ကိုယ့်သမိုင်းကိုယ်ရေးတယ်တဲ့ ကြားလည်းကြားဖူးတယ် ပြောလည်းပြောဘူးတယ်။ဒါပေမဲ့ ရှေးစကားလား ခေတ်သုံးစကားလားဆိုတာ အတိအကျ မသိတာအမှန်ပါ။အဓိကကျတာကတော့ အခုကိုယ့်သမိုင်းကိုရေးရတော့မယ် ဒီနေ့မနက် အစ်ကိုလို ဆရာလို ခင်တဲ့တစ်ယောက်က ဖုန်းဆက်လာတယ် ပထမတော့ နေကောင်းလား၊အဆင်ပြေလားပေါ့ ဟိုမေးဒီပြော လုပ်နေကြရင်းမှ ဟီလာရီကလင်တန် မြန်မာပြည်လာတဲ့ အကြောင်းသိပြီးပြီလားတဲ့ မဆီမဆိုင်ကြီး ထပြောတော့ နည်းနည်းတော့ကြောင်သွားရတယ် ရဲ။ ။ဪဒါများဗျာ ခင်ဗျားပြောမှလား လူတိုင်းလိုသိနေတဲ့ ကိစ္စလေဗျာ မင်း။ ။အေးအဲဒါ တကယ့်ကို အရေးကြီးတယ်၊ ဒါနဲ့မင်း World of Warcraft ကဆော့သေးလား။ ဩော သူကတစ်ခါတစ်လေလည်း အတည်ပေါက် လုပ်တတ်တယ်ဗျ အင်း Sunday တရက်တော့ ဘော်ဒါတွေနဲ့ ချိန်းပြီး Battle ဝင်ဖြစ်တယ်။ ဘာဖြစ်လို့လည်း။ မင်း၊ ။အေးမင်းရော မင်းကောင်တွေပါ အဲဒီဝင်ချစရာ မလိုတော့ဘူး အပြင်ဘက်မှာ […]
