ကြောင်လေးDecember 12, 20111min015
တကယ်ပူးတာလား   အလေ့အကျင့်လား ကျနော် နတ်ကိုးကွယ်မှုအကြောင်းတော်တော်များများရေးခဲ့တယ်။ တကယ်တော့ နတ်လို့ အများသုံးနှုန်းနေကြတဲ့ ပရလောက မရှိဘူးလို့ဆိုလိုတာမဟုတ်ပါ။ ကိုးကွယ်နေသူများကိုလည်း ရှုံ့ချလိုခြင်းမရှိပါ။ ကျနော်ဆိုလိုချင်တာက ယုံကြည်မှုတစ်ခုကို အစဉ်အလာအရ သော်လည်းကောင်း၊ ယုံကြည်စရာကောင်းလောက်တဲ့မျက်မြင်အရသော်လည်းကောင်း ဇွတ်မှိတ်မယုံလိုက်ပဲနဲ့ အရင်းအမြစ်ကိုသေချာလေ့လာသုုံးသပ် ဆုံးဖြတ်ပြီးမှ ယုံစေချင်တာပါ။ ဒီနေရာမှာ ကျနော်ကိုယ်တိုင် တွေ့ကြုံပတ်သက်ခဲ့တဲ့ တကယ့်အဖြစ်မှန်ကလေးတွေကို တင်ပြချင်ပါတယ်။ ကျနော်ငါးတန်းကျောင်းသားဘဝက အဖေတာဝန်ကျတဲ့ ဝါးခယ်မမြို့ကိုလိုက်သွားပါတယ်။ အဖေတာဝန်ကျတာမြို့ပေါ်မှာမဟုတ်တော့ ကျနော်က မြို့ပေါ်က အဒေါ်အိမ်မှာနေပြီးကျောင်းတက်ပါရတယ်။ မြို့ပေါ်ဆိုပေမဲ့ မြို့ရဲ့တဘက်ကမ်းမှာပါ။ငှက်သမ္ဗာန်လို့ခေါ်တဲ့ အမြီးနှစ်ခွ လက်ခပ်ကူးတို့လှေနဲ့ ကူးရတာပါ။ ဝါးခယ်မမှာ တနှစ်တစ်ကြိမ် ဦးရှင်ကြီး၊ ကိုးမြို့ရှင်နဲ့ ရိုးရာနတ်တွေပူဇော်ပွဲကိုကြီးကြီးကျယ်ကျယ်ကျဉ်းပပါတယ်။ တနှစ်တစ်ကြိမ်ဆို်ပေမဲ့ မြို့ဘက်ကမ်းကတစ်ကြိမ် တဖက်ကမ်း(တရုပ်တန်း)ကတစ်ကြိမ်သီးခြားစီလုပ်တာပါ။ အခုတော့ ဘယ်လိုလဲမသိပါ။ တရုပ်တန်းဘက်မှာ ပူဇော်ပွဲမလုပ်ခင်တစ်လလောက်ကတည်းက အလှူ လိုက်ခံပါတယ်။ အလှူခံတဲ့အခါ ဦးရှင်ကြီးရဲ့ စီးတော်ကျားအဝတ်အစားဝတ်ထားသူတစ်ယောက်ပါ ပါတယ်။ […]


weiweiDecember 11, 20111min027
ကိန်းဂဏန်းများကို ကျွန်မအလွန်ကြောက်ပါသည်။ မကြားချင် မပြောချင်လောက်အောင် စိတ်ပျက်မိပါသည်။ ဘာလေးပဲဝယ်ဝယ် ဈေးမေးလိုက်တာနဲ့ ကိန်းဂဏန်းကြီးကြီးတွေ ကြားရတာ နားဝင်ဆိုးလှသည်ဟု ထင်မိလေ့ရှိပါသည်။ အစားအသောက် အဝတ်အထည် အသုံးအဆောင်ဘာလေးပဲဖြစ်ဖြစ် ကောင်းတာကိုမှ ကြိုက်တတ်တော့လည်း ကိန်းဂဏန်းကြီးကြီးတွေနဲ့ပဲ ထိတွေ့ဆက်ဆံဖြစ်ပါတော့သည်။ ကျွန်မသည် ဝန်ထမ်းတစ်ယောက်ဖြစ်သည့်အတွက် ဝင်ငွေကိန်းဂဏန်းက ကိန်းသေဖြစ်ပါသည်။ ထွက်ငွေက အမြဲတမ်းပုံသေမရှိ ဂဏန်းမငြိမ်သက်သည့်အခြေအနေဖြစ်ပါသည်။ လောဘစိတ်ကိုလျော့၊ ပီတိကိုစား၊ ပစ္စုပ္ပန်တည့်တည့်ကြည့်ပြီး စိတ်ချမ်းသာအောင် နေရသည့် အခြေအနေဖြစ်ပါသည်။ ပတ်ဝန်းကျင် အပေါင်းအသင်းများနှင့် အဆက်ဖြတ်ပြီး အလုပ်နဲ့အိမ်မှာသာ အချိန်ကုန်နေစဉ်မှာ ကိန်းဂဏန်းများက ဒုက္ခပေးလေ့မရှိသော်လည်း အပြင်လောကကို ထွက်လိုက်သည်နှင့် ကျွန်မ၏စိတ်ကို တိုက်ခိုက်ကြပါတော့သည်။ ဒီအပတ်ပိတ်ရက် အလုပ်ထဲကမိတ်ဆွေတစ်ယောက်က သန်လျင်ဘက်မှာ ခြံသွားဝယ်ဖို့ အဖော်လိုက်ခဲ့ပေးဖို့ခေါ်ပါသည်။ သန်လျင်နဲ့ရင်းနှီးတဲ့ကျွန်မက အကြံပေးအနေနဲ့ကူညီရန် လိုက်သွားပေးလိုက်ပါသည်။ မြေကြီးဈေးတက်နေသည်ဟု ကြားထားပြီးဖြစ်သော်လည်း ကိန်းဂဏန်းအတိအကျကို ကျွန်မမသိခဲ့ပါ။ စိတ်လဲမဝင်စားခဲ့ပါ။ […]


koyin sithuDecember 10, 20111min016
ဦးသိဒ္ဓိကျော်တဲ့။ သူကား ဗေဒင်ဆရာ တစ်ဦးဖြစ်တယ်။ အသက်အားဖြင့် ၅ဝကျော်လောက် ရှိမည်ထင်၏။ အိမ်ထောင်မရှိဘူး။ တပည့်တစ်ဦးနှင့် အတူ တိုက်အိမ်ကြီး တစ်အိမ်မှာ နေတယ်။ သူပိုင်တော့ မဟုတ်ဘူး။ အိမ်ကြီးက ငှားနေပုံရတယ်။ စီးပွားရေး ပြေလည်တယ်။ သူ၏ တိုက်အိမ်ကြီး၏ တံခါးဝတွင် “ဧကန္တ အယူတော် မင်္ဂလာ ဆရာသိဒ္ဓိကျော်”ဟု ဆိုင်းဘုတ် အောက်ခံအနီတွင် ဆေးအဖြူဖြင့် ရေးစွဲထားသော ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားလေ၏။ ဆရာဦးသိဒ္ဓိကျော်သည် နာမည်ကြီး ဗေဒင်ဆရာတစ်ဦး ဖြစ်၏။ သူ၏ထံသို့ အဆင့်အတန်းမြင့်သော လူချမ်းသာ များ စီးပွားရေး လုပ်ငန်းရှင်များ အရာရှိများ လာမေးကြ၏။ အိမ်ထောင်ရေးနှင့် ပါတ်သက်၍ ယတြာ အလွန်ကောင်းသည်ဟု နာမည်ကြီးနေလေ၏။ တစ်နေ့တွင် ဗေဒင်ဆရာ ဦးသိဒ္ဓိကျော်ထံသို့ အသက်အရွယ်အားဖြင့် ၃၅ နှစ်ခန့်ရှိသော […]


(စကားချပ်။ ။ ဤ ဆောင်းပါးလေးသည် ကျန်းမာရေးဆောင်းပါးချည်း အလျဉ်းမဟုတ်ပါ။ အဆုံးထိ ဖတ်ရှုပြီးမှ ဆုံးဖြတ်ဝေဖန်ပေးကြပါ။ ရည်ရွယ်သည်မှာ ခေါင်းဆောင်ကောင်းတစ် ဦး ၏ အရည်အသွေး နှင့် အရည်အချင်းကို ဖော်ကျူးခြင်းဖြစ်သည်။ ) ‘ ဘာ… သူကြီးက အဲ့လိုပြောလား… မဖြစ်ဘူး… လုံးဝ သဘောမတူဘူးကွ.. ဒီလိုကိစ္စက ငါတို့ ဘိုးဘွားဘီဘင်ကတည်းက ကျင့်သုံးလာ တာ… သူ ပြောမှ …. အို…. မဖြစ်ဘူးကွာ…လုံးလုံးကြီးကို သဘောမတူတာ…’ ချက်ကြီး ၏ စကားကို အားလုံးနားထောင်ရင်း မှင်သက်နေသည်။ သတင်းပို့သူ ခွေးပုက တော့ သူ့နံဘေးမှာ ဇက်ကလေးပုလို့ မျက်လုံးကလေး ကလယ်ကလယ်နှင့်။ ‘ဟုတ်တယ်…. ငါလည်း ထောက်ခံတယ်… ဒါမျိုးက သူတစ်ယောက်တည်းဆုံးဖြတ်ချက်နဲ့ လုပ်လို့ရတာမှမဟုတ်တာ.. ငါတို့ […]


ကထူးဆန္းDecember 9, 20111min016
လူ နဲ့ မှု ။ ကြက်ဥ နဲ့ ကြက် ဘယ်သူက အစလည်း ဆိုတာလို ကျွန်တော်တို့ အမြဲတန်း ငြင်းကြတယ်လေ။ လူမကောင်းလို့ မူမကောင်းတာ ဆိုသလို မူမကောင်းလို့ လူမကောင်း ဆိုပြီး။ ဘယ်သူမှန်လည်း ဘယ်သူမှားလည်း တော့ ပြောရတော့ ခက်ပါတယ်။ လူတွေ စည်းကမ်းမရှိလို့ ဥပဒေ မစိုးမိုးနိုင် ၊ ဥပဒေ မစိုးမိုးနိုင်လို့ လူတွေ စည်းကမ်းပျက် စသဖြင့် စသဖြင့် .. ဝိုင်းကြီးပါတ်ပါတ် လည် နေကြပါတယ်။ ဖြေရှငိးရ ခက်လှပါတယ်။ အဲ အစဉ်ပြေအောင် ကြည့်ရှင်းလိုက်တာတွေလည်း အများကြီး ။ ကျွန်တော် မနက်တိုင်း ရုံးလာရင် ပြည်လမ်း က ဖြတ် ရပါတယ်။ ပြည်လမ်း ကမာရွတ် […]


koyin sithuDecember 9, 20111min013
တချို့ ရွာထဲမှ မိတ်ဆွေ ရောင်းရင်းတွေက လစဉ်ဗေဒင်ဟောစာတမ်းမျိုး ရေးတင်ပါလို့ ပြောကြပါသည်။ ဒါပေမဲ့ ရ ရက်သားသမီးများအား တစ်လစာ ဗေဒင် ကြိုတင်ဟောရတာ အပြောလွယ်သလောက် တကယ့်ကို သေချာ ပြင်ဆင်ပြီး တွက်ချက်ရတဲ့ ယေဘုယျသီဝရီမျိုးပါ။ ဘယ်လောက်တော်တဲ့ ဗေဒင်ဆရာကြီးတွေဖြစ်ဖြစ် ရရက်သားသမီးတွေ တွက်ပေးပေး အလွန်းဆုံးမှန် (၆၀% – ၇၀%) ကြားထဲမှာပါပဲ။ ဂြိုလ်တွေရဲ့ လစဉ်သက်ရောက်အားကို ပျမ်းမျှတွက်ကြည့်ပြီး ဉာဏ်ကွန့်ပြီး တွက်ချက်ရတာပါ။ အမှန်အတိုင်းဝန်ခံရရင် ကျွန်တော့် မိသားစုရေး၊ စီးပွားရေးနှင့် အခြားအကြောင်းအရာတွေကြောင့် ကျွန်တော့်ရဲ့ (Willpower) တွေ ကျဆင်းနေတာ နှစ်လနီးပါးရှိနေပါပြီ။ ကျွန်တော့်ခေါင်းအုံးအောက်မှာ အမြဲထည့်အိပ်ပြီး ကျွန်တော့်ရည်းစားထက်တောင် ပိုနမ်းရှူံပေးနေတဲ့ ချစ်တဲ့ တားရော့ခ်ကတ်လေးတွေတောင် ကျွန်တော့်ကို မျက်စောင်းထိုးနေကြလေပြီ။ ပုံမှန် ကျင့်ကြံရမယ့် စိတ်လေ့ကျင့်ခန်းတွေလည်း မလုပ်တစ်ရက် […]


Moe ZDecember 9, 20111min024
ကျင့်သားရနေပြီဖြစ်တဲ့ မျက်လုံးတွေက ၆ နာရီဆိုရင် ဘယ်လိုမှဆက်အိပ်လို့မရတော့ပါ။ ဒီနေ့ရုံးပိတ်ရက်ဆိုတော့ အအိပ်မက်တဲ့မိန်းမက သူ့အတွက်ထမင်းချိုင့်ပြင်စရာမလိုတာကြောင့် နံဘေးမှာ တုတ်တုတ်တောင်မလှုပ်။ သူကသာ ဆက်အိပ်လို့လည်းမရတော့ အိပ်ယာမှထကာ မနက်စာပြင်ဖို့လုပ်ရပါသည်။ မိန်းမကိုစောင့်ရင်တော့ မနက်စာနဲ့နေ့လည်စာ ပေါင်းစားရမှာက သေချာပါသည်။ သူအိမ်ထောင်ပြုတော့ အသက် ၂ရနှစ် မိန်းမကသူ့ထက် ၁နှစ်ကြီးပါသည်။ အိမ်မှာအငယ်ဆုံးသမီးဖြစ်သည့်အပြင် အစွမ်းကုန်အလိုလိုက်ခံရပြီး ကြီးပြင်းခဲ့ရသောကြောင့် အိမ်မှာတော့ တော်တော်လေးဆိုးပါသည်။ သူ့ကိုတော့ သိပ်ချစ်ရှာပါသည်။ ချစ်သူသက်တမ်း ၂နှစ်အတွင်းမှာ သူဘာလုပ်လုပ် သူ့ဘက်ကအမြဲထောက်ခံအားပေးခဲ့သည်။ အလုပ်မှာ အဆင်မပြေသမျှ သူမရှေ့မှာ ဖွင့်ဟတိုင်ပင်ရင်း သူမရဲ့နှစ်သိမ့်မှုတွေခံယူရင်း ကျေနပ်ခဲ့ရပါသည်။ သူတို့နှစ်ယောက်ရဲ့ အိမ်ထောင်ဦးကာလများသည် ပျော်စရာအတိ၊ ထမင်း ဟင်းမချက်တတ်သည့် မိန်းမကိုချက်ကျွေးရင်း ချက်နည်းပြုတ်နည်းသင်တန်းပေးသည်။ လအနည်းငယ်ကြာတော့ သူ့ဟာသူကြိုးစားချက်ရင်း နည်းနည်းတော့ အဆင်ပြေလာသည်  (သူကြိုက်တဲ့ အမဲကလီစာဟင်းချက်ကျွေးမယ်ဆိုပြီး မျက်နှာသုတ်ပုဝါလိုဖြစ်နေတဲ့ အမဲရောင်အူကြမ်းကို […]


koyin sithuDecember 8, 20111min011
ဘတ်စ်ကား လာသောအခါ၌ ကျွန်ုပ်လည်း ထွန်းမြင့်ကိုနှုတ်ဆက်၍ ဘတ်စ်ကားပေါ်သို့ တွယ်၍တက်ခဲ့၏။ အိမ်သို့ရောက်လျှင်ရောက်ချင်း ကျွန်ုပ်သည် ကျွန်ုပ်၏မိန်မအား ကိုမျောက်ကြီး၏ အကြောင်းကို ပြောပြလေတော့၏။ ကျွန်ုပ်၏ မိန်းမသည် လွန်စွာ အံ့ဩ၍နေ၏။ “ဪ… အဲဒီစာရေးဆရာဟာ ရှင့်သူငယ်ချင်း ကိုမျောက်ကြီးကိုး၊ ကျွန်မ သူ့စာအုပ်တွေ သိပ်ကြိုက်တာ၊ ဘာပဲဖြစ်ဖြစ် ရှင်သွားသင့်တယ်၊ ရှင့်ကို သူက တော်တော်ခင်တာပဲ၊ ရှင်သွားရင်တော့ သူက လိုအပ်တာတွေ ကူညီမှာပါ” ဟု ကျွန်ုပ်၏မိန်းမက ပြောလိုက်လေ၏။ ထိုအချိန်၌ပင် ကျွန်ုပ်၏အိမ်သို့ ရပ်ကွက်တွင်းမှ လူသုံးလေးဦး အမောတကော ရောက်ရှိလာလေ၏။ ထိုအထဲတွင် ရပ်ကွက်လူကြီး တစ်ဦးလည်းပါလာ၏။ ထိုရပ်ကွက်လူကြီးက… “ဦးထွန်းခင်ရေ၊ ဘယ်လိုမှတေ့ာ မအောက်မေ့ပါနဲ့ဗျာ၊ ခင်ဗျားသား အငယ်ကောင် ကားဂိတ်မှာ မိ်န်းမတစ်ယောက်ရဲ့ဈေးခြင်းတောင်းထဲက ပိုက်ဆံအိတ်ကို နှိုက်လို့ဆိုပြီး ဝိုင်းရိုက်လိုက်တာ […]


koyin sithuDecember 7, 20111min09
တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ ညွန့်ပြမှုကြောင့် တရားထိုင်ရန်အလို့ငှာ လွန်ချမ်းအေးသော တောင်ကုန်းမြို့ကလေး တစ်မြို့သို့ မီးရထားဖြင့် ခရီးထွက်ခဲ့၏။ ကျွန်ုပ်၏ နံဘေးထိုင်ခုံ၌မူ အဘိုးကြီးတစ်ဦး လာရောက်ထိုင်လေ၏။ သူ၌ ပစ္စည်းပစ္စယဟူ၍ မယ်မယ်ရရမ ပါရှိပေ။ လွန်စွာကြီးမားသော လွယ်အိတ်ကြီး တစ်လုံးနှင့် လွန်စွာကြီးမားသော တောင်ဝှေးတစ်ချောင်းသာ ပါလေ၏။ ထိုအဘိုးကြီးသည် အသားအလွန်ဖြူ၏။ ထို့အပြင် လွန်စွာရှည်လျား၍ ဖြူဖွေးလျက်ရှိကုန်သော မုတ်ဆိတ်တို့သည်လည်း ရှိ၏။ တိုက်ပုံအင်္ကျီနှင့် တူသော အင်္ကျီပွကြီး၊ ရှမ်းဘောင်းဘီကဲ့သို့သော ဘောင်းဘီပွကြီးကိုလည်း ဝတ်ဆင်ထား၏။ ထိုအဝတ်အစားတို့ကြောင့် မြန်မာအဘိုးအိုတစ်ဦး မဟုတ်ကြောင်း သိသာနိုင်၏။ ကျွန်ု်ပ်သည် ထိုင်ခုံ၌ ထိုင်မိသည်နှင့် တစ်ပြိုက်နက် လွယ်အိတ်တွင်းမှ တရားထိုင်နည်း စာအုပ်ကို ထုတ်၍ ဖတ်ရှုနေလေ၏။ မုတ်ဆိတ်ဖြူအဘိုးကြီးမှာမူ ကျွန်ုပ်၏နံဘေး၌ လာ၍ထိုင်နေသည့် အချိန်မှစ၍ အိတ်တွင်းမှ […]


koyin sithuDecember 7, 20111min015
တစ်နေ့သ၌ ကျွန်ုပ်နေထိုင်ရာ မှော်ဘီမြို့အစွန် မရမ်းတလင်းတောစပ်ရှိ အယူတော်မင်္ဂလာခြံ အတွင်းသို့ ကျွန်ုပ်၏ မိတ်ဆွေဟောင်း ကိုပီတာဆိုသည့် စိတ်မနှံသော လူကြီးတစ်ဥိး ရောက်ရှိလာလေ၏။ ကျွန်ုပ်ကိုမြင်လျှင် ၎င်းက.. “ဟေ့ ဖိုးအောင်ထွန်း ဂွတ်ဒ်မောနင်း၊ ဂွတ်နိုက်” ဟူ၍ သူ၏ထုံးစံအတိုင်း နှုတ်ဆက်လေတော့၏။ ကျွန်ုပ်သည် အလုပ်များသည့်ကြားမှ ကျွန်ုပ်၏ခြံကို ပြင်နေရ၏။ ဌက်ပျောပင်များ အတန်းလိုက် စိုက်နေရ၏။ ကျွန်ုပ်ထံတွင်နေသော တပည့်ကလေးများအတွက် အိမ်ကလေးများ ဆောက်လုပ်ပေးရေ၏။ ကိုပီတာကြီးသည် ကျွန်ုပ်အလုပ်ရှုပ်နေသည်ကို ကြည့်ပြီးလျှင်.. “ အလုပ်တွေများလှချေလား၊ ဘဲရီးဂွတ်၊ ဘဲရီးဘတ်ဒ်..” ဟု ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်က.. “ဘယ်လိုကြောင့် ဘဲရီးဂွတ်ဒ်ပြီး၊ ဘယ်လိုကြောင့် ဘဲရီးဘက်ဒ်ဖြစ်ရတာလဲ၊ ကိုပီတာကြီးရဲ့..” ဟု ပြန်၍မေးလိုက်ရာ ၎င်းးက.. “အလုပ်လုပ်တာကွာ ကောင်းတာပေါ့၊ အဲဒါကြောင့် ဘဲရီးဂွတ်ဒ်လို့ […]


koyin sithuDecember 7, 20111min09
တစ်ခါတလေ အဲဒီ ပရိယာယ်နဲ့ သုံးတာတောင် တစ်ဘက်က ပရိယာယ် လမ်းကြောင်း အတိုင်း လုက်မလာဘဲ တင်းခံနေရင် မလာတာကို လာအောင် မကြိုက်တာကို ကြိုက်အောင် မသွားတာကို သွား အောင်လုပ်တဲ့ အခါမျိုးတွေမှာ ပရိယာယ်ဟာ နာမည်ပြောင်းရပြန်တယ်၊ ဘယ်ပြောင်းရာသလဲဆိုတော့ ‘မာယာ’ ဆိုပြီး ပြောင်းရ ပြန်တယ်။ အဲဒီအဆင့်ကတော့ မြှူဆွယ်တဲ့ အဆင့်ရောက်သွားပြီ။ ဒါပေမယ့် အားလုံးဟာ လိမ်တာချည်းပဲ မဟုတ်လားဗျာ။ စကားပြောတဲ့အခါမှာ ဖြောင့်ဖြောင့်မပြောဘဲ ဟိုလိမ်ဒီကောင် ပြောရတဲ့အခါတွေရှိတယ် မဟုတ်လား၊ အဲဒီအခါကျတော့ စကား ပရိယာယ် ကြွယ်တယ်လို့ ကျုပ်တို့ ပြောကြတယ်မဟုတ်လား၊ ဘယ်လိုလဲ ပြီးထင်တယ်၊ အလိမ်ခံရပြီဆိုတာကို သိတာနဲ့ ချက်ချင်း အလိမ်ခံထားရ မိတ်ဆွေကြီး ကြည့်ရတာ တခုခုအလိမ် ခံစားရတာကို ပြောအောင် မလုပ်လိုက်နဲ့ […]


TTNUDecember 6, 20111min017
  အတွေးစတွေ ဟိုတစ်စ ဒီတစ်စ ပျံ ့လွင့်နေလိုက်တာ…. ဒီနေ့ သတင်းစာလာတာနောက်ကျပါလား။ ဟော လာပြီပဲ ..သတင်းစာသမား သတင်းစာလိပ်ကို ခြံတံခါးပေါ်က ဝှီးခနဲပစ်ထည့်လိုက်တယ်။  အိမ်ရှေ ့မြောင်းကရေကောင်းကောင်းမစီးတာမိ်ု့ ခြံဝင်းအစပ်မှာ ရေ နည်းနည်းဝပ်နေတဲ့နေရာ ၊ စိုတိုတိုဖြစ်နေတာ၊ ဒီပုဂ္ဂိုလ် စွတ်ပစ်ထည့်လိုက်တာ ရေအိုင်အစပ်မှာ သတင်းစာကလေးဂျွမ်းပစ်ကျသွားပါရော။   ကိုယ့်မှာ အမြန်ပြေးကောက် အဝတ်စုတ်နဲ့ သုတ်ရင်း ခွင့်လွှတ်တွေးလေးတွေးပေးရတယ်။ အေးလေ..သူ့ခမျာ တစ်အိမ်ချင်း ဘယ်ဆင်းပေးနှိုင်ပါ့မလဲ…ဒီလိုပဲ လှမ်းပစ်ရမှာပေါ့.. သံပြားဝိုင်းပစ် လှံတန်ပစ် လက်ရွေးစင်မှ မဟုတ်တာ… အဝေးကြီး ဘယ်ပစ်နှိုင်ပါ့မလဲ… ရှိစေတော့.. ရှိစေတော့..   သတင်းစာလေးအေးအေးဆေးဆေး ဖတ်မလားစိတ်ကူးနေတုန်း… “ ကလင်… ကလင်…. ကလင်” “ ဟယ်လို” “ ဟေ့.. မိနန်း..ခေါ်ပေးစမ်း” […]


koyin sithuDecember 5, 20111min020
တစ်ခါက ကမ္ဘာလောကကြီးအတွက် လွန်စွာမှ အရေးကြီးသော သိပ္ပံဆရာကြီး တစ်ဦး၏ ပစ္စည်းများကို သူ၏ အိမ်တွင်မွေးထားသော မျောက်တစ်ကောင်က ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ ထိုအခါ သိပ္ပံဆရာကြီးသည်… “ဪ..မင်းဟာ မျောက်ကိုး၊ ဘယ်လောက် အရေးကြီးမှန်းမသိတော့ ဖျက်ဆီးပစ်တာပေါ့” ဟု ညည်းတွားလေ၏။ တအောင့်ကြာသော် ထိုသိပ္ပံဆရာကြီးကပင်… “တချို့လူတွေလဲ မင်းလိုပါပဲကွာ” ဟု ထပ်မံပြောဆိုပြန်လေ၏။ ထိုသိပ္ပံဆရာကြီးက သိပ္ပံပညာကို သာမက၊ မျောက်၏သဘာကိုလည်း သိ၏။ မျောက်နှင့် တူသော လူတို့၏ သဘာဝတို့ကိုလည်း သိပေသည်။ ကျွန်ုပ်မှာမူကား သိပ္ပံဆရာကြီးလည်း မဟုတ်၊ မျောက်အကြောင်းကိုလည်း ဂဃနဏ သိသူလည်းမဟုတ်၊သို့ရာတွင် ကျွန်ုပ်၌ကား မျောက်နှင့်တူသော သူငယ်ချင်းတစ်ဦး ရှိခဲ့ဖူးလေသည်။ ထိုသူငယ်ချင်းကို ‘ကိုမျောက်’ ဟူ၍ပင် ခေါ်ကြပါစို့၊ ကိုမျောက်နှင့် ကျွန်ုပ်သည် ကျောင်းနေဘက်သူငယ်ချင်းများ ဖြစ်ကြ၏။ ကျောင်းနေစဉ်ကလည်း […]