– ငါးပါးသီလဆိုတာ အင်မတန်မှအရေးကြီးတယ်ဆိုတာ လူတိုင်း အထူးပြောနေဖို့ မလိုဘူးထင်တယ်.. ဘာသာတရားတိုင်းမှာလည်း လူတွေယဉ်ကျေးအောင် ဒီအခြေခံလူ့သီလတွေဆိုတာ အသီးသီးရှိကြပါတယ်…သူ့အဆုံးအမနဲ့ သူရှိကြပါတယ်… ပြောချင်တာက ဒီငါးပါးသီလမှာ…. ပထမအချက်ဖြစ်တဲ့ သူ့အသက်သတ်မှုမှ ရှောင်ကြည်ဖို့နဲ့ နောက်ဆုံး မူးယစ်သေစာ မှရှောင်ကြည်ဖို့ ဆိုတဲ့ အချက်နှစ်ချက်ကိုတော့ မဆွေးနွေး လိုတော့ပါဘူး….. – ဒုတိယ တချက်ဖြစ်တဲ့…. သူတပါးပစ္စည်းဥစ္စာ ခိုးယူတာ လူတွေရဲ့ ပစ္စည်းပဲ ဖြစ်ရမယ်ထင်တယ်… ဘာဖြစ်လဲဆိုတော့ တိရိစ္ဆာန်အကောင်ပလောင်တွေမှာ ပစ္စည်းဥစ္စာ မရှိလို့ဘဲ..ဒါကြောင့် တိရိစာ္ဆန်တွေရဲ့ ပစ္စည်းခိုးတာတော့ မဖြစ်တန်ရာဘူးထင်တယ်.. – တတိယတချက်ဖြစ်တဲ့ … လိမ်လည်ပြောဆိုတာလည်း လူတွေအချင်းချင်း လိမ်တာကိုဘဲပြောမယ်ထင်တယ်… ဘာဖြစ်လဲ ဆိုတော့… တိရိစ္ဆာန်တွေ တခြားအကောင်တွေက လူစကား ကို မပြောတတ်လို့ဘဲ… – နောက် လေးအချက်ကတော့…. သူတစ်ပါး […]
