ကျွန်တော်က စာဖတ်ရတာ ဝါသနာပါသူဖြစ်သောကြောင့် စာပေနဲ့ ပတ်သက်တာကို ဘလော့ဂ်ရေးချင်လာပါတယ်။ ဒါကြောင့်ပဲ ဤဘလော့ဂ်လေးအား ရေးလိုက်ရပါတယ်။ စာပေအမျိုးအစား ခွဲခြားခြင်းနဲ့ ပတ်သက်၍ ဆရာဦးသုခရဲ့ စကားကို ယူသုံးချင်ပါတယ်။ မည်သည့်စာပေလောကမဆို စာအမျိုးအစားမှာ သုံးမျိုးသာ ရှိပါသည် ဟူ၍ပင်။ ဌင်းတို့မှာ (၁) ကွမ်းလိုစာပေ (၂)ကြံလိုစာပေ (၃) မုန့်လုပ်ဆောင်းလိုစာပေ ဟူ၍ ဖြစ်သည်။ ပထမအမျိုးအစားဖြစ်သော ကွမ်းလို စာပေး၏ အဓိပ္ပာယ်မှာ ကွမ်းကို စားသော်လည်း အရည်ရော အဖတ်ရော မရပါ။ ထို့ကြောင့် ဤစာပေကို အရည်မရ အဖတ်မရစာပေဟူ၍ ခေါ်ကြသည်။ ထိုစာပေကို ကျွန်ုပ်ဉာဏ်ဖြင့် အကျယ်ချဲ့တွေးကြည့်သော အချစ်ဝတ္ထုများနှင့် စိတ်ကူးယာဉ်စာပေဖြစ်သော ဂမ္ဘီရ၊ သရဲ၊ ဟာသ၊ သိုင်း၊ တချို့ကလေးကာတွန်းများ စသည်ဖြင့် ပါဝင်ကြပေသည်။ သို့သော် […]

