ဘာခေါင်းစဉ် ကြီး လဲ ဆိုပြီး ဝင်လာကြတယ်လား။ :-))) အလျှောက်ကောင်း တဲ့ ရှေ့နေနို ကို ပုံလေး တစ်ပုံပြချင် လို့ တင်လိုက်ပါတယ်။ ဒီ သတင်းလေး ကို ဖတ်ပြီးပြီချင်း သဘောကျလွန်းလို့ ဖဘ ထဲ မှာတောင် မျှခဲ့ဘူးတာပါ။ လေယာဉ်မှူးကြီး က သူ့ရဲ့ လက်ထောက် Co-pilot က သူ့သမီး ပါလို့ ဂုဏ်ယူစွာကြေငြာ ခဲ့တဲ့ လေယာဉ် ခရီးစဉ် ရဲ့ သတင်းလေးပါ။ သူတို့ပုံလေးကလဲ အလုပ်ထဲ မှာပါဘဲ။ ဒါပေမဲ့ မျက်နှာ ပုံစံ ကို ကြည့်ပါ။ အဲဒီ သားအဖ အတွက် သူတို့ အမေ ဘယ်လောက် ဂုဏ်ယူလိုက်လေမလဲ မှန်းကြည့်မိသေး။ နောက်ပြီး ကလေး […]


AlinchoMay 18, 20151min06
  ခြိုးခြိမ့်သံ မိုးထက်ညံလို့ ပြိုမယောင် ဟိုတောင်ကရွှေမိုး နွေအပူ ရွှေမြေမှာ ငြိမ်းရအောင် သွန်းလှည့်ပါဦး…


Kaung Kin PyarMay 18, 20151min09
“သစ်တောနဲ့သစ်ပင် ချစ်ခင်တဲ့လူမျိုး၊ သစ်ပင်ကို နှစ်စဉ်စိုက်၊ ရွှေတိုက်ကိုစိုး” အဟွတ်!!! လက်ခံပါတယ်…။ ရွှေတိုက်တွေလဲ စိုးကုန်တဲ့သူတွေ စိုးကုန်ကြပြီ… သစ်ကုမ္ပဏီမှာ လုပ်ခဲ့တုန်းက… သစ်ကွက်နင်းတာ၊ ကန်တော့ပွဲတင်တာက စလို့..ပြီးသွားပြီး ကောက်သင်းကောက်ထိ စာရင်းသွင်းခဲ့ဖူးလေတော့..ဘယ်သူဘယ်လောက်ရတယ် မှန်းမိပါတယ်…။ မားကတ်တင်းကိုကိုတွေများ အန်တာတေဘယ်လ်ထဲက အချိုးကျဘတ်ကီးပြတာတောင် ၆လ ၁နှစ်အတွင်း တိုက်ခန်းပစ်ဝယ်နိုင်ခဲ့ကြတာ..။ မှန်းသာကြည့်ပါတော့…. မြန်မာ့သစ်လုပ်ငန်း ရုံးသစ်ပြောင်းတုန်းက စပွန်ဆာပေးချင်နွန်းနို့ တန်းစီနေကြတာကလား….။ သူရို့ မျိုဖို့ကိုတောင် ခွံ့ကျွေးဖို့ တန်းစီကြသူတွေက မနည်း…။ သူရို့ကလဲ..ချေတာများ…….။ အိမ်သာထဲမှာတောင် အဲကွန်းတပ်ပေးရမတဲ့…. အဟက်.. ထားပါတော့လေ.. ဒါ..သူတို့ကုသိုလ်နဲ့ သူတို့… သစ်ပင်က ခုတ်တော့သာလွယ်တာ…စိုက်ပြီး အပင်ကြီးဖြစ်လာဖို့က ဆယ်စုနှစ်ချီပြီး ကြာတာ….. ဆရာမဂျူးပြောသလိုပဲ…သစ်ပင်ဆိုတာ..ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရှုပြီး အောက်ဆီဂျင်ကို ပြန်ထုတ်ပေးတဲ့ ကမ္ဘာကြီးရဲ့ အဆုတ်တွေ တဲ့…။ လူတွေကလဲ…ခုတ်တုန်းကသာ အပင်ကောင်းတွေရှိတဲ့အကွက်ကောင်းတွေရဖို့ […]


SawAungMay 18, 20153min011
ခုတလော ပန်းပင်အကြောင်းတွေ ပြောဖြစ်နေတာနဲ့ သိသလောက် မှတ်သလောက်လေး ပန်းပင်လေးတွေအကြောင်း ပြောပြချင်တယ်။ ခုပြောမယ့် ပန်းပင်လေးတွေအကြောင်းကတော့ မြန်မာနာမည်တွေ အတိအကျရှိတဲ့ ပန်းလေးတွေပေါ့။ မြန်မာပန်းလေးတွေဆိုလည်း ခေါ်လို့ရသလို။ အဲသည်ပန်းပင်တွေဟာ အခြားနိုင်ငံတွေမှာလည်းရှိတော့ သူတို့ခေါ်သလို  အခြားနာမည်တွေလည်း ရှိကြမှာပါ။   ဗုဒ္ဓံသရဏံပန်း တစ်နေ့က ဖေ့ဘွတ်က မကြီးခင်ဇော်ရဲ့ ပို့စ်တစ်ခုမှာ ဗုဒ္ဓံသရဏံပန်းဆိုတာ ဘယ်လိုဆိုတာ သွားမန့်ဖြစ်လိုက်သေးတယ်။  ကျွန်တော်သိခဲ့တာ ငယ်ငယ်လေးကတည်းကပေါ့။ ကျွန်တော်တို့ရပ်ကွက်မှာ ငယ်ငယ်တုန်းက လယ်ကွင်းတွေရှိခဲ့တယ်။ ကလေးကစားဖို့ ဘောလုံးကန်ဖို့အတွက်တွေပေါ့။ ရေစပ်စပ်ရှိတဲ့နေရာတွေ မှာဆို ဗုဒ္ဓံသရဏံအပင်တွေဟာ အလေ့ကျကို ပေါက်နေတာ။ ပန်းတွေပွင့်ပြီဆို ဝေလို့ လှလို့။ အဲသည်ကတည်းက ဗုဒ္ဓံသရဏံဆိုတာ သိခဲ့ရတာ။ ရေကြိုက်ပြီး ရေစပ်စပ်ရှိတဲ့နေရာတွေမှာ ပိုမိုပေါက်ရောက်ပါတယ်။ အခုတော့ အဲသည်လယ်ကွင်းတွေလည်း ရပ်ကွက်လူကြီးနဲ့  စည်ပင်ဘယ်လို ရိုက်စားလုပ်လည်းမသိပါဘူး တိုးချဲ့လိုလို […]


alinsettMay 18, 20153min06
.နေမဝင်အင်ပါယာလို ကြီးကျယ်ခမ်းနားသည့် နယ်မြေကြီးတစ်ခုကို ရင်ဘတ်ထဲ ထည့်ထားသည်ဆိုလျှင် ပိုလွန်းသည်ဟု စွပ်စွဲကြလိမ့်မည်။ နားမလည်နိုင်ဘူးဟု အများစု မှတ်ချက်ပြု ကြကုန်သော ကဗျာတို့၏ ဖြစ်တည်မှုအစ ဝါဒအချို့ကို ကိုယ် နှစ်သက်စွာလက်ခံ ကိုင်စွဲထားခြင်းကိုက နေမဝင်အင်ပါယာကြီးတစ်ခု ရင်ဘတ်ထဲ ထည့်ထားသည်ဟုပဲ ဆိုကြပါစို့။ နားမလည်နိုင်သော ကဗျာများ(ထို့အပြင် စာများ/စကားလုံးများ) ကိုယ် ရေးသည့်အခါတိုင်း ဘာတွေမှန်းလဲ မသိဘူးဟု စိတ်ရှုပ်စွာ ညည်းညူ ပြသူများကို မြင်တိုင်း စကား ပုံပမာ နှိုင်းဆဖန်တီးမှုတို့ ကိုယ် ပြုချင်သည်။ (ဤလက်သည်းကွင်းထဲမှ စာပိုဒ်အား ကိုယ့်ဘာသာ ပြန် ဖတ်ကြည့်ချိန်မှာပင် အလွန်တရာမှ ချဉ်တူးခါးလှသဖြင့် ဖြတ်ပစ်လိုက်ပြီး ဤ မှတ်ချက်အား အစားထိုး ထည့်လိုက်ပါသည်။) ဒါပေမဲ့ ကိုယ်ကတော့ အသံမကောင်းချေ။ ကိုယ့် အသံ ခပ်ညံ့ညံ့ဖြင့် […]


ဇီဇီMay 17, 20152min014
ဓာတ်ပုံရိုက် ရောဂါ ကူးပြီးကတည်းက နဂိုကလည်း ပန်းချစ်တတ်သူမို့ ကိုယ့် ပီစီထဲလည်း ဘာမှန်းမသိတဲ့ ပန်းပုံတွေ ပြည့်လို့။ :kwi: အဲဒါကို ဒီ တိုင်း ဓာတ်ပုံတင်မဲ့ တူတူတော့ အဲဒီ ပန်း မျိုးတွေ နာမည်တွေ ရှာပြီး အသိပေးတင်တာ ကြည့်တဲ့သူ၊ ပန်းချစ်သူတွေလည်း အကျိုးမယုတ်ဘူးလို့ ယူဆတယ်လေ။ သိပြီးသားသူနဲ့လည်း အသိဖလှယ်ပြီးသားဖြစ်တာပေါ့။ မြန်မာလိုရော အင်္ဂလိပ်လိုရော သိသလောက် နာမည်ပြောမှာပေါ့။ သိတဲ့သူတွေ ဝင်ပြောပေးကြပါအူးလို့။ ခုပထမဆုံး က Camomile ပန်းလေးတွေပါ။ ဒီမှာ က ခြုံ လိုမျိုး စိုက်ထားလို့ ဒေစီနဲ့ တူပေမဲ့ ဒေစီလို့ မထင်မိပဲ ကိုယ့်နိုင်ငံက တပင်ရွှေထီးပန်း နဲ့ တူတယ်လို့ပဲ ထင်မိတယ်။ ဟီးးး ကြည့်ပေးပါအူးး :k: […]


ko sixMay 17, 20151min08
ကျည်တစ်တောင့်ဟာ သူ့အသက်မသတ်ဘူးလို့ အမခံသလား အောက်ဆီဂျင်ဟာ မီးမလောင်ဘူးလို့ အာမခံသိလား ရေတစ်ခွက်ဟာ အဆိပ်မပါဘူူးလို့ အာမခံသိလား မြို့တစ်မြို့ဟာ နေပျော်သေပျော်အရပ်လို့ အာမခံသလား အာမခံသစ်တောတွေ အာမခံမှုမပေးတဲ့အခါ တံခါးတစ်ချပ်လည်း သော့လှပ်ခဲ့တော့ မသေသောဆေးသမား မမှားသောရှေ့နေ မလိမ်သော သမ္မတ မမှောင်သောမြို့ မတတ်သော ကျောင်းသား မြန်မာစကားပုံမှာ ဘာမှ အာမခံမထားဘူးရယ်။ ကိုစစ်


အမှန်တော့ ဒီ စာ တွေကို မှတ်ချက် လိုမျိုး ပေးချင်မဲ့ ဒါ့ပုံလေး တစ်ပုံလဲ ပြချင်လို့ ပို့စ် ရေးပြီး ဘဲ တင်လိုက်ပါတယ်။ ဒီပုံ ကို ကြည့်ကြည့် ကြပါ။ ဒီ အရီး တော့ ဖွန်ကြောင်နေပြီ ပြောလဲ ပြောပေရော့။ 😉 ဟုတ်ပါတယ်။ တကယ် သဘောကျလိုက်လို့ တင်တာပါ။ စိတ်ထဲ အတော်လေး ကြည့် ကောင်း တယ် လို့ ထင်မိတယ်။ လူတွေ က အဲလို ယူနီဖောင်း ဝတ်ထားချိန် ပရော်ဖက်ရှင်နယ် ဆန်ပြီး ပိုပြီးလဲ တင့်တယ် သွားသလားဘဲ။ အထူးသဖြင့် စစ်သားတို့၊ လေယာဉ်မှူး တို့ ပေါ့။ ယူနီဖောင်း က နေ သူ့ရဲ့ […]


Ma MaMay 16, 20151min028
မြန်မာစာမှာ “လည်းကောင်း” ရဲ့ အသံထွက်က “၎င်း” နဲ့ ဆင်တူပါတယ်။ အဲဒါကြောင့်  “၎င်း” နဲ့ “လည်းကောင်း”  ကို အသုံးလွဲတတ်ကြပါတယ်။   ကိုယ်တိုင်တော့ ၈တန်းရောက်မှ မြန်မာစာဆရာမရဲ့ ကျေးဇူးကြောင့် “၎င်း” နဲ့ “လည်းကောင်း” ကို ကွဲကွဲပြားပြား သိလာခဲ့ရပါတယ်။   ပါမောက္ခချုပ်ဆရာတော်ကြီးက တရားဟောတဲ့အခါ အင်္ဂလိပ်စကားလုံးလေးတွေနဲ့ ဖြည့်စွက်ပြီး ဟောလေ့ရှိပါတယ်။   ဘာသာစကားတစ်ခုကို နောက်ဘာသာစကားတစ်ခုနဲ့ နှိုင်းယှဉ်ပြလိုက်တဲ့အခါ ပိုမိုရှင်းလင်းပြီး နားလည်လွယ်တယ်လို့ ထင်မိပါတယ်။   အတုခိုးပြီးပြောရရင် ……………. “၎င်း” ကို “That, This” “လည်းကောင်း” ကို “also” လို့ ပြောရမလား။ တခြားဘယ်လိုပြောနိုင်သေးလဲ မသိဘူး။   မြန်မာစာမှာ “၎င်း” ကိုတော့ ရှေ့ကပြပြီးတဲ့ ပုဒ်အစုကိုအစားထိုးပြီး သုံးပါတယ်။ […]


alinsettMay 16, 20151min024
                          သေလိုက်ပါတော့ အဘတို့ရယ်… ————————————- မပြောချင်ပေမဲ့ ပြောရတော့မှာပဲ… ကျုပ်ဆိုတဲ့အကောင်က ဟိုဒင်းလမ်းကြောင်းမှာ ဟိုဒင်းခံနေတယ်ဆိုသလိုပဲ… ။ နှလုံးလမ်းကြောင်းမှာ ကျွန်းခံနေတယ်ဆိုလား… အဲ… အဲ့ဒီထဲက လူလိုပဲလို့  ပြောတာပါ။ လက္ခဏာတွေ ဗေဒင်တွေကို အယုံအကြည်နည်းသူဆိုပေမယ့်… အချစ်ရေးနဲ့ ပတ်သက်လာရင်… တလွဲလွဲတချော်ချော်နဲ့မို့..  မကြာခဏ ကိုယ့်လက်ဖဝါးကိုယ် ပြန် ပြန် ကြည့်မိတယ်။ ကျုပ်လက်ဖဝါးပြင်ပေါ်က နှလုံးလမ်းကြောင်းကို ကြည့်တော့ … ကျွန်းတင် မဟုတ်… ဖြတ်မျဉ်းတွေရော… ဂငယ်ကွေ့တွေရော…ကြက်ခြေခက်တွေရော… မွစာကိုတက်လို့… ဆိုတော့ …အဲဒီ လက္ခဏာလမ်းကြောင်း နိမိတ်တွေကပဲ မှန်သလား.. ကျုပ်ဆိုတဲ့အကောင်ကပဲ… တခုခုမှားနေလေသလား […]


ဇီဇီMay 16, 20154min034
မျက်လှည့် နဲ့ သက်ဆိုင်တဲ့ ရုပ်ရှင် ထဲက စိတ်ထဲမှာ စွဲစွဲမြဲမြဲ ကျန်ပြီး ပွါးချင်တဲ့ ရုပ်ရှင် ၃ ကား ရှိတယ်ဗျ။ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~   Edward Norton နဲ့ Jessica Biel ရဲ့ ကားပါ။ 1) The Illusionist (2006)   Rating 7.6 ရထားတဲ့ ကားမို့ အဆင့်မနိမ့်လှပါဘူးး… Edward Norton က ငယ်စဉ် အခါက လမ်းဘေး အဘိုးအို တစ်ယောက်ဆီက မျက်လှည့် သင်ခဲ့ပြီး… ဆယ်ကျော်သက် အရွယ်မှာ ဆွေမျိုးမြင့် မိန်းမပျို Jessica Biel  နဲ့ ချစ်ရာက ခိုးပြီး ထွက်ပြေးကြပေမဲ့ ပြန်မိသွားခဲ့တယ်။ အဲလို ပြန်မမိခင်မှာ သူ့ […]


    ……. ကလေးရေ.. မသေချာတဲ့ ပြဌာန်းမှုတွေနဲ ့ မိုးခါးရေတွေ စီးဆင်းနေတဲ့ ကမ္ဘာ…။ ပင့်သက်မရှိုက်ဝံ့အောင် ယဉ်ကျေးနေတဲ့ ကမ္ဘာ.. မြင့်ရာက နိမ် ့ရာစီးတဲ့ မြစ်ချောင်းတွေလို တွယ်ရာမရှိတဲ့ ဘဝတွေကို ထောင်းထောင်းချေမှ လက်ဆွဲဂုဏ်ပြုတဲ့အခါ…. ဒီ…ကမ္ဘာ.. ဒီ..စကြဝဠာ ဘာလို ့များ… မာသာထရီဇာ လက်ဦးအောင် မဖန်ဆင်းခဲ့ပါလိမ့်…။     ။         ကျော်စွာခေါင် ( ပန်းချီကားအမည်…မဟာ ကရုဏာတော်၏ ပြင်ပဧရိယာ…။  ဆီဆေး )


“ဖဘ လုပ်သားကောင်း ”   အချိန်နဲ့တပြေးညီ တက်လာသည့် သတင်းဆို အကုန်ဖတ်။ မိတ်ဆွေ အပေါင်းအသင်း အုံလိုက်ကျင်းလိုက် တင်သမျှ စတေးတပ် အကုတ်ဖတ်။ ရှိသမျှ ဆို်ဒ်အကုန်ဝင် တင်သမျှပုံ အကုန်ကြည့် ပြီးသကာလ Like ပေးသင့်တာပေး ကော်မင်းရေးသင့်တာရေး မွေးနေ့မှန်သမျှလဲ ဆုတောင်းပေးရင်း ဒေါင်းလုပ်ဆွဲထားတဲ့ မုန့်တွေပို့ အို…… အလုပ်တွေက များမှများဗျာ။ အဲဒါတွေပြီးတဲ့အခါမတော့ နိုင်ငံအရေး ကိုယ့် အရေး ဝင်ဆွေးနွေးမှ ဖြစ်မယ် မကြောက်တရား ရှေ့တန်းထားလို့ ရဲရဲတောက် ကော်မင်းတွေပေး အမျိုးဘာသာ သာသနာ လာမထိလေနဲ့ မီးပွင့်မယ်မှတ် ပြတ်ပြတ်သားသား ဝေဖန် အသေနှံ လေကန်လို့ အားရပြီဆိုမှ စီဘီ မှာဝင်သမျှ ညီမကြီး ညီမလေး မမကြီး မမလေး အန်တီကြီး […]