KyaemonDecember 5, 201114min05
  စင်ကာပူ နိုင်ငံ ရဲ့ ကုန်သွယ်မှု နဲ့ဆရာ”ဝီးကီး” (Wikipedia) နဲ့ စီအိုင်အေ CIA တို့ရဲ့အမြင်   စာရေးသူတဦးက  ” မလေး၊ စင်္ကာပူတို့လို့ လူလည်ကြီးများ မပြောနဲ့ အမေရိကန်နဲ့ စစ်တိုက်ခဲ့တဲ့ ဗီယက်နမ်တောင် တရုတ်ကြီးနဲ့ ရန်ဖြစ်ပြီး အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တာ စီးပွားရေး တဟုတ်ထိုး တိုးတက်နေပါတယ်။ “   ဆိုခဲ့တယ်   မလေးရှား နဲ့စင်္ကာပူတို့က “လူလည်ကြီးများ” လို့တင်စား ထားတာ အမေရိကန်နဲ့ ပြန်ပေါင်းလိုက်တယ် လို့ဆိုတဲ့ ဗီယက်နမ် ထက်တောင် “လူလည်”ကျ တာကို ဆိုလိုဟန်တူတယ်   အဲ ဒီလို “လူလည်” ကျ လို့ ၊ တနည်းပြောရရင်၊ အမေရိကန်တို့ အနောက်နိုင်ငံတို့နဲ့ ကုန်သွယ်လို့ […]


True AnswerDecember 5, 20113min02
6. The Real End or Completion If we can abandon the idea of “emphasizing created truths”, there will certainly be the end, completion or cessation. If we persistently try to discard the mental act of centering, we will be able to use created truths such as ‘time, place, method, situation’ in the right way__ we […]


စဆရ ႀကီးDecember 5, 20111min09
နေရာကား ဆင့်ကာပူရ (singapora) ခေါ် စင်္ကာပူ (အင်္ဂပူ မဟုတ်ကြောင်း သေချာဖတ်ရှုပါကုန်) ရောက်ပြီး သိပ်မကြာခင်မှာပင် လတ်လျားလတ်လျား လမ်းသလားချင်စိတ်များကား တားမနိုင်၊ ဆီးမရ နန့်နန့်ထိုးလျက် ရှိရကား ဘယ်သူမှလဲ မရောက်ဖူးသည့်အတူတူ မျက်နှာဖြူစကား အတော်အတန်သွားသော ကျွန်တော်မှ ကျန်ငမိုက်သား ခြောက်ယောက်ကို ဦးဆောင်လမ်းပြလျက် ဟိုစာဖတ်၊ ဒီစာဖတ်ဖြင့် နေထိုင်ရာ limchukeng တောနက်ကြီးမှ ကားတစ်တန်၊ ရထားတစ်တန်ဖြင့် City Hall MRT Station တွင်ဆင်း၊ မြင်သမျှ၊ တွေ့သမျှ ပါးစပ်အဟောင်းသားဖြင့်ငေးရင်း မြန်မာကုန်တိုက်ဟုဆိုသော Pennisula Plaza သို့ မေးရင်း၊ စမ်းရင်း ရောက်လာတော့သည်။ အပြန်လမ်းကို သေချာစေရန်အတွက် မြင်သမျှ ဆိုင်းဘုတ်များကို ဖုန်းတစ်လုံးဖြင့် ရိုက်ယူရင်း မဝန့်မရဲဖြင့် ရောက်လာရတော့သည်။ ရောက်ရောက်ချင်းပင် […]


weiweiDecember 4, 20111min018
ရေးလဲမရေးချင်ဘူး … မရေးပဲလဲ မနေနိုင်အောင် စိတ်ထဲမှာ ကလိကလိဖြစ်တာနဲ့ ရေးလိုက်ပါတော့တယ်။ ဒီကနေ့ မနက်အာရုံမှာ ကျွန်မအိမ်မှာ သံဃာတော် ၅ ပါး ပင့်ပြီး ဆွမ်းကပ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆွမ်းကပ်ဖြစ်ပုံက … ကျွန်မက ရန်ကုန်မှာ တိုက်ခန်းတစ်ခန်းနဲ့ တစ်ယောက်ထဲနေဖြစ်တာများပါတယ်။ အိမ်လဲမဟုတ် အဆောင်လဲမဟုတ်ပဲ အဆင်ပြေသလိုပဲနေနေခဲ့တာဆိုတော့ တစ်ခါမှ ဘုန်းကြီးဆွမ်းကပ်တဲ့အလုပ်ကို မလုပ်ဖြစ်ခဲ့ဘူး။ အလုပ်ရှုပ်စရာတွေကိုတွေးကြောက်ပြီး မလုပ်ပဲနေခဲ့တာ တော်တော်ကြာပါပြီ။ ဒီအပါတ်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မနေတဲ့အိမ်ယာဝင်းအတွင်းမှာ အိမ်ယာကော်မတီကကြီးမှူးပြီး ဆွမ်းသိမ်းပွဲလုပ်မှာမို့ ဘုန်းကြီး အပါး (၂၀၀) ပင့်ဖိတ်ထားပြီး အာရုံဆွမ်းကပ်ချင်တဲ့အိမ်က အပါးအရေအတွက် စာရင်းပေးသွင်းရင် အိမ်တိုင်ယာရောက် သံဃာတော်များကို ပို့ဆောင်ပေးမယ့်အစီအစဉ်တွေ့လိုက်မိတယ်။ ကျွန်မလဲ စိတ်ပါသွားမိပါတယ်။ ကျွန်မကိုယ်တိုင်ချက်ပြီးဆွမ်းကပ်ချင်တဲ့ ကုသိုလ်စိတ်တွေ ဖြစ်ပေါ်လာတာနဲ့ (၅) ပါးကပ်ချင်တယ်လို့ စာရင်းသွားပေးလိုက်ပါတယ်။ ကျွန်မ […]


Yan ShinDecember 4, 20111min07
အရင်တစ်ပါတ် စနေ တနင်္ဂနွေက ကျွန်တော်တို့ ဝန်ထမ်းတွေစုငှါးနေတဲ့ အိမ်ကို ကျွန်တော့်သ္မီးကြီး သူသူအောင်ဆန်း(ကိုးနှစ် သုံးတန်း) လာလည်သွားတယ်။ သ္မီးကြီးက ဘာပြောတယ်မှတ်လဲ “ဖေဖေတို့အိမ်ကလည်း ရှက်စရာကြီး” တဲ့။ အမငှီး အော်သာအော်လိုက်ခြင်တော့တယ် “ကိန်” ကျွန်တော်သိတယ်…… သ္မီးကို စာကျက်ပြင်းတုန်းက ကျွန်တော်က စည်းကမ်းတွေထုတ်တော့ သ္မီးမေးလို့ ကျွန်တော်ပြောခဲ့တဲ့ စကား “ သ္မီးက စည်းကမ်းမရှိလို့ စည်းကမ်းထုတ်ရတာ” ကို သ္မီးက မှတ်မိပြီး ပြန်ပြောတာ။ ကျွန်တော်တို့နေတဲ့အိမ်ကလည်း ဝင်းတံခါးမကြီးဝင်တော့ “ဖွင့်ဝင် ဖွင့်ထွက် ပြန်ပိတ်ခဲ့ပါ” အိမ်ရှေ့ခန်းဝင်တော့ “ကျေးဇူးပြုပြီး ဖိနပ်ချွတ်ပါ” ဧည့်ခန်းပြတင်းဝမှာ ”ကွမ်းတံတွေးမထွေးရ“ လျှပ်စစ်မိန်းခလုပ်နားမှာ “မလိုအပ်သောမီးများ ပိတ်ထားပါ” “အပြင်ထွက်လျှင် မိန်းချခဲ့ပါ“ အိမ်သာတွင်းမှာ “မိမိပစ္စည်း မိမိတာဝန်” ရေချိုးခန်းမှာ “ ရေကိုသုံးပါ […]


koyin sithuDecember 4, 20111min014
ထို့နောက် မင်္ဂလာဆောင်ရန်အတွက် ဖိတ်စာများပင် ပေးလိုက်ပြီ ဖြစ်၏။ တင်တင်သည် ကိုအုန်းသာ၊ ကိုညို၊ ကိုပါလစ်၊ ကိုသောင်းရေ့တို့အား… “တင်တင်မင်္ဂလာဆောင်ကို လာဖြစ်အောင် လာရမယ်နော” ဟု ပြော၍ ဖိတ်စာများ ပေးလိုက်ပြီဖြစ်၏။ ဖိတ်စာရသောနေ့တွင် အခါတိုင်း၌ ထမင်းနှစ်ပန်းကန် စားလေ့ရှိသော ကိုသောင်းရွှေသည် ထမင်းတစ်ပန်းကန်ပင် ကုန်အောင် မစားနိုင်ဘဲ ပြန်သွားရှာလေ၏။ ဗေဒင်ဆရာ ကိုပါလစ်ကမူ တင်တင့်အား…“ဟိုထောင့်က စားပွဲမှာ နေ့တိုင်း ထမင်းစားတဲလူကို ဖိတ်စာမပေးဘူးလား” ဟု မေးလိုက်လေ၏။ “ပေးရမှာပေါ့ ကိုပါလစ်ရဲ့ ဒါပေမယ့် သူ့နာမည်ကို တင်တင်မှ မသိ ဘဲနဲ့” ဟု တင်တင်က ပြန်၍ ပြောလေ၏။ “ဒီလိုဆိုရင် ဖိတ်စာအလွတ်တစ်ခု ကျုပ်ကို ပေးထား၊ သူလာတော့ နာမည်မေးပြီး ဖိတ်စာ ပေါ်မှာ ရေးပြီး […]


koyin sithuDecember 1, 20111min020
ဗဟန်းဘက်တွင် မြန်မာထမင်းဆိုင်ကြီးတစ်ဆိုင် ရှိခဲ့ဖူး၏။ ထိုဆိုင်၏ အမည်မှာ ‘ရွှေညာသူ’ ဟူ၍ ဖြစ်၏။ ထိုရွှေညာသူ ထမင်းဆိုင် ပိုင်ရှင်မှာ အသက်အရွယ်အားဖြင့် (၃၀)မျှပင် မရှိသေးပေ။ ထိုဆိုင်ရှင် မိန်းကလေးမှာ အညာဒေသမှ အတော်အတန်ကြွယ်ဝသော မိဘများမှ ပေါက်ဖွားလာသူဖြစ်၏။ သို့ရာတွင် ၎င်း၏ မိဘများမှာလည်း နှစ်အတန်ကြာကပင် ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကွယ်လွန်ကြပြီဖြစ်၏။ ထိုအခါ ထိုမိန်းကလေးသည် မိဘများ၏ အမွေကို ရလိုက်သော်လည်း ဆွေမျိုးရင်းချာဟူ၍ မရှိရကား စီးပွားရေးကို လည်း မည်သို့မည်ပုံ လုပ်ကိုင်ရမည်ဟု မတွေးတတ်အောင်ရှိနေလေ၏။ ထိုအချိန်၌ပင် ၎င်းငယ်စဉ်က ထိ်န်းကျောင်းခဲ့သော ‘ဒေါ်ပု’ ဆိုသည့် မိန်းမကြီးသည် ခိုကိုးရာမဲ့ဖြစ်ကာ ရောက်ရှိလာလေ၏။ ထို့ကြောင့် ထိုရွှေညာသူမိန်းကလေးမှာ ‘တိုးတိုးဖော်တိုင်ဖက်’ လိုအပ်နေစဉ်အတွင်း ဒေါ်ပုကြီး ရောက်လာသဖြင့် အဆင်ပြေသွားလေတော့၏။ “ဒေါ်ပုရယ်.. တင်တင့်မှာ […]


KyaemonNovember 30, 201110min03
  အိမ်နီးချင်းနိုင်ငံ မလေးရှားရဲ့ ကုန်သွယ်မှု အကြောင်းကို ဆရာ”ဝီးကီး” အား မေးမြန်းရာတွင်သူ့ဆီက အောက်ပါ အချက်အလက် များကို ရရှိလာတာပါ၊ ဒိအပြင် စီအိုင်အေ CIA မှတ်တမ်းပါ နဲ့ အနည်းငယ် ကွွဲဲပြားကွာခြားတာ ရှိလို့ သူက ယင်းမှတ်တမ်း မှ အချက်အလက် တွေကိုပါ လေ့လာဘို့  တပါတည်း အပိုထည့်ပေးလိုက်သေးတယ်၊   တင်ပို့ကုန်   တင်ပို့ကုန် ဆိုရင် စင်ကာပူ Singapore သို့ ၁၃% ပတ်ဝန်း ကျင် နဲ့ အများဆုံးတင်ပို့  ဖြစ်ပြီး၊ ဒုတိယ လိုက်တာ က တရုပ်ကြီး ၊ ထက်ကြပ်မကွာပါဘဲ၊ အနောက်နိုင်ငံ ဆိုလို့ အမေရိကားဘဲရှိ ပြီး  တဆယ် % ပတ်ဝန်းကျင်သာရှိတာ   […]


weiweiNovember 30, 20111min061
ကျွန်မလူမှန်းစသိတတ်တဲ့အရွယ်ကထဲက ကုလားထိုင်များကို အလွန်ကြိုက်ပါသည်။ ကုလားထိုင်ပေါ်မှာ ထိုင်နေရတာကိုက ဇိမ်ရှိတယ်လို့ထင်တတ်ပါသည်။ ကုလားထိုင်ပေါ်မှာထိုင်ပြီး စာအုပ်ဖတ်သည်။ တီဗီကြည့်သည်။ ဗွီဒီယိုရုပ်ရှင်ကြည့်သည်။ မိသားစုတွေနဲ့ စကားစမြည်ပြောကြပါသည်။ ထိုင်နေရင်းနဲ့ တွေးနေမိတာတွေလဲ ရှိခဲ့ပါသည်။ အဲဒီတုန်းက ထိုင်ခဲ့တဲ့ ကုလားထိုင်က ရိုးရိုး ကြိမ်နဲ့ယက်ထားတဲ့ သစ်သားဆက်တီ (old model) တစ်ခုသာဖြစ်ခဲ့ပါသည်။ နဲနဲအတန်းကြီးလာပြီး ၉ တန်း ၁ဝ တန်းလောက်အချိန်မှာ ကျွန်မတဆင့်တက်ပြီး ပက်လက်ကုလားထိုင်လိုချင်တယ်လို့ ပူဆာခဲ့ဖူးပါသည်။ ဘာပဲလိုချင်လိုချင် အဖိုးကိုသာပူဆာရတာမို့ အဖိုးကို ပက်လက်ကုလားထိုင်နဲ့စာဖတ်ရတာ အရမ်းဇိမ်ရှိလို့ ပက်လက်ကုထားထိုင် (ခြေထောက်ပါတင်လို့ရတဲ့ဟာ) ဝယ်ပေးပါလို့ ပူဆာခဲ့ဖူးပါသည်။ ဖိုးဖိုးက အဲဒါတော့ သဘောမတူဘူးတဲ့ … ဖိုးဖိုးကိုယ်တိုင်လဲ မသုံးဘူး။ အိမ်မှာလဲ တစ်ခါမှ မဝယ်ထားခဲ့ဖူးပါဘူး။ ဖိုးဖိုးက ပုံပြင်တစ်ခုပြောပြတယ်။ ဖိုးဖိုးတို့ငယ်ငယ်က သူတို့တွေနေတဲ့ရပ်ကွက်ထဲမှာ အရမ်းအလုပ်လုပ်တဲ့ […]


asiamastersNovember 29, 20111min05
၁။         များများသိတာ ပိုကောင်းတယ်။ မျုားများသိလေလေ၊ များများရွေးချယ်နိုင်လေလေ ဖြစ်လို့ပဲ။ များများ သိခြင်းဆိုတော့ ဘယ်လို သိတာလဲလို့ မေးလာစရာ အကြောင်းရှိတယ်။ သိတဲ့ပုံစံ နှစ်မျိုးရှိတယ်။ ပထမသိတဲ့ပုံစံက လူသတ္တဝါတွေမှာပါတဲ့ အာရုံခံကိုခန္ဒာအစိတ်အပိုင်းတွေက တစ်ဆင့်သိတာ။ ဒါကို အာရုံသိလို့ခေါ်တယ်။ နောက်တစ်မျိုးကတော့ ဉာဏ်သိဖြစ်တယ်။ ဉာဏ်သိဆိုတာကို အသိဉာဏ်လို့လဲခေါ်တယ်။ အာရုံငါးပါး ဆိုတာက အာရုံခံတွေဖြစ်တဲ့ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ် တို့ ကစတာ ဖြစ်ပါတယ်။  မျက်စိက မြင်ခြင်းကို ဖြစ်စေတယ်။ နားက ကြားခြင်းကိုဖြစ်စေတယ်။ နှာခေါင်းက အနံ့ကို သိတယ်။ လျှာက အရသာကို ခွဲခြားနိုင်တယ်။ ကိုယ်ခန္ဒာက အထိအတွေ့ကိုသိတယ်။ ဒီလိုသိတာကို အာရုံးငါးပါးနဲ့ သိခြင်းလို့ ခေါ်ပါတယ်။ အသိဉာဏ်ဆိုတာကတော့ လက်ဆုပ်လက်ကိုင်တော့ပြလို့မရဘူး။ ဒါပေမဲ့ […]


သံုးေလးNovember 29, 20111min026
ဘုရားဝင်း ဘုရားပေါ် ဖိနပ်စီးသင့် မစီးသင့် ။   ဦးခင်ရွှေ အကြောင်းတင်ပြီး နောက် ကျွန်တော် စဉ်းစား စရာတွေ အတော် ရလို်က်တယ် ။ မန် တာတွေ မတွေ့တော့ ကျွန်တော် ကသူများ အကြောင်းရေးတာမ်ိ်ု့လို့ လက်ရှောင် ကြတာလား။ ဒါမှ မဟုတ် ထင်ပေါ်ကြော်ကြား သူ ကြီး မို့လို့  ကြောက်လို့ မရေးကြတာ လား ။ ဒါမှ မဟုတ် သူ့ အကြောင်း ပြောရမှာ စိတ် ကုန် လွန်းလွန်းလို့ ဘာမှ ဝင် မမန့်ကြတာ လား ဆိုတဲ့ အတွေး ပေါင်းစုံ ဝင်မိပါတယ် ။ အဲ ဒါမှ မဟုတ် .. ခေတ်တွေ […]


black chawNovember 28, 20111min041
ကိုသစ်ရေ။ အခု ကျွန်တော်တို့ အစိုးရက ကိုသစ်တို့လိုပြည်ပရောက် ဇ ရှိသူများ(ထူးချွန်ထက်မြက်သူများ)ကိုပြည်တွင်းပြန်လာဘို့ဖိတ်ခေါ်တယ်ပေါ့ဗျာ။ ဟိုတစ်နေ့က သူကြီး တင်တဲ့ ပို့စ်ထဲက ဒေါက်တာရင်ရင်နွယ် လို ပုဂ္ဂိုလ်မျိုးတွေကလည်း အစိုးရကသာ နေရာပေးအားကိုးတယ်ဆိုရင် လုပ်ပေးကိုင်ပေးဘို့ အဆင်သင့်ရှိနေတယ်လို့ ကျွန်တော်ထင်ပါတယ်ဗျာ။ အဲဒီအချိန်ကျရင် ပြည်တွင်းမှာရှိနေတဲ့ အန်တီဝေတို့လို ဇ ရှိသူတွေနဲ့ (ဒီနေရာမှာ အန်တီဝေ ကို ပြည်တွင်းဇ ရှိသူအဖြစ်သတ်မှတ်ခွင့်ပေးပါဗျာ) ကိုသစ်တို့လို ပြည်ပကပြန်လာမယ့် ဇ ရှိသူတွေကြားမှာ ပြသနာ အနည်းနဲ့ အများတော့ ရှိလာနိုင်ပါတယ်။ ဉာဏ်ရည်နိမ့်သူ တစ်ယောက်ရဲ့ ခတ်ညံ့ညံ့အတွေးလို့ပဲ သတ်မှတ်ချင်သတ်မှတ်ပါ။ ပြည်တွင်း ဇ ရှိသူများကလည်း သဘောထားကြီးကြီး ထားပေးဘို့ လိုလာမယ်လို့ထင်ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့ ပြည်တွင်းက ဇ ရှိသူများနဲ့ ပြည်ပက ဇ ရှိသူများကို အဆင်ပြေချောမွေ့စွာ […]


asiamastersNovember 28, 20111min08
  ၁။         ဝင်ငွေဆိုတဲ့ အဓိပ္ပ္ပာယ်က မိမိရဲ့ကိုယ်စွမ်းအား၊ ဉာဏ်စွမ်းအားဖြင့် အလုပ်တစ်ခုလုပ်ပြီးရရှိတဲ့ လုပ်အားခဖြစ်တယ်။ ဒီနေ့ ခေတ်မှာ ရှင်သန်နေတဲ့လူသားတစ်ဦးအတွက် အရေးကြီးဆုံးဟာ ဝင်ငွေဖြစ်တယ်။ မနက်မိုးလင်းတာနဲ့ စဉ်းစားရမှာက ဝင်ငွေ ဖြစ်တယ်။ နေ့လည်ပိုင်းစဉ်းစားရမှာကလည်း ဝင်ငွေပါပဲ။ ညအိ်ပ်ယာဝင်ခါနီးစဉ်းစားရမှာကလည်း ဝင်ငွေဖြစ်တယ်။  ဝင်ငွေလမ်း ကြောင်းတစ်ခုမရှိတဲ့ လူသားတစ်ဦးဟာ မကြာခင်မှာ အခက်အခဲများတွေကြုံရမယ်၊ စိတ်ပင်ပန်းဆင်းရဲမှုများကြုံရမယ်၊ သူတစ်ပါးရဲ့ အထင်အမြင်သေးခြင်းခံရမယ်၊ အဆင့်အတန်းခွဲခြားခံရမယ်၊ ယုံကြည်မှုတွေပျောက်ကွယ်သွားမယ်၊ မိမိချစ်ခင်မြတ်နိုးသူများရဲ့ စွန့်ပယ်ခြင်းကအစ လူ့အသိုင်းအဝိုင်းရဲ့ ပစ်ပယ်ခြင်းများအထိဖြစ်လာတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အဆင့်အတန်းဆိုတာကလည်း ဒီနိုင်ငံမှာနေထိုင်တဲ့ လူသားတွေရဲ့ ရောင်ပြန်ဟပ်မှုဖြစ်တယ်။ ဒီလူသားတွေကိုယ်တိုင်က ဝင်ငွေကို အရေးမထားကြရင် ဒီနိုင်ငံ ဟာလည်း ဝင်ငွေကင်းမဲ့တဲ့နိုင်ငံဖြစ်လာမယ်။ ဝင်ငွေမရှိတဲ့ နိုင်ငံဟာ ဆင်းရဲပြီး၊ ဖွံ့ဖြိုးတိုးတက်မှုတွေပါကင်းမဲ့သွားမယ်။ ဒီလို နိုင်ငံမျိုးက လူတွေကိုလည်း တစ်ခြားနိုင်ငံသားတိုင်းက အထင်အမြင်အလွန်သေးကြတယ်။ […]