မနေ့က ပြည်ထောင်စုနေ့… ကျွန်တော်တို့ မန်းဂေဇက်အဖွဲ့သွားတွေစုပြီး…အလှူလုပ်ခဲ့တယ်… သေသောသူတို့ ကူညီရာမှာပေါ့… ဘာကြောင့်ပဲသေသေ…လူမျိုးမရွေး၊ ဘာသာမရွေး၊ သေပုံသေနည်းမရွေး အကူအညီပေးသောအဖွဲ့အစည်းကြီး စည်းကမ်းသေသပ်ပြီး…မွန်မြတ်သောရည်ရွယ်ချက်တွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းအဖွဲ့… အဲဒီအသင်းအဖွဲ့မှာ လှူဒါန်းခွင့်ရတဲ့အတွက်…အလှူလုပ်ဖြစ်အောင် အပင်ပန်းခံခဲ့တဲ့… အိတုန်း၊ AKKO၊ ကိုရွှေတိုက်စိုး၊ ကိုယ်တိုင်စီမံခဲ့တဲ့ အလှူပွဲကိုမပါဝင်နိုင်ခဲ့တဲ့ ET တို့ကို ပထမဆုံးကျေးဇူးတင်မိပါတယ်… နောက်တစ်ခုက အဲဒီအသင်းကြီးဖြစ်မြောက်အောင် လမ်းညွှန်ခဲ့တဲ့ စာရေးဆရာကြီး ဦးသုခ၊ အနစ်နာခံပြီး အကောင်အထည်ဖော်ခဲ့တဲ့ ဦးကျော်သူနဲ့ အသင်းကြီးတည်တံ့ခိုင်မာအောင် အဖက်ဖက်ကနေပြီး ဝိုင်းဝန်းပံ့ပိုး ကျသော အသင်းဝင်လုပ်အားပေးသူများအားလုံးကို ဒီနေရာကနေပြီးတော့ ဂုဏ်ယူစွာ ဂါရဝပြုပါတယ်… မန်းဂေဇက်က သူငယ်ချင်းတွေနဲ့ အပြင်မှာတွေ့ရမယ်ဆိုတော့… ရင်ခုန်မိတာတော့အမှန်ပဲ…သူတို့တွေက ပုသလား၊ ရှည်သလား၊ ပိန်းသလား၊ ဝသလား၊ ဖြူသလား၊ မဲသလား ဘာတစ်ခုမှမသိပဲနဲ့ အလှူအတွက် ဖြူစင်တဲ့လှူချင်စိတ်လေးတစ်ခုထည်းနဲ့ စုပေါင်းလှူဖြစ်ကြတယ်… တွေ့ဆုံဖြစ်ခဲ့ကြတယ်… ဒီလိုတွေ့ဆုံဖြစ်အောင်…နေရာလေးတစ်ခုဖန်တီးပေးခဲ့တဲ့ […]


မြန်မာပြည်တော်တော်ချမ်းသာနေပီလား   နိစ္စဓူဝတွေ့မြင်နေရတဲ့မြင်ကွင်းကိုကြည့်ပီးတော့ ဖြစ်ပေါ်လာတဲ့ အတွေးလေးပါ၊ ကျွန်တော်ရုံးသွားရုံးပြန်တိုင်း ရွာမသံမဏိစက်ရုံ(တကယ်တော့ သံရေကျိုစက်ရုံပါ) ရှေ့ကဖြတ်သွားရပါတယ်..အဲဒီမှာအားလုံးသိကြပီးတဲ့အတိုင်း အခုတလော ဟော့ဖြစ်နေတဲ့ ကားဟောင်းအပ်ပွဲကြီးကို နိစ္စဓူဝတွေ့မြင်နေရ ပါတယ်…ကားတွေစီတန်းနေလိုက်ကြတာ နေ့စဉ် အစီး၁၅ဝ ကျော်လောက်ရှိမယ်ထင်တယ်…အဲဒီထဲက အများစုကတော့ တော်တော် အို တော်တော်ဟောင်းနေကြပါပီ…ဒီလိုကားဟောင်းသိမ်း ကားသစ်သွင်းခွင့်ပြုတာကို ကြိုဆို ပါတယ်…မြန်မာပြည်မှာ အာဏာရှိသူလက်တဆုတ်စာလောက်သာ အခွင့်ထူးတွေရပီး.. သွင်းချင်တဲ့ မော်ဒယ်သွင်း..ပြည်သူကိုတော့ ကားတင်သွင်းခွင့်တွေ ပိတ်ပင်ခဲ့တာ ကြာပါပကောလား..ဒါကြောင့် ကားအိုကားစုတ်တွေကို နှစ်စဉ်ဆိုသလို ဘော်ဒီရုံပို့… ငွေ ၁ဝသိန်း ၁၅သိန်းအကုန်ခံပြင်ပီး စီးနေခဲ့ကြရတာကလား..ကားအမျိုးအစားဆိုလဲ မြင်ဘူးနေကြလေးငါးဆယ်မျိုးလောက်ဘဲတွေ့ဘူးခဲ့ ကြတာလေ..အိုးခုတော့ ..လမ်းပေါ် မှာတွေ့နေရတဲ့ ကားအသစ်အဆန်းတွေဆိုတာ..တစ်နေ့ တစ်မျိုးမရိုးနိုင်အောင်ပါဘဲ.. ဈေးတွေလဲထိုးကျသွားပီး…တော်ရုံလူစီးနိုင်တဲ့ အဆင့်ရောက်လာလို့ ဝမ်းသာပါတယ်.. နောက်ဒီတိုင်းဆက ်သွားရင် ကားဈေးဒီထက်ကျဘို့ရှိတယ်…ဒါထားပါလေ.. ကျွန်တော်ပြောချင်တာကဒီအစီအစဉ်ကောင်းပါတယ်…ဒါပေမဲ့…. အပ်နေတဲ့ကားတွေ(သံရည်ကျိုမဲ့ကားတွေ)ကိုနေ့စဉ်ကြည့်တော့..တချို့ကားတွေဆိုနှ မျောစရာဗျာ..“သ“ထားကြတာများ ဘော်ဒီကြောကိုစင်းလို့..ခုအပ်နေကြတာ “ဒ” […]


True AnswerFebruary 10, 20121min04
နားလည်ရမည့် အမှန်တရား -လုပ်သင့်တာကို နားမလည်လို့ သတ်မှတ်ထားတဲ့ အတိုင်း လုပ်ရတာ။ -လုပ်သင့်တဲ့အတိုင်းလုပ်နိုင်တဲ့ လိုရင်းရောက် စေဖို့အတွက် သတ်မှတ်ထားတဲ့အတိုင်း စလုပ်တာ ဖြစ်စေရမယ်။ -လုပ်တော့လုပ်လို့ရသလိုပဲလုပ်ရပေမယ့် စိတ်ကူး ကိုတော့လွတ်လွတ်လပ်လပ်စိတ်ကူးနိုင်ဖို့လိုတယ်။ -တရားအရသာတကယ်မသိလို့ တခြားအရသာ တွေကို အဟုတ်ထင်ငြိတွယ်တာ။ -ကိလေသာ မတရားက ဟိုယူ၊ ဒီယူ ယူတဲ့သဘော၊ အသိဉာဏ် တရားက အယူကင်းတဲ့သဘော။ တရားရော၊ မတရားပါ စိတ်နဲ့ပတ်သက်တယ်။ -ပြုလုပ်ကာမတ္တ သဘာဝကျကျ ဟောကြား ဖော်ထုတ် တဲ့ တရားတွေကို နားထောင်ကာမတ္တ သဘာဝ ကျကျ နားထောင်တတ်ဖို့ ကြိုးစားရမယ်။ -ကိုယ်တတ်တဲ့ပညာမှာလမ်းဆုံးနေရင် ပညာအစစ်ကို တတ်မှာ မဟုတ်ဘူး။ -အသိဉာဏ်အစစ်ကမှ မေတ္တာအစစ် အမှန်တရား အစစ်ကို နားလည်နိုင်တာ။ -ကိုယ့်ဘက်က အမြင်ကိုစွန့်နိုင်မှ သူများဘက်က ကြည့်လို့ရတာ။ […]


black chawFebruary 10, 20121min049
ကိုအောင်ဆန်းသည် ငယ်စဉ်ကတည်းက ကျွန်တော်တို့ ရင်ထဲက သူရဲကောင်းတစ်ယောက် ဖြစ်နေခဲ့ပါပြီ။ မြန်မာပြည်၏ နေ့ထူးနေ့မြတ်တွေကို ပြန်ကြည့်ရလျှင် ကိုအောင်ဆန်း နှင့် ကင်းသည့်နေ့ ရှားပါသည်။ JANUARY 4 လွတ်လပ်ရေးနေ့ဆိုလျှင်လည်း ကိုအောင်ဆန်းက ဗိသုကာ၊ FEBRUARY 12 ပြည်ထောင်စုနေ့ဆိုလျှင်လည်း ကိုအောင်ဆန်း ၏ စည်းရုံးရေး စွမ်းရည်၊ MARCH 27 တပ်မတော်နေ့ဆိုလျှင်လည်း ကိုအောင်ဆန်း က အဓိက ခေါင်းဆောင်ကြီး၊ JULY 19 အာဇာနည်နေ့ဆိုလျှင် ဗိုလ်ချုပ်အောင်ဆန်းတို့ ကျဆုံးသည့်နေ့ စသည်ဖြင့် တွေ့ရပါသည်။ ပြန်လည်ရှာဖွေဘို့ အချိန်မရသဖြင့် MARCH 2 တောင်သူလယ်သမားနေ့တို့၊ တန်ဆောင်ဘုန်းလပြည့်ကျော် ၁ဝ ရက် အမျိုးသားနေ့တို့တောင် ကိုအောင်ဆန်းနဲ့ ကင်းပါရဲ့လားမသိပါ။ သိကြသူများ ဆွေးနွေးပေးကြပါဦးဗျာ။ အဲဒီဗိုလ်ချုပ်အောင်ဆန်းကို ကျွန်တော်တို့ ဘာကြောင့် […]


True AnswerFebruary 10, 20121min05
ဗုဒ္ဓ သည် လောကီကြီးပွားရေးများကို သာမက ၊ လောကီရော- လောကုတ္တရာမှာပါ ကျေးဇူးများသည့် habitual perception ကိုကျော်လွန်သော ချမ်းသာအအစစ် အမှန်တရား (အရိယသစ္စာလေးပါး)၊ ပဋိစ္စသမုပ္ပါဒ်ဒေသနာအပါအဝင် သစ္စာတရားတော်များ ကို ၄၅ ဝါ ပတ်လုံး ဟောကြားခဲ့လေသည်။ ဗုဒ္ဓသည် လောကီကောင်းကျိုး ကြီးပွားရေးများကို မငြင်းပယ်သော်လည်း လောကီကောင်းကျိုးများထက် ကျော်လွန်သော ချမ်းသာ (နိရောဓသစ္စာ)လည်းရှိသေးကြောင်း၊ ထိုချမ်းသာကို ရရှိရန် – ထိုချမ်းသာရကြောင်း အကျင့် (မဂ္ဂသစ္စာ)၊ ထိုချမ်းသာကို တားဆီးသောအကြောင်း (သမုဒယသစ္စာ)၊ ထိုချမ်းသာနှင့်ဆန့်ကျင်ဘက်ဖြစ်နေသောတရား (ဒုက္ခသစ္စာ) စသည့်ဖြင့် (အရိယာသစ္စာလေးပါး) ကို ပါ သုတမယပညာ၊ စိန္တာမယပညာ၊ ဘာဝနမယပညာ အားဖြင့် သိစေခြင်းငှာ ထင်ရှားစွာ ပြည့်စုံစွာ သင်ကြားပြသခဲ့လေသည်။ ပဋိစ္စသမုပ္ပါဒ်ဒေသနာ သည် အရိယသစ္စာလေးပါးမှ […]


(နာရေးကူညီမှုအသင်းသို.လှူတန်းရာတွင်အလှူငွေထည်.ဝင်လှူတန်းသောစာဖတ်သူများနှင်.မန်ဘာများအားလည်းကောင်း၊ ကိုယ်တိုင်လိုက်ပါ၍အကျိုးဆောင်ကြသောမန်ဘာများအားလည်းကောင်း၊အကြောင်းကြောင်းကြောင်.ဆက်သွယ်ရန်ခက်ခဲသောနေရာများမှ လှူခွင်.မကြုံခဲ.ရသောမန်ဘာများအားလည်းကောင်း၊ဖြစ်မြောက်ရေးအတွက်စည်းရုံးဆောင်ရွက်ကြသော Dr AKKO၊ etone၊ ရွှေတိုက်စိုး ၊ET ၊မန္တလေးမှ ပေါက်၊ပေ၊ပု နှင်.မန်ဘာများအားလည်းကောင်းဤစာမူဖြင်.လေးစားစွာ အမှတ်တရ ဂုဏ်ပြုအပ်ပါကြောင်း ) မင်္ဂလာပါ—ဟုတ်ကဲ. –ယဉ်ကျေးသူများကဒီလိုနှုတ်ဆက်ကြတယ်ဆိုလို.ပါ — မိတ်ဆက်ချင်လို.ဗျို. —ကျုပ်နံမည် သံချောင်းပါ ။ –ပညာရေးလား—ဟဲဟဲ ဘုန်ကြီးကျောင်းထွက်ပေါ.—- နာရေးကြော်ငြာမှာ လူနာမည်နဲ.အသက်တော.ဖတ်တတ်ပါတယ်–အင်္ဂလိတ်လိုလား–နှစ်လုံးထီ ကလင်ဒါထဲကဂဏန်း တော.ဖတ်တတ်တယ်ဗျို. —နေရပ်လိပ်စာကတော.အရှည်ကြီးပဲ –သေချာမှတ်ထား —-အမှတ်မရှိ ၊လမ်းမရှိ ၊ နတ်ကြီးတခါးအနီး ၊ပေါရိသာဒ သချင်္ိုင်း–ဒါဆိုရပြီ။ အလုပ်အကိုင်ကတော.သချိင်္ုင်းမှာနေတာဆိုတော.—– သုဘရာဇာပေါ.ဗျာ—အင်တာနက်တွေ အင်ထရာနက်တွေတော.မသိဘူးဗျို.—လူသေမြှုတ်ရင်ခတ်နက်နက်တူး ရတာတော.သိတယ်—ဘာလဲ –သုဘရာဇာဆိုတော.အထင်သေးသွားပြီလား —အထင်တော.မသေးနဲ.နော် — ပေါက်တူးတစ်ချောင်းရှိရင် မိန်းမနဲ.ကလေးပါဝအောင်ကျွေးလို.ရတယ်ဗျ—- ဟဲဟဲ မိန်းမရှိတယ်ဆိုလို.မအံ.ဩနဲ.နော—–နေတတ်ရင်နောက်တယောက်ရနိုင်သေးတယ်— အလုပ်အကိုင်ကတော့ ကောင်း ပ ဗျာ —ပြိုင်ဘက်မှမရှိပဲ—အလောင်းတစ်လောင်းကျင်းထဲထည်.လိုက်တာနဲ. ဟဲ ဟဲ အာဒကေ ကရပြီးသား—-အတိအကျသတ်မှတ်ကြေးတော.မရှိဘူးပေါ.ဗျာ […]


ရွေးချယ်မှုနဲ့ ပတ်သက်ပြီး ကျွန်ုပ် အကြမ်းအားဖြင့် သုံးမျိုးခွဲခြားထားပါတယ်။ ထိုအရာများမှာ (၁) သူများက သတ်မှတ်ပေးသော ရွေးချယ်မှု (၂) သူတစ်ပါး လှုံဆော်မှုကြောင့် ရွေးချယ်မှု နှင့် (၃) ကိုယ်ကိုယ်တိုင် ရွေးချယ်မှုတို့ပင် ဖြစ်သည်။ ပထမအချက်ဖြစ်သော သူများက သတ်မှတ်ပေးသော ရွေးချယ်မှုအကြောင်း ရှင်းပြရလျှင် ယခုခေတ် လူငယ်များ အများအားဖြင့် အကျုံးဝင်ပေသည်။ အဘယ်ကြောင့်ဆိုသော မိဘများသည် သူတို့၏ သားသမီးများအား အောင်မြင်စေလိုစိတ်ဖြင့် ရွေးချယ်မှုများကို ကြိုတင်သတ်မှတ်ပေးတတ်သည်။ ထိုအခါ လူငယ်များမှာ ကိုယ့်ဝါသနာက ဘာမှန်းမသိ မိဘလမ်းကြောင်းပေးရာကိုသာ လျှောက်ကြရပေတော့သည်။ သာဓကပြရလျှင် ဆယ်တန်းစာမေးပွဲတော် အမှတ်အကောင်းဆုံးဖြင့်အောင်သော ကျောင်းသူကျောင်းသားများအား ဆရာဝန်လိုင်းချည်းဘဲ သွပ်သွင်းစေခြင်းဖြင့်လည်းကောင်း၊ အသင့်အတင့်အမှတ်နဲ့ အောင်သောသူမားများအား နိုင်ငံခြားထွက် အလုပ် လုပ်ခိုင်းစေခြင်းဖြင့်လည်းကောင်း တွေ့နိုင်ပေသည်။ ထို့ကြောင့်ပင် ဆရာဝန်များနဲ့ […]


ပတ်ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ သေပုံသေနည်း အမျိုးမျိုးနဲ့ မရိုးအောင် သေနေကြတော့ ကျွန်တော်လည်း သေခြင်းတရားအကြောင် တွေးတောမိလာတယ်။ မြန်မာလိုကတော့ သေခြင်းကို အမျိုးအစားခွဲပြီး ခေါ်ကြတယ်။ ဘုန်ကြီးသေရင် ပျံလွန်တော်မူတယ်။ လူသေရင်တော့ အနိစ္စရောက်တယ်။ ဒါတင်မက မရဏနန်းစံမြန်းတယ်၊ ကြွသွားတယ်၊ ဂန့်တယ်၊ ဆုံးတယ်၊ ရှောဘရားသားဖြစ်တယ် ခရစ်တော်၌ အိပ်ပျော်တယ် စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြတယ်။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်။ ရဟန္တာကျတော့ အရဟတ္တဗိုလ်ဆိုက်တယ်။ ဘုရားကျတော့ ပရိနိဗ္ဗာန်စံတယ် အမျိုးမျိုးပါပဲ။ အင်္ဂလိပ်တွေပဲ ကောင်းတယ်။ တစ်မျိုးတည်း die တဲ့။ ဘာလာလာ…ဒါပဲ သုံးလည်း ရတယ် အေးရော။ အဲ…သေခြင်းရဲ့ နာမည်မှာတင် မနည်းလျှာရှည်ပြီး တွေးမိပါရောလား။ ထပ်စဉ်းစားအုံးမှ။ သေခြင်းတရားဆိုတာ လာဘ်ထိုးထိန်းလို့ မရဘူးတဲ့။ ဒီစကား ကြားမိတော့ […]


koyin sithuFebruary 7, 20121min015
ဒုတိယအိမ်နီးချင်း အကြောင်းကိုပြောရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်အိမ်၏ မျက်စောင်းထိုးအိမ်တွင် နေ၏။ သူသည် လွန်စွာ ကုန်ချောင်းချောင်းနိုင်သော လူတစ်ဦးဖြစ်၏။ သူ့ထက်ပို၍ စိတ်ဝင်စားစရာ ကောင်းသော သူမှာ သူ၏မိန်းမပင်ဖြစ်၏။ ထိုမိန်းမသည် အရပ်အမောင်းကောင်း၏ ပေါင်လုံးကြီးများကြီး၏။ ထိုပေါင်လုံးကြီးများနှင့် အတူ အခြားသောကိုယ်ခန္ဓာ အစိတ်အပိုင်းများလည်း ကြီးလှ၏။ လမ်းလျှောက်သောအခါ ခြေတံကို ပစ်၍ပစ်၍ လျှောက်တတ်သောကြောင့် မလှမ်းမကမ်း ရှေ့တည့်တည့် နေရာလောက်မှ ကြည့်လျှင် ထိုမိန်းမ လမ်းလျှောက်လာသည်မှာ ဆင်မကြီးတစ်ကောင် တရွေ့ရွေ့ လှမ်းလာသည်နှင့်တူ၏။ ထို့ကြောင့် ရှေးလူကြီးများပြောသော ဆင်မယဉ်သာ ဆိုသည်မျိုးပေလော မပြောတတ်ပေ။ ထိုမိန်းမသည် လူကောင် ထွားသလောက် အသံမှာလည်း အလွန်သေး၏။ သူ၏ အသံသည် ပတ္တာကျပ်နေသော တံခါးကို တွန်း၍ ဖွင့်သည်အခါ၌ မြည်သောအသံကဲ့သို့ ညှစ်သံပါ၏။ […]


koyin sithuFebruary 5, 20121min031
တတိယအိမ်နီးချင်း အကြောင်းကို ပြောပြရန် လိုပါသည်။ ထိုအိမ်နီးချင်းသည် ကျွန်ုပ်၏အိမ်နှင့် ကပ်လျက်အိမ်ကို ဝယ်ပြီး အိမ်သစ်ပြင်ဆောက်၍ နေသောသူ ဖြစ်၏။ သူ၏အမည်မှာ ကိုစိန်ဖေဟူ၍ ဖြစ်၏။ သူသည် မူလတန်းကျောင်းအုပ် လုပ်ခဲ့ဖူးသည်ဟု သိရ၏ စကားပြောလျှင် သူ့ကိုယ်သူ “ဆရာတို့က” ဟု ခေါင်းစဉ်တပ်၍ ပြောလေ့ရှိ၏။ သူသည် အိမ်ပြင်၍ ဆောက်သောအခါ၌ ကျွန်ုပ်၏မြေကို ခြောက်လက်မ ခိုး၍ ဆောက်လေ၏။ သူ၏ အိမ်ခေါင်းရင်းတွင်လာ၍ ဆောက်သူကလည်း သူ့ထံမှ မြေခြောက်လက်မကို ခိုးယူ ပြန်၏။ ထိုအခါ၌ ဦးစိန်ဖေသည် မခံမရပ်ဖြင့်ကာ မြေတိုင်းစာရေးကို ခေါ်၍ မြေတိုင်းလေတော့၏။ ခြောက်လက်မ ခိုးယူထာကြောင်း ထင်ရှားလျှင် ဦးစိန်ဖေက ရပ်ကွက်လူကြီးများကို ပြသတိုင်းတန်းလေတော့၏။ ထို့ကြောင့်သူ၏ ခေါင်းရင်းအိမ်မှ လူသည် ရေတံလျှောက် ကြီးကို […]


မော်ဒန်ကဗျာ ခံစားကြည့်ဖို့ ဆိုတာ ဝင်္ကဝုတ္တိကို အထူးသဖြင့် ပိုနားလည်ရမယ်။ သွယ်ဝိုက်ရေးထားတဲ့ စာသားတွေ ပြန်လည်ဖော်ထုတ် နိုင်ရမယ်။ ပြီးရင်တော့ စကားလုံးတွေ စီပြီတော့ အကျယ်ချဲ့ အဓိပ္ပာယ်ဖော်ကြတာပါပဲ။ ကဗျာရေးသူအချင်းချင်း ဆိုရင်တော့ ပိုနားလည်လွယ်ပါတယ်။ ခံစားချက်ချင်းတူရင်လည်း ကဗျာက ပိုဖတ်လို့ကောင်းတယ်။ ခက်ဆစ်တွေ ဖော်ထုတ်နိုင်ရင်တော့ အတိုင်းထက် အလွန်ပေါ့ဗျာ။ ကဗျာကို အဓိပ္ပာယ် ရှင်းထုတ်နည်း နည်းနည်းပြောပြမယ်။ “သူ့ အတွက် ငါ့ အချစ် ရူးမိုက်တယ် တစ်ခုလပ် မဆန်ခဲ့လို့ပေါ့” ဤ စာသားရဲ့ အဓိပ္ပာယ်က တခုလပ်ဆိုတာက မရင်ကျက်ခြင်းရဲ့ အနက်ကိုရှင်းတာပါ။ ရိုးရိုးရှင်းရှင်း နားလည်ရမယ် ဆိုရင်တော့ အတွေ့အကြုံမရှိလို့ အချစ်မှာ ရှေ့နောက်မကြည့်ပဲ ချစ်တယ်ပေါ့ဗျာ။ နောက်တစ်ခုကတော့… “ပတ်လမ်းမှာတော့ ငါ့ဘဝဆူးကို ဖယောင်းဆူးလို့ မှတ်တယ်ကွ“ အဲ့ဒီမှာ […]


Foreign ResidentFebruary 5, 20121min026
စဉ်းစားကြစေလိုပါတယ် ( ၁ဝ )   ” Wow ”  ရဲ့ ” ဂျင်းနီရယ် မယ်လိုဒီရယ် ဥက္ကဋ္ဌကြီးရယ် ” Post က ဓါတ်ပုံထက်စာရင် ဒီ ဓါတ်ပုံက ပိုတွေးစရာ များလို့ တွေးကြည့်မိတာပါ ။                 အင်း သီချင်း ဆိုခတွေက ဒေါ်လာနှင့် လက်ငင်းရှင်းရတယ် ထင်တယ် ။ အခန်းထဲမှာ သီးသန့် ဆိုကြတာမို့လို့ ကြေးကြီးတာ ဖြစ်ရမယ် ။ ဒေါ်လာ ရာတန်တွေကို အုပ်လိုက်ကိုင်ပြီးကို ရှင်းနေတာ ။   မယ်လိုဒီက ဒေါ်လာ တစ်ရာတန်လေးက ခေါက်နေလို့ ပြန်လဲခိုင်းနေတာလား […]


thit minFebruary 4, 20121min077
ပညာရေးနှင့် အတွေ့အကြုံ ဘယ်သို့ဘယ်ပုံသုံးရမယ်။  လူမူဖွံ့ဖြိုးမှုကိုရည်ရွယ်ပြီး တိုင်းပြည်တိုင်းက ပညာရေးကို အလေးပေးလုပ်ဆောင်လာကြပါတယ်။ မြန်မာနိုင်ငံမှာလည်း ပညာရေးအသုံးစရိတ်တွေ တိုးမြှင့်ပေးဖို့သတင်းမှာ—————  “လာမယ့်​ ဘဏ္ဍာ​ရေး​နှစ်အတွက် ပညာ​ရေး​ အသုံး​စရိတ်ကို ၂ ဆနဲ့​ ကျန်း​မာ​ရေး​ဆိုင်ရာ အသုံး​စရိတ်ကို ၄ ဆ တိုး​မြှင့်​သုံး​စွဲဖို့​ အစိုး​ရက လွှတ်​တော်ကို တင်သွင်း​လိုက်ပါတယ်။ ဒီက​နေ့​ပြုလုပ်တဲ့​ ပထမအကြိမ် ပြည်​ ထောင်စုလွှတ်​တော် အစည်း​အ​ဝေး​ တတိယပုံမှန် အစည်း​အ​ဝေး​မှာ အမျိုး​သား​စီမံကိန်း​နှင့်​ စီး​ပွား​ရေး​ဖွံ့​ဖြိုး​ တိုး​တက်မှု ဝန်ကြီး​ဌာနနဲ့​ ဘဏ္ဍာအခွန်ဝန်ကြီး​ဌာန​တွေက ၂၀၁၂-၂၀၁၃ ဘဏ္ဍာ​ရေး​နှစ်အတွက် ဘဏ္ဍာ​ငွေ ခွဲ​ဝေသုံး​စွဲ​ရေး​ ဥပ​ဒေမူကြမ်း​မှာ အခုလို တိုး​မြှင့်​တင်သွင်း​လိုက်တာပါ။ အရင်က အမျိုး​သား​ဝင်​ငွေ (GDP) ရဲ့​ ၁.၃ ရာခိုင်နှုန်း​လောက်ရရှိတဲ့​ ကျန်း​မာ​ရေး​ ကဏ္ဍအတွက် ၅.၂ ရာခိုင်နှုန်း​လောက်အထိ၊​ အရင်က GDP […]