​ေ​မ့…လပြည်​့ဝန်​း

moonpoemMay 21, 20151min012

အိမ်က အစ်ကို လူပျိုကြီး သီချင်းညည်းနေသည်။သူ ့ကိုမှ
ချစ်မိနေပါတယ် မျက်စိထဲ တဝဲလည်လည် တူနယ်တဲနယ်ဆိုသော တွံတေးသိန်းတန်၏ ဖိုးလမင်းကို အောင်သွယ်ခိုင်းရမယ် သီချင်းဖြစ်၏။မွန်းပိုအမ် ဘဝင်မကျသဖြင့် ဆက်မဆိုရန် မေတ္တာရပ်ခံလိုက်သည်။
အဘယ်ကြောင့်ဆိုသော် လေခွန်ကောက်နေသော မြန်မာပြည်တွင် ဖိုးလမင်းလည်း အရင်ကလို အောင်သွယ်ချင်တော့မှာ မဟုတ်မှန်း သိနေခြင်းကြောင့် ဖြစ်၏။

သည်တွင် အစ်မ အပျိုကြီးကတစ်စခန်းထလာပြန်သည်။ထမင်း
ဆီဆမ်းတွေပေးပါနော် ရွှေလင်ဗန်းကြီးနဲ့ကွာ ဘာညာဘာညာဆိုသော လေးလေးဝါး သီချင်းကို ဆိုနေခြင်း ဖြစ်သည်။မွန်းပိုအမ် ရင်ထဲတွင်​လမင်းကြီးအတွက် စိတ်မကောင်းသဖြင့် အငယ်ပီပီ ပြောရပေဦးမည်။
အပျိုကြီးအား ဆန်ဈေးကကြီး ဆီဈေးကကြီးရတဲ့အထဲ ရွှေလင်ဗန်းနဲ့ပါ အဆစ်တောင်းတာသည် မဖြစ်သင့်ကြောင်း။လပေါ်တွင်​ဝပ်နေသည်
့ယုန်တောင်ထမင်းတစ်နပ်လျှော့စားနေရတာ သနားစရာကောင်းလို့ ဆက်မဆိုသင့်ကြောင်း ပြောလိုက်ရပြန်သည်။

သူတို့နှစ်ယောက်က လအကြောင်း ဆိုကြတော့ မွန်းပိုအမ်လည်း လအကြောင်းညည်းမိသွားသည်။လရောင်ထဲ ကိုယ်လမ်းလျှောက်ချင်တယ် ဘယ်ကိုရောက်နေလဲ မသိတော့ဘူးကွယ်ဟူသော ထူးအိမ်သင်၏ သီချင်းတစ်ပုဒ် ဖြစ်သည်။

ထိုအချိန်တွင် ဝုန်းဟူသောအသံကြားရပြီး အသံလာရာ
ကြည့်သောအခါ လနတ်သားဖြစ်နေသည်ကို တွေ့ရသည်။သူက မွန်းပိုအမ်ကို သတိလာပေးခြင်း ဖြစ်သည်။လရောင်ထဲ လမ်းမလျှောက်သင့်တော့ကြောင်း။အဘယ်ကြောင့်ဆိုသော် ဟိုးတလောက မြန်မာပြည်မှ ဟန်နီးမွန်းလာသွားသော ချမ်းမီမီကိုတို့ စုံတွဲမှ သတိပေးပြောသွားကြောင်း။

အကြောင်းမှာ လပြည့်ညတွင် မြန်မာတစ်ပြည်လုံးထိန်လင်းနေသည့်
အတွက် လမင်းကြီးအား ဇွန်လ၁ရက်နေ့ နယုန်လပြည့်နေ့မှစပြီး အစိုးရမှမီတာခွန်ကောက်မည့် အကြောင်း သိလိုက်ရရျ်ဟု ဆိုလေသည်။

ထို့နောက် လနတ်သားသည် တောင်တောင်အီအီ ဟိုရောက်
ဒီရောက် ပြောပြီး သီချင်းတစ်ပုဒ်ကိုညည်းကာ ထွက်သွားတော့သည်။ထိုသီချင်းကို သံစဉ်သိသော်လည်း သီချင်းစာသားက မတူ။

ထိုသီချင်းသည်ကားးး
ဒီလမ်းထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး
မြန်မာပြည်ထဲကို နောက်တစ်ခါ ဘယ်တော့မှ မလာတော့ဘူး
အခွန်ကောက်ပြီး ဘာမှမလုပ်တဲ့ လူတွေနဲ့ မပတ်သတ်ချင်တော့ဘူးးဟူရျ်သာ။

12 comments

  • Alinsett @ Maung Thura

    May 21, 2015 at 3:50 pm

    အခွန်ကောက်ပြီး ဘာမှမလုပ်တဲ့ လူတွေ..ဆိုတဲ့စကားနဲ့ သူတို့နဲ့ ထိုက်တန်တယ်ဗျ…
    မီတာခတွေသာ ပြည်သူဆီက အားကိုးတကြီး ကောက်ခံတယ်..
    မီးကျ မလာဘူး..
    လာလည်း အားမပြည့်ဘူး…
    လမ်းမှာလည်း ဓါတ်ကြိုးအစုတ်တွေချည်းပဲ…
    ဖုန်းဘေလ် အခွန်ကျတော့ ကောက်မယ်.. ဖုန်းလိုက်းကျတော့ မကောင်းဘူး..
    .ဟဲလို..ဟဲလို.. ကြားလား ကြားလား..နဲ့ပဲ….တစ်မိနစ် ငါးဆယ် ပေးပြီး မေးနေရတယ်..
    တိုင် ပျောက်နေတဲ့နေရာတွေလညိး တပုံကြီး..
    .ဒါနဲ့မျာေးတာင် ရှေ့သို့ လှမ်းချီဦးမတဲ့…
    .လေလုံးထွားခြင်းသာ တတ်နိုင်စွမ်းသူတွေကိုသာ လေခွန်ကောက်ရစတမ်းဆို…..

    .ပြည်သူဆီက အခွန် အခကို အားကိုး မှီတည်နေပြီး. ပြည်သူ့ကို ထိုက်တန်တဲ့ ဝန်ဆောင်မှုတွေ
    .ပြန် မစီစဉ်ပေးနိုင်တဲ့ စေတနာမပါသော …အုပ်ချုပ် စီမံ ခန့်ခွဲမှုတွေကို ရွံပါသီ
    ထွီ

    Reply

  • ခင်ဇော်

    May 21, 2015 at 3:56 pm

    ပြော မရ
    ပိုက်ဆံ မဟားးဒယားးလိုနေတဲ့ အစိုးးရ က ဒီပို့စ် ဖတ်ပြီးး အိုင်ဒီယာ ရသွားးမှဖြင့် …!!
    😥

    Reply

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 21, 2015 at 4:04 pm

    လင်​မယူ​သေးတဲ့ အပျို​တွေအကုန်​
    အမျိုးသား​ရေးတာဝန်​ ပျက်​ကွက်​မှုနဲ့ ဒဏ်​ရိုက်​ဗျာ
    🙂

    Reply

  • မြစပဲရိုး

    May 22, 2015 at 5:46 am

    ရီလိုက်ရတာ မေ ရယ်။
    . တွေးမှ တွေးတတ်ပလေ။

    လနတ်သား ကို မေးပေးပါ။
    ။မြန်မာပြည် ကို မလာရင်နေပါလို့။ အဲ့ ကို များ လာလို့မရဘူးလားလို့။

    အမယ် ။ အဟုတ်နော်။
    တကယ်ရှိချင်ရှိနေမှာ။
    တစ်နေ့က သတင်းတစ်ပုဒ် ထဲ နာဆာ ကနေ ရိုက်တဲ့ဓာတ်ပုံထဲ မှာ နတ်ပြည် လိုမျိုး ကို တွေ့ဆိုဘဲ။
    ဘယ်သူတွေ ဘယ်လောက်ယုံဦးမယ်မသိ။
    lol:-)))))

    Reply

    • ဂျက်စပဲရိုး

      May 22, 2015 at 8:06 am

      အရီးရေ ပြောမနေပါနဲ့တော့
      လူတွေ ယုံလွယ်တာကို အဲ့လောက် စိတ်မဆင်းရဲဘူး
      ဒီလောက် လှောင်ပြီး ရေးထားတာကိုမှ ယုံကြ ရှဲကြတဲ့လူတွေကို ကျတော့လဲ
      ဦးနှောက် မပြည့်လို့များလားဆိုပြီး သနား မိသား
      (စနစ် မကောင်း အစိုးရ မကောင်းလို့ဘာာာ 😛 )

      Scientific Buddhist ဆိုတဲ့ ပေ့ချ် က ဂလို ရေးသဗျ။

      နတ်ပြည်ကို မမျှော်လင့်ဘဲ သိပ္ပံပညာရှင်များ ရှာဖွေတွေ့ရှိ
      တစ်ကမာ္ဘလုံးက လူတွေသိစေဖို့ ဗုဒ္ဓဘာသာမှန်ရင် ရှဲပေးစေလိုပါတယ်။
      ——————————————————————————
      ယခုတစ်ပတ်မှာထွက်ပေါ်လာတဲ့ သတင်းကတော့ မယုံနိုင်ဖွယ်ရာပါပဲ။ အိပ်မက်အလား အောက်မေ့ရပါတယ်။ Scientific Buddhist ကိုတည်ထောင်ထားတဲ့ ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တွေကိုယ်တိုင် ဒီသတင်း စစ်မှန်မှု ရှိမရှိ အထပ်ထပ်အခါခါ စစ်ဆေးပြီးလို့ မှန်တယ်လု့ိ သေချာမှ တင်ပေးလိုက်တာဖြစ်ပါတယ်။ မယုံသူများ အောက်မှာပေးထားတဲ့လင့်ခ်မှာ မူရင်းသတင်းကို သွားကြည့်လို့ရပါတယ်။
      နတ်ပြည်ကိုရှိဖွေတွေ့ရှိမှုတစ်ခုလုံးဟာ NASA အဖွဲ့က လွှတ်တင်လိုက်တဲ့ လူမပါတဲ့ အာကာသယာဉ် (unmanned spacecraft) တစ်စီးဖြစ်တဲ့ Forshor Inhtue 10 ကိုလွှတ်တင်ရာကနေစတာပါ။ လွှတ်တင်ရတဲ့ ရည်ရွယ်ချက်ကတော့ ကောင်းကင်အပေါ်မှာရှိတဲ့ cosmic X-ray source များကို တိုင်းတာရန်နှင့် ကမာ္ဘ့အပြင်ဘက်ရှိ X-ray source တွေကို သိပ္ပံနည်းကျ လေ့လာစမ်းသပ်ဖို့ဖြစ်ပါတယ်။ ယာဉ်ကို လွှတ်တင်ပြီး မကြာမှီမှာဘဲ ကြီးမားတဲ့ X-ray source တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒါနဲ့ ဓာတ်ပုံရိုက်ပြီး ကမာ္ဘမြေပေါ်ရှိ NASA ရုံးချုပ်ကို ပေးပို့ရာမှာ မယုံနိုင်ဖွယ်ရာ နတ်ဘုံနတ်နန်းတစ်ခုကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။
      ပုံမှာ မြင်ရတဲ့အတိုင်း ရွှေရောင် တဖိတ်ဖိတ်တောက်ပနေတဲ့ နတ်ဘုံနတ်နန်းကို အာကာသယာဉ်ရဲ့ ကင်မရာဖြင့် အမိအရ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။
      NASA အဖွဲ့ဟာ ဒီသတင်းကို လူသိမခံချင်လို့ လျှို့ဝှက်ထားတာ နှစ်ပေါင်း ဆယ့်နှစ်နှစ်ကျော်ကြာပါပြီ။ များမကြာသေးခင်ကမှ NASA အဖွဲ့မှ Stanford-Ananda Institute of Applied Buddhism အဖွဲ့သို့ ဒီမှတ်တမ်းမှတ်ရာတွေကို လွှဲပြောင်းပေးလိုက်လို့ အများပြည်သူသိခွင့်ရတာ ဖြစ်ပါတယ်။ Stanford-Ananda Institute of Applied Buddhism အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dr. Swal Talout ကလည်း ဒီအထောက်အထားတွေအပေါ်မှာ အခြေခံပြီး ဗုဒ္ဓဘာသာရဲ့ သိပ္ပံနည်းကျမှုတွေကို ဆက်လက်သုသေတနပြုသွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
      ၎င်းက ဆက်လက်ပြီး နာဆာအဖွဲ့ရဲ့ စကြာဝဠာကို နားလည်ထားမှုဟာ အပေါ်ယံလောက်သာ ရှိသေးကြောင်း သိပ္ပံနည်းကျ သုသေတနတွေမှာ ဗုဒ္ဓဟောကြားထားတဲ့ တရားတွေကို ထည့်သွင်းပြီး လေ့လာသွားရင် များစွာ အကျိုးရှိမည်ဟု မိမိထင်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

      အဲ့ဒါကို ယုံကြ ရှဲကြ
      ဂျာနယ် ထဲတောင် ရုပ်တည်ကြီးနဲ့ သတင်း အခန့်ကြီး ထည့်ရေးတဲ့ လူက ရှိသေး
      လှောင်ပြီး ရေးတာ မဟုတ်ဘူးနော်..
      အတည်အတန့်ကြီး ရေးနေတာ

      အဲ့ဒီ ပေ့ချ် ကို ရီပို့ထ် ထု ကြပါ ဆိုပြီး campaign လုပ်တဲ့ လူတွေကလဲ မနည်းမနော (ရှက်ရမ်းရမ်းတာ နေမယ်)

      Reply

  • Ma Ma

    May 22, 2015 at 9:16 am

    မွန်းပိုအမ်ရဲ့ Satire ရေးဟန်ကို သဘောကျတယ်။
    အဲဒါ မွေးရာပါ အရည်အချင်းပဲ၊ လူတိုင်းမရေးနိုင်ဘူး။
    Bravo! 🙂 🙂 🙂

    Reply

  • moonpoem

    May 22, 2015 at 11:37 am

    လနတ်​သားတင်​ မဟုတ်​ပါဘူး​ေြ​ မ​စောင်​့နတ်​​ရော ​လေ​စောင်​့နတ်​​ရော စိတ်​ညစ်​​နေကြပြီရယ်​။​မြေခွန်​ ​လေခွန်​​ကောက်​ပြီး တစ်​ပြားမှ မရလို့တဲ့။ 😛

    Reply

  • kai

    May 22, 2015 at 3:59 pm

    အမှန်တရားပြောရရင်တော့.. အစိုးရကိုအခွန်ဆောင်ရမယ်ဆိုတာက.. အဲဒီနိုင်ငံထဲနေတဲ့လူတွေရဲ့ သမိုင်းပေးတာဝန်.. အလုပ်ပဲ..။
    အဲဒီအခွန်ငွေကို.. အစိုးရအသုံးပြုပုံ…ဆိုတာက…နောက်တပိုင်း…။

    ဆိုတော့..
    ဗုဒ္ဓဘာသာက..ကမ္ဘာ့အကောင်းဆုံးဆိုတာကြီးကိုကျ.. တကယ်ဆိုပြီး.. တချို့စာအုပ်တွေမှာတောင် ပုံနှိပ်ဖေါ်ပြနေကြသေး…။
    ယုံချက်တွေကတော့.. ဘာပြောရမှန်းတောင်မသိ….တော့..။

    Reply

  • Wow

    May 22, 2015 at 4:27 pm

    အဟွာလေ ရုံးက နိုင်ငံခြားသားပြောတာက သူတို့ဆီမှာဆို 13% ဆောင်ရတယ် နင်တို့ဆီက သက်သာတယ်တဲ့ အာ့လေးလာပြောတာ :mrgreen:

    Reply

  • padonmar

    June 4, 2015 at 10:12 pm

    စာရေးစာဖတ်ဝါသနာရှင် ဂရုကို ရှဲသွားပါကြောင်း

    Reply

  • မိုက်ချက်အေ

    မြန်မာပြည်က တူး ဝေး ပါ

    အစိုးရက အခွန်ကောက်ပြီး ဘာမှ လုပ်မပေးဘူး

    အဲဒါကိုအကြောင်းပြပြီး လူထုက အခွန်ရှောင်တယ်

    စားသောက်ဆိုင်မှာ ကုန်သွယ်ခွန် ကောက်တော့ စားပြီးတာနဲ့ပေးလိုက်ရတယ်
    အခွန်တံဆိပ်ခေါင်းတောင်းတော့စကားများရတယ်
    ပေးတော့ပေးလိုက်ရတာပါဘဲ

    ဆိုင်ရှင်က သူ့အိတ်ထဲ ထည့်သွားရော
    ဆိုင်ရှင်မထည့်လဲ ကောက်ခိုင်းသူက သူ့အိတ်ထဲထည့်မှာသေချာနေတာ့
    ဟေတုပစ္စယော သဘောထားလိုက်ပါ၏

    Reply

Leave a Reply

Your email address will not be published.