”  မျက်နှာဖုံး  လု်ိ၏  မလို၏”   အချို့ အချို့သော မရိုးသားသူ ဟန်ဆောင်သူ လိမ်ညာသူ ဟူသမျှ ရှက်မဆုံးလို့ မျက်နှာဖုံးတွေကို အကွယ်အကာ အနေနဲ့သုံးကြပါတယ်။   သို့သော် သို့သော် လက်ရဲ ဇက်ရဲ အရှက် နည်းပါးသူ အချို့ အချို့ကတော့ မျက်နှာဖုံးစရာ အကွယ်အကာမလိုပေါင် ပြောင်  ပြောင် ဆိုမှ ပြောင်ပြောင် ကြီးပါတော်။     ကိုပေါက်လက်ဆောင် အတွေးစဉ် ၂၄-  ၃-၂၀၁၅  


“ကျယ်စေကောင်း၏ …….မကောင်း၏…………” တောင်တွေးမြောက်တွေး အပိုင်းအစလေးများ (၃)   ကျနော်ရန်ကုန်ရောက်တုံးက ရွှေတိဂုံဘုရားကို blue hour မှာရိုက်ချင်လို့ ညနေခင်းတစ်ခုမှာသွားခဲ့ပါတယ်။ ကျနော်ကမြောက်ဘက်မုဒ် ဓါတ်လှေခါးကနေတက်လာပါတယ်။ ဘုရားကုန်းတော်ပေါ်ကထန်းပင်အနားရောက်တော့ ရှေ့ဆက်သွားလို့မရ လမ်းပိတ်နေပါတယ်။ ကြည့်လိုက်တော့ ပရဟိတ တံမျက်စည်းလှည်းတဲ့အဖွဲ့က စက်ဝိုင်းခြမ်းပုံဖြစ်အောင်တန်းစီနေကြတာကြောင့်ပါ။ ဘုရားရင်ပြင်တော်ပေါ်မှာတံမျက်စည်းလှည်းပြီး ကုသိုလ်ယူကြဘို့အတွက်လူစီနေကြတာပါ။ “ညီနေအောင်တန်းစီပါ အလှပြသလိုလုပ်မနေပါနဲ့” “စ….  လှဲ တော့” ဆိုတဲ့ အာကျယ်ပါကျယ်အသံထွက်လာတော့ ကျနော်စိတ်ဝင်စားသွားပါတယ်။ အကျီအဖြူလည်ကတုံး ပုဆိုးအကွက်စိတ် ဟန်းဖုန်းခါးချိတ် ရင်ဘတ်မှာပရဟိတအသင်းအဖွဲ့တစ်ခုရဲ့ရင်ထိုးတံဆိပ်ထုးိတားတဲ့သူဆီကအသံထွက်နေတာပါ။ တံမျက်စည်းလှဲတဲ့သူက လူနှစ်ဆယ်ကျော်လောက်ဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ပူးပူးကပ်ကပ် တစ်လှမ်းခြင်းရှေ့တိုးပြီးတံမျက်စည်းလှဲနေကြရပါတယ်။ ” တံမျက်စည်းကိုသေချာလှဲပါ။ ဟန်ပြမလှဲပါနဲ့” လို့ အော်သံထပ်ထွက်လာပြန်ပါတယ်။ သူ့မျက်နှာက တော့ ခပ်တင်းတင်း ၊ စစ်ပွဲတစ်ပွဲကိုဦးဆောင်နေရတဲ့ ဗိုလ်ချုပ်တစ်ယောက်ရဲ့အသွင်အပြင်၊ သူ့အော်သံကြောင့် ဘုရားဖူးလာသူအချို့က တံမျက်စည်းလှည်းနေတာနဲ့ ဝေးအောင်ကွင်းပြီးသွားကြပါတယ်။ ကုသိုလ်ယူနေကြတဲ့သူတွေကိုလှမ်းကြည့်လိုက်တော့ […]


ကာရံJune 14, 20151min010
ပန်းခရေ ပန်းခရေ နွမ်းကာကြွေသော်လည်း ရနံ့ဝေနေစဲမို့ အလွမ်းတွေမြေမှာကျဲပြန်ပေါ့ လှမ်းကာလေမျှော်နေသူ မောရော့မယ် မေရယ် နွမ်းကာနေပါစေ သိမ်းဆည်းမည့်သူ လေအဝှေ့ သူလေကြွေသက်ဆင်းခြေပြီ အိုတစ်ကွေ့ လူခြေတိတ်ခြေရာထက်မှာ ကြွေကာနွမ်းသွားတဲ့ ခရေပန်းဘဝမို့ မေ့ကိုပိုလို့တောင် မြတ်နိုးမိသူပါ ရနံ့ပြယ်ကာ အလှမ်းရယ်ကွာသော်လည်း အလွမ်းရယ် တစ်ကမ ္ဘာမခြားရအောင် ရင်ထဲက မေတ္တာလမ်းထဲမှာ ဖြန့်ကျဲကာ သိမ်းကာထားလိုက်မယ် ကိုယ့်အနား စွန့်ခွာမသွားလိုက်ပါနဲ့ ခရေပန်းဘဝမို့ အကြွေပန်းထိုက်ပါစေသား ကာရံ ၁၃ ့၆ ့၂၀၁၅


မွအိ-အိမ်စာ ပြီးပြီချင့်။ :-))) . နောက်လဲ ထပ်ပြီး စာ လုပ်ချင်ပါသေးတယ်။ . တစ်ခါထဲဘဲ မြန်မာအသင်းကြီး ကို ဂုဏ်ပြုပြီး အညှော်တိုက်လိုက်တဲ့ သဘောလဲ ပါပါတယ်။ ကကြီးမိုက် ကို ကျော်ဖို့ အရှိန်ယူလိုက်တာလဲ ပါပါတယ်။ သများ က နဲနဲ ကွန်ပိတေးတစ် (+ ကွန်ဆာဗေးတစ်)  ဖြစ်တော့ ခင်တာလဲ ခင်တာ တစ်ပိုင်း၊ ကျော်ချင်တာလဲ ကျော်ချိန်တာ တစ်ပိုင်းမို့ ဒီ အကြော်ပို့စ် နဲ့ ကပ်လိုက်ခဲ့ပါတယ်။ 😉 . ဘော်လုံးပွဲ ကို နဲနဲ ထပ်ကွန့်ချင်တာလေး လဲ ရှိတာမို့ ဆက်ပြစီ။ ၁၅ရက်နေ့ မလဲ ထပ်ပြီး ဂုဏ်ပြု ချင်ပါရဲ့။ တကယ်ဘဲ ကြိုးစားကြတဲ့ မျက်နှာ […]


နွေမှာ ရေမရှိ  ဆောင်းမှာဖြင့် သေအောင်အေး အဲဒီရွာကလေးဟာ မိုးအခါရေလွှမ်း ကြမ်းတမ်းမှုက ဖွဲ့မကုန် မြူမှုန်မှုန်တစ်နေ့မှာ ကျနော် ထွက်ခွာလာခဲ့တယ် ၊ ဟိုးအဝေးကမြို့ဆီမယ် အလုပ်ရယ် တကယ်ပေါသမို့ မျှော်လင့်ချက်တို့ကို အဖော်ပြုလို့ ပေါ့ ၊ လက်ထဲကဘွဲ့လက်မှတ်ခမျာ ဘယ်နေရာမှ ဟန်မကျ ကြံရာမရတဲ့အဆုံး အလုပ်ကြမ်းသမားလုံးလုံးဖြစ် စိတ်မညစ်ပါဘူးလေ ရွာကအမေအတွက် အနေမခက်ဖို့သားကြိုးပမ်း ပင်ပန်းတယ်လို့မမှတ်ယူ ဖုန်ထူထူဘိလပ်မြေကြား ပျော်ပါးနိူင်ခဲ့သူပါ ၊ ဒီလိုနဲ့တစ်နေ့မှာ တွေ့လာသူအပြောကြား မျောသွားတဲ့သား အသပြာများများရစေဖို့ နယ်စပ်သို့ခြေလှမ်းကာ ထွက်လာခဲ့တယ်အမေ ၊ ရွှန်းရွှန်းဝေစကားတွေက အိပ်မက်ပါလှစေသမို့ သားကတော့ ပျော်လို့ပေါ့ ၊ နောက်တော့မှသိရအကြောင်းစုံ ရောင်းကုန်ဖြစ်ရတဲ့သား နောင်တများနဲ့ခြေချုပ်ကျ လှုပ်လို့ကို မရဘူးအမေ မထူးလေတဲ့ဘဝလို့တွေး ထွက်ပြေးလို့လည်းမရ အမှောင်ကျနေ့ရက်များစွာ  အားမပါပဲဖြတ်သန်း မရပ်တန်းပါပဲ အမေ ၊ […]


ခင္ခJune 13, 20151min014
အဟောင်းတွေကို ဆက်ကာသက်သွင်း အုပ်ချုပ်ခြင်းသည် နောက်တစ်ခါသေတွင်း ဆင်းသည်ဖြစ်သမို့ စဉ်းစားတွေဝေ လေးသွဲ့နေရင် ရထားထွက်ခွါ ကျန်ရစ်ဖြစ်လို့ ခြင်္သေ့ကောက်ခါ စားလိမ့်မယ် စည်းလုံးညီညာ အားကုန်ပြေးလို့ ရထားကြီးအမှီ လိုက်ကြပါစို့ ထလော့ မြန်မာ အို မြန်မာတို့။    


ko sixJune 12, 20151min06
ဘာမျိုးစေ့လဲ ဘယ်လို အပင်ပေါက်သလဲ ဘာကြောင့် သစ်မာမျိုး ဖြစ်နေရတာလဲ ဘယ်ရာသီဥတုမဆို လက်ရဲဇက်ရဲ ရှင်သန်လို့ လေထဲလည်း အမြစ်တွယ် ပင်လယ်ထဲလည်း တောထ မြို့လယ်ခေါင်တွေတောင် စိမ်းစိုလို့ လူတွေ သက်ရှိတွေ မသက်မသာ အရိပ်ခိုနေကြရ တကယ်ဆို သူသူကိုကို မနှစ်မြို့တဲ့ ဒီအပင်ဟာ ဆုပ်လည်းစူး စားလည်းရူးတဲ့ အသီးကိုပဲ သီးပါတယ် ကိုစစ်


naywoon niJune 12, 20151min05
“အ​ရှေ့”နဲ့ပလူးပြန်​​တော့ “အ​နောက်​ “က အ​လေးတင်​းတယ်​ ။ “အ​နောက်​ “က အ​ရေး​ပေးပြန်​​တော့ “အ​ရှေ့”က အ​လေးတင်​းပြန်​​ရော ။ အဲ့သည်​လိုနဲ့ ငါတို့နိုင်​ငံက ထွက်​သမျှ သယံဇာတ​တွေ ချိန်​ခွင်​ခွက်​​တွေ​ပေါ် ​ရောက်​ကုန်​​ပေါ့ ။ ဒါ​တောင်​မှ ချိန်​ခွင်​လျှာက မငြိမ်​ချင်​​သေးဘူးရယ်​ ။ ​နေဝန်​းနီ 8:20 PM 2015 Jun 12


တစ်ချိန်က ဟောဒီမိုးတွေကြား သမီးရည်းစားနှစ်ယောက် ရူးလောက်အောင် ပျော်ခဲ့ကြ တစ်လက်ထဲသောထီးကလေးအောက် သောကပျောက်စုံတွဲ တစ်သက်လုံးမြဲမယ့် အတွေးနဲ့ အချစ်တွေ နယ်ချဲ့ခဲ့သပေါ့လေ ၊ မိုးစိုမှာစိုးသူက သူ့ကိုပိုက်ထွေး အို  နွေးလိုက်တာ တဲ့ ၊ ဒီလိုနဲ့ နေ့ရက်တွေဖြတ်သန်း နောက်နှစ်ဆန်းမှာတော့ ကံပဲပေါ့ဆိုတဲ့ စကားနဲ့ ထားခဲ့တဲ့မင်း နားမလည်နိူင်ခြင်းတွေကြား မိန်းမဆိုတဲ့လူစား ဒီလို တစ်သားတည်းလား များခဲ့တဲ့အတွေးတွေနဲ့ အနာကြီးနာခဲ့  စာဖွဲ့မကုန်အောင်ချစ်ပေမယ့် ညစ်လေတဲ့ မင်းလိုလူအတွက် အခန်းဆက်စရာမလို ငါဆိုတဲ့ယောင်္ကျား လွမ်းများနေမယ်ထင်သလား မင်းသင်သွားတဲ့ မာယာအတတ် ငါ အခါခါမှတ်ခဲ့ အတုံ့အလှည့်ကိုကွယ့်ငါမျှော် မင်းသာထပ်ပေါ်ခဲ့ရင် ငါ ညှာလိမ့်မယ် မထင်နဲ့နော် ၊


                အညာနွေသည် ပြင်းပြင်းပြပြပူလေသည်။ ဝေ့ဝဲ၍တိုက်ခတ်လာသောလေထဲတွင် ဖုန်နံ့လေးများသင်းနေသည် ။ နွေနေပူပူ ၊ မြေနီလမ်းဖုန်ထူထူတွင် မြင်းလှည်းလေးတစ်စီး မောင်းလာသည်ကိုတွေ့လိုက်ရသည် ။ ဪ …… ပုဂံရှေးဟောင်းနယ်မြေတွင် မြင်းလှည်း ရှိနေသေးသည်ပေါ့ ။   တချိန်က မြင်းလှည်းလေးများစီး၍ ပုဂံဘုရားများကိုလိုက်လံဖူးမျှော်ခဲ့ဖူးသည် ။ ထန်းပင်ထန်းတောများကြားမှ ဖြတ်သန်းမောင်းနှင်ရင်း နွေပန်းချီကို ငေးခဲ့ဖူးသည် ။ ရေဆာဆာနှင့် ပင်ကျရည်ချိုချိုလေးများကို အမှတ်ရမိပြန်သည် ။ ယခုသော် …… ထိုထန်းတောတို့ မရှိတော့ပြီ ။ ကတ္တရာခင်းသော လမ်းသစ်ကြီးများ ၊ လမ်းညွှန်ဆိုင်းဘုတ်များဖြင့် ခရီးသွားဝန်ဆောင်မှုကောင်းမွန်လာသော်လည်း ရှေးဟောင်းနယ်မြေ၏အထိ အတွေ့ကိုကား ပြည့်စုံစွာမရတာ့ပါ ။ မော်ဒန် ပုဂံဖြစ်လို့နေလေပြီ […]


CourageJune 12, 20151min020
ကျွန်ုပ်၏ အမှတ်တရ ကဗျာများ – ၁၃ အမျက်လေးရယ်တဲ့ ပြေစေလို             မြန်မာရှေးခေတ် စာဆိုတို့ရဲ့ သမိုင်းကို စစ်ကြည့်လိုက်မယ်ဆို မင်းပြစ်ဒဏ်သင့်ခဲ့တဲ့ စာဆိုအမတ်ကြီးများစွာကို တွေ့ရမှာပါ။ ထိုအမတ်ကြီးတွေကလဲ မင်းပြစ်ဒဏ်သင့်နေချိန်အတွင်းမှာ ရေးခဲ့တဲ့ အမျက်တော်ပြေစေဖို့ရွယ်ကာ ရတု၊လင်္ကာများစွာ ရေးသားခဲ့တာကိုလဲ တွေ့ရမှာ မလွဲ။ အဲ့ဒီ့အထဲမှာမှ “မဲဇာတောင်ခြေ၊ စီးတွေတွေတည်း”အစချည် လက်ဝဲသုန္ဒရအမတ်ကြီးရဲ့ “မဲဇာတောင်ခြေ” ရတုဟာ အလွန်ထင်ရှားတာပေါ့။ မှတ်မိသလောက်ပြောရရင် ရာဇသင်္ကြန်၊ ဦးပေါ်ဦးတို့ ရေးသားခဲ့တဲ့ လင်္ကာတွေကလဲ ထင်ရှားတာပါပဲ။ ထို အမျက်ဖြေကဗျာတွေထဲမှာမှ သက်တော်ရှည် ပညာရှိသုခမိန်အမတ်ကြီး အနန္တသူရိယရဲ့ မျက်ဖြေလင်္ကာကတော့ အစောဆုံး မျက်ဖြေလင်္ကာလို့ဆိုရမယ့်ကဗျာပါ။ ဒီကဗျာဟာ အစောဆုံး မျက်ဖြေလင်္ကာဖြစ်ရုံမက မြန်မာစာပေသမိုင်းမှာ “သိုးကလေ”အစချည် “ရွှေနှင့်ယိုးမှား ပန်းစကား”၊ “မြကန်သာ တောင်ကျချောင်းတေး ရေဝင်ပြေးလျက်”အစချည် “မြကန်”ကဗျာတို့ရဲ့ […]


alinsettJune 11, 20154min07
      အလင်းခြုံတဲ့ သတင်းဇုံ (သို့တည်းမဟုတ်) အောင်ဇေမီဒီယာကနေ… အခုတစ်ပါတ် တင်ပြပေးမယ့် သတင်းတွေကတော့ …   ၂၀၁၅အထွေထွေရွေးကောက်ပွဲကြီး ကျင်းပချိန် မတိုင်မီမှာ တိုင်းပြည်အတွင်း ဆူပူမှုတွေ ဖြစ်အောင် လုပ်ကြံဖန်တီးခြင်း မပြုလုပ်ကြဖို့ တိုက်တွန်းလိုက်တဲ့ ဦးသိန်းစိန်ရဲ့ ပြောကြားချက်သတင်း၊ လူသားနှင့် ဇီဝအဝန်းနယ်မြေအဖြစ် ယူနက်စကိုက အသိအမှတ်ပြု သတ်မှတ်ခံလိုက်ရတဲ့အင်းလေးကန်ရဲ့ အခြေအနေသတင်း၊ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသတွင်းကို ကြိုတင် အသိမပေးပဲ စစ်ရေးတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ – မြန်မာ ဆိုင်ရာ စစ်ရေးအခြေအနေသတင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း နဲ့ ပတ်သက်ပြီး လွှတ်တော်အတွင်းက ပြောဆို တင်ပြချက်များနဲ့ နောက်ဆက်တွဲ သတင်းများ၊ မြန်မာပြည်တွင်းမှာ ကျပ်ငွေတန်ဖိုး အဆမတန် ကျဆင်းနေပြီး US ဒေါ်လာဈေးနှုန်းတွေ တဟုန်ထိုး […]