naywoon niMay 14, 20151min07
ချို့တဲ့မှုများ တစ်​ချို့က ကိုယ်​ပိုင်​အသက်​ရှုဖို့ နှာ​ခေါင်​း​ပေါက်​ပါမလာရှာဘူး ဒါ​ကြောင်​့ အသက်​ရှင်​ဖို့ သူတစ်​ပါး နှာ​ခေါင်​း​ပေါက်​ကိုအားကိုးရတယ်​ ။ အချို့က ကိုယ်​တွင်​းလည်​ပတ်​ဖို့ ​သွေးထုတ်​လုပ်​ဖို့ နှလုံး ပါမလာရှာဘူး ဒါ​ကြောင်​့ ​သွေးလည်​ပတ်​ဖို့ သူတစ်​ပါးဆီက ​သွေးစုပ်​ယူ​နေရတယ်​ ။ တစ်​ချို့က လမ်​း​လျှောက်​ဖို့ ​ခြေ​ထောက်​ပါမလာရှာဘူး ဒါ​ကြောင်​့ တစ်​​နေရာက တစ်​​နေရာ ​ရွေ့ဖို့ တစ်​ခြားက​ယောက်​က ထမ်​းပိုး​ပေးရဖို့လိုတယ်​ ။ ဒီလိုလူ​တွေများလာ​တော့ အဖိနှပ်​ခံ ဂုတ်​​သွေးစုပ်​ခံ လူတန်​းစားတစ်​ရပ်​ သီးသန်​့​ပေါ်လာရ​တော့တယ်​ ။ ။ ​နေဝန်​းနီ 11:08 AM 2015 May 14


ကာရံMay 14, 20151min05
​ကျောင်​း​တော်​သို့ စိန်​ပန်​းတို့​မြေမှာကြဲ မိုးစက်​များဖွဲဖွဲမို့ ဖြူ နဲ့စိမ်​းတွဲလို့ရယ်​ လွယ်​အိပ်​ရယ်​ကိုယ်​စီနဲ့ တို့​ကျောင်​း​တော်​ စာသင်​ခန်​း လှမ်​းခဲ့ပါကွယ်​ ​ခေါင်​း​လောင်​းသံအချက်​​ပေး စာသင်​ချိန်​ ချီတက်​လှမ်​းမယ်​ လိမ္မာစို့ကွယ်​ မင်္ဂလာပါဆရာမ တစ်​ညီတစ်​ညာနှုတ်​ဆက်​ရင်​း ​ပျော်​မဆုံးပါငယ်​သူငယ်​ချင်​းများနဲ့ စာဖတ်​ကာတူအံကြမယ်​ ​ကျောင်​းတက်​စို့ကွယ်​ ​နောင်​တစ်​ချိန်​ ​ခေါင်​း​ဆောင်​​ကောင်​းဖြစ်​​စေဖို့ တို့တစ်​​တွေ တူကြိုးစားရင်​း ဥယာဉ်​းမှူ းပျိုးတဲ့ပန်​း အစဉ်​လမ်​းရ​အောင်​ တက်​စို့ကွယ်​ ​ကျောင်​း​တော်​သို့ လာလာ​လေ ဖိတ်​​ခေါ်တယ်​ ချစ်​​သော ညီငယ်​ ညီမငယ်​များရယ်​ ကာရံ ၁၄ ့၅ ့၁၅


AlinchoMay 14, 20151min024
  .ကျေးငှက်ကလေးများရဲ့ ကျီကျီကျာကျာ အော်မြည်သံအောက်မှာ မင်္ဂလာရှိသော နေ့သစ်တစ်ရက်ကို အိပ်ရေးမဝစွာ နိုးထလာခဲ့ရပြန်ပါပြီ။ .ဒါကြောင့် ဒီတစ်ပါတ်ပိတ်ရက်ကိုတော့ အိမ်မှာ ကောင်းကောင်း အနားယူအိပ်စက်ဖို့ စိတ်ကူးထားသည်။ သို့သော် တထစ်ချ .ကား ပြော၍မရသေးပါ။ တစ်ပါတ်ခုနစ်ရက်၊ တစ်ရက်နှစ်ဆယ့်လေးနာရီဆိုတာ အလင်းချိုအတွက်တော့ သိပ်မလောက်ချင်။ .အလုပ်ကတစ်ပါတ်ကို ခြောက်ရက်ဆင်းရပြီး ကျန်တစ်ရက်မှာ တစ်ပါတ်စာအိမ်အလုပ်တွေနှင့် ပရဟိတအလုပ်တွေကို .အပြေးအလွှားလုပ်ရသည်။ အလုပ်ပိတ်ရက်ကို အိမ်မကပ်ရသည်မှာ ဘယ် နှစ်ပါတ်မှန်းပင် မမှတ်မိတော့။ စိတ်ကူးလေးမှ  .မဆုံးချင်သေး မေမေက ဒီတစ်ပါတ်ကို နိုင်ငံခြားမှ အလည်လာသော မေမေ့တူလေးကို ထမင်းဖိတ်ကျွေးရင်း သားသမီးတွေ .အားလုံးနဲ့ပါဆုံရအောင် စီစဉ်ထားကြောင်း ပြောလာသောကြောင့် လေထဲဆောက်ထားသော တိုက်အိမ်လေးမှာ လေထဲတွင် .ပင် ပျောက်ကွယ်သွားရရှာလေပြီ။ .အလင်းချိုတို့ မိသားစုမှာ မောင်နှမငါးယောက်ရှိပြီး အလင်းချိုကအငယ်ဆုံးဖြစ်သည်။ အကြီး […]


ကက်သရင်းရေ… နေရောင်လှိုင်းတွေ တစ်ဝုန်းဝုန်း ဖြာကျတဲ့အခိုက် ဒုက္ခတွေ တစ်ပွေ ့တစ်ပိုက်နဲ ့ ခေါင်းငိုက်စိုက်မချတဲ ့မင်းကို တွေ ့တော့ ငါ့မှာ အမောပြေရတယ်..။ .. ဆောင်းတွင်းတစ်တွင်းလုံး အကာအကွယ်မဲ့နဲ ့ မင်း အသက်မှ ရှင်သေးရဲ ့လား… ငါတွေ းပူရတယ်ကွဲ ့…။ ငါ့ကို လောက ဝတ်နဲ ့မင်းပြုံးပြသလို.. ငါလဲ မင်းကို ပြုံးပြတာ ငါသတ်မှတ်တဲ ့ ပန်းချီဆရာ တစ်ယောက်ရဲ ့ သမ္မာကျမ်းစာအလိုပေါ့…။ … ကက်သရင်းရေ… အများကြီး မမျှော်လင့်နဲ ့… မင်း နားလည်ထားဘို ့က တနင်္ဂနွေ တနေ ့ဝက်လောက်သာ ဘုရားကျောင်းမှာ ကရုဏာစကားတွေ ရွတ်ဆိုတတ်တာ မင်းသိသားနဲ ့…….။ အခါပေါင်းများစွာ […]


ဇီဇီMay 14, 20152min048
https://www.facebook.com/tin.nyunt.338?fref=ts   နှလုံးသားဖြင့်လုပ်သူ (Credit to Tin Nyunt)   “ဂျွန် မင်းကို ငါဘယ်လောက်ပေးရမလဲ” ကျွန်တော့်ဖေဖေက ပထမလူငယ်ကိုမေးလိုက်ခြင်းဖြစ်သည်။ ဖေဖေသည်သူ့ကို ကောက်ရိတ်ချိန်ရာသီတွင် ငှားရမ်းခဲ့သည့်အတွက် အခကြေးငွေပေးရန် မေးနေခြင်းဖြစ်သည်။ ဂျွန်က “မစ္စတာဘားရက်စ် ၅၅ ဒေါ်လာကျပါတယ်” ဖေဖေက ၅၅ ဒေါ်လာဟု ချက်လက်မှတ်တွင်ရေးပေးလိုက်ပြီး “ကျေးဇူးတင်ပါတယ်ကွာ” ဟုတလေးတစား ပြန်ပြောလိုက်သည်။ ဖေဖေသည် ဂျွန်ကဲ့သို့အလုပ်လာလုပ်နေသည့် နောက်ထပ် လူငယ်တစ်ယောက်အား.. “မိုက်ကယ် မင်းကိုရော ငါဘယ်လောက်ပေးရမလဲ” ဟု မေးလိုက်သည်။ သူသည် ဂျွန်နှင့်အတူတူ အလုပ်လုပ် သည့် လူငယ်တစ်ယောက် ဖြစ်သည်။ “၇၅ ဒေါ်လာကျပါတယ်ခင်ဗျာ” ဖေဖေက အံ့အားသင့်သလိုပြန်ကြည့်လိုက်ပြီး “ဘာဖြစ်လို့ ပိုသွားရတာလဲ မိုက်ကယ်” ဟုပြန်မေးလိုက်သည်။ မိုက်ကယ်က “အလုပ်လုပ်မယ့်နေရာအရောက် ကားနဲ့သွားရတာရယ်၊ […]


alinsettMay 14, 20152min014
အလင်းခြုံတဲ့သတင်း Zone (သို့မဟုတ်) အောင်ဇေမီဒီယာကနေ ဒီတစ်ပါတ် တင်ပြပေးသွားမယ့် သတင်းတွေကတော့ …    ရွှေတိဂုံ ကယ်တင်ရေး ဖိုရမ်တခုကို ရန်ကုန်မှာ ပြုလုပ်သွားမယ် ဆိုတဲ့သတင်း ၊  ထိုင်းနိုင်ငံအတွင်းကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသား (၇၆) ယောက်ကို ဖမ်းဆီးလိုက်တဲ့သတင်း ၊  အလွတ်သတင်းထောက် ကိုပါကြီး အသတ်ခံရတဲ့ အမှုနဲ့ ပတ်သက်ပြီး တရားခံအဖြစ် ထိန်းသိမ်းထားသူ ၂ ယောက်ကို စစ်ဘက်တရားရုံးကနေ တရားသေ လွတ်ပေးလိုက်တဲ့သတင်း ၊  လက်ပံတန်း ကျောင်းသားသပိတ် ဖြိုခွင်းခံရခြင်း ၂ လပြည့် အခမ်းနား ကျင်းပတဲ့သတင်းနဲ့ မြန်မာ့ရဲတပ်ဖွဲ့နဲ့ ပညာရေး ဝန်ကြီးဌာနကို တရားစွဲဆိုမယ်ဆိုတဲ့ ကျောင်းသားသပိတ်ဆိုင်ရာ နောက်ဆက်တွဲသတင်းများ၊  […]


kotun winlattMay 13, 20151min0101
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။ မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း […]


Ma MaMay 13, 20154min017
ပြီးခဲ့တဲ့ရက်ပိုင်းက ကလောရောက်တော့ အဲဒီကရာသီဥတုနဲ့ ပန်းတွေ အရောင်စုံ အမျိုးစုံ (မမြင်ဖူးတာတွေအများကြီး) တွေ့လို့ ရိုက်လာခဲ့တယ်။   အရင်ကဆို ပုံဆိုဒ်တွေကို ချုံ့ပြီးမှတင်ပေမယ့် ပန်းပုံလေးတွေဆိုတော့ လှတပတခံစားရအောင် မူရင်းအတိုင်းပဲ တင်လိုက်ပါတယ်။ 🙂   ခိုင်ဇာ ရဲ့ Fuchsia ပန်းကိုကြည့်ပြီး ………….   ပန်းက ၁၁ ကျပ်ပေးရတယ်လို့ မထင်လိုက်ပါနဲ့။ စိတ်ဓာတ်ကျနေတဲ့ပုံ ဇောက်ထိုးပွင့်နေလို့ ၁၁ကျပ် ကျတဲ့ပန်းလို့ ကို်ယ့်ဖာသာကိုယ်   နာမည်ပေးထားလိုက်တာ။ :k:       ဒါကတော့ ဂန္ဓမာပန်းလို့ ထင်တာပဲ။ သွေးသောက်ညီအမရဲ့ နည်းနဲ့ နာမည်ပေးရရင်တော့ ပန်းဝါ ပေ့ါ။  :chit:   နှင်းဆီနီနီ မလှဘူးလား။ ရန်ကုန်မှာမြင်ဖူးတဲ့ အပွင့်တွေထက် ၂ဆလောက်ကြီးတယ်။ 🙂 […]


“တောင်တွေးမြောက်တွေး  အပိုင်းအစလေးများ တစ်”   တစ်ရက် မိတ်ဆွေတစ်ယောက် အလုပ်ဆိုင်ကို ကျုပ်ရောက်သွားပါတယ်။ အလုပ်သဘောလဲပါ အလည်ကိစ္စလဲ ပါတယ်ဆိုပါတော့။ ကျုပ်ရောက်တဲ့အချိန်မီးပျက်နေတော့ ကလေးမလေးတစ်စု ထိုင်ပြီး တွတ်ထိုးနေကြပါတယ်။ အဲ့မှာကောင်မလေးတစ်ယောက်က ဖုန်းလေးကို ပွတ်လိုက် ဟီဟီနဲ့ရီလိုက်လုပ်နေပါတယ်။ ကြည့်ရတာ ဖေစ်ဘုတ်က ပုံတွေကြည့်ရင်းကော်မင်းတွေဖတ်ရင်း တစ်ယောက်ထဲတစ်ကမ္ဘာဖြစ်နေပုံပါဘဲ။ အဲ့ကောင်မလေးက ဖုန်းကြည့်လိုက် ဟီလိုက် လုပ်နေတာကို မြင်ကြားနေတော့ သွားလေသူ ကျနော့်အဖွား ပြောခဲ့ဆုံးမခဲ့တာတွေကို သတိရသွားပါတယ်။ ကျနော်တို့အဖွားက ရှေးအဖွားကြီးဆိုတော့ ဗိုင်းကောင်းကျောက်ဖိ ပိပိပြားပြား ရီစရာတွေ့လို့ရီရင်တောင်မှ ပါးစပ်ကိုလက်ကလေးနဲ့ကွယ်ပြီး ခစ်ကနဲ့တစ်ချက်ဘဲရီတဲ့ဘဝနဲ့ကြီးပြင်းလာတာကိုး။ အဲတော့ မိန်းကလေးဖြစ်ပြီး တဟီဟီနဲ့ မြင်းများလို့ ဟီလာတိုက် နေတတ်တဲ့သူဆိုရင် သူတို့မျက့်စေ့ထဲမှာ ကြည့်မရတော့ပါဘူး။ “ဟဲ့ မိန်းမကောင်းဆိုတာ ဟီလာမတိုက်ရဘူး၊ မိန်းမပျက်တွေမှအဲ့လိုနေတာ” လို့ မြည်တွန်တောက်တီးတတ်ပါတယ်။ မိန်းမပျက်လို့ ဆိုပြန်တော့ […]


ပထမဆုံး အတွေ ့အကြုံ ပထမဆုံး မြို ့ပတ်ရထား စီးဖူးတာက အဘိုးနဲ ့ဗျ… မှတ်မှတ်ရရ ကျွန်တော် ၃ တန်းသာသာပဲရှိဦးမည်ထင်… အရင်အခေါ် ချောင်တွင်းကုန်းဘူတာ… အခု ပါရမီ ဘူတာကနေ မြို ့တပတ်စီးသဗျ… သိပ်ငယ်လွန်းတော့ စီးဖူးတယ်ဆိုတာပဲ မှတ်မိတယ်… ပုံရိပ်တွေကတော့ ဝေဝေဝါးဝါး…     ပြန်လည်စီးဖြစ်ပုံ ပထမဆုံး အခု ပြန်စီးဖူးတော့ မြို ့ထဲကနေဗျ… ဒီလိုရယ် အဲ့နေ ့က တကယ်တော့ ပျင်းပျင်းနဲ ့ ရုပ်ရှင်ကြည့်ဖို ့ထွက်လာတာ… ကံဆိုးချင်တော့ လက်မှတ်က ကြိုမဝယ်ထားမိဖူး… တင်တဲ့ကားက နိုင်ငံခြားကား တပတ်လည်း ရှိပီဆိုတော့ ကြိုဝယ်ဖို ့လိုလောက်မယ်မထင်ပါဖူးဆိုပီး ထွက်လာတာ… ဖြစ်ချင်တော့ လက်မှတ်ကုန်နေတယ်တဲ့ဗျာ… အဲ့ဒါနဲ ့ […]


“ဘယ် ဘက်မှာ နေမလဲ” ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ ကာလပေါ်စကားလုံးများ ဘဝများစွာနဲရင်းနှီး လူထုအတွင်း စီးဆင်းရောက်ရှိ ထိရှတဲ့ဗန်းစကား ကျနော် တို့အားလုံး အလိုလိုသုံးမိကြသပေါ့။ စွန့်လွှတ်ခြင်းနဲ့ဒီမိုကရေစီ ခရိုနီနဲ့ဇီးသီးဗန်း ပုံပြောင်းအစိုးရ-နဲ့ပြည်သူ့ခေါင်းဆောင် ဖုံးကွယ်ခြင်းနဲ့ပွင့်လင်းမြင်သာ စစ်သွေးကြွနဲ့အမျိုးသားနိုင်ငံရေး စစ်လော်ဘီနဲ့ဝန်းရံပြည်သူ ဖွင့်ဆိုချက်မတူ တန်ဘိုးမတူ ရည်ရွယ်ချက်မတူ လားရာမတူ မတူခြားနား စကားလုံးများစွာ ဘယ်ဘက်မှာနေမလဲ ခပ်ရဲရဲ ဆုံးဖြတ်ဘို့ဘဲ လိုတယ်နော်။ ကိုပေါက်လက်ဆောင်အတွေးစဉ် ရ -၅-၂၀၁၅  


ရာမညMay 12, 20151min09
    ဒုတိယမိပြန်လှည့်ခြင်းကို နားလည်ပေးပါသခင်   ခိုင်ထူးရဲ့သီချင်းလို မင်းလောက်ကိုယ့်အပေါ် ဘူမှကောင်းဘူး မင်းတျောက်ထဲသာ ကိုယ့်တွက်ကောင်းနိုင်ဆုံးအဖေါ်   တကယ်ဆိုရင် ကိုယ်ကပဲ စိတ်ခုနေတာ အများသူငါ ရန်ရှာမိတယ်လေ အေးအေး မနေတတ်တာ ဝါသနာပါ   သခင်ရယ် ခြေဦးလှည့်ခွင့်ရပလား ပြန်တူးကြည့်ခွင့်ရပလား သံယောဇဉ် ရထားက မခွါချင်ဘူးတဲ့သခင်ရယ်   မပေတော့ပါဘူး မမိုက်တော့ပါဘူး မတိုက်ခိုက်တော့ပါဘူး ဒုတိယနဲ့ နောက်ထပ်တခေါက်ပါပဲ သပြေပန်းနဲ့ကြိုပေးပါ ရေပန်းနဲ့ ဖြန်းပေးပါ အပြန်လမ်းမှာ လွမ်းနာကျခဲ့လို့ပါ   လေချုပ်ရဲမိုးပြောတာ အမြှောက်တွေပစ်ပါ အမြှောက်တွေပစ်ပါ တဲ့ ကျွန်တော်တစ်ခွန်းပဲပြောချင်တယ် ကျွန်တော်ပြဿနာမောင်မွှေးမဟုတ်ပါ သနပ်ခါးပေးပါ မိတ်ကပ်ပေးပါ မျက်နှာပြောင်နေလို့ ရှိသေးရင်နဲနဲပေးပါ ။             […]


“မင်းသားကြီး ဇာတ်”   တီးဝိုင်းမပါ ဇာတ်လမ်း မရှိ။   မင်းသမီး မပါ ဇာတ်ရံမရှိ။   ရုံဝင်ကြေးမပါ ထိုင်စရာမရှိ။   ကြည့်ချင်လည်း ကြည့် မကြည့်ချင်လည်း ကြည့်   အစ အဆုံး မင်းသားကြီး သာရှိ။   ကိုပေါက်လက်ဆောင်အတွေးစဉ် 3-4-2015