Ko out of...February 22, 20121min010
လောကမှာ အဖြစ်အပျက်ဆိုတာ အမျိုးမျိုးရှိပါတယ်။ လောကမှာဖြစ်ပြီးရင်ပျက်မှာဘဲ၊ လောကမှာ အကြောင်း ကြောင့်အကျိုး ဖြစ်တယ်လို့ လွယ်လွယ်နဲ့ သူများပြောလို့သာ လိုက်ပြောနေကြတာ များပါတယ်။ တကယ်တမ်း သေသေချာချာမေးရင် အလွဲလွဲ အချော်ချော်တွေကများတယ်။ ဖြစ်ပျက်တိုင်းဒုကသစာ(ဒုတ်ခသစ်စာ) ထိုက်မထိုက်ဆိုတာ သိဖို့လိုပါတယ်… အစု(သမုတိ) ဖြစ်ပျက် နှင့် အစိတ်(ပရမတ်) ဖြစ်ပျက်ဆိုတာ သဘာဝတရားတွေပါ။ သူ့နေရာနဲ့တူ အသုုံးဝင်ပါတယ်။ ဥပမာ ပရမတ်ဖြစ်ပျက်တွေဆိုရင် ကျွန်တော်တို့ စားလိုက်တဲ့အစားအသောက်တွေဆိုပါတော့ ဖြစ်ပြီး မပျက်သွားဘူးဆိုရင် ကျင်ကြီး/ကျင်ငယ်/ချွေး အဖြစ်မထွက်သွားရင် ဘယ်လိုနေမလဲ။ သွေးလေတွေ မညီဘဲ သွေးလေညီအောင်ဆေးဝါးပြန်ရှာစားရတယ် မဟုတ်လား။ အခုကျွန်တော်တို့သုံးနေတဲ့ အင်တာနက်ကွန်ယက်လှိုင်းဟာ အဟောင်းပျက်ပြီး အသစ်အသစ်အစားမထိုးရင် ဆက်သွယ်ရေး ပြတ်သွားမှာပေါ့..သူတို့ရှာဖွေတွေတာ အလကားဆိုပြီး (ရုပ်ဝါဒ)ဆိုပြီး ပြောနေမည့် အစား ကိုယ်သိတဲ့ သဘောတရား အသုံးကျမကျ ကိုဘဲ အရင်စစ်ဆေးကြည့်ပါဦး။ […]


Ko out of...February 22, 20121min010
– ဆုပေးဒဏ်ပေးနဲ့ ကိုယ်နုတ်နှလုံးကောင်းဖို့ တည်ဆောက်ရမယ် ဆိုရင်…လောကမှာ ဘုရားပွင့်ဖို့တောင် မလိုပါဘူး။ ဆုပေးဒဏ်ပေး စနှစ်နဲ့ တည်ဆောက်ထားလို့ ကိုယ်၊နုတ်၊နှလုံးကောင်း အကျင့်ပါ နေပြီး ကိုယ်၊နုတ်၊နှလုံး မဖေါက်ပြန် သူတွေ အများအပြားရှိပါလိမ့်မယ်… ကိုယ်၊နုတ်၊နှလုံးကောင်းလို့ ရနိုင်တဲ့ဆုထက် ပိုမိုကြီးမားတဲ့ လိုလားတပ်မက်စရာ မတွေ့မီ အထိဘဲ ကိုယ်၊နုတ်၊နှလုံး ကောင်းနိုင် မှာကြောင့်ပါဘဲ။ ရလာလို့ ကောင်းတာဆိုတော့ ဆိုးရင်ဒီထက်ပိုရမှာ ရှိရင် ဆိုးတော့ မှာပါဘဲ။ ဒီလိုဘဲ ဆိုးရင် ဒဏ်ရမှာဆိုပြီး ဒဏ်ကြောက်လို့ မဆိုးသူဟာ ဆိုးမှဘဲ အဲဒီဒဏ်ကို ကျော်နိုင်မယ်ကို မြင်တဲ့ အခါ ဆိုးတာကို ပြန်လုပ်မှာပါဘဲ။ ဆုပေးဒဏ်ပေး အမြင်နဲ့ ကိုယ်၊နုတ်၊နှလုံး ကောင်းနေကြသူတွေဟာ သမိုင်းထဲက ဘိုးတော်ဘုရင်နဲ့ ကြောင်လိမ်မာ လိုသူတွေဘဲ ဖြစ်လို့ ရိုးသားတဲ့ သူကို […]


koyin sithuFebruary 22, 20121min011
ဖဲထုတ်၏ မူလအစ၌ ဖဲချပ်ပေါင်း ခုနှစ်ဆယ့်ရှစ်ချပ်ပါလေ၏။ ထို ဖဲခုနှစ်ဆယ့်ရှစ်ချပ်တွင် မေဂျာဟု ခေါ်သော ဖဲချပ်ပေါင်း နှစ်ဆယ့်နှစ်ချပ်နှင့် မိုင်နာဟုဟုခေါ်သော ဖဲချပ်ပေါင်း ငါးဆယ့်ခြောက်ချပ် ပေါင်းစပ်ထားခြင်းပင် ဖြစ်၏။ မေဂျာ ဖဲချပ်နှစ်ဆယ့်နှစ်ချပ်မှာ ရုပ်ပုံကားချပ်များဖြစ်၏။ ထိုရုပ်ပုံများမှာလည်း မှော်ဆရာပုံ၊ ဘုရင်မပုံ၊ လူပျံတော်ပုံ၊ စစ်ရထားပုံ၊ အရူးပုံ စသည်ဖြင့် နှစ်ဆယ့်နှစ်မျိုးသော ပုံတို့ဖြင့် ပြီး၏။ မိုင်နာဖဲချပ် ငါးဆယ့်ခြောက်ချပ်မှာမူ အုစုအားဖြင့် လေးစုခွဲထား၏။ ထိုအုပ်စုလေးစုမှာ တုတ်အုပ်စု၊ ဓားအုပ်စု၊ ခွက်အုပ်စု၊ ကြယ်အုပ်စုဟူ၍ ဖြစ်၏။ တုတ်အုပ်စုတွင်လည်း တုတ်တစ်ချောင်း၊ တုတ်နှစ်ချောင်း၊ တုတ်သုံးချောင်းမှစ၍ တုတ်ဆယ်ချောင်းပါဝင်ပြီး တုတ်ဆယ်ချောင်း၏ အထက်တွင်မူ တုတ်မင်းစေဟူ၍ ရှိ၏။ ထိုတုတ်မင်းစေကို အင်္ဂလိပ်ဘာသာအား ဖြင့် (Paga of Wands ) ဟူ၍ခေါ်၏။ […]


Ko out of...February 21, 20121min09
ခွဲစတ်ကုသမှုခံယူရန် လိုအပ်နေသည့်လူနာတစ်ဦးအား ဆရာဝန်တစ်ဦးကမေးလေ၏ . . . ဆရာဝန် ။ ။ ခင်ဗျာရောဂါက ခွဲစိတ်ကုသမှ  ရတော့မယ့် အနေအထားဖြစ်နေတယ်။ လူနာ ။ ။ မခွဲစိတ်ရင်ကော မရဘူးလားဒေါက်တာ။ ဆရာဝန် ။ ။ မရဘူး၊ ခွဲစိတ်ကုသနည်းနဲ့မှ ပျောက်ကင်းလိမ့်မယ်။ လူနာ ။ ။ ဒါဆိုလည်း ခွဲစိတ်ပကုသပါ့မယ်။ ဆရာဝန် ။ ။ ကြိုတင်ပြောထားရမယ်။ အခုလိုခွဲစိတ်ကုသမှုမျိုးက ရာနှုန်းပြည့် မသေချုားဘူး။ လူနာ ။ ။ လောလောဆယ် ရောဂါပျောက်ချင်နေပြီ၊ ဘယ်လိုဘဲဖြစ်ဖြစ် ခွဲစိတ်လိုက်မယ်ဆရာ။ ဆရာဝန် ။ ။ သေချာဆုံးဖြတ်ပြီးပြီနော်။ ဒါဆိုရင် မခွဲစိတ်ခင် နောက်ဆုံးအနေနဲ့ ဘာများ မှာကြားခဲ့ချင်လဲ။ လူနာ။ ။ ခွဲစိတ်ပြီးရင် […]


Ko out of...February 21, 20121min015
၁။ တခါကမိုင်းရှုးတောင်ပေါ်သို့ ကျောက်မျက်ရတနာရောင်းဝယ်ရန် ရက်ကောင်းရက်မြတ်ကိုရွှေးချယ်ပြီးမှ စီးပွါးရေးရှာတဲ့ ကုန်သည်တစ်ဦးသည် ဒီနေ့ကပြသဒါးဆိုတော့ မတက်ဘူးဆိုပြီး ရက်ရာဇာဖြစ်တဲ့ နောက်တစ်ရက်ကိုရွှေးချယ်လိုက်တယ်။ ဒီလိုဘဲတဖက်မှာ ဓါးမြတိုက်ဖို့ ဓါးပြအဖွဲ့တွေကလည်း ဒီနေ့ဓါးမြတိုက်ရင် ပြသဒါးနေ့ဆိုတော့ တိုက်လို့ပစည်းရမှာမဟုတ်ဘူးဆိုပြီး နောက်နေ့ရက်ရွှေ့လိုက်တယ်။ နောက်တနေ့ ရက်ရာဇာရွှေးတာချင်းအတူတူ ကုန်သည်နှင့် ဓါးမြလမ်းမှာဆုံကြပါလေရော. . . ဓါးမြကဘဲ လူတွေ အများစု ဟာ ရက်ရာဇာရွှေးလွန်းလို့ သမင်တကာ အဲဒီရက် ကိုရွှေးလိုက်တာဘဲလား…(သို့) အရွှေးချင်းတူလို့ တိုက်ဆိုင် တာဘဲလား..   ၂။ တခါတုံးက ခလုတ်တိုက်ပြီး ခြေမကွဲလို့ ဆေးဆရာတစ်ဦးထံလူနာတစ်ဦးရောက်သွားလေသည်။ ထိုလူနာသည် မိမိခြေထောက်ခလုတ်တိုက်မိလို့ ခြေမကွဲသွားကြောင်းအကြောင်းစုံ ပြောပြကာ ဆေးဆရာက သူ၏ခြေထောက်ကို ခဏလေးကြည့်ကာ.. ထိုဆေးဆရာက ခြေထောက်ကို ဆက်မကြည့်တော့ဘဲ သူ၏  မျက်စိကို ထပ်ခါတလဲလဲကြည့်ကာ လူနာသည်စိတ်မရှည်ဖြစ်ပြီး… ဆေးဆရာအား […]


black chawFebruary 20, 20121min029
(၁) စကိုင်းနက်က လာတဲ့ မြန်မာကားတစ်ကား ကြည့်ပြီး တွေးလိုက်မိတဲ့ အတွေးဗျ။ ထုံးစံအတိုင်း လွတ်လပ်ရေးမရသေးလို့ ဖက်ဆစ်ဂျပန်တွေကို တော်လှန်တဲ့ကားခင်ဗျ။ တော်လှန်ရေးကားပေါ့ဗျာ။ ကြည့်နေရင်း တစ်ခု စဉ်းစားမိတယ်ဗျ။ ဒီလို နယ်ချဲ့တော်လှန်ရေးကားတွေကို အမြဲတမ်းရိုက်နေတာ ဘာကို ရည်ရွယ်ပါသလဲ။ ဆိုပါစို့ဗျာ။ မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေး အတွက်လား။ အဲဒီတော်လှန်ရေးကားတွေကို ကြည့်ပြီး မျိုးချစ်စိတ်ဓါတ်တွေ ပိုတိုးလာကြပါသလား။ ကျွန်တော်တို့ နိုင်ငံကို နယ်ချဲ့ခဲ့တဲ့ နိုင်ငံတွေက အင်္ဂလန်ရယ် ဂျပန်ရယ်ပေါ့ဗျာ။ အဲဒီ အင်္ဂလန်နဲ့ ဂျပန်ကို ငါတို့ ရန်သူဆိုပြီး ထာဝရ အတေးအမှတ်ထားဖို့ လိုပါသလား။ မြန်မာလူမျိုးတွေကိုယ်တိုင်ကရော အဲဒီ ဂျပန်တို့ အင်္ဂလိပ်တို့ကို ခါးခါးသီးသီး မုန်းတီးတဲ့စိတ် ဖြစ်နေကြပါသလား။ မုန်းတီးနေဖို့ရော လိုအပ်ပါသလား။ တစ်ခုသတိပြုမိတာက မြန်မာတော်လှန်ရေးကားတွေကိုကြည့်ပြီး ဂျပန်တို့ အင်္ဂလိပ်တို့ကို မုန်းတီးတဲ့စိတ်မဖြစ်မိဘူးဆိုတာပါပဲ။ […]


koyin sithuFebruary 20, 20121min013
ယခုတလော ကျွန်တော့်အိမ်က စာအုပ်စင်အဟောင်းကို ဟိုလှန်ဒီလှန်ရှာဖွေရင်းနဲ့ အင်္ဂလိပ်မဂ္ဂဇင်းတစ်ခုမှ စာတစ်ပုဒ်ကို ဖတ်လိုက်မိပါသည်။ နှစ် ၇ဝကျော်က စာတစ်ပုဒ်ဖြစ်ပြီး ဆောင်းပါးခေါင်းစဉ်မှာ Oh! We Burmans…။ ဖြစ်ပြီး စာရေးသူမှာ Maung Thant ဆိုသော ကလောင်အမည်ကိုတွေ့ရလေသည်။ Maung Thant ဆိုသူမှာ အခြားသူမဟုတ်။ ကမာ္ဘသိ မြန်မာတစ်ဦးဖြစ်လာမည့် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး (ဟောင်း) ဦးသန့်ပင်ဖြစ်သည်။ ထိုဆောင်းပါးတွင် သူက မြန်မာလူမျိုးတို့၏ စရိုက်ဆိုးအချို့ကို ပယ်ပယ်နယ်နယ်တွယ်ထားသည်။ စကားလုံးပြောင်ရုံမက တခါတရံတွင် ကြမ်းသည်ဟုပင်ဆိုနိုင်သည်။ သို့သော်ကား စာရေးသူ ဦးသန့်၏ မြန်မာလူမျိုးတို့အပေါ် ဖြစ်ထွန်းတိုးတက်စေချင်လွန်းသော စေတနာကိုကား အတိုင်းသားတွေ့ရပါသည်။ ကျွန်တော်လည်း ဖတ်ရင်း ဖတ်ရင်းနဲ့ ဆောင်းပါးရှင် ဦးသန့်၏ အတွေးနဲ့အရေးအသားကို သဘောတွေ့မိပါသောကြောင့် ယနေ့တိုင် ဆင်ခြင်ဖွယ်များစွာရှိနေသေးသော ကျွန်တော်တို့၏ စရိုက်များ […]


Ko out of...February 20, 20121min04
– English ၊ဂျာမန်၊ပြင်သစ် စသည့်ဘာသာစကား ကိုပြောတတ်အောင် ကိုယ့်ကလေးကို ငယ်ငယ်ကတည်းက ဘာသာခြားတွေဆီသွားထားကြည့်ပါလား။ အဲဒီ Eng၊ ဂျာမန် စသည့် ဘာသာစကား ကိုတတ်မှာဘဲ။ စကားပြောတတ်ရုံနဲ့ ပညာရှိ ဖြစ်ပြီလား… ထို့အတူ ဘာသာရပ်တခုကို အလွတ်ဆိုတတ်ရုံနဲ့ ပညာတတ် တကယ်ဟုတ်ပြီလား… – တစ်ယောက်တည်း ငုပ်တုတ်ထိုင်ပြီး ဘာမှမလှုပ်မရှားဘဲနေနိုင်တာကို အိန္ဒြေ ရတယ်လို့ ပြောမလား… ကိုယ့်ခြေကိုယ့်လက် အမူအရာကို နိုင်နိုင်နှင်းနှင်းထိန်းနိုင်တာ၊ အစိုးရတာကို အိန္ဒြေ ရတယ်လို့ ခေါ်တာလား… – ယခင်က ကောင်းခဲ့လို့ ယခုကောင်းတယ် ယခုကောင်းရင် နောင်လည်းကောင်းပါလိမ့်မည်ဆိုရင်.. ယခုကောင်းတာဟာ ယခင်ကကောင်းခဲ့တဲ့ အကျိုးဆိုရင် ယခုကောင်းတာဖျက်လို့ မရဘူးဖြစ်ရမယ်.. ယခုချမ်းသာတဲ့ ကိုယ့်ရဲ့စည်းစိမ်တွေ ဖျက်လို့ မရဘူးဖြစ်ရမယ်။သူခိုးခိုး လို့ မရဘူးဖြစ်ရမယ်။ ဘာဖြစ်လို့ အမျိုးမျိုးကာကွယ်နေရလဲ.. […]


Ko out of...February 20, 20121min011
ကနေ့ကျွန်တော်တို့နေထိုင်ရာ လောကကမာ(world) ကြီးမှာ…သက်ရှိသက်မဲ့တွေ အားလုံး မွေး၊အို၊သေ ဖြစ်ပြီးလျှင်ပျက်…. ဆိုတာတွေဟာ …သဘာဝဖြစ်စဉ်ပါ…ဒီဖြစ်စဉ်ဟာ ဘယ်တော့ရပ်မလည်း ဒီလို လည်ပတ်နေတာ မပြီးဆုံးနိုင်ပါလားဆိုပြီးတွေးနေမယ်ဆိုရင်… ဒီသံသရာစက်ဝန်းက လွတ်နိုင်မှာ မဟုတ်ပါဘူး… တလှံမျှသော ခနာကိုယ်ပေါ်မှာဒုက စက်ဝန်းလှည်ပတ်နေတာကိုတွေ့ အောင်ရှာနိုင်မှ ဒုကဆင်းရဲတွင်းကနေလွတ်မှာ…. Buddha ပြောတဲ့ သံသရာက… ဒီလောက သံသရာထဲ လူလည်ပတ်နေတာ မဟုတ်.. သံသရာဆိုတာ လူတွေထဲမှာ ဒုကဆင်းရဲ လည်ပတ်နေတာကိုပြောတာ… တနည်းအားဖြင့် …ပုဂလိဂက ဋ္ဌာနဖြစ်ပြီး…သံသရာက ဋ္ဌာနီပေါ့…. ဒို့ဟာ သံသရာ စက်ဝန်းထဲမှာ… လည်ပတ်နေတာမဟုတ်ဘဲ..ဒို့ရဲ့ တလှံမျှလောက်သော လူမှာသံသရာ ကြီးလည်ပတ်နေတာကို ပြောတာ… Buddha ဟောတဲ့ သံသရာက လူ့သံသရာ မဟုတ်ဘူး… ဆင်းရဲဒုကရဲ့ သံသရာဖြစ်တယ်… လူလည်ပတ်ပုံ မဟုတ်ဘူး…လူကိုယ်ပေါ်မှာ ဒုကဆင်းရဲ လည်ပတ်ပုံ ကိုဘုရားဟောတာ […]


Ko out of...February 19, 20121min019
လူတွေ အိမ်ထောင်ပြုကြတာ များသောအားဖြင့် ရေစက်ဆုံလို့ပေါ့ကွာ၊ မမြင်ရတဲ့ အတိတ်ဘဝက ကံ အကျိုးပေးပေါ့ကွာဆိုပြီး သူများပြောလို့ လိုက်ပြောနေကြတာများတယ်။ တကယ်လည်း သူတိုမြင်လားဆို တော့ မမြင်ကြပါဘူး။ ဒါဆို ကျွန်တော်တခုမေးကြည့်မယ်- ပညာလည်းမရှိ၊ ပစည်းဥစာလည်းချို့တဲ့၊ ရုပ်ရည်ကလည်း မလှမပဆိုပါတော့ အရင်ဘဝက ရေစက်ကြောင့်ပါဆိုပြီး ဘယ်သူမှ မျက်စိမိတ်ပြီး အိမ်ထောင်မပြုပါဘူး… တခုခုကို ကြည့်ပြီး ရွှေးချယ်မှာပါ… ဒါတချက်ပေါ့နော် . နောက်အိမ်ထောင်ရေး အဆင်မပြေလို့ အိမ်ထောင်ကွဲတယ်ဆိုပါတော့ ဒါလည်း ဒို့ အရင်ဘဝက ရေစက်ကုန်လို့၊ ကံကုန်လိုဆိုပြီး ဘယ်သူမှ လွယ်လွယ်နဲ့ အိမ်ထောင် မကွဲချင်ကြပါ ဘူး။ စီးပွါးရေးကြောင့်လား၊ လူမှုရေးဖေါက်ပြန်လို့လား၊ အပျော်အပါးတွေကြောင့်လားစသည်ဖြင့် ဒီဘဝမှာ ဖြစ်နေတဲ့ ပြသနာတွေကြောင့်ပါ။ ဒါကိုမြင်နေ သိနေရဲ့သားနဲ့ မမြင်ရတဲ့ နေရာကို လက်ညိုးထိုးပြီး ပြောနေကြတာ […]


Ko out of...February 19, 20121min07
အသစ် အသစ်ပြောင်းလဲ တိုးတက်လာသော အယူအဆနှင့် အဟောင်း အဟောင်း ကိုဖက်တွယ် ထားသူတို့ ၏ နှစ်ဦး အကြားခြားနားချက်ကို ဗုဒ(Buddha)က ဥပမာ ပေးကာ ယခုကဲ့သို့ ဟောကြားတော်မူသည်… တခါက မြက်ပုံနှစ်ပုံကိုအတူ တွေ့သွားကြသော ခရီးသည်နှစ်ဦးသည်… ခရီးအတန်ငယ်ရောက်သော အခါ … ဝါကွမ်းပုံ နှစ်ပုံကိုတွေ့သွားပြန်သည်… ထိုအခါခရီးသွားနှစ်ဦးအနက် ပထမတစ်ဦးက ငါဒီခရီး ဒီလမ်းအထိ သယ် ဆောင်လာသော မြက်ကို ပစ်မထားနိုင်ဘူး ဟုပြောသည်… ကျန်ဒုတိယ တစ်ဦးသည်… မြက်ပုံ ဖက်တွယ်မထားဘဲ.. မြက်၏တန်ဖိုး နှင့် ဝါကွမ်း၏တန်ဖိုးကို ကြည့်ပြီး မြက်ပုံကို ပစ်ချပြီး ဝါကွမ်း ပုံကိုသယ်ဆောင် သွားသည်… ရှေ့ခရီး ခပ်လှမ်းလှမ်းသို့ရောက်သောအခါ.. သိုးမွှေးပုံကို တွေ့သွားပြန်၏.. ပထမလူတစ်ယောက် ကတော့.. ဝါကွမ်းပုံနဲ့ မြက်ပုံ […]


Ko out of...February 17, 20121min03
တခါက အိမ်တအိမ်မှာ နတ်ပူဇော်ဖို့အတွက် ဌက်ပျောပွဲ၊အုန်းပွဲတွေနဲ့ အမြဲတန်း အလုပ်ရှုပ်နေတဲ့ အမျိုးသမီးအိမ်ထောင်သည် တစ်ဦးကို သူ့အမျိုးသားက အိမ်မှာ ရိုက်နက်ပြီး ရန်ဖြစ်နေတဲ့ အဖြစ်လေးကို .. သူ့သူငယ်ချင်းရောက်လာရာ….   လူကိုရိုက်နက်တဲ့ အပြင် ကျန်တဲ့ ဌက်ပျောပွဲ၊ အုန်းပွဲတွေကိုလည်း အကုန်ပစ်ချတော.  သူ့ရဲ့ သူငယ်ချင်းက.. မင်းဒါတွေ လုပ်နေလို့ဘာမှ မထူးဘူး ပစ်မဲ့ ပစ်ရင် သူ့ယုံကြည်ချက်ကို ထိအောင် ပစ်ရတယ်ကွ.. ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ ..သူတကယ်ပြောင်းလဲမှာ  မင်းသူ့ကို ရိုက်နက်ကန်ကြောက်တာ၊ ဌက်ပျောပွဲ၊အုန်းပွဲ တွေကို ပစ်ချတာတွေဟာ မင်းကိုကြောက်လို့ အသွင်သဏ္ဍာန်အရ သူပြောင်းလဲကောင်း ပြောင်းလဲ လိမ့်မယ်… ဒါတကယ်စစ်မှန်တဲ့ ပြောင်းလဲမှု မဟုတ်သေးဘူး…ဒါ အသွင်သဏ္ဍာန်အရ ပြောင်းလဲ တာဘဲရှိသေးတယ်… သူ့ရဲ့ ယုံကြည်ချက်ကို ထိအောင်ပစ်နိုင်မှ… အစစ်အမှန် […]