စဉ်းစား စရာလေးများ(၂ )…

Ko out of...February 21, 20121min09

ခွဲစတ်ကုသမှုခံယူရန် လိုအပ်နေသည့်လူနာတစ်ဦးအား ဆရာဝန်တစ်ဦးကမေးလေ၏ . . .

ဆရာဝန် ။ ။ ခင်ဗျာရောဂါက ခွဲစိတ်ကုသမှ  ရတော့မယ့် အနေအထားဖြစ်နေတယ်။

လူနာ ။ ။ မခွဲစိတ်ရင်ကော မရဘူးလားဒေါက်တာ။

ဆရာဝန် ။ ။ မရဘူး၊ ခွဲစိတ်ကုသနည်းနဲ့မှ ပျောက်ကင်းလိမ့်မယ်။

လူနာ ။ ။ ဒါဆိုလည်း ခွဲစိတ်ပကုသပါ့မယ်။

ဆရာဝန် ။ ။ ကြိုတင်ပြောထားရမယ်။ အခုလိုခွဲစိတ်ကုသမှုမျိုးက ရာနှုန်းပြည့် မသေချုားဘူး။

လူနာ ။ ။ လောလောဆယ် ရောဂါပျောက်ချင်နေပြီ၊ ဘယ်လိုဘဲဖြစ်ဖြစ် ခွဲစိတ်လိုက်မယ်ဆရာ။

ဆရာဝန် ။ ။ သေချာဆုံးဖြတ်ပြီးပြီနော်။ ဒါဆိုရင် မခွဲစိတ်ခင် နောက်ဆုံးအနေနဲ့ ဘာများ မှာကြားခဲ့ချင်လဲ။

လူနာ။ ။ ခွဲစိတ်ပြီးရင် ဘောင်းဘီတိုလေးတော့ ဝတ်ထားပေးပါနော်. . .

ဆရာဝန် ။ ။ ဟေ.. . . .

 

ဒီဟာသလေးမှာ…ကျွန်တော်တို့ အတွက် ဘာတွေကို စဉ်းစားစရာ ဖြစ်စေလဲဆိုတော့..

လူနာဟာ..သူသေသွားတဲ့ အခါ.. သူ့အတွက်ဘောင်းဘီတို ဝတ်ပေးဖို့ မှာခဲ့တာ သေသွားပြီးမှတော့ သူ့အတွက် တကယ်ဝတ်ပေး မဝတ်ပေးဆိုတာ သူတကယ်ဘဲ သိနိုင်ပါ့ မလား…

 

ဒါကြောင့် သေသွားတဲ့ လူတွေအတွက်ဆိုပြီး အမျိုးမျိုးလုပ်ပေး  နေတာတွေလည်း ..သေသွားတဲ့လူ တကယ်ဘဲ ရသွားလား…

ကျွန်တော် အထင်ပေါ့လေ.. ကျွန်တော်တို့ တတွေဟာ သေပြီး ဖြစ်မဖြစ် အတွက် စဉ်းစား ပူပန်ရင်းနဲ့ အလုပ်များပို ရှုပ်နေသလား လို့ …တွေးတောနေမိတော့တယ်…

9 comments

  • FattyCat

    February 21, 2012 at 2:15 pm

    အို….အဲဒီကိစ္စများကွယ်…သိပ်မတွေးနဲ့
    သူငယ်ချင်းတရုတ်ကလေးတစ်ယောက်အဖိုးဆုံးတုန်းက…တရုတ်အယူနဲ့ ကားတွေ၊ တိုက်တွေ၊ လေယာဉ်ပျံတွေကို မီးရှို့ပြီးထည့်ပေးနေတာကို မျက်မြင်တွေ့ခဲ့ရတယ်…
    ပြီးတော့မှ အမျိုးတွေ ကျန်ခဲ့တဲ့ အိမ်တစ်လုံးကို လုကြတော့တာပဲ….
    သေသွားတဲ့လူတကယ်ရမရတော့မသိဘူး…ကျန်ခဲ့တဲ့လူကြတော့ လုယူကြတာပဲကွယ်…

    Reply

  • Wai Phyoe

    February 21, 2012 at 2:38 pm

    ကိုကြောင်ကြီးရယ် ကျွန်တော်တွေက Buddhist တွေပါ။ ဘယ်ပါမလဲဗျာ အဖြေကရှင်းရှင်းလေးပါ
    ကောင်းတာလုပ်ရင် ကောင်းတာပါမှာပေါ့ ပာုတ်ဖူးလား။ ကိုယ်စိုက်တဲ့အပင် ကိုယ်ရိတ်သိမ်းရမှာလေ
    စပါးစိုက်ရင် ဆန်ရမယ် သရက်ပင်စိုက်ရင် သရက်သီးစားရမှာပေါ့ဗျာ………..

    Reply

  • kyeemite

    February 21, 2012 at 3:06 pm

    သေသူကိုဖင်တုံးလုံးနဲ့ အမြင်မတော်ထားရင် သေသူတော့ ဘာမှမသိတော့ပေမဲ့
    သူ့အမျိုးတွေအတွက်တော့စဉ်းစားစရာပေါ့…ဒါကြောင့် သေပီးမှ အသုဘ တွေ ရက်လည်တွေကို
    ထည်ထည်ဝါဝါလုပ်ကြတာတွေဟာ…တကယ်တော့ ကျန်ရစ်သူတွေအတွက်သာ ဖစ်ပါဂျောင်း…

    Reply

  • etone

    February 21, 2012 at 4:46 pm

    တရုတ်အယူအရတော့ .. မီးရှို့ပေးလျှင် ရတယ်လို့ပြောကြပေမယ် ့ .. တကယ်ရမရတော့ .. ဘယ်သူမှ အာမမခံနိုင်ပါဘူး … သက်သက်ဖြုန်းတီးမီးရှို့ပစ်ခြင်းလို့ ကျွန်မက ယူဆပါတယ် … ။

    သေတဲ့လူကို .. အဝတ်စားဝတ်ပေးတာ ..ပစ္စည်းတွေထည့်ပေးတာ .. အပြင် ..ပါးစပ်ထဲ ကြပ်စေ့ထည့်ပေးတာကအစ .. သေတဲ့ လူတွေ တကယ်မရဘူးလို့ ထင်ပါတယ် … ။ မီးသဂြိုလ်တဲ့အချိန် … အကုန်ချွတ်ယူထားတယ်လို့လည်း … ကိုယ်တိုင်လိုက်ကြည့်သူတွေပြောခဲ့ဖူးပါတယ် … ။ သေတဲ့လူလည်း တကယ်မရပဲ ဘာလို့ဒီလိုလုပ်နေရတာလဲဆိုတာကတော့ .. ရှင်းပါတယ် … ကျန်ခဲ့တဲ့ လူတွေအတွက် .. စိတ်သက်သာရာရအောင်လို့ပါပဲ … ။

    ကျွန်မတို့ ဗုဒ္ဓဘာသာ အယူမှာတော့ ..သေပြီးတဲ့အချိန် … လုပ်ပေးနိုင်တာက အမျှဝေတာပါ … ။ ကိုယ်အမျှဝေတာကို …သေတဲ့လူက .. .တခြားဘုံဘဝရောက်သွားလို့ မကြားနိုင်တာမျိုးရှိသလို .. ကြားပါလျှက် သာဓုမခေါ်နိုင်တဲ့ ဘဝတွေရောက်နေတာလည်း ရှိပြန်ရော …။ ဒါကြောင့် … မသေခင်က ကျွေးမွေးပြုစုပြီး တတ်နိုင်သမျှလုပ်ပေးတာက ၊ သေမှ ငိုတာ ၊အမျှပေးတာ.. ၊ ပစ္စည်းတွေထည့်ပေးတာ… လုပ်ပေးတာထက်ပိုပြီး အကျိုးများပါတယ် .. 🙄

    Reply

  • Harumoto

    February 21, 2012 at 5:12 pm

    သေဆုံးသွားပြီ ဖြစ်တဲ့သူတွေအတွက်
    ကျန်ရစ်သူတွေက အမျိုးမျိုး လုပ်ပေးကြတာ
    ကိုယ့်ဓလေ့ ကိုယ်ဘာသာ အလျှောက် နည်းစုံပါဘဲ။
    ဘာသာအလိုက် အယူအဆ အမျိုးမျိုးကြောင့်
    သေဆုံးသူ ရ၏ မရ၏ ဆိုတာ အငြင်းပွါးနေကြဆဲပါ။
    ကျွန်တော်ကတော့ အမြင်တမျိုးပါ
    ကျန်ရစ်သူတွေက သေဆုံးသွားသူအတွက်
    သူတို့ အယူအရ စိတ်ထဲရှိတာ အကုန်လုပ်ပေးလိုက်ကြတာဟာ
    ကျန်ရစ်သူတွေရဲ့ ဝမ်းနည်းပူဆွေးနေတဲ့ စိ်တ်ကို
    နှစ်သိမ့် ဖြေဖျောက် ပေးတယ်လို့ထင်တာဘဲ။
    ဒါ့ကြောင့် သွားလေသူအတွက် ဒါလေးလုပ်ပေးလိုက်ရတယ် ဆိုပြီး
    စိတ်ကျေနပ်သွားကြရတယ်။
    တချို့ကြတော့လဲ မသေခင် လုပ်မပေးလိုက်ရတဲ့ အလှူ ကို
    တွေးပြီး” မလုပ်ပေးလိုက်ရလေချင်း” ဆိုပြီး မဖြေနိုင်တာမျိုးတွေ တွေ့ဖူးပါတယ်။
    ဒီအခါမျိုးမှာ ဘာသာရေး အရ အလှူ အတန်းလုပ်ပေးပြီး
    အမျှအတန်းဝေ ပေးပြီဆိုရင် သေဆုံးသွားတဲ့သူ ရမရ မသိပေမဲ့
    ကျန်ခဲ့တဲ့ ကျန်ရစ်သူတွေကတော့ ကျေနပ်ပြီး နေတတ်သွားကြတာပါ။
    ဒါကြောင့် သေပြီးမှ လှူပေးတယ်ဆိုတာ ကောင်းပါတယ်လို့…။

    Reply

  • သေတဲ့လူက ဘာမှမပါသွားနိုင်ပေမယ့် ဦးပေါဦးကြီးက သေသွားမှလက်ချည်းဗလာလုပ်ပြဖို ့ကြိုတင်
    စီမံထားပေါ့များ အံ့ဩစရာမဟုတ်ပေဘူးလားဗျာ။ဘောင်းဘီလေးတော့ ဝတ်ပေးလိုက်ပါဗျာနို ့မဟုတ်ရင်
    မြင်မကောင်းဘူး။

    Reply

  • sandawchain

    February 22, 2012 at 6:37 am

    ကျွန်တော့်ကို သာမန်လူဉာဏ်နဲ ့ လုံးဝမသိတဲ့နေရာခေါ်သွားမယ်ဆိုရင်ကြောက်ပါတယ် အဲလိုပဲသေပြီးနောက်ရောက်မယ့်နေရာကိုလည်းမသိချင်ပါဘူး
    ဘာလို ့ဆိုတော့က ကိုယ်မှမသိတဲ့နေရာကိုပြောနေတာပဲ ကြောက်တာပေါ့ ခုဘာရမလည်း
    ခုလူတွေကိုငါဘယ်လိုကောင်းမှုပြုနိုင်မလည်းဆိုတာကိုပဲသိချင်တယ် အဲလိုသင်ကြားပေးမယ့်လူကိုပဲဆရာတင်မှာပေါ့
    မသိတဲ့ဆီကိုရည်သန်ပြီးသင်ကြားပေးမယ့်သူကိုတော့ဆရာမတင်နိုင်ဘူး
    ဟုတ်တယ်လေ ကိုယ်မှမသိတဲ့နေရာကိုပြောနေတာ ကြောက်စရာကြီး :)))

    Reply

  • Diamond Key

    February 22, 2012 at 10:02 am

    ကိုအောက်ရေ၊ သူက အဲဒီရက်ပိုင်းမှာ ဟိုမင်းသားလေးများ မြင်ထားသလားလေ …. 😛

    Reply

  • Ko out of...

    February 22, 2012 at 1:08 pm

    – သေသွားတဲ့လူတွေအတွက် အောင့်မေ့ဖွယ် အခန်းအနားလုပ်ရင် ဒီလူသေသွားပြီ ဘာမှမရှိတော့ဘူး ဘာမှ မကျန်တော့ဘူး ဆိုတာကိုလည်းမလုပ်ပေးကြနဲ့…

    – ဒီလူသေသွားလို့ သူဝင်ပူးတယ် သူအသက်ရှင်စဉ် ရှိနေသလိုမျိုးလည်း မလုပ်ပေးကြနဲ့…

    – ထိုသူ အသက်ရှင်စဉ် သူ့ရဲ့ ဂုဏ်ကျေးဇူးတရားတွေ သူသေသွားသော်လည်း ဒီကျေးဇူးတရား၊ အဆုံးအမ၊ အရည် အချင်းတွေ ကျန်ခဲ့လို့ စသည်ဖြင့်အောင့်မေ့ပေးရမယ်။ အရည်အချင်းအလျှောက်အတိုင်း လျှော့ပြီး ပိုပြီး မလုပ်ပေးကြဖို့ပါ….

    Reply

Leave a Reply

Your email address will not be published.