ်ရင်း ဝယ်ရင်းနဲ့သိန်းရာချီကုန်မှာသေချာပေါက်ပါဘဲ။ ရိုးရိုး ခရော့ဖရိမ်တွေရဲ့မှန်ဘီလူး ဈေးထက်စာရင်  ဖူးဖရိန်ရဲ့ဈေးက ထက်ဝက်မကကွာပါတယ်။ သိပ်မကြာခင်ကာလကတော့ သိန်းတစ်ရာ ဆိုတဲ့ စတေးတပ်လေးကြောင့်  ဓါတ်ဖမ်းသမားများအကြား ဖေစ်ဘုတ်စာမျက်ပေါ်မှာတိုက်ပွဲပြင်းထန်သွားပါတယ်။ ဓါတ်ပုံကောင်းတစ်ပုံရဘို့ အတွက် ငွေအဲလောက်သုံးနိုင်မှ ပုံကောင်းတစ်ပုံရမရလို့မေးရင် အဖြေရခက်တဲ့မေးခွန်းလို့ထင်ရပေမယ့် တကယ်တော့ အတတ်ပညာမပါဘဲ ပုံကောင်းတစ်ပုံ ဘယ်လိုမှ မရနိုင်တာအသေအချာပါဘဲ။   အတတ်ပညာလဲရှိမယ် ငွေသုံးနိုင်လို့ လိုအပ်တဲ့ဆက်စပ်ပစ္စည်းကောင်းကောင်းဝယ်သုံးနိုင်မယ်ဆိုရင် မပင်ပန်းဘဲ ပုံကောင်းကောင်းရမှာအမှန်ပါဘဲ။ […]


“ကျနော်ဓါတ်ဖမ်းသမား” (၁၀) (ကွိစိ ကွစ ဓါတ်လောက)   ပြိုင်ပွဲတွေမှာ ဒစ်ဂျစ်တယ်စိတ်ကြိုက်ဖန်တီးမှူ့ကဏ္ဍကလွဲရင် ဓါတ်ပုံဆောဖ့်ဝဲသုံးပြီးပြုပြင်တာကိုလက်မခံပါဘူး။ ဒါပေမယ့် ပြိုင်ပွဲဝင်သူတွေကတော့ မသိ မသာရော သိသိသာသာပါပြင်ကြသူတွေရှိပါတယ်။ အဲဒီပြင်ထားတဲ့ပုံတွေဆုရသွားရင် ပွစိပွစိနဲ့ ဖေစ်ဘုတ်မှာ ရင်ဖွင့်ကြပါတော့တယ်။ (ပြိုင်ပွဲတစ်ခုပြီးရင်  ကျနော့်ရဲ့လိုအပ်ချက်များစွာ ဘာညာကွိကွ စာသားလေးတွေနဲ့ ဥ ထားတဲ့ ပုံကောင်းလေးတွေ တက်လာတတ်ပါတယ်။ ကျနော့် အမြင်ကတော့ ဆုမရ တိုင်း ပုံကောင်း မဟုတ်ဘူးလို့သတ်မှတ်လို့မရသလို ဆု ရတိုင်းလဲ ပုံကောင်းမဟုတ်ဘူးလို့ခံယူထားပါတယ်။) ဖိုတိုရှော့နဲ့ပြင်တာ မပြင်တာကတော့ ကိုယ့်စိတ်ကြိုက် ကိုယ်ဖန်တီးမူ့ပါ။ ဒါပေမယ့် မပြင်ရဘူးလို့ သတ်မှတ်ထားတဲ့ ပြိုင်ပွဲအတွက်ကတော့ ပြင်ပြီးတင်သူရော ဆုပေးသူရော မှားတယ်လို့ဘဲကျနော်ကတော့ ပြောချင်ပါတယ်။ ဖိုတိုဆော့ဖ်ဝဲသုံးပြီး မပြင်ရလို့သတ်မှတ်ထားပြီး ပြင်ထားတဲ့ပုံကိုဆုပေးတာကတော့ လွန်တာပေါ့ လို့ဘဲဆိုချင်ပါတယ်။ ဒီလို စည်းမရှိလို့လဲ ပြိုင်ပွဲတစ်ခုပြီးသွားရင် […]


ဘာရယ်ဟုတ်ပါဘူး…ခုတလောဓါတ်သေလေးတွေတင်နေကြတာရယ်.. တနေ့ကတော့ ဓါတ်ဖမ်းသမားကြီးကိုပေါက်က သူ့တောင်သမန်ပုံတစ်ပုံမှာ 25-12-2012 ကိုကြီးမိုက်နဲ့တွေ့ပြီးအပြန် ရိုက်ဖြစ်တယ်လို့ စာတန်းထိုးသွားတော့ မန်းလေးခရီးစဉ်ကိုပြန်သတိရသွားတယ်…အဲ့အခေါက်က အေးအေးဆေးဆေးလည်မယ်ဆိုပြီး မိသားစုလေးယောက်သွားခဲ့ကြတာ…ပြင်ဦးလွင်တောင်မရောက်လိုက်…အဖေ အသဲအသန်ဆေးရုံမှာ ဆိုတာနဲ့ ကမန်းကတန်းရန်ကုန်ပြန်ပြေးခဲ့ရတယ်….တကယ့်ကိုအမှတ်တရ ဖြစ်ခဲ့ရပါတယ် ( ၂၀၁၃ ဇန္နဝါရီ ၆ရက်မှာအဖေဆုံးပါတယ်..) ဒါနဲ့ပဲ ပုံဟောင်းလေးတွေအမှတ်တရ မန်းတလေးဆိုပြီးပြန်တင်လိုက်တာပါ အားပေးကြပါအုံးနော်… ခင်မင်ရင်းနှီးစွာဖြင့် ကြီးမိုက်။ ၆၊ ၆၊ ၂၀၁၅  


“ကျနော်ဓါတ်ဖမ်းသမား” (၉) (ဓါတ်ဖမ်းသမားရဲ့ခံစားချက်များ) ကျနော် ကင်မရာပေါက်စနနဲ့လက်ဆော့တဲ့အချိန်တုံးက ကင်မရာအကြီးသာကိုင်ရရင် ဓါတ်ပုံပြိုင်ပွဲတွေဝင်မယ်လို့စိတ်ကူးယဉ်ခဲ့ဘူးပါတယ်။ ဒီအကြောင်းကို ဓါတ်ဆရာမိတ်ဆွေတစ်ယောက်ကိုပြောပြတော့ “ ဓါတ်ပုံပြိုင်ပွဲ ဆုရချင်ရင် အချိန်ပေးနိုင်ရမယ် ငွေသုံးနိုင်ရမယ် ခရီးထွက်နိုင်ရမယ် အတတ်ပညာရှိရမယ်” လို့ပြောပါတယ်။ အချိန်ပေးနိုင်ရမယ်ဆိုတာက အချိန်မရွေး ဓါတ်ဖမ်းဘို့ဆိုအဆင်သင့်ဖြစ်နေရမယ်။ ငွေသုံးနိုင်ရမယ်ဆို တာ က ကင်မရာနဲ့ဆက်စပ် ပါတ်သက်တဲ့ပစ္စည်းမှန်သမျှ ဝယ်နိုင်ရမယ်။ ခရီးထွက်နိုင်ရမယ်ဆို တာ မြန်မာပြည်အနှံ့ သွားပြီးရိုက်နိုင်ရမယ်။ နိုင်ငံခြားအထိသွားနိုင်တယ်ဆိုရင်ပိုကောင်းပါသတဲ့။ အတတ်ပညာရှိရမယ်ဆိုတာကတော့ ကင်မရာကိုကောင်းစွာအသုံးချနိုင်ရမယ်ဆိုတာပါ။ တစ်ယောက်ကတော့ “အနုပညာမြောက်စွာမြင်တတ်ဘို့ လိုတယ်” လို့ဆိုပြန်ပါတယ်။ တစ်ယောက်ကတော့ အနုပညာဆိုတာ ပုံသေနည်းမရှိဘူး။ ကို်ယ်နှစ်သက်သလိုဖန်တီးလို့ရတယ်။ ဒိုင်လူကြီးတွေဆိုတာလဲ လူအမျိုးမျိုး အကြိုက်အမျိုးမျိုး အဲတော့ ကိုယ်နဲ့ အကြိုက်ချင်းတူတဲ့ ဒိုင်ပါလာရင် ဆုဆိုတာရမှာဘဲလို့ဆိုပါတယ်။ တစ်ယောက်ကတော့ ပြိုင်ပွဲဝင်ချင်တယ်ဆိုရင် ဆုရတဲ့ဓါတ်ပုံတွေကိုများများကြည့်။ လေ့လာ။ နောက်ဓါတ်ပုံဆုရွေးပွဲတွေဆိုရင်အချိန်ပေးပြီးသွားကြည့်။ ဒီပုံက […]